Skip to content

An Abiding Branch

The LORD’s Day or Resurrection Day or Easter Sunday

ရှင်ပြန်ထမြောက်ခြင်းနေ့ အမည်နဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်အမျိုးမျိုး ပြောဆိုနေကြတာကို တွေ့မြင်နေရပါတယ်။ တစ်ချို့ယူဆချက်တွေက အချက်အလက်ကျကျ သင့်လျော််မှု ရှိကြပေမဲ့ အချို့ကြတော့လည်း တစ်ဖက်စောင်းပိတ် ပြောနေပြီး သူတို့ သဘောမကျတဲ့ နေ့ရက်တွေကိုပဲ သဘောကျစွာ အသုံးပြုပြီး အတန်းရှင်း ယူနေကြတာမျိုးတွေလည်း ရှိကြပြန်တယ်။ စာရေးသူကတော့ ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး သတိမပြုမိကြမှာ စိုးလို့ပဲဖြစ်ဖြစ်၊ သိနှင့်ပြီးသောသူတွေကို ပြန်လည် သတိပေးချင်လို့ရယ် …. ကိုယ်တိုင် ဆင်ခြင်မိတဲ့… Read More »The LORD’s Day or Resurrection Day or Easter Sunday

သမ္မာကျမ်းစာကို မှန်ကန်စွာ ပိုင်းခြားခြင်း

သင်​မူ​ကား၊ ဝန်​ခံ​တော်​မူ​သော​သူ၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ၊ သ​မ္မာ​တ​ရား​ကို မှန်​ကန်​စွာ ပိုင်း​ခြား​တတ်​သော ဆ​ရာ​သ​မား​ဖြစ်​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၌ ကိုယ်​ကို​ကိုယ် ဆက်​သ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လော့။-” တိ မော သေ ဩ ဝါ ဒ စာ ဒု တိ ယ စောင် ၂:၁၅ ယုံကြည်သူတွေကို လှည့်စားဖို့အတွက် စာတန်ရဲ့လမ်းစဉ်ဟာ အမှန်တဝက်ချပြပေးခြင်း ဖြစ်တယ် (အကယ်စင်စစ် အမှန်တဝက်ဆိုသည်မှာ… Read More »သမ္မာကျမ်းစာကို မှန်ကန်စွာ ပိုင်းခြားခြင်း

“ဘုရားသခင် ကျွန်တော့်ကို မချစ်ဘူး”

သမီးလေးကို အိပ်ဖို့ပြောတယ် (ဒီအရွယ်က အိပ်ရမယ့်အရွယ်၊ အိပ်သင့်တဲ့အချိန်)… မအိပ်ဘူးဆိုပြီး ဟိုပြေးဒီပြေးလုပ်နေတော့ လှမ်းပြောလိုက်တယ် .. “အိပ်လို့ … ပါးပါး ကောင်းကောင်းပြောနေတယ် ..”  သူ နားမထောင်ဘူး၊ ဂရုမစိုက်ဘူး။ ကျွန်တော် လေသံကို မြှင့်လိုက်တယ်၊ စကားလုံးတွေက တိုလာတယ် …”အိပ်တော့လို့ ပြောနေတယ်” ဒါနဲ့ ကုတင်ပေါ် သူ ပြေးတက်လာတယ် … ကျွန်တော်လည်း… Read More »“ဘုရားသခင် ကျွန်တော့်ကို မချစ်ဘူး”

ဘုရားပေးသော ဆုကျေးဇူးသည် ဝါကြွား၊ ထောင်လွှားဖို့ရန် မဟုတ်

ယခုဆောင်းပါးသည် ဧဖက် ၄း၇-၁၃ လေ့လာခြင်း အနှစ်ချုပ်ဖြစ်ပါတယ်။ အခန်းငယ် ၇ မှာ ဘာပြောထားသလဲဆိုရင် ..ယုံကြည်သူတိုင်းမှာ ဘုရားသခင်ပေးထားတဲ့ ဆုကျေးဇူးကိုယ်စီရှိပါတယ်။သားတော်ယေရှုရှင်ဟာ ဆုကျေးဇူးကို ပေးသူဖြစ်ပါတယ်။ သူပေးတဲ့အတိုင်းသာ ကျွန်ုပ်တို့ဟာ ဆုကျေးဇူးကို အသီးသီးရရှိကြတာ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆု‌တောင်းပေးလို့ ရတာမျိုးဆိုတာက ကျမ်းစာရဲ့ သွန်သင်ချက်နဲ့ မကိုက်ညီပါဘူး။ နောက်ပြီး ဆုကျေးဇူး ရဲ့ မူရင်းအဓိပ္ပာယ်က “ကျေးဇူးတော်”… Read More »ဘုရားပေးသော ဆုကျေးဇူးသည် ဝါကြွား၊ ထောင်လွှားဖို့ရန် မဟုတ်

ဂရုစိုက်ပါ … မပေါ့ဆပါနှင့်

လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေကို မသိသလို နေလိုက်တာက ဝိညာဉ်ရေးရာကို မထိခိုက်စေဘူးတဲ့လား … အဲဒါဆိုရင် မှားတယ်။ လက်ရှိ အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေကို ဆိုးရွားစွာ ခံစားနေရတဲ့သူတွေကို ကြည့်ပြီး သနားတဲ့စိတ် … မတရားမှုကို ရွံရှာတဲ့စိတ် … မရှိဘဲ ကူညီလိုမှုကင်းတဲ့စိတ် … လျစ်လျူရှုလိုသောစိတ် ရှိနေတာက ဝိညာဉ်ရေးရာ အတော် ထိခိုက်နေပြီဆိုတာ သိရမယ်။ ဘေးက… Read More »ဂရုစိုက်ပါ … မပေါ့ဆပါနှင့်

ပန်းတိုင်

ပန်းတိုင်က ကောင်းကင်ထိလေ …ဘယ်လိုလုပ်ပြီး လောက က ခဏတာအောင်မြင်မှုတွေနဲ့တင် အလိမ်ခံနေရတာတုန်း။ လောကမှာ ခဏကျရှုံးမှုတွေနဲ့တင် ဘာကြောင့် လက်မြောက်ရမှာတုန်း။ (လောကကြီးကိုယ်၌က ခဏတာ ယာယီနော်) ဒီကမ္ဘာမှာ ဘာဖြစ်သလဲ။ဒီကမ္ဘာမှာ ဝင်ငွေဘယ်လောက်ရလဲ။ဒီကမ္ဘာမှာ ပညာဘယ်လောက်တတ်သလဲ။ဒီကမ္ဘာမှာ ဘယ်လို အောင်မြင်နေသလဲ။ဒီကမ္ဘာမှာ ဘယ်လောက် နာမည်ကြီးနေသလဲ။ သို့မဟုတ် ဒီကမ္ဘာမှာ ဆင်းရဲရလို့ … ဒီကမ္ဘာမှာ ညှဉ်းဆဲခံရလို့ …ဒီကမ္ဘာမှာ အသတ်ခံရလို့ …ဒီကမ္ဘာမှာ… Read More »ပန်းတိုင်

သခင့်အလိုတော်ရှိသည်အတိုင်း

တစ်ခါတလေ ဖြောင့်မတ်ခြင်းအတွက်နဲ့ ဆင်းရဲဒုက္ခခံဖို့ကို ဘုရားသခင်က ခွင့်ပြုတာတင်မဟုတ်ဘူး အလိုတော်ရှိနေတာမျိုး … ဘာလို့လဲဆိုတော့ ဖြောင့်မတ်ခြင်းအတွက်နဲ့ ဆင်းရဲဒုက္ခကို ခရစ်တော်၌/ခရစ်တော်အားဖြင့် ရရှိထားသော မျှော်လင့်ချက်နဲ့အတူ ခံယူရဲတဲ့ သူတွေရဲ့ အသက်တာကို ကြည့်ပြီး ထိုမျှော်လင့်ခြင်း အကြောင်းကို လူတွေ မေးမြန်းလာစေဖို့ ဖြစ်တယ်။ ဒါဟာ ဘုရားရဲ့ ကြီးမြတ်တဲ့ အကြံစည်ပါပဲ။ ဆင်းရဲခြင်းကို ရင်းလိုက်ရပေမဲ့ ဖြောင့်မတ်ခြင်းကို မဆုံးရှုံးရတဲ့… Read More »သခင့်အလိုတော်ရှိသည်အတိုင်း

သတိ

“ကပ်ရောဂါ‌ တွေလာပြီလို့ သတင်းတက်လာတော့ ကျွန်တော်တို့ ကိုယ်ခံအားကောင်းအောင်ပြင်ဆင်ကြတယ်။ သမ္မာကျမ်းစာက ခရစ်တော် ပြန်လာနေပြီလို့ ပြောတော့ ကျွန်တော်တို့တွေ နားတောင်မယားဘူး။” “စစ်တွေဖြစ်နေပြီဆိုတော့ လိုအပ်တာတွေ ဝယ်ခြမ်းပြင်ဆင် ရှောင်ပုန်းနေကြတယ်။ ခရစ်တော်ပြန်လာတော့မယ်လို့ ပြောတော့ ပုံပြင်ဟောင်းကြီးပါဆိုပြီး ဂရုတောင်မစိုက်ဘူး။” “စီးပွားရေးတွေ ခက်ခဲလာလိမ့်မယ် ဆိုတော့ စိုးရိမ်လိုက်ကြတာ စုထားဆောင်းထားလိုက်ကြတာ။ ခရစ်တော်ပြန်လာတော့မယ်လို့ ပြောတော့ ကိုယ်နဲ့မဆိုင်သလို လစ်လျူရှုနေကြတာ လှည့်ကိုမကြည့်ဘူး။” #သတိ

ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း

“သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​လုပ်​ဆောင်​မှု၊ မေတ္တာ​ဖြင့်​ကြိုး​ပမ်း​အား​ထုတ်​မှု​နှင့် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို မျှော်​လင့်​ခြင်း​အား​ဖြင့်​ဖြစ်​ပေါ်​သော​သည်း​ခံ​မှု​တို့​ကို ငါ​တို့​အ​ဖ​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အ​မြဲ​မ​ပြတ်​အောက်​မေ့​ကြ​၏။”သက်​သာ​လော​နိတ်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:3 ၁) ယုံကြည်ခြင်းက အလုပ်ကို သီးပွင့်စေတယ် – ယေရှုခရစ်တော်အပေါ် ထားရှိတဲ့ စစ်မှန်သော ယုံကြည်ခြင်းက ကျွန်တော်တို့ အသက်တာကို ပြောင်းလဲစေပြီး ကောင်းသောအကျင့်ကို ကျင့်စေတယ်။၂) မေတ္တာက ကြိုးစားအားထုတ်စေတယ် – ခရစ်တော်ရဲ့ မေတ္တာတော်ကို ခံစားသိနားလည်ခြင်းက ကြိုးစားအားထုတ်မှုကို ဖြစ်စေတယ် …… Read More »ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း