Skip to content

λόγος သည် ဘုရားသခင်တည်ရှိခြင်း၊ ဘဝရဲ့အဓိပ္ပါယ်၊ ဓမ္မဓိဋ္ဌာန်ကျသော သမ္မာတရား၊ ဓမ္မသစ် ခရစ်ဝင်ကျမ်းစာစောင်များ၏ယုံကြည်စိတ်ချရမှု၊ အနှိုင်းမဲ့ သခင်ယေရှုခရစ်တော်၊ ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများသခင်ယေရှု၏ သမိုင်းဝင်သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်း၊ သိပ္ပံပညာ၏ ခန့်ညားထည်ဝါမှုနှင့် လူသားတို့အားအကျိုးပြုခြင်း ဆိုင်ရာ၊ သမိုင်းဆိုင်ရာနှင့် အနုပညာ၊ ဆင်ခြင်တုံတရားနှင့်ယုတ္တိဗေဒဆိုင်ရာ၊ ခရစ်ယာန်ယုံကြည်မှုအား ကျိုးကြောင်းညီညွတ်စွာ ခုခံကာကွယ်ပြောဆိုမှုဆိုင်ရာ စသည့် အသိပညာ အမျိုးမျိုးကို တစ်နေရာတည်းတွင် အခမဲ့ လေ့လာဖတ်ရှုနိုင်စေရန် လွှင့်တင်ပေးထားသော မြန်မာ့ပထမဦးဆုံး ပြည်တွင်းဖြစ် ခရစ်ယာန် Website ဖြစ်ပါသည်။ λόγος သည် ပြည်ပနိုင်ငံများ၏ ထောက်ပံ့မှုတစ်စုံတစ်ခုအားဖြင့် ရပ်တည်နေခြင်းမျိုးမဟုတ်သည်သာမက အသင်းတော်တစ်ပါးပါး၏ ဩဇာလွှမ်းမိုးမှု၊ စေခိုင်းမှု သို့မဟုတ် ကျောထောက်နောက်ခံ ပြုမှုတစ်စုံတစ်ရာအားဖြင့် ရပ်တည်နေခြင်းမျိုးမဟုတ်ဘဲ ပြည်တွင်းရှိ သခင်ယေရှုချစ်တော်မူသော မြန်မာတိုင်းရင်းသား တပည့်တော်များမှ မိမိတို့၏ စွမ်းရည်၊ အချိန်နာရီ၊ အစွမ်းသတ္တိနှင့် ငွေကြေးတို့အား ဆပ်ကပ်၍ ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် အမှီအခိုကင်းသော အကျိုးအမြတ်မယူ၊ ကိုယ်ကျိုးမဖက်သည့် နှစ်ခြင်းခရစ်ယာန် အဖွဲ့အစည်းဖြစ်ပါသည်။

အမည်

λόγος ဆိုသည်မှာ ဂရိစကားလုံးဖြစ်ပြီး မြန်မာလို အသံဖလှယ်၍ “လော့ဂေါ့စ်” ဟု အသံထွက်နိုင်သည့်နည်းတူ အင်္ဂလိပ်လို “Logos” ဟုအသံထွက်နိုင်ပါသည်။ မြန်မာလို “စကား” ဟု အဓိပ္ပါယ်ရသကဲ့သို့ “ဆင်ခြင်တုံတရား” သို့မဟုတ် “အသိဉာဏ်” ဟုလည်း အဓိပ္ပါယ်ရပါသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းရှိ λόγος သည် သခင်ယေရှုခရစ်တော် ကို ဖော်ညွှန်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပုဂ္ဂိုလ်တော် အဖြစ် ေဖာ်ပြထားသည်ကို အံ့ဩဖွယ်တေွ့ရှိရပါသည်။ ဤလောက၏ ကယ်တင်ရှင်ဘုရားသခင် သခင်ယေရှုခရစ်တော်တည်းဟူသော λόγος ကို သခင်ဘုရားအားချစ်မြတ်နိုးသောကြောင့် ကွျနု်ပ်တို့ အဖွဲ့အစည်း၏အမည်နာမအဖြစ် ရိုသေလေးမြတ်စွာဖြင့် သုံးစွဲထားခြင်းဖြစ်ပါသည်။

ဆောင်ပုဒ်

“ငါတို့သည်ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်းကို၎င်း၊ ငါတို့သည် ယေရှုအတွက် သင်တို့၏ ကျွန်ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။ ” ~ (ကောရိ န္သုဩဝါဒစာ ဒုတိယစောင် ၄း၅)

တည်ထောင်ရသည့် ရည်ရွယ်ချက်

• သိပ္ပံပညာဆိုသည်မှာ အဘယ်နည်း၊ သိပ္ပံပညာနှင့် ဘုရားသခင်သည် ရန်သူများလား၊ သိပ္ပံပညာနှင့် ထာဝရဘုရား၏သမ္မာကျမ်းစာသည် ဆန့်ကျင်ဘက်ဖြစ်နေသလား၊ သမ္မာကျမ်းစာထဲရှိ အဖြစ်အပျက်များသည် ဧကန်စင်စစ် ကမ္ဘာဦးသမိုင်းဖြစ်ရပ်မှန် ဟုတ်ပါသလား သို့မဟုတ် ဘုရားမဲ့ ဝါဒီသမားများပြောသည့်အတိုင်း သမ္မာကျမ်းစာသည် ကလေးချော့ပုံပြင်၊ ဒဏ္ဍာရီစာအုပ်သက်သက်သာလျှင် ဖြစ်ပါသလားဆိုသည့် မေးခွန်းများစွာအတွက် ခရစ်ယာန်လူငယ်မောင်မယ်များ မိမိကိုယ်တိုင် ပိုင်းခြားသိမြင်တတ်စေရန်၊

• ခရစ်ယာန်လူငယ်များသာမက ကလေးမိဘများ၊ အထူးသဖြင့် မိမိတို့ သားငယ်၊သမီးငယ်များက မိဘများအား နောဧသင်္ဘောအဖြစ်အပျက်များ၊ ဖန်ဆင်းခြင်းအဖြစ်အပျက်များ၊ သခင်ယေရှု သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဖြစ်ရပ်များ စသည့်သမ္မာကျမ်းစာပါအကြောင်းအရာများနှင့်ပတ်သတ်၍ မေးမြန်းလာခဲ့လျှင် မိဘများအနေဖြင့် မိမိတို့သားငယ်၊သမီးငယ်များကို ကျိုးကြောင်းညီညွတ်စွာ အချက်အလက်၊ အထောက်အထားများပြ၍ ပြန်လည်ဖြေကြားပေးနိုင်ရန်၊

• သိပ္ပံပညာကို စိတ်ဝင်စားသော်လည်း အင်္ဂလိပ်စာအခက်အခဲရှိသောကြောင့် သိပ္ပံစာများကို မဖတ်နိုင်သော၊ လက်လှမ်းမမှီနိုင်သော သိပ္ပံစာဖတ်ဝါသနာရှင်များ၊ ခရစ်ယာန်ဘာသာကို စိတ်ဝင်စား၍သော်လည်းကောင်း၊ ယေရှုခရစ်တော် ဘုရားနှင့် ခရစ်ယာန်ဘာသာကို လေ့လာလိုသော အခြားသော ဘာသာခြားများအတွက်သော်လည်းကောင်း၊ ဘုရားသခင်အကြောင်း သိစေလိုသော စေတနာ၊ သိပ္ပံအသိပညာတိုးတက်စေလိုသောစေတနာ၊ ကြီးမြတ်တော်မူသောဘုရားသခင်ရဲ့ဘုန်းတော်၊ နာမတော်ထင်ရှားစေလိုသော ရည်ရွယ်ချက်များစွာကြောင့်သော်လည်းကောင်း၊

• ဓမ္မအမှုတော်ဆောင် ဧဝံဂေလိသာသနာပြုဆရာ၊ ဆရာမများအတွက်လည်း သခင်ယေရှုအကြောင်းကို တစ်ပါးသူများအား ဟောပြောဝေမျှသက်သေခံရာတွင် သမ္မာကျမ်းစာပါ အဖြစ်အပျက်များအား ချက်ကျလက်ကျတင်ပြပြောဆိုနိုင်သော အချက်အလက်အထောက်အထားများကို တစ်ထောင့်တစ်နေရာမှ ပံပိုးကူညီနိုင်ရန်အတွက်သော်လည်းကောင်း သခင်ယေရှုချစ်သော ခရစ်ယာန်လူငယ်များမှ သန့်ရှင်းသော ဝိညာဥ်တော်ဘုရား၏ လမ်းပြပို့ဆောင်မှုအားဖြင့် အချိန်ကုန်ခံ၊ ငွေအကုန်ခံ၊ လူကိုယ်တိုင်အပင်ပန်းခံ၍ ဤ Website လေးကို ဖန်တီးပေးလိုက်ခြင်းဖြစ်ပါသည်။

တည်ထောင်သူများ

ကိုစိုးရဲအောင် (စတင်တည်ထောင်သူ)

λόγος အား သခင်ယေရှုချစ်သော တပည့်တော်တစ်ဦးဖြစ်သော နှစ်ခြင်းခရစ်ယာန်လူငယ် ကိုစိုးရဲအောင် မှ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လမ်းပြပို့ဆောင်မှုအားဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ကိုစိုးရဲအောင်သည် λόγος ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိအောင် ဤ Website ကို ကိုယ်တိုင် အထူးပြန်လည်မွမ်းမံသူတစ်ဦးဖြစ်ပြီး Website တည်ဆောက်ရာတွင် အသုံးပြုသော ကွန်ပြူတာသိပ္ပံနည်းပညာရပ်ဆိုင်ရာများအားလုံးကို ဦးဆောင်တာဝန်ယူကာ ပါဝင်ဆက်ကပ်နေသူဖြစ်ပါသည်။ ကိုယ်တိုင်လည်း λόγος တွင် ဆောင်းပါးများရေးတင်နေသော စာရေးသူတစ်ဦးလည်း ဖြစ်ပါသည်။

 

စောရိုးလ်လဲန်းထူး (တွဲဖက်တည်ထောင်သူ)

λόγος အား သခင်ယေရှုချစ်သောအခြားသော တပည့်တော်တစ်ဦးဖြစ်သည့် နှစ်ခြင်းခရစ်ယာန်လူငယ် စောရိုးလ်လဲန်းထူး မှ တွဲဖက်တည်ထောင်ခဲ့သည်။ သူသည် λόγος တွင် စာရေးသူအနေနှင့်သော်လည်းကောင်း၊ λόγος ရှိ ဆောင်းပါးများအား တည်းဖြတ်သူအနေနှင့်သော်လည်းကောင်း ပါဝင်ဆပ်ကပ်လျက်ရှိပါသည်။

စောစိုးမိုးမြတ် (တွဲဖက်တည်ထောင်သူ)

λόγος အား တွဲဖက်တည်ထောင်သူများထဲတွင်တစ်ဦးအပါအဝင်ဖြစ်သော စောစိုးမိုးမြတ် သည် ဝိညာဉ်ရေးရာနှင့်ပတ်သက်လျှင် ဆွေးနွေးခြင်း၊ အချင်းချင်း ခွန်အားပေးတည်ဆောက်ခြင်းနှင့် နာယူခြင်းများကို နှစ်သက်သူဖြစ်သည်။ စာရေးသူသည် λόγος တွင် ကဗျာများအားဖြင့်သော်လည်းကောင်း၊ λόγος ၏ ဗီဒီယိုတင်ဆက်သူအနေနှင့်သော်လည်းကောင်း ပါဝင်ဆက်ကပ်လျက် ရှိပါသည်။

ကိုဖြိုးဝဏ္ဏ (တွဲဖက်တည်ထောင်သူ)

λόγος တွင် သမ္မာကျမ်းစာအား လေးလေးနက်နက် စဉ်းစားတွေးခေါ်သူအနေနှင့်သော်လည်းကောင်း၊ ခရစ်ယာန်ယုံကြည်မှုအား ခုခံကာကွယ်ပြောဆိုသူ အနေနှင့်သော်လည်းကောင်း ပါဝင်ဆက်ကပ်နေသော တွဲဖက်တည်ထောင်သူ ကိုဖြိုးဝဏ္ဏ သည် ငယ်စဉ်ကပင် ဘာသာရေးဆိုင်ရာ၊ ဘုရားတရားဆိုင်ရာ၊ ဖြစ်တည်မှု၊ ပျက်သုန်းမှုဆိုင်ရာ သဘောတရားများ၊ လူ့ဘဝနှင့်အဓိက ဆက်နွယ်ပတ်သက်သည့် အဓိပ္ပာယ်တို့ကို ဆွေးနွေးခြင်း၊ စဉ်းစားတွေးခေါ်ခြင်း နားထောင်ခြင်းကို နှစ်သက်သူတစ်ဦးဖြစ်သည်။

စောမိုရှေး (တွဲဖက်တည်ထောင်သူ)

စောမိုရှေး သည် λόγος ၏ အမှတ်တံဆိပ်ကို ဖန်တီးရေးဆွဲပေးသူဖြစ်ပြီး λόγος တွင် ဓာတ်ပုံ၊ ဗီဒီယိုများရိုက်ကူးပေးခြင်း၊ သမ္မာကျမ်းစာအခြေခံသော ဝိညာဉ်ရေးရာဆောင်းပါးများ ရေးသားခြင်းအားဖြင့် ပါဝင်ဆက်ကပ် အမှုတော်ဆောင်လျက်ရှိပါသည်။ ထို့အပြင် သမ္မာကျမ်းစာ အခြေပြုသော ခေတ်ပေါ်ဓမ္မတေးသီချင်းများကို ရေးစပ်သီကုံးသော တေးရေးဆရာတစ်ဦးလည်း ဖြစ်ပါသည်။

စောရော်နီလှခိုင် (တွဲဖက်တည်ထောင်သူ)

စောရော်နီလှခိုင် သည် λόγος တွင် ကွန်ပြူတာသိပ္ပံနှင့်နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖြစ် သော်လည်းကောင်း၊ λόγος ၏ လိုအပ်ချက်နှင့် ကိုက်ညီသော ကွန်ပြူတာဆော့လ်ဖ်ဝဲ ပရိုဂရမ်များ၊ Application များအား ကိုယ်တိုင်ပါဝင်ရေးသားသူ အဖြစ်သော်လည်းကောင်း ပါဝင်ဆပ်ကပ်၊ အမှုတော်ဆောင်လျက်ရှိပါသည်။ ထို့အပြင် ကွန်ပြူတာသိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆောင်းပါးများအား ရေးသားသော စာရေးသူအနေဖြင့်လည်း သိပ္ပံနှင့် နည်းပညာကို စိတ်ပါဝင်စားသော အနာဂတ် မျိုးဆက်သစ်လူငယ်များအတွက် အသိပညာများနှင့် မိမိ၏အတွေ့အကြုံများအား ဝေငှပေးလျက်ရှိပါသည်။

ဆလိုင်းဇုံလျန်ဌေး @ လုကာ (တွဲဖက်တည်ထောင်သူ)

ဆရာ ဆလိုင်းဇုံလျန်ဌေး @ ဆရာလု သည် λόγος တွင် စာရေးသူအနေနှင့်သော်လည်းကောင်း၊ တရားဟောဆရာအနေနှင့်သော်လည်းကောင်း ပါဝင်ဆက်ကပ်နေသော ဓမ္မအမှုတော်ဆောင် တစ်ဦးဖြစ်ပါသည်။Abiding branches of the Vine (ABV)” အမှုတော်မြတ်လုပ်ငန်းတွင်လည်း အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဆက်ကပ်အစေခံလျက်ရှိသည့်အပြင် ABV ခရစ်ယာန်စာအုပ်ဆိုင်ဖွင့်ခြင်းဖြင့် သမ္မာကျမ်းစာအခြေခံသော ခရစ်ယာန်စာပေများအား စျေးနှုန်းသင့်တင့်စွာ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါသည်။ ထို့ပြင် ABV Bible Study Center၌ လူငယ်များအား သမ္မာကျမ်းစာ သင်ကြားပေးလျက် ခရစ်တော်ကို ယုံကြည်သော အနာဂတ်မျိုးဆက်သစ်များအား ပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။