Skip to content

စာတန်က “ချို”ကြီး နဲ့မဟုတ်ပါဘူးဆိုတဲ့စကားလေးကိုသဘောကျတယ်…
“ချို” တော့မပါဘူး။ ဒါပေမဲ့ ဘယ်သူ့ကိုဝါးမျိုရမလဲဆိုတာကိုတော့ လှည့်လည်ချောင်းမြောင်းနေတယ် (၁ပေ ၅:၈)
သခင်ခရစ်တော် ကိုစုံစမ်းနှောင့်ယှက်တဲ့အခါ ဘုရားဖြစ်သော်ငြားလည်း တုန့်ပြန်မှုတွေက အံ့သြဖွယ်ပင်။
ကျောက်ကို မုန့်အဖြစ်သို့ပြောင်းပြီး စားပါလို့ သွေးဆောင်တဲ့အခါ မုန့်အားဖြင့်သာမဟုတ်ဘဲနဲ့ ဘုရားရဲ့စကား အားဖြင့်  အသက်ကိုမွေးရမယ် ဆိုပြီးတုန့်ပြန်တယ်။

သူကိုယ်တိုင်က သမ္မာတရား ..
မုသာရဲ့အဖ စကားက အကြုံးမဝင် အလကား..

၁ပေ ၅:၈ ရဲ့အစပိုင်းမှာ “သမ္မာသတိရှိလျက်မအိပ်ဘဲ စောင့်ခိုင်းတယ်”
သမ္မာ” ဆိုတဲ့ “သခင်ယေရှုခရစ်တော်” ကိုရှိခိုင်းတာဖြစ်တယ်။

 “သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။” (ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၅:၇)

 “အကယ်စင်စစ် ဣသရေလအမျိုးကိုစောင့်သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ။” (ဆာလံကျမ်း  ၁၂၁:၄)

သတိနဲ့ကြည့်ရှုနေတဲ့ကျွန်တော်တို့ရဲ့ ကောင်းကင်သမ္မာအဖ ငိုက်မြည်းခြင်းမရှိပါဘူး။ ငိုက်လို့ကောင်းနေတာက ကျွန်တော်တို့တတွေ။
မုသာရဲ့အဖ ချိုကြီးနဲ့မဟုတ်ပါဘူး။ တနည်းအားဖြင့် “လင်းသောကောင်းကင်တမန်” ကဲ့သို့လာတတ်တယ်။

“ဤအမှုသည် အံဩဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။” (ကောရိန်သုဩဝါသစာ ဒုတိယစောင် ၁၁:၁၄)

ဒီကနေ့ရဲ့စုံစမ်းသွေးဆောင်ခြင်းတွေမှာ အယောင်အဆောင်အနေနဲ့လာပြီး ကျောက်ကို မုန့်ပြောင်းခိုင်းတဲ့အခြေအနေတွေရှိလိမ့်မယ်။
သို့သော်လည်း ငိုက်မြည်းနေသောကြောင့်၊ တနည်းအားဖြင့် အသက်မွေးနေခြင်းက သမ္မာတရား ဘုရားစကားမဟုတ်သောကြောင့်၊ ကျွန်တော်တို့ ကျောက်တုံံးတွေကို စားခဲ့ရပေါင်းလည်းမနည်းတော့ဘူး …
နှုတ်ကပတ်တော်သမ္မာတရားက ကျွန်တော်တို့နှင့်အတူအစဉ်အမြဲရှိတယ်…
မငိုက်မမြည်းဘဲ သတိနှင့်ကြည့်ရှုနေတယ်..
ဒါဆို… လုပ်ရမှာက…

“ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” (ရှင်ယာကုပ်ဩဝါဒစာ ၄:၇)

ဘုရားသခင်ရဲ့အလို သမ္မာတရားရဲ့အလိုကို လိုက်ပြီး စာတန်မာန်နတ်ကို ဆီးတားကြပါ...
သူပြေးကို ပြေးလိမ့်မယ်....
ကျောက်တုံးတွေကို မစားချင်ပါနဲ့တော့ ...

#ThyLogos #TheBlessedDesk #ResistTheDevil #Spiritual_warfare #ဆီးတားကြလော့ #သမ္မာစကား #မုသာစကား #မငိုက်မြည်းဘဲ #သတိနှင့်