Skip to content

ခရစ်တော်၌ တည်သောသူ

ယနေ့ ကျွနိုပ်တို့ ယုံကြည်သူ ခရစ်ယာန်တို့သည် လောကသားများနည်းတူ ပြုမူကျင့်ကြံ အသက်ရှင်နေထိုင်နေကြသည်။ ကျွန်ုပ်တို့၏ ကယ်တင်ရှင် သခင်ယေရှုခရစ်တော် အလိုရှိသော အသက်တာ မဟုတ်ပေ။ ယုံကြည်သူဟု မိမိကိုယ် မိမိခေါ်နေသော ခရစ်ယာန်များသည် အမှန်တကယ် အပြောနှင့်အလုပ်ညီသူများ တဖြည်းဖြည်း နည်းပါးလာကြသည်။ ယုံကြည်ခြင်း၊နာခံခြင်းများ လျော့ရဲလာကြသည်။ ဤသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။ ဘုရားသခင်၏ အလိုတော်သည် ကျွန်ုပ်တို့ ထာဝရအသက်ရရုံ သက်သက်မဟုတ်ပေ။ လောက၌ အောင်မြင်ဖို့ရန်၊ ဝမ်းမြောက်ဖို့ရန်၊ ငြိမ်သက်ခြင်းနှင့်ပြည့်စုံစေဖို့ရန် နှင့် အထူးသဖြင့် သမ္မာတရားကိုသိဖို့(အလိုတော်ကိုနာခံလိုက်လျှောက်ဖို့)ရန် ဖြစ်ပါသည်။ ယေရှုခရစ်တော်သည်လည်း လောက၌ လူဇာတိခံ၍ လူသားများအတွက် အသက်အသေခံပေးဆပ် ကယ်တင်ခြင်း နှင့် တရားတော်တို့ကို သွန်သင်ခြင်းအမှုအရာတို့မှာ ကိုယ်အလိုအလျောက် လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ‌ယေရှုခရစ်တော်သည်လည်း ကျွန်ုပ်တို့ အားလုံး၏ အပြစ်များအတွက် ကယ်တင်ခြင်းအမှုကို ပြုခဲ့သည်မှာ လွယ်ကူလွန်းခဲ့သည် မဟုတ်ပါ။ နာခံခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ နှိမ့်ချခြင်း၊မဟုတ်မမှန် စွတ်စွဲခံရခြင်း၊ ငြူစူခံရခြင်း၊ ဆဲရေးခံရခြင်း၊ ရိုက်ပုတ်ခံရခြင်း၊ ကဲ့ရဲ့အပြစ်တင်ခံရခြင်း စသော မတရားမှုများနှင့်အတူ လေးလံလွန်းလှသော လက်ဝါးကပ်တိုင်ကို ဝေးလံသော ဂေါလဂေါသကုန်းမြင့် အထိတိုင် ထမ်းပိုးလျက် ချွေးစက်၊ သွေးစက်တို့ မြောက်များစွာ မြေပေါ်ကျခဲ့သည်။ မြေပြင်ပေါ်သို့ အကြိမ်ကြိမ် လဲကြခဲ့သည်။ ဤသို့ ကျွန်ုပ်တို့ အားလုံး၏ အပြစ်အကြွေးအတွက် ပေးဆပ်ခဲ့ခြင်းဖြစ်သည်။

လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။ထို​သို့​ဖြစ်​သော် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့၏​ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို ဟော​ရ​သော အ​ခွင့်​အ​ရာ​ကို ငါ​တို့၌​အပ်​ပေး​တော်​မူ၏။ထို​တ​ရား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ထဲ၌ ရှိ​နေ​လျက်၊ လော​ကီ​သား​တို့၏ အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ၊ ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို​လည်း ငါ​တို့၌ အပ်​ပေး​တော်​မူ၏။ထို​ကြောင့် ငါ​တို့​သည်​ခ​ရစ်​တော်၏ သံ​တ​မန်​ဖြစ်​ကြ၏။ သင်​တို့​သည်​ရန်​ငြိမ်း၍ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လော့​ဟု ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဖြင့် နှိုး​ဆော် သွေး​ဆောင်​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် ခ​ရစ်​တော်၏ ကိုယ်​စား​ဖြစ်၍ သင်​တို့​ကို တောင်း​ပန် သွေး​ဆောင်​ကြ၏။အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။

ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် ၅:၁၇၂၁။

ခရစ်တော်၌တည်သောသူ” ခေါင်းစဉ်အောက်၌ ခေါင်းစဉ်ငယ် ()ခုဖြင့် ဆက်လက်ဖော်ပြသွားပါမည်။

ပထမအချက်မှာ အသစ်ပြုပြင်သောသတ္တဝါဖြစ်သည်”

ခရစ်တော်၌တည်သောသူသည်အသစ်ပြုပြင်ခြင်းခံရသောသူဖြစ်ပါသည်။ အခန်းငယ်(၁၇)၌ဖော်ပြထားပါသည်။ မှန်ပါသည် ကျွန်ုပ်တို့သည် ယေရှုခရစ်အား မိမိတို့ ဘဝ၌ကယ်တင်ပိုင်ရှင် ဘုရားအဖြစ် လက်ခံယုံကြည်သောအခါ ဘဝဟောင်းမှ အကျင့်စရိုက်များ၊ အပြစ်များ နှင့် အသက်တာသည် ခရစ်တော်ဘုရားနှင့်အတူ သေခဲ့ပြီးဖြစ်ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ယခင်က စိတ်တိုသောသူ၊ ရန်တွေ့သောသူ၊ အငြိုးထားသောသူ၊ မာနကြီးသောသူတို့အဖြစ်မှ စိတ်ရှည်သောသူ၊ သည်းခံနိုင်သောသူ၊ သူတပါးကို ကိုယ်ချင်းစာသောသူ၊ ဝမ်းမြောက်သောသူ၊ သူတပါးကို ချီးမြှောက်ကာ မိမိကိုယ်ကိုနှိမ့်ချသောသူအဖြစ်သို့ ယေရှုခရစ်အားဖြင့် ပြောင်းလဲလာပါသည်။ ဤသည်မှာ ကိုယ်အလိုအလျောက်ဖြစ်လာခြင်း မဟုတ်ဘဲ ကျွနိုပ်တို့ လက်ခံထားသော ယေရှုခရစ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ဘုရားသခင် ပြုပြင်ပြောင်းလဲပေးခြင်းဖြစ်ပါသည်။

တစ်ခါက ရွာတစ်ရွာသို့ သမ္မာကျမ်းစာ သင်ကြားပေးဖို့ရန် ရောက်ရှိခဲ့ပါသည်။ ထိုရွာ၌ ကျွန်ုပ်တို့ ယေရှုခရစ်၏ ဧဝံဂလိတရားနှင့် ဘုရားသခင်၏ မေတ္တာတော်၊ ကောင်းမြတ်ခြင်း အကြောင်းများကို ဟောပြောသက်သေခံခဲ့ပါသည်။ ထိုသင်တန်းပြီးသည်နောက် ထိုည၌ပင် ပစ္စည်များသိမ်းဆည်းပြီး လာရောက်လုပ်အားပေးကြသော ညီအစ်ကိုများနှင့် စကားပြောနေကြစဉ် လူတစ်ဦးမှာ သက်သေခံချင်သည်ဟု ပြောလာပါသည်။ ထိုသူသည် ခရစ်ယာန်ဖြစ်သော်လည်း အရက်သေစာ သောက်စားပြီး အိမ်၌လည်း ဇနီးသည်နှင့် စကားများ ရန်ဖြစ်လေ့ရှိကာ အသင်းတော်မှလည်း မျက်နှာလွှဲခြင်းခံရသောသူဖြစ်သည်။ သင်တန်း၌ ဘုရားသခင်၏ မေတ္တာတော်ကို နားလည်၊ ခံစားလာပြီး သူ့အပြစ်တွေအတွက် ဝန်ချတောင်းပန်ကာ ဆုတောင်းခံခဲ့ပါသည်။ ကျွန်ုပ်တို့ အားလုံး ထိုသူအတွက် ဆုတောင်းပေးခဲ့ပါသည်။ နောက်ပိုင်းတွင် ပြန်လည်ကြားသိရသည်မှာ သူသည် အရက်သေစာကိုသောက်သုံးခြင်းမရှိတော့ဘဲ ဇနီးသည်နှင့်လည်း စကားများ ရန်ဖြစ်ခြင်းလျော့နည်းလာသည် ဟူ၍ဖြစ်သည်။ ထိုသူ၏အသက်တာသည် မျှော်လင့်ချက်မရှိသော၊ လူတကာ ငြိုငြင်သော အသက်တာဖြစ်ခဲ့ပါသည်။ သို့သော်လည်း သူ့အား ကယ်တင်ခြင်း သတင်းစကားကို ပြန်လည်ပြောကြားပြီး အသက်တာကို ခရစ်တော်၌ ပြန်လည်တည်ဆောက်စေခဲ့ပါသည်။ ဘုရားသခင်၏ မေတ္တာတော်သည် သူ့အထဲ၌ ကိန်းဝပ်လာသောအခါ သူ့အသက်တာသည် ပြောင်းလဲခဲ့ပါသည်။ ထိုသူသည် ယေရှုခရစ်ကို သူအသက်တာ၌ နေရာပေးခြင်း တနည်း သူ့အသက်တာသည် ခရစ်တော်၌တည်သောအားဖြင့် ပြောင်းလဲခဲ့ခြင်းဖြစ်ပါသည်။

နှုတ်ကပတ်တော်၌လည်း ရှင်လုကာ(၁၉:၁၀)တွင် ဇက္ခဲဆိုသူ အကြောင်းဖော်ပြထားပါသည်။ ထိုသူသည် အခွန်ခံဖြစ်သည်။ သူတပါး၏ ချွေးနည်းစာကို မိမိချမ်းသာ‌ဖို့၊ မှူးမတ်အရာရှိများထံ မျက်နှာရရေးအတွက် ညှာတာထောက်ထားခြင်းမရှိဘဲ ကောက်ခံသောသူဖြစ်သည်။ ထို့ကြောင့်လည်း လူတကာ မေးငေါ့ကာ ပစ်ပယ်ခြင်းခံထားရသူလည်း ဖြစ်သည်။ သူ့ဘဝမှာ အထီးကျန်ကာ အားငယ်နေသည်။ ထိုအချိန်၌ မေတ္တာတော်ရှင် ယေရှုခရစ်အကြောင်းကို ကြားသိခဲ့ရပြီး ထိုအရှင်သည် သူ၏မြို့သို့လာမည်ကို သိရှိခဲ့သည်။ သူ၌မျှော်လင့်ချက် အလင်းရောင်းသန်းလာသည်။ လူတွေ သူ့အား ပစ်ပယ်သော်လည်း ဘုရားရှင်ကတော့ သူကို လက်ခံပေးမည်ဟု ခံစားရသည်။ ထို့ကြောင့် ‌သခင်ယေရှုကို တွေ့ဆုံနိုင်ဖို့ရန် သူကြိုးစားပါတော့သည်။ သူနှလုံးသားသည်လည်း မျှော်လင့်ချက်များနှင့်ပြည့်နေပါသည်။ ယေရှုခရစ်တော် မြို့ထဲသို့ ကြွလာပြီ။ သူကြိုးစားပါသည်။ သို့သော် အကောင်သေးသေး အရပ်ပုသော သူသည် လူအုပ်ကြီးကြား မတိုးနိုင်ခဲ့ပေ။ သို့ပေမဲ့ သူ၏မျှော်လင့်ချက်ကြောင့် အားမလျော့ဘဲ ဆက်ကြိုးစားခဲ့သည်။ နောက်ဆုံး သူသည် သင်္ဘာသဖန်းပင်ပေါ်တက်ရောက်ခဲ့သည်။ သူမျှော်လင့်ထားသည့်အတိုင်ပင် ယေရှုခရစ်တော်က သူ့ကို ကျော်မသွားပါ။ ငါကိုရှာသောသူ အားအတွေ့ခံမည် ဆိုသည့်အတိုင်း နှလုံးနှင့် ကြိုးစား၍ ရှာဖွေနေသော ဇက္ခဲအား ယေရှုခရစ်တော်သည် မြောက်များစွားသော လူထဲမှ အပင်ပေါ်ရှိ သူ့အားတွေ့ရှိခဲ့ပါသည်။ ဤသို့ဖြင့် ယေရှုခရစ်နှင့်ဆုံဆည်းပြီး သူ့အိမ်၌ တည်းမည်ဟု မိန့်တော်မူသောအခါ သူအလွန်ဝမ်းမြောက်ရပါသည်။ ထိုနောက် ယေရှုခရစ်ထံတော်မှ နှုတ်ကပတ်တော်ကို ကြားနာရသောအခါ သူ့အသက်တာပြောင်းလဲလာသည်။ နှုတ်ကပတ်တော်သည် သူ၏နှလုံးသားထဲ၌ နေရာယူပြီ ဘုရားသခင်၏ ကျေးဇူးတော်သည် သူကို လူသစ်ကဲ့သို့ပြောင်းလဲစေကြောင်း “ဇ​က္ခဲ​သည်​လည်း ရပ်​နေ၍၊ သ​ခင်၊ အ​ကျွန်ုပ်၏ ဥ​စ္စာ​တစ်​ဝက်​ကို ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ပါ၏။ တစ်​စုံ​တစ်​ယောက်​သော​သူ၏ ဥ​စ္စာ​အ​နည်း​ငယ်​ကို အ​ကျွန်ုပ်​ယူ​မိ​လျှင်၊ လေး​ဆ​ပြန်၍​ပေး​ပါ၏​ဟု သ​ခင်​ဘု​ရား​ကို လျှောက်​ဆို၏။ “ဟုအခန်းငယ်()၌ဖော်ပြထားပါသည်။ သူသည် ယေရှုခရစ်တော်ကို နှလုံးသားထဲမှာနေရာပေးသောကြောင့် ဤသို့ပြောင်းလဲရခြင်းဖြစ်သည်။ ခရစ်တော်၌တည်ခြင်း (ယေရှုခရစ်တော်အား နှလုံးသားထဲ၊ ဘဝထဲ နေရာပေးခြင်း) က အသစ်သောအသက်တာကို‌ ‌‌ပြောင်းလဲစေပါသည်။ ထိုကြောင့် ခရစ်တော်၌တည်သောသူသည် အသစ်ပြုပြင်သောသတ္တဝါ (အသက်တာ) ဖြစ်လာပါသည်။

ဒုတိယအချက်မှာ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခွင့်ရပါသည်”

ပထမအချက်သည် ခရစ်တော်၌တည်သောသူသည် အသစ်ပြုပြင်သောအသက်တာရသကဲ့သို့ ယခုမှာလည်း ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခွင့်ရပါသည်။ အခန်းငယ်(၁၈)တွင်ဖော်ပြထားပါသည်။ ဘုရားသခင်နှင့် လူသားသည် အပြစ်တရားကြောင့် ဝေးကွာခဲ့ရသည်။ ဘုရားနှင့်အဆက်ပြတ်ကာ ရင်းနှီးကျွမ်းဝင်ခွင့်နှင့်၊ အတူသွားလာခွင့် ဆုံးရှုံခဲ့ရပါသည်။ ဘုရားသခင်သည် အစဦး၌ အာဒံနှင့်ဧဝကို ဖန်ဆင်းခဲ့ခြင်းမှာ မိသားစုဝင်အသစ်အဖြစ်သာဖြစ်သည်။ ခိုင်းစေရန်မဟုတ်ပါ။ သဏ္ဍန်တော်နှင့်အညီ ဟုလည်း နှုတ်ကပတ်တော်၌ဖော်ပြထားသည်။ ထိုကြောင့် လူသားတို့သည် ဘုရားသခင်နှင့်တူသော သားသမီးများသာဖြစ်သည်။ အတူတကွ သွားလာတိုင်ပင်၍ တစ်လုံးတစ်ဝတည်း နေရန်ဖြစ်သည်။ “ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်၊ မိုး​ကောင်း​ကင်​ငှက်​အ​ပေါင်း​တို့​ကို မြေ​ဖြင့်​ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ လူ​သည် အ​ဘယ်​သို့​ခေါ်​ဝေါ်​သ​မုတ်​မည်​ကို​သိ​ခြင်း​ငှာ၊ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ၏။ လူ​သည်​လည်း အ​သက်​ရှင်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို ခေါ်​ဝေါ်​သ​မုတ်​သည်​အ​တိုင်း၊ နာ​မည်​အ​သီး​အ​သီး​ရှိ​ကြ​၏။ ထို​သို့​လူ​သည် သား​ယဉ်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက် အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သား​ရဲ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အ​မည်​ပေး၍​မှည့်​လေ၏။ သို့​သော်​လည်း လူ​နှင့်​တော်​သော​အ​ထောက်​အ​မ မ​ပေါ်​မ​ရှိ​သေး။ ကမ္ဘာဦးကျမ်း ၂:၁၉၂၀” အားဖြင့် ဘုရားသခင်နှင့်လူသား အတူတူအလုပ်လုပ်ကြောင်းကို သိရှိရပါသည်။ သို့သော်လည်း လူသားတို့သည် တစ်ခုတည်းသော ပညတ်ကို ချိုးဖောက်သောအားဖြင့် ဘုရားနှင့် ‌အဝေးဆုံးကိုရောက်ရှိသွားပါသည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့ အပြစ်နှင့်ကင်း၍ ယခင်ကဲ့သို့ အထံတော်၊ မျက်မှောက်တော်၌ နေရဖို့ရန် ကယ်တင်ရှင်တည်းဟူသော ယေရှုခရစ်တော်ကို ကျွန်ုပ်တို့အားလုံးအတွက် စေလွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယေရှုခရစ်တော်အား မိမိတို့ ဘဝ၊ အသက်တာ၏ ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ကာ နှလုံးသားထဲ၌ ခေါ်ဖိတ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ပြန်လည် ဆက်သွယ်ခွင့်(သို့) မိတ်သဟာယကိုပြုနိုင်သော အခွင့်အား ရရှိပါသည်။ မိမိတို့ အကြံအစည်မှန်သမျှကိုလည်း ထာဝရဘုရားထံသို့ ယေရှုခရစ်အားဖြင့် ကြားလျှောက်တိုင်ပင်နိုင်ပါသည်။ လိုအပ်သောအရာများကိုလည်း တောင်းခံနိုင်ခွင့်ကိုလည်း ရရှိပါသည်။ ထို့ကြောင့် ခရစ်တော်၌တည်သောသူသည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲခွင့်ရသည်ဖြစ်၍ တစ်နေ့ထက်တစ်နေ့ ဘုရားသခင်နှင့် သာ၍ရင်းနှီးကျွမ်းဝင်ကာ ဘုန်းတော်သာ၍ထင်ရှားစေသောသူများဖြစ်စေဖို့ အယောက်စီတိုင်းကို ဘုရားရှင် ကောင်းကြီးပေးပါစေ။

ရှင်ယောဟန်(၁၄:၁၁) (ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ဟု မိန့်တော်မူ၏။ ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ ဆိုရသနည်း။ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကိုကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း ယုံကြလော။ ငါ့စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ) တွင် ယေရှုခရစ်တော်နှင့် တပည့်တော်များ အပြန်အလှန်ပြောဆိုခြင်း၌ တပည့်တော်တို့သည် ယေရှုခရစ်အား သခင်အဖြစ်လက်ခံပြီး အတူသွားလာခြင်းသည် ဘုရားသခင်နှင့် အတူတူသွားလာ၍ အမှုတော်ကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်း နားလည်ရပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် မည့်သည့်အခါမျှ တစ်ဦးတည်း မဟုတ်ချေ။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူရှိနေပါသည်။ ဟာလေလုယာ။ ခရစ်တော်ဘုရားနှင့် သွားလာ မိတ်သဟာယဖွဲ့ခြင်းအားဖြင့်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရသောအခွင့်ကို ရရှိပြီဖြစ်သည်။

ကောလောသဲ(:၃၀၂၁)

လက်​ဝါး​ကပ်​တိုင်​မှာ သွန်း​သော အ​သွေး​တော်​အား​ဖြင့် ရန်​ကို​ငြိမ်း​စေ၍၊ ကောင်း​ကင်​အ​ရာ​ဖြစ်​စေ၊ မြေ​ကြီး​အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​ရှိ​တော်​မူ၏။ အ​ထက်​က ဘု​ရား​သ​ခင်​နှင့်​ကွာ​ရှင်း၍၊ ဆိုး​ညစ်​သော​အ​ကျင့်​ကို ကျင့်​သ​ဖြင့် စိတ်​နှ​လုံး၌ ရန်​သူ​ဖြစ်​သော သင်​တို့​ကို၊ ကိုယ်​ခ​န္ဓာ​တော်၌ အ​သေ​ခံ​တော်​မူ​သော အား​ဖြင့်၊ ယ​ခု မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ဟုဖော်ပြထားပါသည်။

အပြစ်တရားကြောင့် လူသားအာလုံး ဘုရားနှင့် အဆက်အသွယ် ပျက်ကာ လူနှင့် ဘုရားမိတ်သဟာယပြတ်ခဲ့ရသည်။ ဘုရားသခင်နှင့် လူအကြား တားဆီးနေသော အပြစ်တံတိုင်းကြီးကို ယေရှုခရစ်၏အသွေးတော်ဖြင့် ဖြိုဖျက်၍ ရှင်းလင်းစေကာ အပြစ်တရားအားဖြင့် ရန်သူဖြစ်ရသော လူနှင့် ဘုရားရန်ငြိမ်းခဲ့သည်။ ဖန်ဆင်းစကဲ့သို့ ရင်းနှီးစွာ ပြန်လည်သင့်မြတ်ပြီး ဘုရားသခင်နှင့်အတူမိတ်သဟာယဖွဲ့ကာ သွားလာနိုင်ရသောအခွင့်ရရှိပါသည်။ ထိုအခွင့်အရေးသည် ကျွန်ုပ်တို့ ထိုက်တန်၍ မဟုတ်၊ ကောင်းသော အကျင့်ကျင့်နိုင်သောကြောင့် မဟုတ်ပေ။

ကျွန်ုပ်တို့ အားလုံးကို အနန္တမေတ္တာနှင့် ချစ်တော်မူသော ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် သာဖြစ်ပါသည်။ ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။ဧ​ဖက်​ဩ​ဝါ​ဒ​စာ ၂: ဤသို့နှုတ်ကပတ်တော်၌ဖော်ပြထားပါသည်။

ကျွန်ုပ်တို့ အစဉ်မမေ့အပ်သောအရာကား ကျေးဇူးတော်ဖြစ်ပါသည်။ အပြစ်မှလွှတ်မြောက်ဖို့ ကျွန်ုပ်တို့ မကျင့်ကြံနိုင်ပါ။အပြစ်ကြွေးကိုလည်း မပေးဆပ်နိုင်ပါ။ ပေးဆပ်၍လည်းမရပါ။ အဘယ်ကြောင့် ဆိုသော် အပြစ်၏အခက သေခြင်း ဟု အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။

ရော​မ​ဩ​ဝါ​ဒ​စာ ၆:၂၃ တွင် ဖော်ပြထား၍ သေမှ အပြစ်အတွက် ပေဆပ်နိုင်မည်။ သို့ကြောင့် နောင်ဘဝအတွက် ဘာမျှ ကျွန်ုပ်တို့ ပြင်ဆင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယေရှုခရစ်သည် ကျွန်ုပ်တို့ ကိုယ်စား အသေခံကာ ()ရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်ပြီး ထိုထမြောက်ခြင်းကို ယုံကြည်လက်ခံလျှင် အပြစ်မှ လွတ်မြောက်ပြီး ထာဝရအသက်ကို ရရှိမည်။ ထို့ကြောင့် ထိုကြီးမားသော ကျေးဇူးတော်ကို နေ့စဉ် အောက်မေ့၍ ကျေးဇူးတော်ကို စောင့်သိသောအားဖြင့် အလိုတော်အတိုင်း အသက်ရှင်ကြရမည်ဖြစ်သည်။ လူ​အ​ပေါင်း​တို့​သည် ကယ်​တင်​ခြင်း​သို့​ရောက်၍ သ​မ္မာ​တ​ရား​ကို သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၂:၄။ ဘုရားသခင်၏အလို‌‌တော်ကို ကျွန်ုပ်တို့ အားလုံး ဆောင်ရွက်ကြရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခွင့်၊ ပဌာနာပြုခွင့် ရရှိသလို အခြားသောသူများကိုလည်း ထိုအခွင့်အရေးကို ကြားသိစေရမည်ဖြစ်သည်။ ဤသည်ကား အလိုတော်ပင်ဖြစ်ပါသည်။ ယေရှုဘုရားသည် ထာဝရအသက်ကို ပေးနေပါသည်။ ကျန်းမာခြင်း၊ ငြိမ်သက် ဝမ်းမြောက်ခြင်း၊ ထာဝရဘုရားသခင် ဖန်ဆင်းရှင်နှင့် မိတ်သဟာယဖွဲ့ နိုင်သော အခွင့်ပေးနေကြောင်း တပါးသူများအား ကြားပြော သက်သေခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် ခရစ်တော်၌တည်သောသူသည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခွင့်ရသည် ဖြစ်သောကြောင့် မိမိကိုယ်တိုင်သာမက အခြားသူများကိုလည်း သက်သေခံကာ သတင်းကြားပြောနိုင်သောသူများ ဖြစ်စေဖို့ အယောက်စီတိုင်းကို ဘုရားသခင် အသုံးပြုပါစေ။

နောက်ဆုံးအချက်မှာ-“ခရစ်တော်၏ သံတမန်ဖြစ်သည်”

အခန်းငယ်(၂၀)၌ဖော်ပြထားပါသည်။ မှန်ပါသည်။ ယေရှုခရစ်တော်ဘုရားသည် လောကသို့ကြွဆင်းလာ၍ အသေခံကာ အပြစ်တရားမှ ရွေးနှုတ်ခြင်းသည် လူနှင့် ဘုရားပြန်လည် သင့်မြတ်စေဖို့ရန်ဖြစ်သည်။ တနည်းအားဖြင့် ငြိမ်းချမ်းရေး၊ သံတမန်အမှုကိုပြုခြင်းဖြစ်ပါသည်။

ကမ္ဘာဦးတုန်းလည်း လူသားနှင့်ဘုရားသခင်သည် အလွန်ချစ်ကာ အတူတကွ သွားလာကြပါသည်။ သို့သော် စာတန်၏ လှည့်ဖြားမှုအောက်၌ ကျရှုံးကာ အပြစ်ပြုမိသောကြောင့် အပြစ်တရားနှင့် မဆက်ဆံနိုင်သော ထာဝရ သန့်ရှင်းတော်မူသော ဘုရားသခင်နှင့် လူသားများ ဝေးကွာခဲ့ကြရကြောင်း အထက်၌ ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုတော့ ဘုရားနှင့် လူကြား ကာရံထားသော အပြစ်တံတိုင်းကြီးကို ယေရှုခရစ်တော်သည် ဒဏ်ချက်တော်၊ အသွေးတော် ၊အသက်တော်ဖြင့် ဖြိုဖျက်၍ ဘုရားသခင်နှင့် လူသားတို့ကို ငြိမ်ချမ်းစေသော၊ သင့်မြတ်စေသောသူ ဖြစ်ပါသည်။

ထိုသို့ ဘုရားသခင်နှင့် လူသား(ယေရှုခရစ်အား လက်ခံသောသူ)တို့ သင့်မြတ်ပြီးနောက် ဘုရားနှင့်ဝေးကွာနေအခြားသူများအားလည်း ထာဝရဘုရားထံ တိုးဝင်နိုင်ခြင်းအခွင့်ရရှိစေဖို့ ကျွန်ုပ်တို့ ဆောင်ရွက်ရမည် ဖြစ်သည်။ သံတမန်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ သင့်မြတ်စေကာ ထိုနိုင်ငံတို့၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ၊စစ်ရေးဆိုင်ရာ အစရှိ ကဏ္ဍများအား ဖွံ့ဖြိုးတိုးတက်စေဖို့ အတူတကွ လုပ်ဆောင်ရန်၊ ချစ်ကြည်ရေးတည်ဆောက်ရန် ဆောင်ရွက်ရပါသည်။ သံတမန်တို့၏ တာဝန်ကို စာဖတ်သူတို့လည်း သိကြမည်ဖြစ်၍ ရှည်လျားစွာ မဖော်ပြလိုတော့ပါ။ထိုသို့ပင် ယေရှုခရစ်အား လက်ခံ ယုံကြည်သောသူသည် ကောင်းချီးမင်္ဂလာများ၊ တိုးတက်ကြီးပွားမှုများ အထူးသဖြင့် ငြိမ်သက်ခြင်း၊‌ ပျော်ရွှင် ဝမ်းမြောက်ခြင်းများကို ကိုယ်တိုင် ခံစားရရုံမျှမကဘဲ အခြားတပါးသူများလည်း ထပ်ဆင့် ခံစားရစေဖို့ရန်အတွက် ယေရှုခရစ်အားဖြင့် ဘုရားသခင်ပြင်ဆင်ပေးသော သတင်းကောင်း၊ သတင်းစကားကို ကြားပြောကြရမည်ဖြစ်သည်။ ဘုရားသခင်နှင့် နှုတ်ကပတ်တရားတော်ကို ထပ်ဆင့်၍ ဝေငှါ သက်သေခံ ကြားပြောကြရမည်။ ဘုရားသခင်၏အလိုတော်ကို သမ္မာကျမ်း၌ ဤသို့‌‌ဖော်ပြထားပါသည်။

လူ​အ​ပေါင်း​တို့​သည် ကယ်​တင်​ခြင်း​သို့​ရောက်၍ သ​မ္မာ​တ​ရား​ကို သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၂:၄။

ကျွန်ုပ်သည် နှုတ်ကပတ်တော်အတိုင်း ဆောင်ရွက်ရပါမည်။ ဤအကြောင်းအရာသည် အမှုဆောင်ဆောင်များသာပြုရမည်ဟု မဆိုလိုဘဲ ယုံကြည်သော သူတိုင်းပြုရမည့် တာဝန်ဝတ္တရားဖြစ်ပါသည်။ ဤအမှုမှာ သံတမန်အမှု အမှန်စင်စစ်ဖြစ်ပေးသည်။ ကျွန်ုပ်တို့သည် လူနှင့် ဘုရား သင့်မြတ်စေသော တရား၊ လူသားတို့သည် ယေရှုခရစ်တော် အားဖြင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်စားခွင့်၊ ထာဝရအသက်ရရှိနိုင်ခွင့်တည်းဟူသော ငြိမ်ချမ်းခြင်းတရား (သို့) ဧဝံဂေလိတရားကို လူသားတိုင်းကို ကျွန်ုပ်တို့အားလုံး ကြားပြောကြရမည် ဖြစ်သည်။ လူနှင့် ဘုရားပြန်လည်သင့်မြတ်စေသော လူသားတို့အား သေခြင်းမှ ကယ်တင်ပြီး အပြစ်နှင့် ကင်းစင်သော ကယ်တင်ရှင် ယေရှုအကြောင်းကို ကျွန်ုပ်တို့ ဟောပြောသက်သေခံခြင်း အားဖြင့် သံတမန်အမှုကို ပြုကြရမည်။

သမ္မာကျမ်းစာ၌လည်း ဘုရားနှင့်လူကို သင့်မြတ်စေသောပုဂ္ဂိုလ်တစ်ဦးရှိပါသည်။ထိုသူသည် မောရှေပင်ဖြစ်ပါသည်။သူနှင့်ပတ်သက်၍ ဤသို့ဖော်ပြထားပါသည်။

သူ​သည်​လည်း လူ​တို့​ရှေ့​မှာ​သင်၏​စ​ကား​ပြန်​လုပ်၍၊ သင်၏ နှုတ်​ကိုယ်​စား​ဖြစ်​လိမ့်​မည်။ သင်​သည်​လည်း သူ၏​ဘု​ရား​သ​ခင်​ကိုယ်​စား ဖြစ်​လိမ့်​မည်။ ထွက်​မြောက်​ရာ​ကျမ်း ၄:၁၆။ သူသည် ဣသရေလလုမျိုးတို့အား အဲဂုတ္တုကျွန်ဘဝမှ လွတ်မြောက်စေရန် ကယ်တင်ပေးသော ဘုရားသခင်၏ ကိုယ်စားဆောင်ရွက် အစေခံသူဖြစ်သူ၊ သူ့အားဖြင့် ဘုရားသခင်သည် ကယ်တင်ခြင်းအမှုကို ပြုခဲ့သည်။ သူသည် ဘုရားသခင်နှင့် ဣသရေလလူမျိုးကို ဆက်သွယ်ပေးသည်။ ထိုသို့ပင် သခင်ယေရှုသည်လည်း အပြစ်ကျေးကျွန်ဘဝမှ ကျွန်ုပ်တို့ကို လွတ်မြောက်စေရန် ကယ်တင်ပေးခဲ့သည်။ ယခုလည်း ထိုကယ်တင်ခြင်း (ဧဝံငဂလိတရား)ကို လူအမျိုးမျိုးတို့အား ကြားပြောရမည်။ ဘုရားသခင်သည် လူသားအားလုံးကို ကယ်တင်ခြင်း(ထာဝရအသက်)ကို ရရှိပြီး၊ သမ္မာတရားတည်းဟူသော ခရစ်တော်ယေရှုကို သိကျွမ်း၍ ထိုသခင် မိန့်တော်မူသမျှကိုနာယူ ကျင့်စောင့်စေလို‌သောကြောင့်ဖြစ်သည်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​တွင် ပေ​တ​ရု​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ၊ ပေ​တ​ရု၌ ပြု​ပြင်​တော်​မူ​သော​သူ​သည်၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ့​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ ငါ၌​လည်း ပြု​ပြင်​တော်​မူ​သည်​ဖြစ်၍၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ပေ​တ​ရု၌ အပ်​တော်​မူ​သည်​နည်း​တူ၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် မ​စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ၌ အပ်​တော်​မူ​ကြောင်း​ကို သူ​တို့​သည် သိ​မြင်​ကြ၏။အ​မှီ​တံ​ကဲ​ဖြစ်​သော​ယာ​ကုပ်၊ ကေ​ဖ၊ ယော​ဟန် တို့​သည်​လည်း၊ ငါ​ရ​သော​ကျေး​ဇူး​တော်​ကို သိ​ကြ​သော​အ​ခါ၊ မိ​မိ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း​နှင့်၊ ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း၊ လက်​ယာ​လက်​ခံ​ခြင်း​ကို ဗာ​န​ဗ​နှင့် ငါ့​အား ပေး​ကြ၏။ငါ​တို့​သည် ဆင်း​ရဲ​သော​သူ​များ​ကို အောက်​မေ့​စေ​ခြင်း​ငှာ သူ​တို့​အ​လို​တစ်​ခု​တည်း ရှိ၏။ ထို​အ​မှု​ကို ငါ​သည် အ​လို​အ​လျောက် ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ ၂:၁၀။ သခင်ဘုရားသည် ပေတရုနှင့် တပည့်တော်တို့အား ဣသရေလလူမျိုးတို့တွင် တမန်တော်(သတင်းစကား ကြားပြောသော ခရစ်တော်၏ တမန်) အဖြစ်တာဝန်ပေးပြီး ပေါလုအားလည်း တပါးအမျိုးသားတို့တွင် တမန်တော်အဖြစ် ခန့်ထားခဲ့ပါသည်။ ယခုတွင် သင်နှင့် ကျွန်ုပ်ကို ရှင်ယေရှု၏ ဧဝံဂေလိတရားကို ကြားပြောဖို့ရန် တာဝန်ပေးနေပြီဖြစ်သည်။ ကျွန်ုပ်တို့သည် ဧဝံဂေလိတရား ကိုကြာပြောခြင်းဖြင့် လူသားတို့သည် ဘုရားသခင်နှင့် သင့်မြတ်ကာ အထံတော်မှ မစခြင်း၊ ကူညီဖေးမခြင်း၊ လမ်းပြသွန်သင်ခြင်းနှင့်အတူ နေ့ရက်စဉ်တိုင်း ဘုရားသခင်နှင့် အတူသွားလာ၍ ကောင်းချီး မင်္ဂလာများ၊ ချီးမြောက်ခြင်းမှအစ ကောင်းကျိုးများစွာကို ခံစားရရှိကြမည်ဖြစ်သည်။

ဘုရားသခင်သည် သခင်ယေရှုအားဖြင့် ကျွန်ုပ်တို့အားလုံးအတွက် ကျန်းမာခြင်း၊ ဝမ်းမြောက်ခြင်း၊ အောင်မြင်ခြင်း၊ နှစ်သိမ့်ခြင်း၊ အားပေးကူညီ ဖေးမခြင်း၊ သည်းခံခြင်း၊ မေတ္တာ၊ အလင်းနှင့် ကြွယ်ဝခြင်းများပေးခဲ့ပါသည်။ ဤကဲ့သို့ ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ သေချာသော အနာဂတ်နှင့် အာမခံချက် များ၊ ကျေးဇူးတော်ကို သခင်ယေရှုအား လက်ခံ ယုံကြည်သောအားဖြင့် ခရစ်တော်၏ သံတမန်ဖြစ်သော ယုံကြည်သူများသည် ယေရှုခရစ်၏ ဧဝံဂေလိတရားကို လူအမျိုးမျိုးတို့အား ကြားပြောရမည်ဖြစ်ပါသည်။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို ဟော​ရ​သော အ​ခွင့်​အ​ရာ​ကို ငါ​တို့၌​အပ်​ပေး​တော်​မူ၏။ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် ၅:၁၈။ မိတ်သဟာယတရားကို ဟောပြောခွင့်ရသော်ဟု ဖော်ပြထားပါသည်။ ကျွန်ုပ်တို့ ယုံကြည်သူအားလုံး၌ တာဝန်ရှိပါသည်။ ဖိလိပ္ပိဩဝါဒစာ (:၂၇)တွင် ဧဝံဂေလိတရားနှင့်ပတ်သက်သော အမှုကို ကျေပွန်ရန် တိုက်တွန်းထားပါသည်။

သင်​တို့​သည် ရန်​သူ​များ​ကြောင့် အ​လျှင်း မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​ဘဲ၊ တစ်​ပါး​တည်း​သော စိတ်​ဝိ​ညာဉ်၌ တည်၍၊ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​ဆိုင်​သော ယုံ​ကြည်​ခြင်း​အ​ဖို့ အ​လို​ငှာ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား​အား ထုတ်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို၊ ငါ​ရောက်​လျှင် သင်​တို့​နှင့် မျက်​မှောက်​တွေ့​သည်​ဖြစ်​စေ၊ ကွာ​လျက်​နေ​သည်​ဖြစ်​စေ၊ ငါ​ကြား​သိ​ရ​ပါ​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် အ​ထိုက်​အ​လျောက် ဝတ်​ကြီး​ဝတ်​ငယ်​များ​ကို ပြု၍​သာ​နေ​ကြ​လော့။

ရှင်မာကု(၁၆:၁၅၁၇)၌လည်း “သင်တို့သည် လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​သို့​သွား၍၊ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ကြ​လော့။ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။ယုံ​ကြည်​သော​သူ​တို့၌ ဖြစ်​အံ့​သော နိ​မိတ်​လ​က္ခ​ဏာ ဟူ​မူ​ကား၊ ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​ကြ​လ​တ္တံ့။ ထူး​ခြား​သော ဘာ​သာ​စ​ကား​မျိုး​တို့​ကို ပြော​ကြ​လ​တ္တံ့။” ဟု မိန့်မှာခဲ့ပါသည်။ ဤသည်မှာ ဧဝံဂေလိတရားကို လူအမျိုးမျိုးတို့အား ကြားပြောကြရန် မိန့်မှာခဲ့ခြင်းဖြစ်ပါသည်။

ချစ်သော စာဖတ်သူ ညီအစ်ကို၊ မောင်နှမတို့ ခရစ်တော်၌တည်သောသူသည် ခရစ်တော်၏ သံတမန်ဖြစ်သောကြောင့် မိမိတို့အားပေးအပ်သော တာဝန်ကို ကျေပွန်ကြသောသူများ ဖြစ်စေဖို့ တိုက်တွန်းလိုပါသည်။ အချုပ်အားဖြင့်ဆိုသော် ယေရှုအား ယုံကြည်သောသူများ အခြားသော လောကသားများကဲ့သို့မဟုတ်ဘဲ ဘုရားသခင် အထံတော်မှာ အထူးအခွင့်အရေးတာဝန်များ ရရှိခံစားရကြပါသည်။ ခရစ်တော်၌ တည်သော (မိမိ ဘဝ၏ ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံ ယုံကြည်သော) အားဖြင့်

၁။ အသစ်ပြုပြင်သော အသစ်တာကိုရရှိပါသည်။

၂။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခွင့်ရရှိပါသည်။

၃။ ခရစ်တော်၏ သံတမန်ဖြစ်ပါသည်။

ဟု နှုတ်ကပတ်တော်အားဖြင့် သက်သေခံ ဝေငှါ ပါသည်။ ဖတ်ရှု၍ နှုတ်ကပတ်တော် ဆင်ခြင် နှလုံးသွင်းကာ နာခံလိုက်လျှောက်သော သူအယောက်တိုင်းကို ဘုရားသခင် သာ၍ ကောင်းကြီးပေးပါစေ။အာမင်။