Skip to content

စိုးရိမ်သောနှလုံးသားမှ ငြိမ်ဝပ်ချမ်းသာသောနှလုံးသား

လောကရဲ့စာမျက်နှာတွေအတွက် ဒီနေ့ရက်၊လ၊နှစ် ကအသစ်ပါ မိတ်ဆွေ။ ယခုလာမည့် ရက်၊လ၊နှစ်သစ်မှာ ဘာဖြစ်မလဲဆိုတာဘယ်သူမှမသိပါဘူး၊ ဒါပေမဲ့ လူတစ်ယောက်အနေနဲ့သိချင်ကြပါတယ် လူမှုရေး၊စီးပွားရေး၊ကျန်းမာရေး ဒီနှစ်သစ်မှာအဆင်ပြေပါ့မလားဆိုတဲ့ အတွေးကတော့လူတိုင်းမှာရှိတတ်ပါတယ်။ ကိစ္စမရှိပါဘူး လူပဲလေ … ပူပန်တတ်တယ်၊ တွေးတောတတ်တယ်၊ အကောင်းဆုံးတွေကိုပဲ ဘဝမှာဖြစ်လာဖို့မျှော်လင့်တတ်ကြတယ် တချို့ဆို ရှေ့ဖြစ်ဟောတမ်းစာကိုဝယ်ဖတ်ပြီး ပြင်ဆင်ကြတာတို့၊ ဗေဒင်ဆရာဆီ ဒီနှစ်တွက်ကြိုတင်ပြင်ဆင်ဖို့သွားမေးကြတာတို့၊ ပရောဖက်တွေဆီသွားပြီး ဆုတောင်းခံပြင်ဆင်တာတို့ လုပ်ကြတာပဲလေ။ ဒါဟာ လူ‌တွေမှာ မသိစိတ်က စိုးရိမ်ပူပန်ကြောင့်ကြတတ်တာကိုဖော်ပြတဲ့အရာတွေပဲဖြစ်ပါတယ်။ မိတ်ဆွေ အထက်ကဖေါ်ပြသလိုခံစားမိ စဉ်းစားမိတယ်ဆိုရင် အားပေးပါရစေ။ ဒီလောကရဲ့ အကြီးမားဆုံးလက်နက်ဖြစ်တဲ့ သေခြင်းကိုတောင် အောင်မြင်ပြီး အတိတ် ပစ္စုပ္ပန် အနာဂါတ် ကိုပိုင်သတဲ့အရှင်ကို သိထားဖို့ ပိုင်ဆိုင်ထားဖို့ မေတ္တာဖြင့်မိတ်‌ဆက်ပေးချင်တယ်။

သူ့ အမည်နာမတော် က ယေရှုခရစ်တော်ပဲဖြစ်ပါတယ် အကယ်၍သိပြီးရင်လည်း သူနဲ့ရင်းနှီးကျွမ်းဝင်ဖို့ ဒီနှစ်သစ်ကိုသူနဲ့အတူ စိတ်ချမှုဖြင့် အတူလျှောက်လှမ်းဖို့ မေတ္တာဖြင့် နှိုးဆော်ပါရစေ။ ထိုသခင်က ဤလောကမှာ သင့်အတွက်ကြံစည်မျှော်လင့်ထားသောအရာများစွာရှိပါတယ်။ သေချာတာကတော့ သင်ကြံစည်မျှော်လင့်ထားတဲ့အရာထက် ထိုသခင်ရဲ့ လူတစ်ဦးတစ်ယောက်ချင်းစီအတွက်ထားသော အရာများစွာရှိပါတယ်၊ သင်မသိနိုင်ပါ၊ သင့်သိစရာလည်းမလိုပါ အဘယ်ကြောင့်ဆိုသော် သင်နှင့်ကျွန်ုပ်မှာ အနာဂါတ်ကိုထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းမရှိလို့ပါ အဆွေ။

ဒါကြောင့် အနာဂါတ်သာမက အတိတ်နှင့်ပစ္စုပ္ပန်ကိုပင် ပိုင်သထိန်းချုပ်နိုင်သော တန်ခိုးတော်အရှင်‌ထံ မိမိရဲ့ဘဝတစ်ခုလုံးကိုအပ်နှံကာအသက်ရှင်ဖို့ထပ်လောင်းနှိုးဆော်ပါရစေ မိတ်ဆွေ။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။”

ယေ​ရ​မိ​အ​နာ​ဂ​တ္တိ​ကျမ်း ၂၉:၁၁

ချစ်သောမိတ်ဆွေ ထိုသခင်ကိုသင့်ဘဝရဲ့ နေ့၊ရက်၊လ၊နှစ် တွေထဲမှာ ဦးဆောင်လမ်းပြခွင့်ပေးလိုက်ပါ အဆွေ။

သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။”

ရော​မ​ဩ​ဝါ​ဒ​စာ ၁၂: