ကာဣန၏ ယဇ်ပူဇော်ခြင်းနှင့် ညီအကိုချင်း ရန်ပြုကာ သတ်မိခြင်းကို ကျွန်ုပ်တို့ သိထားပြီး ဖြစ်ကြပေလိမ့်မည်။ ဤသည်မှာ ကမ္ဘာ့ပထမဦးဆုံး လူသတ်မှုနှင့် ကမ္ဘာ့ပထမဦးဆုံးသော မနာလိုမှုပေတည်း … သို့တည်းသာမက ဘုရားသခင်အား “Am I my brother’s keeper” “အကျွန်ုပ်သည် ညီကိုစောင့်ရသောသူ ဖြစ်သလား” ဟုပင် မချေမငံပြော၍ ရွဲ့စောင်းကာ မေးခွန်းပြန်ထုတ်ခဲ့သူသည်လည်း ကာဣနပင် …
ထိုအမှုအရာများ ပြီးဆုံးချိန် ဘုရားသခင်ထုတ်ဖော်ပြောချိန်မှာတွင်ပင် ကာဣန၏ ပြောစကားမှာ “အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင်ကြီးပါသလော” ဟုဆိုနေသေး၏။ “My punishment is greater than I can bear” ဟုသာ …
စစချင်းအချိန်များကို ပြန်လည်ကာ ဆင်ခြင်ကြည့်ရမည်ဆိုလျှင် သူသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းအတွက် သွားဖို့ရာ ပြင်ဆင်နေစဥ်မှာပင်လျှင် သတ်မှတ်ချက်အား မလိုက်နာခဲ့ဘဲ မိမိ၏ စိတ်ထဲ၌ ကောင်းမည်ထင်ရာကိုသာ ရွေးယူခဲ့သူ၊ စံချိန်မမီသည့် သူ၏ ပူဇော်သက္ကာအား အသိအမှတ်မပြုသဖြင့်လည်း မျက်နှာပျက်ကာ အလွန်စိတ်ဆိုးတတ်သူ မဟုတ်ပါလား …
ကမ္ဘာဦးကျမ်း ၄:၇
သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာမပြုလျှင်၊ အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာဝပ်လျက်ရှိ၏။ သူသည်သင်၏အလိုသို့လိုက်၍၊ သင်သည်သူ့ကိုအုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။
ထိုအချိန်မှာပင်လျှင် သတိပေးနေသော ဘုရားစကားကို သတိမထားဘဲ ထိုစကားထက် သူ့စိတ်ဆန္ဒနောက်ကိုသာ လိုက်လံပြုမူခဲ့သူသည်လည်း ကာဣနပင် … အင်္ဂလိပ်ကျမ်းစာတွင်တော့ ယခုကဲ့သို့တွေ့ရသည် “sin lies at the door” … ကာဣနကဲ့သို့ ကျွန်ုပ်တို့အားလည်း သတိပေးနေသည့်နှယ်ပင် … “you should rule over it” ထိုအပြစ်၏ သွေးဆောင်ခြင်းအား “rule over” မလုပ်လျှင် ကာဣနအလား ကျရှုံးရပေတော့မည် မဟုတ်ပါလား …
“must master, rule over” ကို ‘Hebrew’ စကားအရ ‘mashal’ ဟုခေါ်ဆိုသကဲ့သို့ “to rule, reign, have dominion” ဟုလည်း အဓိပ္ပါယ်ရကာ ဓမ္မဟောင်းကျမ်းထဲတွင် “၈၁” ကြိမ် တွေ့ရပေသည်။
ထို့ကြောင့် တနေ့ထက် တနေ့ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင် ကျွန်ုပ်တို့၏ စိတ်နှလုံးဝန်းကျင်၌ “sin lies at the door” ဟု ကာဣနအား ဘုရားသခင်၏ သတိပေးစကားကို ဆင်ခြင်ကာ ထိုတိုက်ပွဲကို ကာဣနကျရှုံးခဲ့သော်လည်း ကျွန်ုပ်တို့ နေ့စဥ်နှင့်အမျှ ရင်ဆိုင်နေရသော “temptation” တိုက်ပွဲများကို “we should rule over it” ယနေ့ ကျွန်ုပ်တို့ ယုံကြည်သူများသည် အုပ်စိုးကာ အနိုင်ယူကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။
