Skip to content
 
ခရစ်တော်

 

ပထမအာဒံ
သခင့်စကားကို မနာခံ
အကျိုးဆက်က အပြစ်ဒဏ်

ဆွဲချွတ်ဖို့မဟန်

လူသားရဲ့အစ အာဒံမှ
ဝင်ရောက်ခဲ့ အပြစ်တွေက
ခိုးခြင်းနှင့်ဖျက်ဆီးခြင်း သာဓက
စာတန်ရဲ့သဘောသဘာဝ

ဒီကျိန်ခြင်း အမင်္ဂလာ
ဘယ်မှာလဲ လွတ်မြောက်ရာ
အိုလူသား မတတ်နိုင်ပါ
လမ်းပျောက်၍သာ

နောက်ဆုံးသော အာဒံ
ဖြောင့်မတ်ခြင်း အစေခံ
မျက်မြင်မရသော ဘုရား၏သဏ္ဍာန်
ဆင်းသက်ခဲ့အမှန်

ထိုသူသည် ဘုရားသား
ဆင်းကြွခဲ့ ဤမြေပေါ်အား
ဧမာနွေလ အတူရှိသောဘုရား လူသားတို့အနီးအနား

လောကဝမ်းမြောက်ကြွေးကြော်
ဆူးပင်မနှောင့်ယှက်လို့ပျော်
ပေးဆပ်ခဲ့ အဖိုးထိုက်အသွေးတော်
ကယ်တင်ရှင်တို့ရဲ့ ခရစ်တော်