Skip to content

"ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း
ငါ့စကားတည်လိမ့်မည်။"

(ရှင်မာကုခရစ်ဝင် ၁၃း၃၁)

01

λόγος ဆိုတာဘာလဲ

λόγος ဆိုသည်မှာ ဂရိစကားလုံးဖြစ်ပြီး မြန်မာလို အသံဖလှယ်၍ “လော့ဂေါ့စ်” ဟု အသံထွက်နိုင်သည့်နည်းတူ အင်္ဂလိပ်လို “Logos” ဟုအသံထွက်နိုင်ပါသည်။ မြန်မာလို “စကား” ဟု အဓိပ္ပါယ်ရသကဲ့သို့ “ဆင်ခြင်တုံတရား” သို့မဟုတ် “အသိဉာဏ်” ဟုလည်း အဓိပ္ပါယ်ရပါသည်။ သခင်ယေရှုခရစ်တော် ၏ မျက်မြင်သက်သေတစ်ပါးဖြစ်သော တမန်တော်ကြီး ရှင်ယောဟန်သည် ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁း၁-၄ တွင် “အစဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော် သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထို နှုတ်ကပတ်တော် သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။ ထို နှုတ်ကပတ်တော် ၌ အသက် ရှိ၏။ ” ဟူ၍ “နှုတ်ကပတ်တော်” ဟု ရေးသားထားသည့်နေရာတိုင်း၌ ဂရိစကားလုံး “λόγος” ကို သုံးစွဲထားပါသည်။ မြန်မာလို “ဘုရားသခင်၏စကား” ဟု အဓိပ္ပါယ်ရသည့်အတွက် ဆရာကြီး ယုဒဿန်က “ဘုရားသခင်၏ နှုတ်ကပတ်တော်” ဟု လှပခန့်ညားစွာ ပြန်ဆိုပေးခဲ့ပါသည်။ အထူးသဖြင့် ရှင်ယောဟန်ခရစ်ဝင်ကျမ်းရှိ λόγος သည် သခင်ယေရှုခရစ်တော် ကို ဖော်ညွှန်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပုဂ္ဂိုလ်တော် အဖြစ် ေဖာ်ပြထားသည်ကို အံ့ဩဖွယ်တေွ့ရှိရပါသည်။ ဤလောက၏ ကယ်တင်ရှင်ဘုရားသခင် သခင်ယေရှုခရစ်တော်တည်းဟူသော λόγος ကို သခင်ဘုရားအားချစ်မြတ်နိုးသောကြောင့် ကွျနု်ပ်တို့ အဖွဲ့အစည်း၏အမည်နာမအဖြစ် ရိုသေလေးမြတ်စွာဖြင့် သုံးစွဲထားခြင်းဖြစ်ပါသည်။

λόγος ကိုယ်ပိုင်အမှတ်အသား၏ အဓိပ္ပါယ်ကို သင်သိပါသလား ?
02

ကျွန်ုပ်တို့၏ ဦးတည်ချက်

ခရစ်ယာန်လူငယ်များသာမက ကလေးမိဘများ၊ ယေရှုခရစ်တော်ဘုရား နှင့် ခရစ်ယာန်ဘာသာကို လေ့လာလိုသော အခြားသော ဘာသာခြားများအတွက်သော်လည်းကောင်း၊ ဘုရားသခင်အကြောင်း သိစေလိုသော စေတနာ၊ သိပ္ပံအသိပညာတိုးတက်စေလိုသောစေတနာ၊ ကြီးမြတ်တော်မူသောဘုရားသခင်ရဲ့ဘုန်းတော်၊ နာမတော်ထင်ရှားစေလိုသော ရည်ရွယ်ချက်များစွာကြောင့်သော်လည်းကောင်း၊ သခင်ယေရှုချစ်သော ခရစ်ယာန်လူငယ်များမှ သန့်ရှင်းသော ဝိညာဥ်တော်ဘုရား၏ လမ်းပြပို့ဆောင်မှုအားဖြင့် အချိန်ကုန်ခံ၊ ငွေအကုန်ခံ၊ လူကိုယ်တိုင်အပင်ပန်းခံကြ၍ ဤ Website လေးကို ဖန်တီးပေးလိုက်ခြင်းဖြစ်ပါသည်။

group
ခရစ်ယာန် လူငယ်များ

သမ္မာကျမ်းစာသည် ကလေးချော့ပုံပြင်၊ ဒဏ္ဍာရီစာအုပ် မဟုတ်ဘဲ ဘုရားသခင်၏ စစ်မှန်သော၊ ယုံကြည်စိတ်ချဖွယ် နှုတ်ကပတ်တော်ဖြစ်ကြောင်း ခရစ်ယာန်လူငယ်မောင်မယ်များ မိမိကိုယ်တိုင် ပိုင်းခြားသိမြင်တတ်စေရန်၊ ခရစ်ယာန်ဓမ္မအသိ တိုးပွားစေရန်

flask
သိပ္ပံနှင့် မြန်မာစာပေ

သိပ္ပံပညာကို စိတ်ဝင်စားသော်လည်း အင်္ဂလိပ်စာ အခက်အခဲရှိသောကြောင့် သိပ္ပံစာများကို မဖတ်နိုင်သော၊ လက်လှမ်းမမှီနိုင်သော သိပ္ပံစာဖတ်ဝါသနာရှင်များ အနေဖြင့် သိပ္ပံပညာနှင့်ဆိုင်သော အရာများအား ြမန်မာဘာသာစကားဖြင့် ဖတ်ရှနိုင်စေရန်၊

teamwork
ခရစ်ယာန် မိဘများ

ကလေးသူငယ်များက မိဘများအား သမ္မာကျမ်းစာပါ အကြောင်းအရာများနှင့် ပတ်သတ်၍ မေးမြန်းလာခဲ့လျှင် မိမိတို့သားသမီးများကို ကျိုးကြောင်းဆီလျော်စွာ အချက်အလက်၊ အထောက်အထားများပြ၍ ပြန်လည်ဖြေကြားပေးနိုင်ရန်

collaboration
ဧဝံဂေလိ သာသနာပြုများ

ဧဝံဂေလိသာသနာပြုဆရာ၊ ဆရာမများအတွက် သခင်ယေရှုအကြောင်းကို ဝေမျှသက်သေခံရာတွင် သမ္မာကျမ်းစာပါ အဖြစ်အပျက်များအား ချက်ကျလက်ကျ တင်ပြပြောဆိုနိုင်သော အချက်အလက် အထောက်အထားများကို ပံပိုးကူညီနိုင်ရန်

λόγος Theme Video

Play Video
ဗီဒီယို ဖွင့်ကြည့်ပါ
03

λόγος အား သခင်ယေရှုချစ်သော တပည့်တော်တစ်ဦးဖြစ်သော နှစ်ခြင်းခရစ်ယာန်လူငယ် စိုးရဲအောင်မှ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လမ်းပြပို့ဆောင်မှုအားဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မိမိ၏ နေအိမ်လေး၌ စတင်တည်ထောင်ခဲ့ပါသည်။ λόγος သည် အကျိုးအမြတ်မယူ၊ ကိုယ်ကျိုးမဖက်သော အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ ရေရှည်တည်တံ့၍ ဘုရားသခင်၏အမှုတော်အား စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် တစ်ဦးတစ်ယောက်တည်း၏ ရပ်တည်လုပ်ဆောင်ခြင်းအားဖြင့် မည်သို့မျှ မဖြစ်နိုင်ချေ။ ထို့ကြောင့် λόγος အား စတင်တည်ထောင်သူ နှင့် အတူ သခင်ယေရှုချစ်သောအခြားသော တပည့်တော်များဖြစ်သည့် နှစ်ခြင်းခရစ်ယာန်လူငယ် (၆)ဦးမှ ဘုရားသခင်၏အမှုတော်အား စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် တွဲဖက်တည်ထောင်ခဲ့ကြပါသည်။

Evangelist, Song Composer, Photographer,Photo/video editor, Author

Founder, Self-taught Christian Apologist, Software Developer, Author

Missionary Evangelist, Video Presenter, Bible Teacher, Author

Self-taught Christian Apologist, Biblical Thinker, Author

Evangelist, Video Presenter, Preacher, Author

Evangelist, Video Presenter, Poet, Violinist, Author

cruise

၁၈၁၃

နှစ်ခြင်းခရစ်ယာန်သာသနာပြု ဆရာကြီး ယုဒဿန်နှင့် မမအန်းတို့ ရန်ကုန်မြို့သို့ စတင်ရောက်ရှိသောနှစ်

matthew-book

၁၈၁၇

ရှင်မဿဲခရစ်ဝင်ကျမ်းအား ဆရာကြီး ယုဒဿန် မြန်မာဘာသာသို့ ပြန်ဆိုပြီးစီးသောနှစ်

rosary

၁၈၁၉

ပထမဦးဆုံး ဗုဒ္ဓဘာသာမှ ယုံကြည်သူဖြစ်လာသူ ဦးနော နှစ်ခြင်းမင်္ဂလာခံယူသောနှစ်

holy-bible

၁၈၃၄

သမ္မာကျမ်းစာအုပ်တစ်အုပ်လုံးအား ဆရာကြီး ယုဒဿန် မြန်မာဘာသာသို့ ပြန်ဆိုပြီးစီးသောနှစ်

programming

၂၀၁၉

ခရစ်ယာန်ယုံကြည်မှုအား ကျိုးကြောင်းဆီလျော်စွာ ခုခံကာကွယ်ခြင်းဆိုင်ရာ ခေတ်မီခရစ်ယာန် ဝက်ဘ်ဆိုဒ်အား လွှင့်တင်ခဲ့သောနှစ်

04

သခင်ခရစ်တော်၏ အဆိုအမိန့်များ

"သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ၊ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။ အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက် ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက် အပြစ်အောက်၌ ရှိကြသေး၏။ ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော် သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။ ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ ၌သာ မြော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ ထက်သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။"
တမန်တော်မြတ် ရှင်ပေါလု
(ကောရိ န္သုဩဝါဒစာ ပဌမစောင် ၁၅း၁၃-၁၉)

1
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄း၆

“ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။”

2
ရှင်မာကုခရစ်ဝင်ကျမ်း ၈း၃၄

“အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။”

3
ရှင်မာကုခရစ်ဝင်ကျမ်း ၈း၃၆-၃၇

“လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။”

4
ရှင်မဿဲခရစ်ဝင်ကျမ်း ၁၁း၂၈

ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။”

05

λόγος Apps

ဆောင်းပါးများအား ပိုမို အဆင်ပြေစွာ၊ လွယ်ကူလျင်မြန်စွာ ရှာဖွေဖတ်ရှုနိုင်ရန်၊ မိမိ အနှစ်သက်ဆုံးသော ဆောင်းပါးများအား မှတ်သားထားနိုင်ရန်နှင့် မိမိ စိတ်ပါဝင်စားသော စာပေကဏ္ဍအလိုက် ရှာဖွေဖတ်ရှုနိုင်ရန် Android ဖုန်းများနှင့် IOS ဖုန်းများအတွက် λόγος Application များကို ဖန်တီးရေးဆွဲေနပြီး များမကြာမှီ စာဖတ်သူတို့ အခမဲ့ရယူနိုင်တော့မည် ဖြစ်ပါသည်။

မြန်မာသမ္မာကျမ်းစာ app သည် မြန်မာနိုင်ငံသမ္မာကျမ်းစာအသင်းကြီးမှ ထုတ်ဝေပေးသော ဆရာယုဒဿန်မြန်မာဘာသာပြန်ကျမ်းဖြစ်ပါသည်။ ဤသမ္မာကျမ်းစာ app ကို λόγος မှ ဖန်တီးထားခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံသမ္မာကျမ်းစာအသင်းကြီးကိုယ်စား သမ္မာကျမ်းစာ app ကို ဖန်တီးရေးဆွဲသူမှာ ကို Cing Sian Dal ဖြစ်ပါသည်။

λόγος for Android

Android ဖုန်းများတွင် အသုံးပြုနိုင်ရန် λόγος mobile application ကို ကျွန်တော်တို့ ဖန်တီးနေပါသည်။ ထွက်ရှိလာသည့်အခါ App ကို Google Play Store တွင် ရယူပြီး ဝိညာဥ်ရေးရာနှင့်သိပ္ပံစာမူများကို ဖတ်ရှုနိုင်တော့မည်ဖြစ်ပါသည်

မြန်မာသမ္မာကျမ်းစာ

“လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။ ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတဦးတည်းရှိ၏။”
တိမောသေ ဩဝါဒစာ ပဌမစောင် ၂း၄-၅

အထက်ပါ Bible icon ေလးကို click လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံသမ္မာကျမ်းစာအသင်းကြီး၏ “မြန်မာသမ္မာကျမ်းစာ” app ကို ရယူနိုင်ပါသည်။

λόγος for IOS

IOS ဖုန်းများတွင် အသုံးပြုနိုင်ရန် λόγος mobile application ကိုလည်း ကျွန်တော်တို့ ဖန်တီးနေပါသည်။ ထွက်ရှိလာသည့်အခါ ဝိညာဥ်ရေးရာနှင့်သိပ္ပံစာမူများကို သင့်ဖုန်း App မှ ဖတ်ရှုနိုင်တော့မည်ဖြစ်ပါသည်။

သင်သည် သခင်ယေရှုခရစ်တော်ဘုရားအား ပိုမိုသိကျွမ်းလိုပါသလား ?



λόγος
၏ နေ့စဉ်သမ္မာကျမ်းစာများ

 

ကျွနု်ပ်တို့ ဆင်ခြင်နှလုံးသွင်းဖွယ်ရာ ထာဝရဘုရား၏နှုတ်ကပတ်သမ္မာကျမ်းစာပိုဒ်ငယ်များအား ဤကဲ့သို့ အရောင်အသွေးစုံစုံလင်လင်ဖြင့် လှပသေသပ်စွာ ဖန်တီးပေးထားသူမှာ λόγος ကို တွဲဖက်တည်ထောင်သူ စောမိုရှေး ဖြစ်ပါသည်။ သမ္မာကျမ်းစာဓာတ်ပုံအလှများကို ဤကဏ္ဍတွင် လစဉ် လွှင့်တင်ပေးသွားမည်ဖြစ်ပါသည်။

08

ထွက်ရှိထားသော ဆောင်းပါးများ

ခရစ်ယာန်ဓမ္မအသိပညာ၊ သိပ္ပံအသိပညာ၊ ကျန်းမာရေးအသိပညာ၊ လူမှုကျင့်ဝတ်ဆိုင်ရာစံနှုန်းများ၊ ခရစ်ယာန်တို့အတွက် ဖြေရှင်းရခက်ခဲသော ဘဝမေးခွန်းပေါင်းများစွာ၊ အစရှိသည့် စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးများစွာကို ဤနေရာတွင် ရှာဖွေဖတ်ရှုနိုင်ပါသည်။

9

λόγος အား ဆက်သွယ်ပါ

မိမိ သိလိုသော ခရစ်ယာန်ဘာသာဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သတ်၍ မေးခွန်းများမေးမြန်းလိုပါက ဤကဏ္ဍတွင် စာဖြည့်ကာ λόγος သို့ စာပို့မေးမြန်းနိုင်ပါသည်။
λόγος တွင် သင်သိလိုသော ခရစ်ယာန်ဘာသာဆိုင်ရာ အကြောင်းအရာနှင့် သက်ဆိုင်သော ဆောင်းပါးများအသင့်ရှိပါက သင်လေ့လာဖတ်ရှုနိုင်ရန် Link များကို အချိန်တိုတွင်း ချပေးပါမည်။ အကယ်၍ မရှိသေးပါက λόγος မှ စနစ်တကျ သုတေသနပြုလုပ်လေ့လာပြီးသည့်နောက် သင့်မေးခွန်းအတွက် အဖြေကို ပြန်လည်ပေးပို့ပေးပါမည်။ ထို့အပြင် မိမိကြိုက်နှစ်သက်သော ဆောင်းပါးများအား ဒီဂျီတယ်လ်စာအုပ် (PDF) အနေဖြင့် ရယူလိုပါကလည်း λόγος သို့ ဤကဏ္ဍမှ တောင်းခံနိုင်ပါသည်။

"စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြော ခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။"
(ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၃း၁၅)

λόγος ၏ ဆောင်ပုဒ်

"ငါတို့သည်ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကို၎င်း၊ ငါတို့သည်ယေရှုအတွက် သင်တို့၏ ကျွန်ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။ "
(ကောရိ န္သုဩဝါဒစာ ဒုတိယစောင် ၄း၅)

λόγος အား ပံ့ပိုးကူညီနိုင်သည်

λόγος ထံသို့ သမ္မာကျမ်းစာအခြေပြုသော ခရစ်ယာန်စာေပများနှင့် လူမှုပတ်ဝန်းကျင်အား အကျိုးပြုသော သိပ္ပံစာမူများ ပေးပို့လှူဒါန်းခြင်းဖြင့် ပံ့ပိုးကူညီနုိင်ပါသည်။

thylogos2019@gmail.com

ကျွန်ုပ်တို့အကြောင်း

λόγος သည် ခရစ်ယာန်ယုံကြည်မှုဆိုင်ရာ၊ သိပ္ပံအသိပညာဆိုင်ရာ၊ လူမှုကျင့်ဝတ်ဆိုင်ရာ၊ ဒဿနိကဗေဒဆိုင်ရာများ အစရှိသည့် အသိပညာအမျိုးမျိုးကို တစ်နေရာတည်းတွင် အခမဲ့ လေ့လာဖတ်ရှုနိုင်စေရန် လွှင့်တင်ပေးထားသော မြန်မာ့ပထမဦးဆုံး ပြည်တွင်းဖြစ် ခရစ်ယာန် Website ဖြစ်ပါသည်။

ကျွန်ုပ်တို့ ဒီမှာရှိပါမယ်
λόγος ၏ ဆောင်ပုဒ်

"ငါတို့သည်ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။
ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်းကို၎င်း၊ ငါတို့သည်ယေရှုအတွက်
သင်တို့၏ ကျွန်ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။ "

(ကောရိ န္သုဩဝါဒစာ ဒုတိယစောင် ၄း၅)

λόγος အား ပံ့ပိုးကူညီနိုင်သည်

λόγος ထံသို့ သမ္မာကျမ်းစာအခြေပြုသော ခရစ်ယာန်စာေပများနှင့် လူမှုပတ်ဝန်းကျင်အား အကျိုးပြုသော သိပ္ပံစာမူများ ပေးပို့လှူဒါန်းခြင်းဖြင့် ပံ့ပိုးကူညီနုိင်ပါသည်။

thylogos2019@gmail.com

ကျွန်ုပ်တို့အကြောင်း

λόγος သည် ခရစ်ယာန်ယုံကြည်မှုဆိုင်ရာ၊ သိပ္ပံအသိပညာဆိုင်ရာ၊ လူမှုကျင့်ဝတ်ဆိုင်ရာ၊ ဒဿနိကဗေဒဆိုင်ရာများ အစရှိသည့် အသိပညာအမျိုးမျိုးကို တစ်နေရာတည်းတွင် အခမဲ့ လေ့လာဖတ်ရှုနိုင်စေရန် လွှင့်တင်ပေးထားသော မြန်မာ့ပထမဦးဆုံး ပြည်တွင်းဖြစ် ခရစ်ယာန် Website ဖြစ်ပါသည်။

ကျွန်ုပ်တို့ ဒီမှာရှိပါမယ်