Skip to content

နှစ်သစ်နဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်ကို ယုံကြည်သူတွေ ဘယ်လိုမျိုးထားသင့်လဲ?

နှစ်သစ်တစ်ခုစပြီ၊ ရောက်လာပြီဆိုရင် အသစ်သောအစပြုခြင်း၊ လန်းဆန်းတဲ့ အစပြုခြင်းတွေနဲ့ အားလုံးရည်ရွယ်ထားမှာပါပဲ။
ဒါပေမဲ့ ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁ ရက်ကလည်းဘာမှမကွာခြားပါဘူး။
ထူးခြားဖြစ်စဉ်လည်းမရှိပါဘူး။
ပြီးတော့ နှုတ်ကပတ်တော်ထဲမှာ အဲ့ဒီအရာနဲ့ပက်သက်ပြီး ပြောထားတာ၊ ဆန့်ကျင်ထားတာလည်းမရှိပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်ကို ယုံကြည်သူတစ်ယောက်ကထားဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ဘယ်လိုရည်ရွယ်ချက်မျိုးထားမလဲ?

အများသော ရည်ရွယ်ချက်တွေကတော့ စိတ်ပိုင်းဖြတ်ထားမှုတွေပေါ့။
ဉပမာ – ဆေးလိပ်ဖြတ်မယ်၊ အရက်ဖြတ်မယ်၊ ငွေကိုကောင်းမွန်စွာကိုင်တွယ်တတ်ဖို့ရယ်၊ မိသားစုနဲ့အချိန်များများယူဖို့ စသည်ဖြင့်ပေါ့။
ခေတ်ရဲ့အချိန်အခါနဲ့အလျောက် ထပ်တိုးလာတာက “ဝိတ်လျော့မယ်၊ အားကစားလုပ်မယ်၊ ကျန်မာရေးနဲ့လျော်ညီတဲ့အစားအသောက်တွေပဲစားမယ် ” ပေါ့
ဒီလိုမျိုးပန်းတိုင်လေးတွေထားတာကောင်းပါတယ်။

သို့သော်လည်း တိမောသေဩဝါဒစာပထမစောင် အခန်းကြီး ၄ အငယ် ၈ ကဘာပြောသလဲဆိုတော့
တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၄:၈
“ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသော အကျိုးကို မပေးတတ်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းမူကား၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သောကတိတော်ကို ရသည်ဖြစ်၍၊ …”
အကျိုးမပေးတဲ့အရာတွေမှာဘာဖြစ်လို့ ကျွန်တော်တို့တတွေသွားပြီးတော့ဆက်နွယ်နေမှာလဲ။
ယုံကြည်သူအများစုကတော့ ပိုပြီးတော့ဆုတောင်းဖို့၊ ကျမ်းစာနေ့တိုင်းဖတ်ဖို့၊ ဘုရားကျောင်းမှန်မှန်တက်ဖို့ဆိုပြီးတော့ နှစ်သစ်နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်ကလေးတွေ ထားကြတယ်။
အရမ်းကောင်းပါတယ်။

ဒါပေမဲ့လည်း ဝိညာဉ်ရေးမဟုတ်တဲ့ အရာတွေမှာပျက်ကွက်ဆုံးရှုံးသလို ဝိညာဉ်ရေးနဲ့ပတ်သက်တဲ့အရာတွေမှာလည်း ပျက်ကွက်ဆုံးရှုံးမှုတွေ ကြုံရတယ်။
ဘာဖြစ်လို့လဲဆိုတော့ နှစ်သစ်နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေမှာ “တန်ခိုး” မှပါမလာဘဲ။
အရာတစ်ခုကို ရပ်တန့်ဖို့ ဒါမှမဟုတ် အစပြုဖို့ စိတ်ဆုံးဖြတ်တဲ့အခါ သင့်တော်တဲ့၊ ကောင်းတဲ့ လှုံ့ဆော်ပေးခြင်းမရှိရင် အရာတစ်ခုကို ရပ်တန့်ခြင်း၊ အစပြုခြင်းက အလကားပဲ။ ဘာ “တန်ဖိုး” မှမရှိဘူး။

ဉပမာအားဖြင့်
ကျမ်းစာမှန်မှန် ဘာလို့ဖတ်ချင်တာလဲ?
ဘုရားကိုဂုဏ်ပြုလေးမြတ်လို့၊ ကိုယ် ကိုယ်တိုင်က ဝိညာဉ်ရေးမှာ ကြီးထွားဖို့အတွက်။ အဲ့လိုမှမဟုတ်ဘဲ ဒါကကောင်းတဲ့အလေ့အထတစ်ခုလို့ ကြားလို့လုပ်တာလား? ပြီးတော့ သင် “ဘာကြောင့်ဝိတ်ကျချင်တာလဲ? “
သင်ရဲ့ခန္ဒာနဲ့ဘုရားဘုန်းထင်ရှားစေဖို့လား ဒါမှမဟုတ် အကျိုးမရှိအချည်းအနှီး သင့်ကိုယ်ကျိုးအတွက်လား?

#ဖိလိပ်ပိဩဝါဒစာ ၄:၁၃
“ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။”

#ရှင်ယောဟန်ခရစ်ဝင် ၁၅:၅
“ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ့၌တည်၏၊ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။”

ဘုရားသာလျှင်သင့်ရဲ့ နှစ်သစ်နဲ့ပက်သက်တဲ့ရည်ရွယ်ချက်ရဲ့ ဗဟိုချက်၊ သော့ချက်ဖြစ်မယ်ဆိုရင် သင့်ရဲ့ဝန်ခံမှုအပေါ် မူတည်ပြီး အောင်မြင်ခြင်းအခွင့်အလမ်းကရှိပြီးသားပဲ။
ဘုရားကအလိုတော်ရှိလို့ ပြည့်ဝစေမယ့်အရာဆိုရင်တော့၊ ဘုရားကထိုအရာကိုသင့်အားဖြင့် ပြည့်ဝစေမယ်။
ဒါပေမဲ့ ရည်ရွယ်ချက်က ဘုရားဘုန်းထင်ရှားစေဖို့ မဟုတ်ဘူး၊ နှုတ်ကပတ်တော်နဲ့ကိုက်ညီသောအရာမဟုတ်ဘူးဆိုရင်တော့ ဘုရားဆီကနေထိုအရာကိုပြည့်ဝစေဖို့ “အကူအညီ” ရလိမ့်မှာမဟုတ်ဘူး။

နှစ်သစ်နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေကိုယုံကြည်သူတွေ ဘယ်လိုမျိုးပြုလုပ်မလဲ?
အနည်းငယ် အကြံပြုချင်ပါတယ်

၁ – #ဉာဏ်ပညာအတွက်ဆုတောင်းပါ(ယာကုပ် ၁:၅)ဘုရားကကိုယ့်ကိုဘယ်လိုရည်ရွယ်ချက်တွေထားစေချင်လဲဆိုတာသိဖို့
၂ – #ဘုရားပေးထားတဲ့ပန်းတိုင်တွေကိုဘယ်လိုပြည့်ဝစေမလဲဆိုတဲ့ဉာဏ်ပညာကိုတောင်းပါ
၃ – #သင့်ကိုမစတော်မူသောဘုရား၏ခွန်အား၌မှီခိုပါ

၄ – #သင့်ကိုကူညီပေးမယ့်ခွန်အားပေးမယ့်နားလည်ပေးတဲ့အဖော်သူငယ်ချင်းကိုရှာပါ
၅ – #တစ်ခါတစ်ရံကြုံရတဲ့ရှုံးနှိမ့်မှုတွေကြောင့် စိတ်ဓာတ်မကျဘဲ ထိုအရာတွေကသင့်ကို ရှေ့ဆက်ဖို့တွန်းအားဖြစ်စေပါ

၆ – #မထောင်လွားပါနဲ့ဘဝင်မမြင့်ပါနဲ့ဘုရားကိုသာဘုန်းပေးပါ

#ဆာလံကျမ်း ၃၇:၅-၆
“ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်။
သင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို အလင်းကဲ့သို့လည်းကောင်း၊ တရားသဖြင့်ပြုခြင်းအရာကို မွန်းတည့်ရောင်ခြည် ကဲ့သို့လည်းကောင်း၊ ဖော်ပြတော်မူမည်။”

အာမင်
မေတ္တာဖြင့်…..