Skip to content

နှစ်ခြင်းခရစ်ယာန်တို့၏ ဓမ္မပုစ္ဆာဝိသဇ္ဇနာ

 
 
 
 
နှစ်ခြင်းခရစ်ယာန်တို့၏ ဓမ္မပုစ္ဆာဝိသဇ္ဇနာ

 

ဓမ္မ = ဟုတ်မှန်သောသဘော။ ဘုရားရှင်၏တရားတော်

ပုစ္ဆာ = အမေး။

ဝိသဇ္ဇနာ = အဖြေ။

နှစ်ခြင်းခရစ်ယာန်တို့၏ ဓမ္မပုစ္ဆာဝိသဇ္ဇနာ ပေါင်းချုပ် (၁၁၈) ချက်ကို ခရစ်နှစ် ၁၆၇၇ ခုနှစ်၌ နှစ်ခြင်းခရစ်ယာန်သင်းအုပ်ဆရာတပါးဖြစ်သော Benjamin Keach က ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ၁၆၉၃ ခုနှစ်ရောက်မှသာ ဗြိတိသျှနှစ်ခြင်းခရစ်ယာန်များသည် ဤ Catechism ကို တရားဝင်ထုတ်ဝေဖြန့်ချိနိုင်ခဲ့ပါသည်။ သင်းအုပ်ဆရာ Benjamin Keach သည် နှစ်ခြင်းခရစ်ယာန်တို့၏ ဓမ္မပုစ္ဆာဝိသဇ္ဇနာများကို ရေးသားခဲ့ခြင်းကြောင့် ဦးခေါင်းနှင့် လက်များ လျှိုသွင်းချုပ်နှောင်သော အပေါက်ဖောက်ထားသည့် သစ်သားဘောင်၌ ထည့်သွင်းခံရကာ လူထုကြား၌ လှောင်ပြောင်ခံရစေရန် ပြစ်ဒဏ်ပေးခြင်းခံခဲ့ရသည်ဟု သိရှိရသည်။ သာသနာတော်အတွက် ဘိုးဘေးနှစ်ခြင်းခရစ်ယာန်များ၏ စွန့်လွှတ်အနစ်နာခံခဲ့မှု၊ ဆရာကြီးယုဒသန်၏ကိုယ်ကျိုးစွန့်သာသနာ့ဝန်ထမ်းခြင်း စသည့်သာသနာ့အာဇာနည်များ ချန်ရစ်ခဲ့သော နှစ်ခြင်းအမွေအနှစ်များကို လက်ဆင့်ကမ်းစောင့်ထိန်းသည့်အနေဖြင့် ကျွန်တော်တို့ λόγος အဖွဲ့သားများမှ ဆီလျော်စွာ မြန်မာမှုပြုလိုက်ပါသည်။ 

နှစ်ခြင်းခရစ်ယာန်တို့၏ ဓမ္မပုစ္စာဝိသဇ္ဇနာ ~ ၆၁ – ၇၀
 
နှစ်ခြင်းခရစ်ယာန်တို့၏ ဓမ္မပုစ္စာဝိသဇ္ဇနာ ~ ၇၁ – ၈၀
 
နှစ်ခြင်းခရစ်ယာန်တို့၏ ဓမ္မပုစ္စာဝိသဇ္ဇနာ ~ ၈၁ – ၉၀
 
နှစ်ခြင်းခရစ်ယာန်တို့၏ ဓမ္မပုစ္စာဝိသဇ္ဇနာ ~ ၉၁ – ၁၀၀
 
နှစ်ခြင်းခရစ်ယာန်တို့၏ ဓမ္မပုစ္စာဝိသဇ္ဇနာ ~ ၁၀၁ – ၁၁၀
 
နှစ်ခြင်းခရစ်ယာန်တို့၏ ဓမ္မပုစ္စာဝိသဇ္ဇနာ ~ ၁၁၁ – ၁၁၈