Skip to content

၂၀၂၁ အား မြော်လင့်ခြင်း

ဗျာဒိတ် ၂:၁ မှာ သခင်ဘုရားက ကျွန်တော်တို့ရဲ့

အကျင့်ကျင့်ခြင်း” (Work)

ပင်ပန်းစွာ လုပ်ဆောင်ခြင်း” (Labor)

သည်းခံခြင်း” (Patience)

စတာတွေကို သူသိပါတယ်တဲ့။ ဒါပေမဲ့ ထိုအရာတွေချည်းသက်သက်နဲ့တော့ အဆင်မပြေဘူး လို့ သခင်က သတိပေးနေပါတယ်။ တမန်ေတာ်ကြီးရှင်ပေါလု ပြောခဲ့သလို ယုံကြည်သူတိုင်းဟာ ပြိုင်ပွဲ ထဲမှာရှိနေပါတယ်၊

ပြိင်ပွဲရဲ့ ပန်းတိုင်ကတော့ ဧဖက် ၄:၁၃ လို့ (ကျွန်တော် ကိုယ်ပိုင်အမြင်) ခံယူထားပါတယ်

ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။”

အပေါ်ဆုံး က အချက် ()ချက်စလုံးက ပြိုင်ပွဲထဲမှာ မိမိကို အားသာ စေတဲ့ အချက်တွေ အမှန်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပြိုင်ပွဲထဲမှာ သူတပါးထက် အားသာချင်ဇောနဲ့ ထိုအချက်တွေ အပေါ်မှာ အာရုံစိုက်လွန်းအားကြီး တဲ့အတွက် ပိုအရေးကြီးတဲ့အရာဖြစ်တဲ့ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်ကို မေ့သွားတတ်ကြပါတယ်။ ဒါကိုပဲ သခင်ဘုရားက ဗျာဒိတ်ကျမ်းမှာ ဧဖက်မြို့က ယုံကြည်သူတွေကို သတိပေးခဲ့တာဖြစ်ပါတယ်။ ထိုအရာတွေက ဘာတွေလဲ၊ ကျွန်တော်တို့ ပြိုင်ပွဲထဲမှာ အသာစီးရ နေသလိုလိုနဲ့ ပြိုင်ပွဲရဲ့ အနှစ်သာရ ပျောက်နေမှာ စိုးရိမ်ရပါတယ်။

၁ သက် ၁ : ၄ မှာ တော့ စုံလင်စွာ ဖော်ပြထားပါတယ်၊ ဆင်ခြင်ကြည့်ပါ

“ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကို ကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကို မြော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း၍၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက် နေကြ၏။ အာမင်။”

) သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကို ကျင့်ခြင်း

ကျွန်တော်တို့ရဲ့ အကျင့် ဟာအမြဲတမ်း ယုံကြည်ခြင်းကြောင့်သာ အစပြုရမှာ ဖြစ်သလို ယုံကြည်ခြင်း နဲ့ပဲ အပြီးသတ်ရမှာဖြစ်ပါတယ်။
အကျင့် မရှိတဲ့ ယုံကြည်ခြင်းဟာ အသေ ဖြစ်သလို၊ ယုံကြည်ခြင်းမရှိတဲ့ အကျင့် ဟာလည်း မာန နဲ့ သေနေတာပဲ ဖြစ်ပါတယ်။

) ချစ်သောစိတ်နှင့်ကြိုးစားအားထုတ်ခြင်း

ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်ခြင်းမှာ ချစ်ခြင်းမေတ္တာသာ (ဘုရားသခင် နှင့် ကိုယ်နှင့် စပ်ဆိုင်သောသူ အားချစ်ခြင်း) မပါခဲ့ဘူး ဆိုရင် ဒီအရာဟာ အကျိုးတရားတရား မရှိ အကြောင်းတရားတခုမျှသာ ဖြစ်ပါလိမ့်မယ်။

) ငါတို့သခင်ယေရှုခရစ်ကို မြော်လင့်သောစိတ်နှင့် တည်ကြည်ခြင်း

ကျွန်တော်တို့ရဲ့ စိတ်ဟာ သမ္မာတရား သခင်ယေရှုကို အဆက်မပြတ် တိုး၍ သိခြင်းအားဖြင့် လွှတ်ခြင်းအခွင့်ကို ခံနေရတဲ့ အခြေအနေမှာရှိပါတယ်။

ဥပမာပေးရရင်

သင်္ဘော ဟာ မတည်ငြိမ်တဲ့ ရေထဲမှာ မမျောသွား အောင် ကမ်းမှာရှိတဲ့ တည်ငြိမ်ပြီး ခိုင်ခန့်တဲ့ အရာတစ်ခုကို တွဲဆက် ထားရသလို ကျွန်တော်တို့ရဲ့ စိတ် ကိုလည်း လောကရဲ့ အမျိုးအမျိုးသော မတည်ငြိမ်တဲ့ အတွေးအခေါ်အယူအဆ တွေ နောက် မျောပါ မသွားအောင် ခရစ်တော်ဆိုတဲ့ သမ္မာတရား အပေါ်မှာ ခိုင်မြဲစွာ ချိပ်ဆက်ထားရမှာ ဖြစ်ပါတယ်။ သို့မှသာ ကျွန်တော်တို့ရဲ့ တည်ကြည်ခြင်းဟာ ခိုင်မြဲမှာဖြစ်ပါတယ်။

အချုပ်အားဖြင့် ကျွန်တော်တို့တွေ ယနေ့မှာပဲ

ယုံကြည်သောစိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကြရအောင်
– ချစ်သောစိတ်နှင့်ကြိုးစားအားထုတ်ကြရအောင်
– သခင်ယေရှုခရစ်ကို မြော်လင့်သောစိတ်နှင့်ဆက်လက် တည်ကြည်ကြပါစို့။

ထိုသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီး၍ ထာ၀ရ မင်္ဂလာရှိပါ၏။ အာမင်။