Skip to content

ရှင်မာကု အခန်းကြီး ၅ တွင် တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲသော အမျိုးသမီးတစ်ဦးအား မြင်တွေ့ရသည်။ ထိုအမျိုးသမီး၏ အခြေအနေသည် “မျှော်လင့်ချက်မရှိ၊ လမ်းဆုံးနေသောသူ၊ နာကျင်နေရသူ၊ အထီးကျန်နေရသူ၊ အဖော်မဲ့နေသူ” …

နည်းလမ်းမျိုးစုံနှင့် သမားတော်ပေါင်းများစွာတို့နှင့် စမ်းသပ်ကုသခဲ့ပြီးပြီဖြစ်သော်လည်း အားလုံး၏ ခေါင်းခါ လက်လျှော့ခြင်းကို ခံခဲ့ရသူဆိုရင်လည်း မမှားပါချေ။

စည်းစိမ်လည်းကုန်၊ အချိန်ကုန် လူပန်းဖြစ်ခဲ့ရကာ လုံးပါးပါးရင်း “စိတ်ပိုင်းဆိုင်ရာနာကျင်မှု (Emotional Pain) နှင့် ခန္ဓာပိုင်းဆိုင်ရာ (Physical Pain)” တို့ကို နှစ်လ ကြာရှည်စွာ ရင်ဆိုင်ခံစားခဲ့ရသူသည် ထိုအမျိုးသမီးပင် …

သွေးသွန်နာစွဲသူဖြစ်သဖြင့် “မသန့်ရှင်းသူ၊ လူကြားထဲသွားလျှင် ခဲနှင့်ပေါက်သတ်ခံရနိုင်သူ” စသဖြင့် သီးခြားနေရမည့် အမျိုးသမီးဟုလည်း သတ်မှတ်ခံထားရသူဖြစ်သည်ဟု ထိုကာလ၏ ယဥ်ကျေးမှု ဓလေ့ထုံးစံ “Culture Background, Tradition” များအရ သိနိုင်ပေသည်။

သူ၏ စိတ်အခြေအနေသည် မျှော်လင့်ချက်မရှိတော့ဘူးဟူ၍ သော်လည်းကောင်း၊ စိတ်ပျက်လက်ပျက်နှင့် စိတ်ဓါတ်ကျနေမည်ဖြစ်သကဲ့သို့ ရုပ်ပိုင်းဆိုင်ရာအရလည်း နာကျင်ကာ၊ အားပျက်၍ လှုပ်ရှားရန်လည်း ခက်ခဲနေမည့် အခြေအနေဟုဆိုရလျှင်လည်း မှားမည်မထင်ပါ။ ထို့ကြောင့် ထိုအမျိုးသမီး၏ “Emotional Pain နှင့် Physical Pain” သည် နယ်နယ်ရရတော့ မဟုတ်ပါ။

သို့သော် သခင်ယေရှု၏ သတင်းကို ကြားသည့်အခါတွင် … သူလက်မနှေးခဲ့ … ထိုအခွင့်အရေးအား အမိအရဖမ်းခဲ့သူလည်းဖြစ်သည်။ ဓလေ့ထုံးစံအရ လူကြားထဲသွားလျှင် ခံရနိုင်ချေရှိသည့် အန္တရာယ်အား ဂရုမစိုက်နိုင်တော့ဘဲ အဝတ်တော်ကို တို့လျှင်ဆိုသည့် ယုံကြည်ခြင်းသည် အံ့ဩစရာပင်မဟုတ်ပါလား …

ရှင်မာကုခရစ်ဝင် ၅:၃၄
ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။

ထိုသခင် သည် “Jehovah-Rapha” (The LORD who heals Physical and emotional needs) ဖြစ်ပေသည်။ ယေဟောဝါ ရာဖ (ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များအား ကုသပေးနိုင်သော ဘုရား) … (ထွက်မြောက်ရာကျမ်း ၁၅ : ၂၂-၂၆)
ထိုသက်သေသည် သွေးသွန်နာစွဲသော အမျိုးသမီးအပေါ်၌ ထင်ရှားစေခဲ့သည်မဟုတ်ပါလား …

တခါတရံတွင် သခင်ယေရှုထံသို့ ရောက်နိုင်ရန် ဆီးတားလေ့ရှိသည့် ဓလေ့ထုံးစံ၊ မိရိုးဖလာ၊ အတွေးအခေါ်၊ အကြံအစည်၊ အသိုင်းအဝိုင်း စသည့် အမျိုးမျိုးသော အရာများရှိနေနိုင်သော်လည်း ယနေ့ သင်လက်မနှေးပါစေနှင့် … ထိုအမျိုးသမီးကဲ့သို့ မိမိကိုယ်တိုင် မကယ်တင်နိုင်၊ သူများ မကယ်တင်ပေးနိုင်သော အခြေအနေများဖြစ်သည့် (ကောင်းမှု၊ ကုသိုလ်၊ အကျင့် … စသဖြင့်) တမလွန်အရေးသည်လည်း ထိုနည်းလည်းကောင်းပင် … သို့သော် သခင်ယေရှုသည် မိတ်ဆွေနှင့် ကျွန်ုပ်၏ အပြစ်အတွက် လက်ဝါးကားတိုင်တွင် ပေးဆပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သင်ကိုယ်တိုင် မတတ်နိုင်မှန်း၊ မကျင့်ကြံ မလုပ်ဆောင်နိုင်မှန်း၊ သူတပါးမကယ်တင်နိုင်မှန်း သိလျှင် “မိတ်ဆွေ သင်လက်မနှေးပါစေနှင့်” … ယုံကြည်ခြင်းတစ်ခုသာ ရှိပါ။ ထိုသခင်အား ယုံကြည်ခြင်းနှင့် တို့ထိကာ မိမိ၏ အသက်သခင် ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံချင်တယ်ဆိုလျှင်တော့ …

ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။