Skip to content

Titus Kyaw Nyi

ပဋိပက္ခ – ၂၆

တစ်ဦးနှင့်တစ်ဦး စိတ်သဘောထား မတိုင်ဆိုင်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အလိုမတူခြင်း၊ အဆင်မပြေ ၊ အဆင်မသင့်ခြင်းများသည် လူတိုင်း၊ နေရာတိုင်း၊ လုပ်ငန်းခွင်၌ဖြစ်စေ၊ မိသားစု၌ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေရှိကြစမြဲပင် … ထိုအဆင်မပြေ အလိုမကျ၊ သဘောထား မတိုက်ဆိုင်ခြင်းများကြောင့် တစ်ယောက်နှင့်တစ်ယောက် ရန်သူဖြစ်သွားကြခြင်း၊ မိသားစုအချင်းချင်း မုန်းသွားကြခြင်း၊ လုပ်ငန်းခွင်၌ ထိခိုက်ဆုံးရှုံးရခြင်းတို့နှင့် အသင်းတော်ပြိုကွဲရခြင်း၊ နှစ်ခြမ်းသုံးခြမ်းကွဲရခြင်းတို့သည် ဤပဋိပက္ခတစ်ခုမှပင် အစပြုလေ့ရှိသည်။ ထိုပဋိပက္ခကြီးတစ်ခုကို သင်နှင့်ကျွန်ုပ်တို့သာမက… Read More »ပဋိပက္ခ – ၂၆

ပဋိပက္ခ – ၂၅

ကိုမျိုးကြီး၏ “3AM” သီချင်းအား နားထောင်တိုင်း နားထောင်တိုင်းတွင် စာသားတစ်ခုကို အမြဲတမ်းလိုလို မတင်မကျနှင့် နားမလည်သလိုလို နားလည်သလိုလိုနှင့်သာ နားထောင်ခဲ့သည်မှာ အကြိမ်ကြိမ် … “တမှေးမှ မရတဲ့ ငါ့ရဲ့ညတွေ ကုန်လွန်ခဲ့ပြီ” ဆိုသော နေရာရောက်တိုင်းရောက်တိုင်း “မိန်းမမရတဲ့ ငါ့ရဲ့ညတွေ ကုန်လွန်ခဲ့ပြီ” လို့သာကြားကြားမိခဲ့လေရဲ့ … ဒီနေ့ အဲဒီနေရာအရောက်မှာတော့ သေချာလေးသတိထားနားထောင်မိကာမှ စာသားအမှန်ကို သိခဲ့ရလေသည်။ ဤသို့… Read More »ပဋိပက္ခ – ၂၅

အသက်ရှိသ၍

ရက်လနှစ်များ တရွေ့ရွေ့ပြောင်းလဲလာခဲ့သည်ဖြစ်သော်လည်း ကျွန်တော် ကျွန်မ အယောက်စီတိုင်း၏ စိတ်နှလုံးသားထဲတွင် တစ်ခုခုအလိုမကျသည့် စိတ်၊ မျှော်လင့်ချက် ပျောက်ဆုံးနေသည့် ခံစားချက်၊ ဆုံးရှုံးခြင်း နာကျင်ခြင်း ငိုကြွေးခြင်းထဲ၌ တဝဲဝဲလည်နေသည့် အခြေအနေများသည် မျှော်လင့်စရာကိုပင် မမျှော်လင့်ရဲလောက်အောင်ကို ရက်ဟောင်း လဟောင်း နှစ်ဟောင်းနှင့်အတူတူ မြေမြုပ်ပစ်ချင်စရာများဖြစ်နေပြီလား …မျှော်လင့်ခြင်းများသည် ဖင့်နွဲ့ကာ တရွေ့ရွေ့နှင့်သာ မှေးမှိန်လာကာ “ငါ မျှော်လင့်ခဲ့ဖူးပါလား၊ တော်ပါပြီ မထူးတော့ဘူး”… Read More »အသက်ရှိသ၍

UNBREAKABLE PRAISE

၁၃၈ ခုမြောက်သောဆာလံသည် ချီးမွမ်းခြင်းဆာလံတစ်မျိုးဖြစ်သည်။ “Individual hymn, Thanksgiving song” ဟုနားလည်ရသကဲ့သို့ ဒါဝိဒ်ကြီးစပ်ဆိုသည်ဟု သိရပါသည်။ ဤဆာလံ၏ Theme သည် “ဆုတောင်းခြင်း၏ အဖြေများအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းမျိုး” ပင် … ထို့ကြောင့် ဒါဝိဒ်၏ ခက်ခဲမှုများ၊ နာကျင်ခဲ့ရမှုများ၊ ငိုကြွေးခဲ့ခြင်းများ၏ အဖြေအတွက် ချီးမွမ်းခြင်းမျိုးလော … သို့တည်းမဟုတ် သူ့ဘဝ၏ အခြေအနေအရပ်ရပ်တို့အား ပြန်လည်သုံးသပ်… Read More »UNBREAKABLE PRAISE

ဘုရားသခင်ပင်ဖြစ်သည်

ရံဖန်ရံခါတွင် အမှုတော်မြတ်၌ ပါဝင်လှုပ်ရှားကြရင်းသော်လည်းကောင်း ဧဝံဂေလိသတင်းကောင်း ဝေမျှရင်းဖြင့်သော်လည်းကောင်း ကျွန်တော်တို့၏ စိတ်နှလုံးထဲ၌ ပူပန်ခြင်းနှင့် စိုးရိမ်မှုများ အလှည့်ကျ ခိုအောင်းလေ့ရှိကြသည်။ (၁) လုပ်ဆောင်တာ အဆင်မှပြေရဲ့လား။ (၂) ကြားတဲ့သူတွေ နားလည်ပါ့မလား။ (၃) အရာမှထင်ရဲ့လား။ (၄) ရည်ရွယ်ထားသလောက် ထိရောက်ပါရဲ့လား။ … စသဖြင့် စိုးရိမ်မှုများသည် အနည်းနှင့်အများတော့ ရှိနေတတ်ကြသည် မဟုတ်ပါလား … တစ်ခါတစ်ခါတွင်လည်း… Read More »ဘုရားသခင်ပင်ဖြစ်သည်

လက်ဆောင်

“လက်ဆောင်” ဟု ဆိုလိုက်လျှင် ကောင်းမွန်သော အငွေ့အသက်တစ်ခုအား ခံစားမိတတ်ကြမည်။ မျက်လုံးထဲတွင်လည်း ပါဆယ်ထုတ်ထားသော ပစ္စည်းတစ်ခုခုအား ပြေးမြင်မိလေ့ရှိကြပါလိမ့်မည်။ ထို့အတူ လက်ဆောင်ရလျှင် ပျော်တတ်ကြသူများရှိသကဲ့သို့ လက်ဆောင်ပေးခြင်းအား နှစ်သက်သူများလည်းရှိကြသည်။ လက်ဆောင်ပေးခြင်းသည် ထိုသူအပေါ်၌ ဂရုစိုက်ခြင်း သို့တည်းမဟုတ် စေတနာရှိခြင်းများကြောင့်ဟု ဆိုနိုင်သကဲ့သို့ ထိုလက်ဆောင်အားလက်ခံရရှိသူသည်လည်း ပေးသူ၏ စိတ်အား ခံစားရနိုင်သကဲ့သို့ ဝမ်းမြောက်ဝမ်းသာစိတ်နှင့်လည်း ပျော်ရွှင်ခံစားရလေ့ရှိပါသည်။ ယခုကာလသည် လက်ဆောင်များ ပေးလေ့… Read More »လက်ဆောင်

မစိုးရိမ်နဲ့ အားယူပါ

“ကိစ္စများမြောင် ဤလူ့ဘောင်” ဟု ဆိုသည့်အတိုင်း ကျွန်တော်တို့ စားရေးသောက်ရေး၊ နေရေးထိုင်ရေး ကိစ္စအဝဝတို့သည့် တစ်နေ့ထက် တစ်နေ့ ရှုပ်လွန်းထွေးလွန်းလှပေသည်။ အလုပ်ကိစ္စလည်း ပူရပန်ရ၊ သားသမီးရေးလည်း ပူရပန်ရ၊ မိသားစုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နေရေးထိုင်ရေး စသဖြင့် ပူပန်ရလွန်းလှသည်မှာလည်း ဤလူ့ဘောင်ပေတည်း။ စိုးရိမ်မှုပေါင်း သောင်းခြောက်ထောင်အား ရင်ဝယ်ပိုက်ကာ ရင်တမမနှင့် ဖြတ်သန်းလာခဲ့ကြသည်မှာ အတော်အသင့်တော့ ခရီးရောက်ခဲ့ကြပေမှာ… Read More »မစိုးရိမ်နဲ့ အားယူပါ

ထာဝရဘုရားအား ချီးမွမ်းလော့

ဘုရားသခင်အား ချီးမွမ်းကိုးကွယ်ခြင်းသည် ကျွန်ုပ်တို့၏ အရှိအတိုင်း၊ အဖြစ်အတိုင်း၊ အတွင်းနှလုံးသားထဲမှ ကိုးကွယ်ခြင်းဖြစ်စေရန် အလွန်အရေးကြီးသည်။ ချီးမွမ်းထိုက်သည့် ဘုရားရှင်ဖြစ်သောကြောင့် ချီးမွမ်းကြသည်ကို မမေ့သင့်သကဲ့သို့ ကိုးကွယ်ထိုက်သည့် ဘုရားရှင်ဖြစ်သောကြောင့် ကိုးကွယ်ကြသည်ကိုလည်း သတိချပ်ရပေမည်။ ကျွန်တော်တို့သည် လူဖြစ်သည့်အားလျော်စွာ လူ့သဘာဝအတိုင်း တွေးမိ မြင်မိ ခံစားမိတတ်ကြသည်။ “ငါအရမ်းတီးခတ်တတ်လို့ ဘုရားသခင်နှစ်သက်တယ် သို့မဟုတ် ငါ မတီးခတ်တတ်လို့ ဘုရားသခင် မကြိုက်ဘူး” စသဖြင့်… Read More »ထာဝရဘုရားအား ချီးမွမ်းလော့

DO NOT DEFER

ကျွန်ုပ်တို့ မြင်တွေ့ရလေ့ရှိသော လောကသဘာဝသည် သူတပါးအား မိမိ၏ ကူညီလုပ်ဆောင်ပေးခြင်းတန်ဖိုးကို တွက်ချက်လေ့ရှိသည်။ ချက်ခြင်းလုပ်ဆောင်ပေးခြင်းသည် တန်ဖိုးလျော့သည် တန်ဖိုးကျသည်ဟု ယူဆလေ့ရှိသည်။ လူတစ်ဦး၏ တောင်းဆိုမှုတစ်ခုအား လုပ်ပေးလျှင် ရနိုင်ပါသော်လည်း ချက်ခြင်း မိမိ၏အကူအညီရသွားလျှင် တန်ဖိုးကျသည် သို့တည်းမဟုတ် မိမိအား ဈေးပေါသည်ဟု ထင်မှတ်မည်စိုး၍ (အလုပ်ကိစ္စ၌ဖြစ်စေ၊ အကူအညီ၌ဖြစ်စေ စသဖြင့်) အချိန်ဆွဲလေ့ဆွဲထရှိကြသည်မှာ ဤလောက နိယာမတစ်ခုပင် …အကူအညီပေးနိုင်ပါလျက် အချိန်ဆွဲခြင်း၊… Read More »DO NOT DEFER