Skip to content
 
 
 
လူ

 

  • ယာယီကို ထာဝရမှတ်လို့
    ရှင်သန်ရာ ခေတ္တစခန်းထဲ
    ယစ်မူးနေခဲ့ အနတ္တတွေ…။
  • အဖြူကို ဖြူမှန်းသိလည်း
    မလွန်ဆန်နိုင် ဇာတိတရားအောက်
    ငါတို့တွေ ဆက်ပြီးတော့ မည်း…။
  • ထူးမလာ ဒီဘဝထဲ
    ရှင်လျှက်နဲ့ အသက်မဲ့နေခဲ့
    ကုသိုလ်တစ်ပဲ ငရဲကတစ်ပိဿာ…။
  • ဟန်ဆောင်ကာ ဘာသာတရားထဲ
    အရောင်ခြယ် ခုတုံးလုပ်လည်း
    သေချာတယ်မိတ်ဆွေ
    လူဆိုတာမျိုးက ငရဲ…။