နေ့ရက်တွေကိုရေတွက်ရင်း၂၀၂၀ရဲ့နောက်ဆုံးနေ့ရက်ရောက်ခဲ့လေပြီ။ လောကရဲ့နှစ်သစ်ကိုဝင်စားဖို့လောကနဲ့ထာဝရကိုပိုင်သတဲ့အရှင်သခင် ထိုပုဂ္ဂိုလ်တော်ဘုရားဖြစ်သော ထိုသခင်ယေရှုရဲ့ငြိမ်သက်ခြင်းကျေးဇူးကိုသာ သင်ရဲ့ဦးနှောက်အသိ နဲ့ နှလုံးသားထဲမှာ နေရာပေးပြီးနှစ်သစ်ကျေးဇူးကိုလက်ခံရယူကာနှစ်သစ်ထဲဝင်စားကြရအောင်။ဒါဟာနှစ်သစ်အတွက်နက်နဲသောအရေးကြီးဆုံးပါမိတ်ဆွေ။ နေ့၊ရက်၊လ၊နှစ် တွေရေတွက်တတ်သော သူထက် ထာဝရအတွက်အသက်ရှင်သောထာဝရလူဖြစ်ပါစေ။
ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။
ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၇
အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။
ဟေရှာယအနာဂတ္တိကျမ်း ၉:၆
InChrist
