Skip to content

ကျွန်တော်တို့သည် လူ့သဘောသဘာဝ အရ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို သဘာဝလွန်ဖြစ်ရပ်လို့ သတ်မှတ်ကြပြီး အမှန်တကယ်မဖြစ်နိုင်ဘဲ ယုံတမ်းစကားဟူ၍သာ မှတ်ယူတတ်ကြသည်။ သို့သော် နာဇရက်မြို့သား သခင်ယေရှု သည် အပြစ်တစ်စုံတစ်ခုမှမရှိဘဲ ကျွန်ုပ်တို့ အပြစ်များအတွက် အသေခံကာ သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်ခြင်းမှာ ဧကန်အမှန်စင်စစ်ဖြစ်ကြောင်းကို သမိုင်းအထောက်အထားအားဖြင့်သော် လည်းကောင်း၊ ဆင်ခြင်တုံတရား အားဖြင့်သော်လည်းကောင်းသိနိုင်ပါသည်။

၁။ သခင်ယေရှု၏ သင်္ချိုင်းဂူသည် လွတ်နေပြီး သမိုင်းပညာရှင်များက ယနေ့တိုင်အောင် သခင်ယေရှု၏ အရိုးစုကို ရှာမတွေ့နိုင်​ကြသေးပါ။ သို့သော် ယေရှုခရစ်တော် အမှန်တကယ် တည်ရှိခဲ့ကြောင်းကို သမိုင်းမှတ်တမ်းများတွင်မူကား တွေ့ရှိနိုင်ပါသည်။
ဓမ္မသစ်ကျမ်းကို အထူးပြုသည့်ပညာရှင် တစ်ဦးလည်းဖြစ်၊ ဘာသာမဲ့တစ်ဉီးလည်းဖြစ်သည့် ဘာ့တ်အာမန်း (Bart Ehrman) က သခင်ယေရှု အမှန်တကယ် တည်ရှိခဲ့ကြောင်းကို သမိုင်းအထောက်အထားများတွင် များပြားစွာ တွေ့ရကြောင်း ပြောကြားခဲ့သည်။

၂။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ခရစ်ယာန်ဘာသာလည်း မရှိနိုင်ပါ။ ထိုခေတ်ကာလအချိန် အစ္စရေးဒေသတွင် ဂျူးဘာသာအများဆုံး ထွန်းကားလျက်ရှိပြီး ရောမအုပ်ချုပ်သောကာလဖြစ်သည်။ သခင်ယေရှုကို ယုံကြည်သည်ဟုဆိုသောသူများကို နှိပ်စက်၊ ညှင်းပန်း သတ်ဖြတ်သောကာလ လည်းဖြစ်သည်။ ထိုအကြောင်းကို …

သမိုင်းပညာရှင်လည်းဖြစ် ၊ ဓမ္မသစ်ကျမ်းကို အထူးပြုလေ့လာသည့်ပညာရှင်တစ်ဦးလည်းဖြစ်သည့် Bishop N.T Wright က “အကယ်၍ သခင်ယေရှုသည် အသေခံပြီး ရှင်ပြန်ထမြောက်ခြင်းမရှိဘဲ သေမြဲသေနေပါက ထိုကဲ့သို့ ခက်ခဲသောကာလတွင် သခင်ယေရှုတပည့်တော်တို့သည် သူတို့၏ ယုံကြည်မှု နှင့် လှုပ်ရှားမှုများကို အမြန် စွန့်လွှတ်လိုက်ကြမည်ဖြစ်ပြီး ကိုယ်မသိသည့်အရာအတွက်သော် လည်းကောင်း၊ အလိမ်အညာတစ်ခုအတွက်သော် လည်းကောင်း အသက်စွန့်ကြမည်မဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှုသည် ကယ်တင်ရှင်ဘုရားဖြစ်ကြောင်း သူတို့ကို ယုံကြည်စေသည့် ထူးခြားသည့်အဖြစ်အပျက်တစ်ခု သေချာပေါက်ဖြစ်ပျက်ခဲ့ရမည်​ဖြစ်သည်။ ဒါကြောင့်မို့လို့ သမိုင်းပညာရှင်တစ်ယောက်အနေနဲ့ ဆိုရလျှင် သခင်ယေရှုသည် ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ပါက ထိုကဲ့သို့ ခရစ်ယာန်များကို အထူးညှင်းပန်းနှိပ်စက်ပိတ်ပင်သောကာလတွင်မှ အဘယ်အကြောင်းကြောင့် ကနဦးခရစ်ယာန်ဘာသာ ထွန်းကားကျယ်ပြန့်လာပုံကို ရှင်းပြနိုင်စရာရှိမှာ မဟုတ်ပါဘူး”

ဟုဆိုခဲ့သည်။ (** ပထမရာစုနှစ်ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရခြင်းအကြောင်းကို သမိုင်းအထောက်အထားများတွင်တွေ့နိုင်သည်။)

၃။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကျမ်းစာထဲတွင်မှတ်တမ်းတင် ဟောပြောခဲ့ကြသော ကိုယ်တော်ရှင် ယေရှု၏တပည့်တော်များသည် ဂျူးလူမျိုးများဖြစ်ကြပြီး ၄င်းတို့သည် သေခြင်းမှရှင်ပြန်ထမြောက်သော သခင်ယေရှုအကြောင်းကို ဟောပြောခြင်းဖြင့်ညှင်းပန်းနှိပ်စက်ခံရခြင်း၊ လှောင်ပြောင်အရှက်ခွဲခံရခြင်း နဲ့ အသေသတ်ခြင်းကိုသာ ခံခဲ့ရပါသည်။ ကျမ်းစာကိုပြန်ကြည့်လျှင်လည်း ရှင်ပြန်ထမြောက်သည့်ဖြစ်ရပ် မတိုင်ခင် ယေရှုလက်ဝါးကပ်တိုင်၌ မသေမီအချိန်တွင် ယေရှုတပည့်တော်များသည် ကြောက်လန့်တတ်သော သူရဲဘောကြောင်သည့် သူများအဖြစ်တွေ့ရှိရပါသည်။ သို့သော် ရှင်ပြန်ထမြောက်ခြင်းဖြစ်ရပ်အပြီးတွင် ထိုသူတို့သည် ယေရှခရစ်တော်၏ သတင်းကောင်းစကားကို ရဲရင့်စွာ အသက်ပေးဟောပြောခဲ့ကြကြောင်းကို သမိုင်းမှတ်တမ်းများတွင်တွေ့ရသည်။ အကယ်၍ ရှင်ပြန်ထမြောက်ခြင်းသည် အလိမ်အညာတစ်ခုဖြစ်ခဲ့လျှင် တပည့်တော်တို့ကလည်း ရှင်ပြန်ထမြောက်သော ယေရှုရှင်အား တွေ့မြင်ခြင်းမရှိခဲ့ပါက ၎င်းတို့သည် အလိမ်အညာတစ်ခုအတွက် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံကာ အသက်ကိုစွန့်ကြမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆို​သော် ကျွန်တော်တို့လူသားများသည် အမှန်တရား တစ်ခုအတွက်ပင် အသက်စွန့်ဖို့ ကြောက်လန့်တတ်ကြသောသူများ မဟုတ်ပါ၏လော။

၄။ ဘုရားရှင်ယေရှု ၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းသည် ခေတ်နှောင်းပိုင်းရောက်မှ လူအများတီထွင်လုပ်ကြံဖန်တီးမှု မဟုတ်ဘဲ ခေတ်ကာလအစောပိုင်း၏ မှတ်တမ်း အရင်းအမြစ်များထဲက
တွေ့ရနိုင်ပါသည်။

ဘာသာမဲ့တစ်ဉီးလည်းဖြစ်၊ ဓမ္မသစ်ကျမ်းအထူးပြုပညာရှင် ဂရက်ဒ်လူဒမန်း (Gred Ludemann) က ဓမ္မသစ်ကျမ်းတွင်ပါဝင်သော ယေရှု ရှင်ပြန်ထမြောက်ခြင်းအကြောင်းမှတ်တမ်းတင်ထားသည့် ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၁၅:၃-၈ (1 Corinthians 15:3-8) ကျမ်းပိုဒ်သည် ယေရှု လက်ဝါးကပ်တိုင်၌ အသေခံသည့် ဖြစ်ရပ်အပြီး ၂ နှစ်အတွင်းယေရှု တပည့်တော်များကြား ဓလေ့ထုံးတမ်းအဖြစ် ရွတ်ဆိုဖို့ရန် ဖွဲ့စည်းခဲ့သည့်စကားစု ဖြစ်နိုင်လောက်သည်ဟု မှတ်တမ်းတင်ခဲ့သည်။ သမိုင်းပညာရှင်များ၏မှတ်တမ်းအရလည်း ထိုကျမ်းပိုဒ်တွင်ပါ​သော အချက်အလက်များကို AD 30 မှ AD 33 အတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်းပြောကြားခဲ့​သည်။

၅။ ကိုယ်တော်ရှင် ယေရှုသည် ရှင်ပြန်ထမြောက်ပြီး သူ၏တပည့်​တော်များတို့ ရှေ့တွင် ထင်ရှားပေါ်ထွန်းခဲ့​ပြီး သူ၏ခန္ဓာကိုယ်ကိုထိခွင့်ပြုခဲ့သည်သာမက တပည့်တော်များနှင့် အတူ စားသောက်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် တပည့်တော်တို့သည် ထင်ယောင်ထင်မှားဖြစ်ကြခြင်းမဟုတ်ကြောင်းကိုသိနိုင်သည်။

စိတ်ပညာရှင် ဒေါက်တာ ဂယ်ရီဆင်လ်စီ (Psychologist Dr. Gary Sibcy) က လွန်ခဲ့သည့်နှစ် ၂၀ ကျော်အတွင်း ၄င်းရှာဖွေတွေ့ရှိသည့်သု​တေသန ​အရ အုပ်စုလိုက်ထင်ယောင်ထင်မှား​ဖြစ်ခြင်း (group hallucinations) ဖြစ်ရပ်မျိုးမှာ လုံးဝမရှိခဲ့ကြောင်းပြောကြားခဲ့သည်။

၆။ ရှင်ပြန်ထမြောက်ပြီးသော သခင်ယေရှုအားတွေ့ကြုံခဲ့သော ကိုယ်တော်၏ တပည့်တော်များအပြင် မျက်မြင်သက်သေ ၅၀၀ ခန့်ရှိခဲ့ကြောင်းကို ကျမ်းစာက အတည်ပြုခဲ့သည်။ ခရစ်ယာန်ဘာသာဝင် မဟုတ်သော ဂျူးလူမျိုး ပညာရှင် တစ်ဦးဖြစ်သော ပေါ်လာဖရက်ဒရစ်စင် (Paul Fredrickson) ကလည်း …

“ယေရှုတပည့်တော်များကတော့ သူတို့ ရှင်ပြန်ထမြောက်သည့်ယေရှုကို တွေ့မြင်ခဲ့ကြတယ်လို့ ပြောတယ်၊ မည်သို့ပင်ဆိုစေကာမူ ရှင်ပြန်ထမြောက်တဲ့ ယေရှုကို သူတို့တွေ့မြင်တယ်ခဲ့တယ်လို့ ပြောပြီးတော့မှ သူတို့ရဲ့အသက်တာက ကြောက်ရွံ့ခြင်းမရှိတော့ဘဲ လုံးလုံး ​ပြောင်းလဲသွားခဲ့တယ်ဆိုတာ သမိုင်းအထောက်အထားအများအရငြင်းလို့မရဘူး၊ ကျွန်တော်က ယေရှုရှင်ပြန်ထမြောက်ခဲ့တယ်ဆိုပြီး ပြောချင်တာတော့ မဟုတ်ပါဘူး၊ သူတို့ ဘယ်အရာကို တွေ့ခဲ့လဲ ကျွန်တော်လဲမသိဘူး၊ ဘာလို့ဆို ကျွန်တော်လည်း အဲ့နေရာမှာ မရှိ​နေခဲ့လို့ပါပဲ။ ဒါပေမယ့် သမိုင်းပညာရှင် တစ်ယောက်အနေနဲ့ ကျွန်တော် ပြောနိုင်တာကတော့ ယေရှုတပည့်တော်တွေ ဒီလိုလုံးလုံးပြောင်းလဲပြီး ယေရှု အတွက် အသက်ပင်စွန့်ခဲ့ကြတယ်ဆိုတာကို ကြည့်ခြင်းဖြင့် သူတို့ သေချာပေါက် တစ်စုံတစ်ခုကို တွေ့မြင်ခဲ့ကြလို့ပဲဆိုတာကိုတော့ ကျွန်တော်သိပါတယ်။” ဟုပြောကြားခဲ့သည်။

၇။ ရှင်ပြန်ထမြောက်ခြင်းအ​ကြောင်းကို ကျမ်းစာ (ဓမ္မသစ်ကျမ်း) က ဖန်တီးခဲ့ခြင်း မဟုတ်ပါ။ ရှင်ပြန်ထမြောက်ခြင်းအမှန်တကယ်ဖြစ်ခဲ့ခြင်းကြောင့်သာ ဓမ္မသစ်ကျမ်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သော T.N.D Mettingerနှင့် ဘာသာမဲ့တစ်ဦးဖြစ်သော စာပေပညာရှင် Bart Ehrman ကလည်း …

ခရစ်ယာန်ဘာသာမတိုင်မီက မည်သည့် ဘာသာများတွင်မှ ဘုရားသခင်သည် သေပြီး ရှင်ပြန်ထမြောက်သည် ဟူသော အယူအဆကို ယုံကြည်ကြခြင်းမရှိဘဲ ခရစ်ယာန်ဘာသာသည်သာ ပထမဆုံးဖြစ်ကြောင်း ပညာရှင်အများစုက သဘောတူလက်ခံကြတယ်လို့ ဆိုခဲ့ကြသည်။

ကျမ်းညွှန်းများ

ထို​မိန်း​မ​တို့​သည် ကြောက်​လန့်​သော​စိတ်​နှင့် ငုံ့၍​နေ​စဉ်​တွင်၊ ထို​သူ​တို့​က၊ သင်​တို့​သည် အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်၌ အ​သက်​ရှင်​သော​သူ​ကို အ​ဘယ်​ကြောင့် ရှာ​ကြ​သ​နည်း။- ဤ​အ​ရပ်၌​မ​ရှိ၊ ထ​မြောက်​တော်​မူ​ပြီ။
– ရှင်​လု​ကာ​ခ​ရစ်​ဝင် ၂၄:၅-၆

ယေ​ရှု​က​လည်း၊ ငါ​သည် ထ​မြောက်​ခြင်း​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း ဖြစ်၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​လွန်​သော်​လည်း ရှင်​လိမ့်​မည်။- ငါ့​ကို​ယုံ​ကြည်၍ အ​သက်​ရှင်​သော​သူ ရှိ​သ​မျှ​တို့​သည်​လည်း သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မာ​သ​က၊ ဟုတ်​ပါ၏​သ​ခင်။
– ရှင်​ယော​ဟန်​ခ​ရစ်​ဝင် ၁၁:၂၅-၂၆

ငါ​သည် ကိုယ်​တိုင်​ခံ​ယူ​သည်​အ​တိုင်း၊ သင်​တို့​အား ရှေ့​ဦး​စွာ အပ်​ပေး​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ခ​ရစ်​တော်​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း ငါ​တို့​အ​ပြစ်​ကြောင့် အ​သေ​ခံ​တော်​မူ၏။- သင်္ဂြိုဟ်​ပြီး​မှ၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​တော်​မူ၏။
– ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၁၅:၃-၄

သေ​ခြင်း​တ​ရား​သည် နောက်​တစ်​ဖန် ကိုယ်​တော်​ကို မ​အုပ်​စိုး​ရ​သည်​ကို ထောက်​သော်၊ ငါ​တို့​သည် ခ​ရစ်​တော်​နှင့် အ​တူ​သေ​လျှင်၊ ထို​သ​ခင်​နှင့် အ​တူ ရှင်​လိမ့်​မည်​ဟု သ​ဘော​ရှိ​ကြ၏။
– ရော​မ​ဩ​ဝါ​ဒ​စာ ၆:၉

ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ သင်​တို့​သည် ယုံ​ကြည်​သော်​လည်း အ​ကျိုး​မ​ရှိ၊ ဒု​စ​ရိုက်​အ​ပြစ်​အောက်၌ ရှိ​ကြ​သေး၏။
-ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် ၁၅:၁၇

တွင်း​ဝ၌ ပိတ်​သော​ကျောက်​သည် လိမ့်​လှန်​လျက်​ရှိ​သည်​ကို တွေ့​မြင်၍ အ​တွင်း​သို့​ဝင်​သော်၊- သ​ခင်​ယေ​ရှု၏​အ​လောင်း​တော်​ကို မ​တွေ့​ကြ။
– ရှင်​လု​ကာ​ခ​ရစ်​ဝင် ၂၄:၂-၃


ကိုးကား

The Resurrection of Jesus (The Historical Evidence)
Evidence for Christians (FB Page)