Skip to content

λόγος ၏ မိတ်ဖက်အဖွဲ့အစည်း

λόγος ၏ မိတ်ဖက်အဖွဲ့အစည်းမှာ Bookshelf Project ဟူသည့် အကျိုးအမြတ်မယူ၊ ကိုယ်ကျိုးမဖက်သည့် (non-profit) နှစ်ခြင်းခရစ်ယာန်အဖွဲ့အစည်းတခုပဲဖြစ်ပါသည်။
Bookshelf Project ၏ official အမှတ်တံဆိပ်မှာ ယခု feature image တွင် တွေ့ရသည့်အတိုင်းပင်ဖြစ်ပါသည်။ သို့သော် ပိုမိုရှင်းလင်းသော logo ကို ဤစာမျက်နှာအောက်ဆုံးတွင် တွေ့နိုင်ပါသည်။
Bookshelf Project သည်ထာဝရဘုရား၏ သတင်းကောင်းအား ကြားသိယုံကြည်ပြီးသူများနှင့် မကြားသိသေးသောသူများထံသို့ ခရစ်ယာန်ဓမ္မစာအုပ်စာပေများအားဖြင့် ဝေးလံခက်ခဲသော ဒေသများတွင် Mini Library စာအုပ်စင်လေးများနှင့် လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍သမ္မာတရားကိုသိစေချင်သော သခင့်ရဲ့အလိုတော်ကို ဆောင်လျက်အစေခံနေသော အကျိုးမြတ်မယူသည့် အဖွဲ့အစည်းဖြစ်ပါသည်။

Bookshelf Project ကို ဦးစီးလုပ်ဆောင် တည်ထောင်သူမှာ λόγος ၏ တွဲဖက်တည်ထောင်သူများထဲမှ တဦးဖြစ်ပါတယ်။ Bookshelf Project သည် ခက်ခဲဝေးလံသော ဒေသများသို့ ခရစ်ယာန်ဓမ္မစာအုပ်များ လှူဒါန်းရုံသာမကဘဲ ယခုအခါမှာလည်း λόγος သို့ digital ဆောင်းပါးများ ပုံမှန်ပေးပို့ လှူဒါန်းပေးလျက်ရှိပါသည်။ ထို့ကြောင့် λόγος အနေဖြင့် Bookshelf Project ကို အထူးပင်ကျေးဇူးတင်ရှိပါပြီး သခင်ယေရှုဘုရား၏ အမှုတော်မြတ်မှာ အတူတကွ လက်တွဲလုပ်ဆောင်နိုင်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။

မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ Bookshelf Project ၏ mini Library(စာကြည့်တိုက်ငယ်) လေးကိုလည်း λόγος အနေဖြင့် ကူညီပံ့ပို့းပေးဖို့ရန် စိတ်အားထက်သန်လျက်ရှိပါသည်။ ထို့ကြောင့် စာဖတ်သူများအနေဖြင့် ကျွန်ုပ်တို့အတွက် သတိရဆုတောင်းပေးနိုင်ပါသည်။ စာဖတ်သူများအနေဖြင့်လည်း ဆုတောင်းရုံသာမကဘဲ အမှန်တကယ် စာပေများ ဖတ်ရှုလေ့လာကြဖို့ရန် မေတ္တာဖြင့် တိုက်တွန်းနှိုးဆော်ပါရစေ။

λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” ကဏ္ဍတွင် λόγος မှ ကိုယ်တိုင်ဖန်တီးထားရေးသားသော ဆောင်းပါး၊ ဓာတ်ပုံ၊ ဗီဒီယိုများကို မကူးယူဖို့နှင့် စီးပွါးဖြစ် ရောင်းဝယ်ဖောက်ကားခြင်း မပြုဖို့ အသိပေးပြီးဖြစ်သော်လည်း Bookshelf Project နှင့် λόγος တို့သည် ဆောင်းပါးများကို တပြိုင်တည်း အချိန်ကိုက်တင်လေ့ရှိသည့်အတွက် ပုံတူဆောင်းပါးများ Bookshelf Project page (https://www.facebook.com/ThisIsTBP) ၌တွေ့ရှိပါက မစိုးရိမ်ကြဖို့ရန် အသိပေးခြင်းဖြစ်ပါသည်။ အကြောင်းမှာ မိမိတို့သည် မိတ်ဖက်အဖွဲ့အစည်းဖြစ်နေသောကြောင့်ပါ။

အကယ်၍ λόγος နှင့် Bookshelf Project ၏ ဆောင်းပါးများကို အခြားသောနေရာများ၌ ကူးယူဖော်ပြခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ တွေ့ရှိပါက မိမိတို့ အဖွဲ့အစည်း ၂ ခုစလုံးအား အသိပေးနိုင်ပါသည်။

“နာ​သော​သူ​တို့​အား ချမ်း​သာ​ပေး​ကြ​လော့။ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​ကြ​လော့။ နူ​သော​သူ​တို့​ကို သန့်​ရှင်း​စေ​ကြ​လော့။ နတ်​ဆိုး​တို့​ကို​လည်း နှင်​ထုတ်​ကြ​လော့။
သင်​တို့​သည် အ​ဖိုး​မ​ပေး​ဘဲ ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​ပြီ​ဖြစ်၍ အ​ဖိုး​မ​ခံ​ဘဲ ပေး​ကမ်း​ကြ​လော့။-”
‭‭(ရှင် မဿဲ ခ ရစ် ဝင်။‬ ‭10:8‬)