Skip to content

နေ့ရက်တွေကိုရေတွက်ရင်း၂၀၂၀ရဲ့နောက်ဆုံးနေ့ရက်ရောက်ခဲ့လေပြီ။ လောကရဲ့နှစ်သစ်ကိုဝင်စားဖို့လောကနဲ့ထာဝရကိုပိုင်သတဲ့အရှင်သခင် ထိုပုဂ္ဂိုလ်တော်ဘုရားဖြစ်‌သော ထိုသခင်ယေရှုရဲ့ငြိမ်သက်ခြင်းကျေးဇူးကိုသာ သင်ရဲ့ဦးနှောက်အသိ နဲ့ နှလုံးသားထဲမှာ နေရာပေးပြီးနှစ်သစ်ကျေးဇူးကိုလက်ခံရယူကာနှစ်သစ်ထဲဝင်စားကြရအောင်။ဒါဟာနှစ်သစ်အတွက်နက်နဲ‌သောအ‌ရေးကြီးဆုံးပါမိတ်ဆွေ။ နေ့၊ရက်၊လ၊နှစ် တွေရေတွက်တတ်‌သော သူထက် ထာဝရအတွက်အသက်ရှင်သောထာဝရလူဖြစ်ပါစေ။

ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။
ရှင်​ယော​ဟန်​ခ​ရစ်​ဝင် ၁၄:၂၇

အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​ကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။
ဟေ​ရှာ​ယ​အ​နာ​ဂ​တ္တိ​ကျမ်း ၉:၆

InChrist