Skip to content

ခရစ်ယာန်တွေဟာ “ထာဝရဘုရားကို အစအဆုံးမဲ့သော အနန္တဖြစ်သော ပုဂ္ဂိုလ်တပါး” အဖြစ်လက်ခံ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဒီအဆိုကို ထောက်ပံ့ပေးဖို့ ဘယ်လိုအထောက်အထားမျိုးကို ယုံကြည်သူ တွေ ယူဆောင်လာပေးနိုင်မလဲ? ဒါကတော့ သံသယဝါဒီတွေဘက်က ပြောလေ့ရှိတဲ့ ယုံကြည်သူတွေ အတွက် ဘုံ စိန်ခေါ်မှုတရပ်ပဲ ဖြစ်တယ်။ တစုံတယောက်က “အထောက်အထား” ကိုတောင်းတဲ့အခါ ပုံမှန်အားဖြင့် သက်သေအဖြစ်ဖော်ပြချက်တွေ၊ (သို့) စာရွက်စာတမ်းတွေ (သို့) ဖြစ်ရပ်အတွင်းကျန်ခဲ့တဲ့ လက်ဗွေရာတွေ စတာတွေကိုရှာဖွေဖော်ပြကြပါ တယ်။ မဟာပေါက်ကွဲမှုကြီး (Big Bang) ရှေ့ ကနေ ကြိုတင်ရှိနေတဲ့ “အဖြစ်တော်” တပါး သို့မဟုတ် ကျွန်တော်တို့စကြဝဠာရဲ့ အလွန်မှာရှိတဲ့ အရာတွေနဲ့ပတ်သက်တဲ့ အထောက်အထားကတော့ ဘယ်သူဆီမှာမှ ရှိမနေနိုင်တဲ့အတွက် “ထာဝရဘုရား” ရှိကြောင်းအထောက်အထားကို ခရစ်ယာန်ယုံကြည်ချက် ခုခံချေပသူတွေဟာ ဘယ်နည်းနဲ့မှ ယူဆောင်လာနိုင်မှာမဟုတ်ဘူးလို့ “သေချာပေါက် အနိုင် လို့သတ်မှတ်ထားတဲ့ လောင်းကြေးတခုလို” သံသယဝါဒီတွေဘက်က ထင်ကြပါတယ်။ သူတို့ ထင်သလို မှန်သလား?

မီးမောင်းထိုးပြထားတဲ့ မေးခွန်းအတွက် ပြန်ဖြေစရာမရှိနိုင်လောက်တဲ့ အကြောင်းပြချက်ကိုကိုင်စွဲပြီး လှောင်ပြောင် စိန်ခေါ် မေးခွန်းထုတ်သူက “ကျွန်ုပ်တို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် သက်သေခံချက် အထောက် အထားအားဖြင့်သာ ကိစ္စရပ်တွေကို သေချာစွာသိနိုင်မယ်” လို့ ယူဆထားပါတယ်။ ဒါပေမယ့် ဒါဟာမမှန်ပါ ဘူး။ အထောက်အထား” နဲ့တင်မဟုတ်ဘဲ အထောက်ထားကနေရတဲ့ “ကောက်ချက်တွေ” ဟာလည်းပဲ ဘယ်အရာဟာမှန်သလဲ ဆိုတဲ့အပေါ် အဆုံးအဖြတ်ပေးနိုင်တာမို့ အပေါ်မှာပြောထားတဲ့ အထောက်အထား အားဖြင့်သာ သိနိုင်မယ်ဆိုတဲ့ နည်းလမ်းတမျိုးတည်း ရှိတာမဟုတ်ပါဘူး။ 

ဥပမာ_ စက်ဝိုင်းတိုင်းဟာ စတုရန်းတခု မဟုတ်ဘူးဆိုတာ ကျွန်တော်သိထားတယ်ဆိုပါစို့ , ဒါဆို ဒီအတွက် အ‌ထောက်အထားက ဘယ်မှာပါလဲ? 

(သို့မဟုတ်)

“A” = “C” (A ဟာ C နဲ့ ညီတယ်လို့ပြောတယ်) ၊ ထပ်ပြီးတော့ “A” = “B”, (A က B နဲ့လည်း ညီတယ်လို့ ပြောရင်) ၊ “B” = “C”, (B ဟာ C နဲ့ ညီတယ်လို့) ပြောဖို့အတွက် သက်သေအထောက်အထား လိုအပ်ပါသလား?

(ဒါမှမဟုတ်)

“မုဒိမ်းမှု” ဟာ အမြဲတမ်း မှားပါတယ် ဆိုတာမျိုးအတွက် သက်သေအထောက်အထားများ လိုပါသလား?

ဒီလိုပုံစံမျိုး အသိပညာဟာ  (အခြေခံကိုယ်ကျင့်တရားသဘော တခု အပေါ် သို့မဟုတ် ကျိုးကြောင်းဆီလျော် ယုတ္တိ ကျခြင်း အပေါ်အခြေခံသော) လူသားတိုင်းမှာရှိတဲ့ စိတ်ရဲ့ ပုံမှန်လုပ်ဆောင်မှုတွေထဲက အပိုင်းတခုဖြစ်ပါတယ်။ ဆော့ဖ်ဝဲပရိုဂရမ်တခု သွင်းထားတဲ့ ကွန်ပျူတာလို ကျွန်တော်တို့ရဲ့စိတ်တွေဟာ ဘာသာစကားကို ရယူအသုံးချတဲ့စွမ်းရည် ကဲ့သို့ အချို့သောအခြေခံ လုပ်ဆောင်ရန် စီစဥ်မှုတွေနဲ့အတူ တွဲလျက်ပေါ်ထွက် လာပါတယ်။ အလားတူပဲ ကျွန်တော်တို့ဟာ မျှတမှုရှိစွာ ဂိမ်းဆော့ကစားခြင်း အပေါ် သဘောကျနှစ်သက် တတ်တဲ့ မျိုးဆက်ဖြစ်ပါတယ်။ ကလေးတယောက်ကြီးပြင်းလာတာကို စောင့်ကြည့်တဲ့အခါ အလုပ်မှာ တွေ့ရလေ့ရှိတဲ့ စီစဥ်ညွှန်ကြားချက်အခွဲ တွေကို တွေ့ပါလိမ့်မယ်။ သင် ကလေးတွေကို ဂိမ်းဘယ်လိုဆော့ရ သလဲ ဆိုတာသင်ပေးနိုင်ပြီး ဘယ်လိုမျိုးက မျှတတယ်၊ ဘယ်လိုကတော့ စည်းကမ်းနဲ့ငြိ တယ်ဆိုတာ သင်ပေးနိုင်ပါတယ်။ ဒါပေမယ့်သူတို့က (ကလေးတွေ) ဂိမ်းနဲ့စည်းကမ်းတွေ အရေးကြီးတယ်ဆိုတာကို အစောကတည်းက အလိုလိုသိရှိနားလည်ပြီး ဖြစ်ပါတယ်။ 

စိတ် မှာ ကျွန်တော်တို့ကိုဘယ်သူက ဖန်ဆင်းခဲ့သလဲ၊ ကျွန်တော်တို့ ဘယ်ကလာခဲ့သလဲ ဆိုတာကို ကျွန်တော်တို့ပို၍ ကောင်းစွာနားလည်နိုင်ရန် ကူညီပေးတဲ့ ကြိုတင်တွက်ချက်နိုင်တဲ့ အပိုဆောင်းစွမ်းရည်တခု ရှိပါတယ်။ “စိတ်ကူးနဲ့ရုပ်လုံးပေါ်အောင်တွေးတောနိုင်တဲ့စွမ်းတွေ၊ အရာဝတ္ထုတွေကိုအမျိုးအစားအလိုက် အစုအဖွဲ့ခွဲပြီး အဓိပ္ပာယ်ရှိအောင်လုပ်နိုင်တဲ့ စွမ်းရည်တွေ” စသဖြင့် ရှိပါတယ်။ 

ဥပမာ_ ဘယ်ပစ္စည်းကတော့ဖြင့် ဒီစားပွဲတွေ ၊ ဒီကုလားထိုင်တွေနဲ့ အံဝင်ခွင်ကျအသုံးပြုဖို့ဖြစ်နိုင်လောက် တယ် ဆိုပြီး ရှိသမျှစားပွဲတွေ၊ ကုလားထိုင်တွေရဲ့ စာရင်းမှတ်ထားဖို့ မလိုပါဘူး။ 

    စားလိုရတဲ့ဟာ အသစ်တခုခုရှိတဲ့အခါ အဲဒါကို စားလို့ရတဲ့အစားစာတွေရေးထားတဲ့ မှတ်တမ်းအဟောင်းကိုပြန်မလှန်ဘဲ ဒီဟာစားလို့ရလား ဘယ်လို့အာဟာရဖြစ်စေသလဲ စတဲ့ မေးခွန်းမျိုး လောက်သာ မေးပါတယ်။ 

ထူးခြားဆန်းပြားတဲ့အသီးတမျိုးမျိုးဟာ သူ့ကိုမစားခင် ခုနလိုအမေးခံရမှာဖြစ်ပေမယ့် ဆေးလိပ်ပြာခွက် တခုဆိုရင်တော့ မေးခွန်းထုတ်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလို အယူအဆတွေကို ထင်ဟပ်စေတဲ့ အခါ စစ်မှန်တဲ့ အသိပညာကိုရရှိနိုင်ပါတယ်၊ ရိုးရာအစဥ်အလာ သက်သေအထောက်အထားတွေ ရှိမနေတာ တောင်မှပေါ့။ 

စတုရန်းက ဘာလဲ ဆိုတာ သဘောပေါက်ခြင်းအားဖြင့်စက်ဝိုင်းဟာ စတုရန်းတခုဘယ်တော့မှ ဖြစ်မလာဘူးဆိုတာကို “သိရပါတယ်။ 

လူတွေ သူတို့ခန္ဓာကိုယ်ရဲ့ သမာဓိတန်ဖိုးပြည့်စုံမှုအတွက် ရပိုင်ခွင့်အခွင့်အရေး သူတို့မှာရှိတယ်ဆိုတာကို သိခြင်းအားဖြင့် အဲ့ဒီအခွင့်အရေး ချိုးဖောက်ခံရတာ (တနည်း) မုဒိမ်းကျင့် ခံရတာဟာအမြဲတမ်း မှားတယ်ဆိုတာကို ကျွန်တော်တို့  သိရပါတယ်။ 

အပေါ်မှာပြောခဲ့တဲ့ လော့ဂျစ်အတိုင်း   B နဲ့ C ၂ ခုစလုံးဟာ A နဲ့ ညီတဲ့အခါ B နဲ့ C အချင်းချင်းလဲ ညီတယ်ဆို တာ ကျွန်တော်တို့ သိရပါတယ်။ 

ဒါတွေက ထာဝရဘုရားရဲ့ မူလဇစ်မြစ်နဲ့ ဘာဆိုင်လို့လဲလို့မေးခဲ့ရင် … ဆိုင်ပါတယ်။  ဒီအရာကပဲ စိတ်ကူးနဲ့ ရုပ်လုံးပုံဖော်ခြင်းအားဖြင့် ထာဝရဘုရားက ဘာလဲဆိုတာရယ်၊ သူနဲ့ပတ်သက်တဲ့ တချို့အရေး ကြီးတဲ့ အရာတွေကို သိနိုင်တယ်လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။  ကျွန်တော်တို့ ဘုရားအကြောင်းကို စဥ်းစားတဲ့ အခါ ကျွန်တော်တို့ ဘယ်အကြောင်းအရာကိုအတိအကျ စဥ်းစားကြသလဲ?  အချို့ အတိအကျအချက် ကလေးတွေအပေါ်မှာတော့ သဘောတူမှာမဟုတ်ပါဘူး။ ဒါပေမယ့် “ထာဝရဘုရား” ဖြစ်ခြင်းဆိုတဲ့အပေါ် မှာတော့ ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့  အဆုံးမရှိ ပြီးပြည့်စုံမှုကို ပိုင်ဆိုင်ပြီး ပေါင်းစပ်ထားတဲ့ အနန္တတန်ခိုးရှင် တပါးတည်းကိုသာ တညီတညွတ်တည်း ရည်ညွှန်းရမှာပဲဖြစ်ပါတယ်။ သံသယဝါဒီတွေက အခုလိုပြန်မေးကောင်းမေးပါလိမ့်မယ်၊ ဘုရားက အဲလိုတန်ခိုးမျိုးရှိတယ်ဆိုရင် ဘာလို့ဖြစ်တည်မှုကို လိုအပ်တာလဲ? ဟုတ်ပါပြီ။ ဥပမာလေးတခုကြည့်ပါ။   ကျွန်တော် ယူနီကွန် တကောင်ကို စိတ်ကူးကြည့်လို့ ရပါတယ်။ ဒါပေမယ့်အဲလိုလုပ်နိုင်တာဟာ ကျွန်တော် ယူနီကွန်တကောင် ရှာတွေ့နိုင်ခဲ့တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ (ယူနီကွန် ဆိုသည်မှာ ဦးချိုတစ်ခုတည်းသာရှိသော ဒဏ္ဍာရီထဲမှ မြင်းသတ္တဝါ)

ဒီကန့်ကွက်မှုဟာ ကျွန်တော်တို့ကို ပို၍နက်နက်နဲနဲ တွေးတောစေပြီး အာရုံစူးစိုက်စေနိုင်ရန် ကူညီပါတယ်။ ကျွန်တော်တို့ ယူနီကွန်တကောင် ကို တွေးတဲ့အခါ နဖူးကနေ ဂျိုတချောင်းထွက်နေပြီး မြင်းဖြူတကောင်နဲ့ တူတဲ့ တိရိစ္ဆာန်အဖြစ် စဥ်းစားပုံဖော်ပါတယ်။ ထိုသတ္တဝါသည် တချိန်တခါက ရှိခဲ့ဖူးတဲ့ သတ္တဝါဖြစ်နိုင်သလို၊ နောင်တချိန်ချိန်မှာ ရှိလာနိုင်တဲ့ သတ္တဝါလည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လုံးဝကို မရှိတဲ့ သတ္တဝါလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ ယူနီကွန်တကောင်ရှိခြင်းမရှိခြင်းအပေါ်  ယူဆစဥ်းစားနိုင်ဖို့အတွက် အဲဒီ ယူနီကွန် အမှန်တကယ်ရှိနေဖို့ မလိုအပ်ပါဘူး။ တကယ်တမ်းလိုအပ်တာက အဲလိုသတ္တဝါသည် အမှန်တကယ် တည်ရှိခဲ့တယ်ဆိုရင် ၎င်းမှာ ထင်ရှားတဲ့ပင်ကိုယ်အရည်အချင်း ရှိကိုရှိနေပါလိမ့်မယ်။

ဒါပေမယ့် ကျွန်တော်တို့ ထာဝရဘုရားနဲ့ပတ်သက်တဲ့ အယူအဆ ဆီကိုပြန်သွားမယ်ဆိုရင် စိတ်ထဲမှာဘာ ပေါ်လာပါသလဲ? အဆုံးအစမရှိတဲ့ အဖြစ်တော်အတွက် အယူအဆတခုကို ကျွန်တော်တို့ ဘယ်စကားလုံးနဲ့  အကောင်းဆုံး ဖော်ပြနိုင်မလဲ? အကြီးမြတ်ဆုံးအဖြစ်တော် ဖြစ်တော်မူလို့ ထို့ထက်ပိုကြီးမြတ်တဲ့ အရာကို ယူဆတွေးတော နိုင်ပါ့မလား? ထာဝရဘုရားဟာ အဆုံးမရှိ ပြီးပြည့်စုံမှုကို ပိုင်ဆိုင်ပြီး ပေါင်းစပ်ထားတဲ့ အနန္တတန်ခိုးရှင်တပါးတည်းသော ဘုရားဖြစ်တော်မူပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ထဲကနေ “ဘုရား” အဖြစ် အရည်အချင်းပြည့်မီဖို့အတွက် ထိုသို့သော  ပုဂ္ဂိုလ်တော်ဖြစ်ခြင်း”၊ ထိုသို့သော ဘုရား အမှန်တကယ် ရှိကို ရှိရမှာဖြစ်ပါတယ်။ သင်ဟာ ဆင်တူအရည်အချင်းရှိတဲ့ ဖြစ်ခြင်း ၂ မျိုးကို ဆင်ခြင်တဲ့အခါ တမျိုးကသာ လိုအပ်ချက်နဲ့ယှဥ်တဲ့တည်ရှိမှု ဆိုတဲ့အရည်အချင်းပါရှိမယ်ဆိုရင် ထိုအရည်အချင်းပါရှိသူကသာ ပို၍ ကြီးမြတ်တဲ့ ဖြစ်ခြင်း ဖြစ်ပါတယ်။ ထာဝရဘုရားရဲ့ ပုံသဏ္ဍာန်တော်သာ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ မရှိခဲ့ဘူး ဆိုရင် တကယ်တမ်းကျွန်တော်တို့ဟာ ဘုရားအကြောင်းကို စဥ်းစားနေခဲ့ကြမှာ မဟုတ်ဘဲ ထို့ထက်နိမ့်ကျ တဲ့ အရာတခုခုကိုသာ တွေးတောနေကြမှာပဲဖြစ်ပါတယ်။ 

Anselm of Canterbury ဆိုတဲ့ဘုန်းတော်ကြီးတပါးဟာ လွန်ခဲ့တဲ့ ရာစုနှစ် ၁၀ စုနှစ်တုန်းက “ရှိမှုဗေဒဆိုင်ရာ ငြင်းခုံမှု  (Ontological Argument) ကို ဦးစွာ အစပြုခဲ့သူအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ ဘုရားကဖြစ်ပေါ်စေတာကို စိတ်ကူးနဲ့ရုပ်လုံးဖော်တွေးတောခြင်းထဲက ကျိုးကြောင်းဆင်ခြင်မှုရဲ့ခေါ်ဆောင်ရာနောက် သင်လိုက်သွားတဲ့ အခါ သူ (ဘုရား)ဟာ ရှိကိုရှိနေရတဲ့ အနန္တတန်ခိုးရှင်တပါး ဖြစ်တယ်ဆိုတာကို သင် သိလာပါလိမ့်မယ်။ သူဟာ ဖန်ဆင်းခြင်း ခံထားရတဲ့သူ မဟုတ်ဘူး။ သူဟာ ဘယ်တုန်းကမှ ဖြစ်တည်မလာခဲ့ဖူးဘူး။ ဘယ်တော့မှလည်း ကွယ်ပျောက်သွားမှာ မဟုတ်ဘူး။ ရှိခဲ့ခြင်း၊ ရှိခြင်း၊ ရှိလိမ့်မည် ဆိုတဲ့ဖြစ်ခြင်း အားလုံးဟာ သူတို့ဖြစ်တည်မှုအတွက် သူ့ (ထာဝရဘုရား) အပေါ်မှာသာ အမှီပြုနေရာတာဖြစ်ပြီး  သူ (ထာဝရဘုရား) ကတော့ ဘယ်အပေါ်မှာမှ အမှီပြုနေခြင်းမရှိဘဲ ကိုယ်တော်အထဲ၌ ကိုယ်တော်အားဖြင့်သာ ပြည့်စုံနေပြီးသားဖြစ်ပါတယ်။ ဒီအရာသည်ပင် ဘာမှမရှိခြင်းကနေ တစုံတခုကို ဖန်ဆင်းခြင်းအဆိုအပေါ် ကျိုးကြောင်းဆီလျော်စွာ နိဂုံးချုပ်နိုင်တဲ့ တခုတည်းသော အရာပဲဖြစ်ပါတယ်။ ၎င်းဟာ အထောက်အထား ခေါ်ဆောင်သွားရာလည်းပဲ ဖြစ်ပါတယ်။

ထိုဘုရားသခင်ဟာ စကြဝဠာရဲ့ မူလအစဖြစ်ပြီး ၎င်းအထဲမှာရှိသမျှအားလုံးဟာ ဖန်ဆင်းခံ အရာတွေအားလုံးက ၎င်းတို့ကို ဖြစ်စေတဲ့အကြောင်းတရားတခုရှိခဲ့တယ်ဆိုတဲ့အချက်ကို အသိအမှတ် ပြုလိုက်ခြင်းရဲ့ ရလဒ်ပဲဖြစ်တယ်။ အဲဒါဟာ သူတို့အားလုံးကို ဖြစ်တည်မှုထဲသို့ အ‌ရောက်ပို့လိုက် တာပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့  သိပြီးသားခြွင်းချက် လုံးဝမရှိသလို ခြွင်းချက်ရှိနိုင်တယ်ဆိုတဲ့ သံသယ ရှိနိုင်စရာအကြောင်းလည်းမရှိပါဘူး။ ကျွန်တော်တို့ သိမ်းပိုက်ထားတဲ့ အချိန်နေရာ ဆက်လက်ရှိခြင်းအတိုင်း အတာ ရဲ့ အစကိုသွားတဲ့အခါ ထိုအရာတွေကို ဖြစ်လာစေဖို့ သင့်လျော်တဲ့ အရင်းအမြစ်တခု ရှိရမှာဖြစ် တယ်။ ဖြစ်နိုင်ခြေ နှစ်ခု ရှိပါတယ်။ တမျိုးကတော့ စကြဝဠာကိုဖန်ဆင်းတဲ့ ဖန်ဆင်းရှင်ဟာ သူ့ကိုယ်သူလည်းဖန်ဆင်းခဲ့ ခြင်းဖြင့် အစ ဆိုတာရှိလာခဲ့ပါတယ်။ နောက်တမျိုးကတော့ သူဟာ အနန္တ ဖြစ်တယ်ပြီး သူ့မှာ အစ ဆိုတာမရှိဘူး။ တကယ်လို့သင်က အ‌ရှေ့တမျိုးကိုလက်ခံတယ်ဆိုရင် သင့်ရဲ့ ကျိုးကြောင်းဆင်ခြင်စဥ်းစားနိုင်စွမ်းဟာ မလုံလောက်သေးပါဘူး၊ ဘာလို့လဲဆိုတော့ ဘုရား လို့သတ်မှတ် ထိုက်တဲ့ ဖြစ်ခြင်းတခုဟာ  အနန္တပြည့်စုံခြင်းအထိ ဖြစ်နေရမှာဖြစ်လို့ပဲ ဖြစ်ပါတယ်။ သင်လည်းပဲ အဲ့ဒီဘုရား ဟာ သူကိုယ်သူပြန်ဖန်ဆင်းနေတာ မဟုတ်ဘူးဆိုတာကို လက်ခံနိုင်ဖို့ သင့်စိတ်ထဲကနေ အချိန်ကိုနောက်ပြန် သွားကြည့်ဖို့ လိုပါလိမ့်မယ်။ 

သံသယဝါဒီတွေက “ဘာလို့ ဘုရားက အကြောင်းတရားတခု ကို မလိုအပ်တာလဲ” ဆိုတဲ့ စိန်ခေါ်မေးခွန်းကို ပဲ ဆက်မေးနေတတ်ပါတယ်။ ဒီမေးခွန်းကိုယ်၌က မေးခွန်းမေးသူရဲ့  မှာယွင်းတဲ့ ဆင်ခြင်တွေးတောမှုကိုလှစ်ပြ နေသလိုဖြစ်နေပါတယ်။ အမှားကတော့ အခုလို အကြောင်းပြချက်ကြောင့်ပဲဖြစ်ပါတယ်။ 

အကြောင်းပြချက် _ အရာအားလုံးသည် ဖန်ဆင်းရှင် မလိုအပ်ပါ။ ဖန်ဆင်းခံအရာများသာလျှင် သို့မဟုတ် ပို၍ တိကျစွာဆိုရင်ဖြင့် ဤစကြဝဠာ နှင့် ၎င်းအားဝန်းရံထားသည့်အရာအားလုံး  ဤစကြဝဠာအပြင်ဘက်ရှိ တစုံတခု၊ အရာအားလုံး၏ တစုံတခုသော မူလရင်းမြစ် ဟာ ဖန်ဆင်းခံစရာ မလိုအပ်ပါ။ 

တကယ်တော့ အကြောင်းပြချက်က ကျွန်တော်တို့ကို ဆန့်ကျင့်ဘက်လားရာသို့ ခေါ်သွားပါတယ်။ အရာအားလုံးဟာ သူတို့ကိုယ်သူတို့ ဖန်ဆင်းတာမဟုတ်တဲ့အတွက် အစမှာ အစမရှိဘဲရှိတဲ့သူတယောက် ၊ ဖန်ဆင်းခံမဟုတ်ဘဲ ဘာကိုမှ မလိုအပ်ဘဲ ပြည့်စုံပြီးသားသူတယောက် ရှိကိုရှိရမှာပဲဖြစ်ပါတယ်။

ဒီလိုအသိတရားအလင်းအားဖြင့်  ဒီမေးခွန်းဟာ ဘာမှမဆိုင်တဲ့ မေးခွန်းဖြစ်သွားပြီး ဘာသာပြန်ရရင်ဖြင့် ဖန်ဆင်းခံမဟုတ်သော သူကို ဘယ်သူဖန်ဆင်းသလဲ ဆိုတဲ့ မေးခွန်းမျိုး သို့မဟုတ် အကြောင်းတရားမလိုအပ်တဲ့ သူကို ဘယ်အရာက အကြောင်းတရားဖြစ်ပေါ်စေသလဲ? ဆိုတဲ့ မေးခွန်းမျိုးတွေ ဖြစ်လာပါတယ်။ ဒါဟာ  “လ ပေါ်မှာ အခုဘယ်အချိန်ရှိပြီလဲ” လို့မေးတဲ့ မေးခွန်းတဲ့ မခြားပါဘူး။  နေ့တနေ့ရဲ့အချိန်ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတယောက်အတွက် လုပ်ဆောင်ဖော်ပြချက်တခုဖြစ်ပြီး ကမ္ဘာအပြင်မှာ ဆိုပါက ထိုမေးခွန်းသည် အဓိပ္ပာယ်ရှိမည်မဟုတ်ပါ။ ဟုတ်ပါတယ်။ ဒီအရာတွေအားလုံးဟာ သမ္မာကျမ်းစာလာ ဘုရားဟာ သုံးပါးတ ဆူ ဘုရားဖြစ်တယ်ဆိုတာကို သက်သေမပြထားပါဘူး။ ထိုဘုရားကတော့ သူ့ရဲ့ ထာဝရ အဖြစ်တော်ကို သက်သေများနဲ့တကွ အသိပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ သံသယဝါဒီတွေကတော့ သူတို့ ထိုဘုရားရဲ့ အမှန် တကယ်ရှိခြင်းအပေါ် သံသယရှိနေသ၍ ခရစ်ယာန်တို့ရဲ့ သမ္မာတရားကြွေးကြော်သံကို ကြားနိုင်မှာ မဟုတ်သေးဘူးလို့ ထင်မြင်မိရင်း ………..

 

ကိုးကား