Skip to content

ဒုက္ခထဲမှ ဝမ်းမြောက်ခြင်း

ကိုယ့်ရဲ့အသက်တာမှာ ဖြစ်ပျက်နေသမျှကို ကိုယ် ကိုယ်တိုင်သာအသိဆုံးပါ ဆိုတာမမှားပါဘူး။
ဘဝလောကဓံရဲ့ခါးသီးမှုတွေ၊ နာကျင်မှုတွေ၊ ဒုက္ခတွေဟာ နှလုံးသားထဲမှာရှိနေတာကို ဘယ်သူမှမြင်ပါဘူး ..
မြင်ရင်တောင်မှ အတွင်းကျကျမသိနိုင်ဘူး..
ကာယကံရှင်ကိုယ်တိုင်ပဲ ပိုအသိဆုံးပါ။
ဒါပေမဲ့ အဲ့ဒီအရာတွေရဲ့တဖက်မှာ လူမပေးနိုင်တဲ့ရွှင်လန်းမြောက်ခြင်းအကြောင်းကလည်းရှိတယ်… ကျော်လွန်ပြီးမြင်နိုင်ဖို့ရာကတော့…

“ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့်မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။” (သုတ္တံကျမ်း ၂၃:၂၆)

လမ်းကြောင်းမှန်ဖို့ပေါ့..
လမ်းကြောင်းမှန်ဖို့ကလည်း..အမြင်ကအရေးကြီးတယ်..
အမြင်ကောင်းဖို့အတွက်ကတော့..ကျွန်တော်တို့ရဲ့နှလုံးသားကို ပိုင်တဲ့အဖဆီ အပ်နှံလိုက်ဖို့ပဲ…
ဘာမှအထူးတလည် ရှုပ်ယှက်ခတ်နေတဲ့ ဆပ်ကပ်မှုတွေမတောင်းဘူး..

ဘုရားဟာသူရဲ့လမ်း၌ သူ့ရဲ့သားသမီးတွေနဲ့အတူလျှောက်ချင်တဲ့ ကောင်းမြတ်တဲ့အဖပါ.. သူဟာ “လမ်းခရီး” ဖြစ်တယ်

လောကမှာရှိနေခိုက်တော့ လောကဓံကိုကြုံတွေ့ရမှာပဲ… ဒါပေမဲ့ ကိုယ့်ရဲ့အဖြစ်ကိုသိပဲ သိပြီး လောကရဲ့လမ်းစဉ်အတိုင်းသာဆက်သွားနေရင်တော့.. ရွှင်းလန်းဝမ်းမြောက်စရာ အကြောင်းရှိမှာမဟုတ်ဘူး.. လောက က ပေးတဲ့ တဒင်္ဂပျော်စရာလေးတွေကလွဲလို့ပေါ့…
နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေရဲ့တဖက်မှာ လူမပေးနိုင်၊ မလုပ်ပေးနိုင်တဲ့ အထက်ကလာတဲ့ ရွှင်လန်းခြင်းရှိတယ်

“မြေမှုန့်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်လော။ သစ္စာတော်ကိုဖော်ပြပါမည်လော။ အိုထာဝရဘုရား၊ နားထောင်၍ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုစောင့်မတော်မူပါဟု ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်၍၊ ထာဝရဘုရားကို တောင်းလျှောက်ပါ၏။ ထိုအခါ အကျွန်ုပ်ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော်တေအဝတ်ကိုချွတ်၍၊ ဝမ်းမြောက်ခြင်းခါးပန်းနှင့် စည်းတော်မူ၏။” (ဆာလံကျမ်း  ၃၀:၁၀-၁၁)

ဘုရားပြောင်းလဲပေးမှာပါ … အနှုတ်လက္ခဏာ အခြေအနေတွေကို။
ခက်ခဲမှုတွေရှိတယ် … သင့်နှလုံးသားက သိတယ်
ဘုရားလည်းသိတယ် သူအသိဆုံးပဲ … ဘာလို့လဲဆိုတော့ သူကရွှင်လန်းခြင်းအကြောင်းဖြစ်လို့ပေါ့..
ချမ်းသာ၊ ဆင်းရဲ၊ မြင့်မြတ်၊ နှိမ့်ကျ၊ ပညာတတ်၊ ပညာမဲ့၊ လူငယ်၊ လူကြီး ဘယ်လို အသက်ရွယ်၊ လူတန်းစားဖြစ်နေနေ ကိုယ့်ဒုက္ခကို ကိုယ်အသိဆုံး 😁
အခက်အခဲတွေအားဖြင့် နှလုံးသားနာကျင်လာတဲ့အခါ ဒါဝိဒ်လိုပဲ ကျွန်တော်တို့ဘုရားဆီ တိုက်ရိုက် အော်ဟစ်ဖို့တိုက်တွန်းချင်ပါတယ်။

Facebook ထဲမှာ မအော်ကြရအောင်။
ဘာဖြစ်လို့လဲ ဆိုတော့ Facebook က Like နဲ့ Comment တွေပဲ ပေးလိမ့်မယ်။
ဘုရားကတော့ “ဒုက္ခထဲမှ ဝမ်းမြောက်ခြင်း” ဆိုတဲ့ ရွှင်လန်းခြင်း၊ ကခုန်ခြင်း နဲ့ ဝမ်းမြောက်ခြင်းကို ပေးမှာဖြစ်လို့ပဲ 🙋
အာမင်

#TheBlessedDesk #ThyLogos #RejoicingInSuffering #spiritual_warfare #ချီးမွမ်း #ဒုက္ခ #ရွှင်လန်းခြင်း #ဝမ်းမြောက်ခြင်း #ကခုန်ခြင်း