Skip to content

John Wick

မျက်မှောက်တော်

ဖန်ဆင်းရှင်ထာဝရဘုရားကိုသက်ဝင်ယုံကြည်သူ၊ သားတော် သခင်ခရစ်တော် ယေရှုဘုရား ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်သူ၊ သမ္မာတရားကို အကြွင်းမဲ့ သွန်သင်ပေးတဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ ကိန်းဝပ်တော်မူခြင်းခံရတဲ့ ယုံကြည်သူ ဘုရားသားသမီး တယောက်ဟာ မိမိဆက်လက် အသက်ရှင်ရမယ့် အသက်တာမှာ ဘုရားရဲ့ အတူရှိခြင်း (တနည်း) မျက်မှောက်တော်ဟာ အလွန်အ‌ရေးကြီးပါတယ်။ အရင်ဆုံး ဘုရားရဲ့အတူရှိခြင်း (မျက်မှောက်တော်) ကို မပြောခင် ဘုရားရဲ့  “နေရာတိုင်း၌ရှိ တော်မူခြင်း”… Read More »မျက်မှောက်တော်

ထာဝရဘုရား၏ မူလ ဖန်ဆင်းခြင်းသည် ပြီးပြည့်စုံပါသလား?

စကားချီး ကမ္ဘာဦးဆိုင်ရာခရစ်ယာန်အယူဝါဒများထဲက “ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒ” (Young-Earth Creationism) နှင့် “ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒ” (Old-Earth Creationism) မိတ်ဆက်ဆောင်းပါးတွဲများကို ဖတ်ရှုလေ့လာပြီး ခုချိန်လောက်ဆိုရင် ထိုအယူဝါဒနှစ်ခု၏ တူညီမှု သို့မဟုတ် ကွဲပြားမှု အသီးသီးတို့ကို ရိပ်မိလောက်ပြီလို့ ယူဆပါတယ်။ ထိုခေါင်းစဉ်နှစ်ခုကိုတော့ Thy Logos မှ စာရေးသူတဦးက ရေးသားတင်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခုဆောင်းပါးကိုမူ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒီ (Old-Earth Creationist )… Read More »ထာဝရဘုရား၏ မူလ ဖန်ဆင်းခြင်းသည် ပြီးပြည့်စုံပါသလား?

ခရစ်ယာန်များ ပုဂ္ဂလိက အောင်မြင်မှုအား လိုက်လံဖမ်းဆုပ်သင့်ပါသလား?

ဆိုရှယ်မီဒီယာတွေပေါ်က အခြားတယောက်ယောက်ရဲ့  ဘဝကိုကြည့်မိတဲ့အခါ ဘယ်လိုကြောင့်များသူတို့က သူတို့ လုပ်တဲ့ဟာတွေအားလုံးကို လုပ်နိုင်တာလဲဆိုပြီး အံ့အားသင့်နေတဲ့ သင့်ကိုယ်သင် တွေ့ဖူးပါသလား? ကျွန်တော်တို့ အင်စတာဂရမ်ပေါ်မှာ သူတို့မာစတာဘွဲ့ ပြီးသွားကြောင်းပြောနေသူတွေ၊  ကလေးတွေ အဆက်မပြတ်မွေးနေရင်းနဲ့  တောင်အခြားစိတ်ဝင်စားတပ်မက်ဖွယ်အရာတွေကို လုပ်နေတဲ့သူတွေ၊ အလုပ်ကထွက်ပြီး ကိုယ်ပိုင်စီးပွားရေးစလုပ် နေတဲ့သူတွေ၊ ကားဝယ်တဲ့သူတွေ၊  ပိတ်ရက်အပန်းဖြေသွားနေတဲ့သူတွေ တွေ့မြင်ရပါတယ်။ တကယ်မှန် မမှန်ခနထား၊ အနည်းဆုံးတော့ ဒီလို မျိုးမြင်နေရတယ်ပေါ့။ ကျွန်တော်တို့က… Read More »ခရစ်ယာန်များ ပုဂ္ဂလိက အောင်မြင်မှုအား လိုက်လံဖမ်းဆုပ်သင့်ပါသလား?

အဘယ့်ကြောင့် ဘုရားသခင်အတွက် ဖန်ဆင်းရှင်တပါး မလိုအပ်သနည်း?

ခရစ်ယာန်တွေဟာ “ထာဝရဘုရားကို အစအဆုံးမဲ့သော အနန္တဖြစ်သော ပုဂ္ဂိုလ်တပါး” အဖြစ်လက်ခံ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဒီအဆိုကို ထောက်ပံ့ပေးဖို့ ဘယ်လိုအထောက်အထားမျိုးကို ယုံကြည်သူ တွေ ယူဆောင်လာပေးနိုင်မလဲ? ဒါကတော့ သံသယဝါဒီတွေဘက်က ပြောလေ့ရှိတဲ့ ယုံကြည်သူတွေ အတွက် ဘုံ စိန်ခေါ်မှုတရပ်ပဲ ဖြစ်တယ်။ တစုံတယောက်က “အထောက်အထား” ကိုတောင်းတဲ့အခါ ပုံမှန်အားဖြင့် သက်သေအဖြစ်ဖော်ပြချက်တွေ၊ (သို့) စာရွက်စာတမ်းတွေ (သို့) ဖြစ်ရပ်အတွင်းကျန်ခဲ့တဲ့… Read More »အဘယ့်ကြောင့် ဘုရားသခင်အတွက် ဖန်ဆင်းရှင်တပါး မလိုအပ်သနည်း?

“ချစ်ခြင်းမေတ္တာအား ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုခြင်း” သည် “အမှန်တရားဆုံးရှုံးခြင်း” ဆိုသည့်ရလဒ်ပေါ်ထွက်လာစေသည်

သင်ဟာ သင့်ရဲ့ မိခင်ကို မိခင်တယောက်အနေနဲ့ ချစ်လို့ ရတယ်၊ ဒါပေမယ့် သင့်ရဲ့ ရည်းစား (သို့) ဇနီးမယားတယောက်အနေနဲ့ ချစ်လို့ မရပါဘူး။ ဒီသဘောအတိုင်းပါပဲ တစုံတယောက်ကို ချစ်တယ် ဆိုတာဟာ ကောင်းတဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါဟာ “ပုဂ္ဂိုလ်စွဲမပါပကတိ ရှိနေတဲ့ စောင့်စည်းအပ်တဲ့ကျင့်ဝတ်” (Objective Moral Standard) ကိုအခြေပြုထားတဲ့ မှန်ကန်သော နည်းလမ်းနဲ့သာ… Read More »“ချစ်ခြင်းမေတ္တာအား ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုခြင်း” သည် “အမှန်တရားဆုံးရှုံးခြင်း” ဆိုသည့်ရလဒ်ပေါ်ထွက်လာစေသည်

ငါပေးသော ရေ

ဒီမနက် သမ္မာကျမ်းစာ ဖတ်ရင်းနဲ့ မိမိခံစားရတဲ့ အကြောင်းအရာလေး ဝေမျှချင်စိတ်ပေါ်လာလို့ပါ။ရှင်ယောဟန် ခရစ်ဝင် အခန်းကြီး ၄ မှာ သခင်ယေရှုဘုရားက ခရီးသွားရင်း ပင်ပန်းလို့ ရှမာရိ မိန်းမတယောက်ဆီက ရေတောင်းသောက်ပါတယ်။ သခင်ယေရှုက ယုဒ အမျိုးအနွယ်ဖြစ်ပါတယ်။ ယုဒလူမျိုးတွေဟာ ရှမာရိ လူမျိုးတွေနဲ့ ပေါင်းဖော်ခြင်းမရှိကြပါဘူး။ ဒါကြောင့် ထို ရှမာရိမိန်းမက သူ့ဆီကို ယုဒလူမျိုး တယောက်ဖြစ်တဲ့သခင်ယေရှုက ဘာလို့ လာပြီး ရေတောင်းသောက်သလဲဆိုတဲ့အပေါ်… Read More »ငါပေးသော ရေ

၂၀၂၁ အား မြော်လင့်ခြင်း

ဗျာဒိတ် ၂:၁ မှာ သခင်ဘုရားက ကျွန်တော်တို့ရဲ့ “အကျင့်ကျင့်ခြင်း” (Work) “ပင်ပန်းစွာ လုပ်ဆောင်ခြင်း” (Labor) “သည်းခံခြင်း” (Patience) စတာတွေကို သူသိပါတယ်တဲ့။ ဒါပေမဲ့ ထိုအရာတွေချည်းသက်သက်နဲ့တော့ အဆင်မပြေဘူး လို့ သခင်က သတိပေးနေပါတယ်။ တမန်ေတာ်ကြီးရှင်ပေါလု ပြောခဲ့သလို ယုံကြည်သူတိုင်းဟာ ပြိုင်ပွဲ ထဲမှာရှိနေပါတယ်၊ → ပြိင်ပွဲရဲ့ ပန်းတိုင်ကတော့ ဧဖက် ၄:၁၃… Read More »၂၀၂၁ အား မြော်လင့်ခြင်း

သန့်ရှင်းသော သုံးပါးတဆူ ထာဝရဘုရား – အပိုင်း (၂)

သုံးပါးတဆူ ထာဝရဘုရား ယုံကြည်မှုသည် ခရစ်ယာန်တို့၏ ပင်မယုံကြည်ချက်ကြီးများထဲမှ တခုဖြစ်ပေသည်။ ခရစ်ယာန်တယောက်အနေဖြင့် ဤယုံကြည်မှုကို ရှင်းလင်းပြတ်သားစွာ သိရှိပြီး ယုံကြည်ထားရပေမည်။ သုံးပါးတဆူ ထာဝရဘုရား ယုံကြည်မှုသည် မည်မျှအရေးကြီးပါသနည်းဟု မေးပါက သင်သည် သုံးပါးတဆူ ထာဝရဘုရားအား မယုံကြည်ငြင်းပယ်ပါက မိမိကိုယ်ကို “ခရစ်ယာန်” အဖြစ် သမုတ်၍ပင် မရနိုင်လောက်အောင် အရေးကြီးပါသည်။ အကြောင်းမှာ ထိုအယူဝါဒသည် မည်သည့် ဘာသာတရားတွင်၌မျှ… Read More »သန့်ရှင်းသော သုံးပါးတဆူ ထာဝရဘုရား – အပိုင်း (၂)

သန့်ရှင်းသော သုံးပါးတဆူ ထာဝရဘုရား – အပိုင်း (၁)

သုံးပါးတဆူ ထာဝရဘုရား ယုံကြည်မှုသည် ခရစ်ယာန်တို့၏ ပင်မယုံကြည်ချက်ကြီးများထဲမှ တခုဖြစ်ပေသည်။ ခရစ်ယာန်တယောက်အနေဖြင့် ဤယုံကြည်မှုကို ရှင်းလင်းပြတ်သားစွာ သိရှိပြီး ယုံကြည်ထားရပေမည်။ သုံးပါးတဆူ ထာဝရဘုရား ယုံကြည်မှုသည် မည်မျှအရေးကြီးပါသနည်းဟု မေးပါက သင်သည် သုံးပါးတဆူ ထာဝရဘုရားအား မယုံကြည်ငြင်းပယ်ပါက မိမိကိုယ်ကို “ခရစ်ယာန်” အဖြစ် သမုတ်၍ပင် မရနိုင်လောက်အောင် အရေးကြီးပါသည်။ အကြောင်းမှာ ထိုအယူဝါဒသည် မည်သည့် ဘာသာတရားတွင်၌မျှ… Read More »သန့်ရှင်းသော သုံးပါးတဆူ ထာဝရဘုရား – အပိုင်း (၁)