Skip to content

“ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။- ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-”
‭‭ရှင်မဿဲခရစ်ဝင် ၂၈:၅-၆

မင်္ဂလာရှိသော ရှင်ပြန်ထမြောက်တော်မူရာ အီစတာတနင်္ဂနွေနေ့လေးဖြစ်ပါစေကြောင်း ကျွန်တော်တို့ Thy Logos အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။ မင်္ဂလာပါလို့ နှုတ်ဆက်သော်လည်း ယနေ့မှာ မြန်မာနိုင်ငံ၌ အမှန်တကယ်ရော မင်္ဂလာရှိတဲ့နေ့လေး ဖြစ်နိုင်ပါ့မလား ခင်ဗျာ။ ယနေ့ အီစတာရက်မြတ်မှာလည်း မြန်မာပြည်သူတွေ ဘယ်နှယောက်လောက် အသက်ထပ်ပြီး စတေးရဦးမလဲ? 😔
လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေသော အနိဌာရုံများကြောင့် ကျွန်တော်တို့ ယုံကြည်ခြင်းများသိပ်အားနည်းသွားပြီလား?😔

မိတ်ဆွေတို့ကို သမိုင်းဖြစ်ရပ်မှန်လေးတခုအကြောင်း ဝေမျှချင်ပါတယ်။ ဒီဖြစ်ရပ်မှာ သဘာဝလွန်ဖြစ်ရပ်တခု ပါဝင်နေလို့ လူအချို့ကတော့ ဒါကို သမိုင်းမှတ်တမ်းလို့တောင် မသတ်မှတ်ဘဲ ဒဏ္ဍာရီပဲဖြစ်မှာပါလို့ ထင်မှတ်ပြောဆိုကြတယ်။ ဒါပေမယ့်လည်း သဘာဝလွန်ဖြစ်ရပ်ပါဝင်တိုင်း သမိုင်းဖြစ်ရပ်မှန်မဟုတ်ဘူးလို့ ကောက်ချက်ချတာကတော့ ကျိုးကြောင်းညီညွတ်မယ် မထင်ပါ။ ယခုဆောင်းပါးက သခင်ဘုရားရဲ့ ရှင်ပြန်ထမြောက်ခြင်းသည် သမိုင်းဖြစ်ရပ်မှန် ဟုတ်၊ မဟုတ် သက်သေပြလျက်ရှင်းပြပေးမည့် စာတမ်းမျိုး မဟုတ်တဲ့အတွက် ဒီနေရာမှာ သမိုင်းအထောက်အထားအချက်အလက်များ ပါဝင်မည် မဟုတ်ပါ။ ဒါပေမယ့် လူသားတိုင်းအတွက် အရေးကြီးတဲ့ သတင်းစကားလေးတွေတော့ ပါဝင်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ က သခင်ယေရှုခရစ်တော်ဘုရားဟာ သင်နဲ့ ကျွန်ုပ်ရဲ့ အပြစ်အတွက် ကားတိုင်ထက်တွင် သက်စွန့်အသေခံတော်မူခဲ့ရှာပါတယ်။ အဲ့ဒီနောက်မှာတော့ သင်္ဂြိုလ်ခြင်းခံရကာ ၃ ရက်မြောက်သောနေ့၌ သေခြင်းကနေ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ အဲ့ဒီရှင်ပြန်ထမြောက်တော်မူရာနေ့လေးကို “ရှင်ပြန်ထမြောက်တော်မူရာ တနင်္ဂနွေနေ့” (Easter Sunday) ဆိုပြီး အောက်မေ့သတိရလျက် ခေါ်ဝေါ်သမုတ်ခဲ့ကြပြီး ယနေ့လို သန့်ရှင်းသော ပွဲတော်ရက်မြတ်အဖြစ် ဆင်ယင်ကျင်းပကြတာဖြစ်ပါတယ်။ သခင်ယေရှုရဲ့ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းသမိုင်းဖြစ်ရပ်မှန်အတွက် မျက်မြင်သက်သေများစွာရှိခဲ့ပါတယ်။ အဲ့ဒီထဲမှာ သခင်ယေရှုရဲ့ တပည့်တော်ရင်းခြာတွေပါဝင်သလို အခြားသော တပည့်တော် ငါးရာမက တပြိုင်နက်တည်း မြင်တွေ့ခဲ့ရတယ်လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်( ၁ ကော ၁၅ : ၆)
နောက်ထူးဆန်းတာက တချိန်တုန်းက ခရစ်ယာန်တွေကို ဖမ်းဆီးညှင်းပန်းနှိပ်ဆက်ခဲ့ဖူးတဲ့ ဖာရိရှဲတဖြစ်လဲ ခရစ်တော်ဘုရားကို ယုံကြည်သက်ဝင်သူဖြစ်လာခဲ့တဲ့ တမန်တော်ရှင်ပေါလုပင်လျှင် ဒီဖြစ်ရပ်ရဲ့ မျက်မြင်သက်သေတပါးပဲဖြစ်ပါတယ်။ အဲ့ထက်ပိုတာက သူ ရုတ်တရက်ခရစ်ယာန်ဖြစ်လာခဲ့ရတဲ့ အဓိကအကြောင်းရင်းက ရှင်ပြန်ထမြောက်တော်မူတဲ့ သခင်ယေရှုကို ဖူးတွေ့ခဲ့ရလို့ဆိုတဲ့ အချက်ပါပဲ။ နောက်ပြီး ယနေ့ခရစ်ယာန်ဘာသာရယ်လို့ ဖြစ်တည်လာရခြင်းရဲ့ အဓိက အကြောင်းပြချက်ကလည်း ရှင်ပြန်ထမြောက်ခြင်းနေ့ကြောင့်ပါပဲ။��သခင်ယေရှုသာ သေခြင်းမှ အမှန်တကယ်ရှင်ပြန်ထမြောက်တော်မမူခဲ့ဘူးဆိုရင် ခရစ်ယာန်အသင်းတော်မွေးဖွားလာနိုင်စရာအကြောင်းမရှိသလို ယနေ့ခေတ်ထိတိုင်လည်း တည်တံ့နေနိုင်မှာမဟုတ်ပါဘူး။

“ယ​ခု​မှာ၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို ဟော​ပြော​ရ​သည်​ဖြစ်၍၊ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​ဟု သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​သ​နည်း။- သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ။- ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ ငါ​တို့ ဟော​ပြော​ခြင်း၌ အ​ကျိုး​မ​ရှိ။ သင်​တို့​ယုံ​ကြည်​ခြင်း၌​လည်း အ​ကျိုး​မ​ရှိ။- ထို​မျှ​မ​က၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မှု​မှာ မ​မှန်​သော သက်​သေ​ခံ​ဖြစ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မ​မူ၊ ယ​ခု​မှာ၊ ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ။- ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ သင်​တို့​သည် ယုံ​ကြည်​သော်​လည်း အ​ကျိုး​မ​ရှိ၊ ဒု​စ​ရိုက်​အ​ပြစ်​အောက်၌ ရှိ​ကြ​သေး၏။-

ငါ​တို့​သည် ခ​ရစ်​တော်​ကို အ​မှီ​ပြု၍ ယ​ခု​ဘ​ဝ၌​သာ မျှော်​လ​င့်​စ​ရာ​ရှိ​လျှင်၊ အ​ခြား​သော သူ​အ​ပေါင်း​တို့​ထက် သာ၍ ဆင်း​ရဲ​သော​သူ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။- သို့​ဖြစ်၍ လူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် တည်​သ​ကဲ့​သို့၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​တ​ရား​သည် လူ​အား​ဖြင့် တည်​လျက်​ရှိ၏။- လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။-”
‭‭ကော ရိ န္သု ဩ ဝါ ဒ စာ ပ ထ မ စောင်။‬ ‭15:12-17, 19-22‬ ‭JBMLE‬‬

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ခရစ်တော်ကို ယုံကြည်သက်ဝင်ကြသည့် ရှေးဘိုးဘေးခရစ်ယာန်များဟာ ယနေ့မြန်မာပြည်က ပြည်သူတွေလိုပဲ ဖိနှိပ်ခြင်း အမျိုးမျိုး၊ ခွဲခြားဆက်ဆံခံရခြင်းအမျိုးမျိုး၊ ညှင်းဆဲသတ်ဖြတ်ခံရခြင်းအမျိုးမျိုး၊ လွှနဲ့ အပိုင်းပိုင်းဖြတ်သတ်ခံရခြင်း၊ ကားစင်တင်သတ်ခံရခြင်း၊ အရှင်လတ်လတ်မီးရှို့ခံရခြင်း၊ ခြင်္သေ့စာ အကျွေးခံရခြင်းစသည်တို့ကို ရင်ဆိုင်ကြုံတွေ့၊ ခံစားခဲ့ရဖူးပါတယ်။ သူတို့ အဲ့လို ရက်ရက်စက်စက် ညှင်းဆဲသတ်ဖြတ်ခံရခြင်းရဲ့ တခုတည်းသော အကြောင်းရင်းက ခရစ်တော်ဘုရားကို ယုံကြည်သက်ဝင်မှုတခုတည်းကြောင့်ပါ။ ခိုးလို့လည်း မဟုတ်ဘူး၊ လူသတ်လို့လည်း မဟုတ်ဘူး၊ ဒုစရိုက်ကို ပြုမိလို့လည်း မဟုတ်ဘူး။ အလကားသက်သက် အပြစ်မဲ့တဲ့ ယုံကြည်သူတွေ သတ်ဖြတ်ခံခဲ့ရတာဟာ ခရစ်တော်ကို ယုံကြည်သက်ဝင်မှုတခုတည်းကြောင့်ပါ။ ဒါကြောင့်ပဲ တမန်တော်ကြီးရှင်ပေတရုက ယုံကြည်သူတွေကို ခုလိုပဲ တိုက်တွန်းနှိုးဆော်ခွန်အားပေးခဲ့ရပါတယ်။

“ချစ်​သူ​တို့၊ သင်​တို့​ကို စုံ​စမ်း​စ​ရာ​ဖို့ ယ​ခု​ခံ​ရ​သော မီး​စစ်​ခြင်း​အ​ရာ​ကို​ကား၊ သင်​တို့၌ အံ့​ဩ​ဖွယ်​သော​အ​ရာ ဖြစ်​သည်​ဟု ထင်​မှတ်၍၊ အံ့​ဩ​ခြင်း မ​ရှိ​ကြ​နှင့်။- သင်​တို့​သည် ခ​ရစ်​တော်၏​ဆင်း​ရဲ​ကို ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ဘုန်း​တော်​ပေါ်​ထွန်း​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​မည်​အ​ကြောင်း၊ ယ​ခု​ပင် ဝမ်း​မြောက်​ကြ​လော့။- ခ​ရစ်​တော်၏ နာ​မ​ကြောင့် ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​ကြီး​သော ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ၏။ သူ​တို့၌​ကား ကဲ့​ရဲ့​ခြင်း၊ သင်​တို့၌​ကား ချီး​မွမ်း​ခြင်း​ရှိ​တော်​မူ၏။- လူ​အ​သက်​ကို​သတ်​သော အ​ပြစ်၊ သူ့​ဥ​စ္စာ​ကို​ခိုး​သော အ​ပြစ်၊ ဒု​စ​ရိုက်​ကို​ပြု​သော အ​ပြစ်၊ သူ​တစ်​ပါး​အ​မှု၌ ရော​နှော​သော​အ​ပြစ် ရှိ၍၊ သင်​တို့​တွင် အ​ဘယ်​သူ​မျှ မ​ခံ​စေ​နှင့်။- ခ​ရစ်​ယာန်​ဖြစ်​သော​ကြောင့် ခံ​ရ​လျှင်​မူ​ကား၊ ရှက်​ကြောက်​ခြင်း မ​ရှိ​စေ​နှင့်။ ထို​အ​မှု​ကြောင့်​ခံ​ရ​လျှင် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​စေ။- ဘု​ရား​သ​ခင်၏​အိမ်​တော်​သား​တို့​ကို ရှေ့​ဦး​စွာ စစ်​ကြော​စီ​ရင်​ရ​သော အ​ချိန်​ရှိ​ပြီ။ ငါ​တို့​ကို ရှေ့​ဦး​စွာ စစ်​ကြော​စီ​ရင်​လျှင်၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂ​လိ​တ​ရား​စ​ကား​ကို နား​မ​ထောင်​သော​သူ​တို့၏ အ​မှု​သည် အ​ဘယ်​သို့ ပြီး​လိမ့်​မည်​နည်း။- ဖြောင့်​မတ်​သော​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​နိုင်​ခဲ​သည်​မှန်​လျှင်၊ ဘု​ရား​သ​ခင်​ကို မ​ကိုး​ကွယ်​သော​သူ၊ အ​ပြစ်​ထင်​ရှား​သော​သူ​သည် အ​ဘယ်​မှာ ပေါ်​လိမ့်​မည်​နည်း။- ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​အ​တိုင်း ဆင်း​ရဲ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်​ကို သ​စ္စာ​ရှိ​သော အ​သက်​သ​ခင်​ကဲ့​သို့ မှတ်​လျက်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​နေ၍၊ ကိုယ်​တော်၌ မိ​မိ​တို့ အ​သက်​ဝိ​ညာဉ်​ကို အပ်​နှံ​ကြ​စေ။”
‭‭ရှင် ပေ တ ရု သြ ဝါ ဒ စာ ပ ထ မ စောင်။‬ ‭4:12-19‬ ‭JBMLE‬‬

ယနေ့ မြန်မာပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခကို ကိုယ်တော် သိတော်မူပါတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဘယ်တော့မှ မစွန့်ဘူးလို့ ကတိတော်ရှိပါတယ်။ ဘုရားရှင်ဟာ မစာနာနိုင်တဲ့ ဘုရားသခင်မဟုတ်ပါ။ တခါတလေ ကျွန်တော်တို့ လူသားတွေက ဘုရားသခင်က တရားစီရင်တာ ကြာလိုက်တာလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဘုရားသခင်ကို ကျွန်တော်တို့ရဲ့ အချိန်နဲ့ ဘောင်ခတ်လို့မရပါဘူး။ ကျွန်တော်တို့က ကိုယ်တော်ဖန်ဆင်းမှ လူဖြစ်လာရတာပါ။ ဘုရားရှင်က ကျွန်တော်တို့ထက် ပိုသိပါတယ်။

“ယ​ခု​မူ​ကား၊ ကောင်း​ကင်​ဘုံ​ထဲ​သို့ ကြွ​ဝင်​တော်​မူ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ကြီး​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု​သည် ငါ​တို့၌ ယဇ်​ပု​ရော​ဟိတ်​မင်း ဖြစ်​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဝန်​ခံ​ခဲ့​ပြီး​သော​အ​ရာ၌ တည်​ကြည်​ကြ​ကုန်​အံ့၊- ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။- ထို​ကြောင့်၊ ငါ​တို့​သည် သ​နား​ခြင်း က​ရု​ဏာ​ကို​လည်း​ကောင်း၊ တော်​လျော်​သော​မ​စ​ခြင်း ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ခံ​ရ​မည်​အ​ကြောင်း၊ ရဲ​ရင့်​သော​စိတ်​နှင့် ကျေး​ဇူး​ပ​လ္လင်​တော်​သို့ တိုး​ဝင် ချည်း​ကပ်​ကြ​ကုန်​အံ့။”
‭‭ဟေ ဗြဲ ဩ ဝါ ဒ စာ။‬ ‭4:14-16‬ ‭JBMLE‬‬

ယနေ့ မြန်မာပြည်မှာ ပြည်သူတွေက လွတ်လပ်မှု၊ တန်းတူအခွင့်အရေး၊ တရားမျှတမှုနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့အတွက် တောင်းဆိုနေကြပါတယ်။ ဒီအရာအားလုံးဟာ ဘုရားသခင်အလိုတော်ရှိတဲ့အရာတွေပဲဖြစ်သလို ကောင်းမွန်တဲ့အရာတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သခင်က “အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော” လို့ ဆုတောင်းခိုင်းတာ မဟုတ်ပါလား။
ဘုရားသခင်က လူသားတွေကို ချစ်လွန်းလို့ ကျွန်တော်တို့အတွက် ကားတိုင်ထက်မှာသက်စွန့်အသေခံပြီး အပြစ်တရားရဲ့ စီရင်ခြင်းခံရခြင်းမှ လွတ်လပ်မှုကို ပေးခဲ့ပြီးဖြစ်ပါတယ်။ ထိုအရာကို ယုံကြည်လက်ခံဖို့ပါ။�ဘုရားရှင်က တန်းတူအခွင့်အရေးပေးပါတယ်။ “ယေ​ရှု​ခ​ရစ်၌ ယု​ဒ​လူ​မ​ရှိ၊ ဟေ​လ​သ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ။ လူ​လွတ်​မ​ရှိ၊ ယောက်ျား​မ​ရှိ၊ မိန်း​မ​မ​ရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။- ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​လျှင်​အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်၍၊ က​တိ​တော်​အ​တိုင်း အ​မွေ​ခံ၏​အ​ရာ၌ တည်​ကြ၏။”
‭‭ဂ လာ တိ ဩ ဝါ ဒ စာ။‬ ‭3:28-29‬ ‭JBMLE‬‬

ဘုရားရှင်က တရားစီရင်ရာ ထာဝရဘုရား၏နေ့ရက်ရောက်လို့ရှိရင် အားလုံးကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ တရားစီရင်တော်မူမယ့် ဘုရားရှင်ဖြစ်ပါတယ်။ အဆုံးမှာတော့ သခင်ယေရှုဘုရားကို မိမိအသက်တာရဲ့ ကယ်တင်ပိုင်ရှင်ဘုရားအဖြစ် ယုံကြည်သက်ဝင်သူတွေဟာ ဘုရားသခင်နဲ့အတူ ထာဝရငြိမ်းချမ်းစွာကောင်းကင်နိုင်ငံတော်မှာနေထိုင်သက်ရှင်ခွင့်ရမှာဖြစ်သလို မတရားသော အမှုကို ပြုတဲ့ အဓမ္မလူတွေသည် ထာဝရအပြစ်ဒဏ်ကို ဆိုးရွားစွာ ခံယူရမှာပဲ ဖြစ်ပါတယ်။

“သို့​ဖြစ်၍၊ ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ကုန်​စင်​မည်​မှန်​သော​ကြောင့်၊ မိုး​ကောင်း​ကင်​သည် မီး​နှင့် ပျက်၍ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး​လျက်၊ အ​ရည်​ကျို​ခြင်း​ကို ခံ​ရ​သော နေ့​တည်း​ဟူ​သော၊ ဘု​ရား​သ​ခင်၏​နေ့ ရောက်​လိမ့်​မည်​ဟု သင်​တို့​သည် မျှော်​လ​င့်​တောင့်​တ​လျက်၊ သန့်​ရှင်း​သော​အ​ကျင့်​ကို​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​အား​ဖြင့်၊ အ​ဘယ်​သို့​သော​သူ ဖြစ်​အပ်​ကြ​သ​နည်း။- ယ​ခု​ရှိ​သော မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​မူ​ကား၊ တ​ရား​ဆုံး​ဖြတ်၍ အ​ဓ​မ္မ​လူ​တို့​ကို ဖျက်​ဆီး​သော နေ့​ရက်​တိုင်​အောင်၊ ထို​နှုတ်​က​ပတ် တော်​အား​ဖြင့် သို​ထား​လျက်​ရှိ၍၊ မီး​ရှို့​ခြင်း​အ​ဖို့​အ​လို​ငှာ နေ​ရစ်​သ​တည်း။ ချစ်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မှာ ကာ​လ​တစ်​ရက်​သည်၊ အ​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​နှစ်​တစ်​ထောင်​သည် တစ်​ရက်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​သည် အ​ရာ​တစ်​ခု​ကို မ​မေ့​လျော့​ကြ​နှင့်။- လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။- သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ​လိမ့်မည်။ ထို​နေ့၌ မိုး​ကောင်း​ကင်​သည် ကြီး​စွာ​သော အ​သံ​နှင့်​တ​ကွ ပျောက်​သွား​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး၍ ပျက်​ကြ​လိ​မ့်​မည်။ မြေ​ကြီး​ကိုယ်​မှ​စ၍၊ မြေ​ကြီး​ပေါ်​မှာ ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​သည် ကျွမ်း​လောင်​ကြ​လိမ့်​မည်။

ယ​ခု​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျက်​ရ​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တည်​နေ​ရာ မိုး​ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို ငါ​တို့​သည် က​တိ​တော်​နှင့်​အ​ညီ မျှော်​လ​င့်​ကြ၏။ ထို​သို့ မျှော်​လ​င့်​ခြင်း​ရှိ​သော​ကြောင့်၊ ချစ်​သူ​တို့၊ သင်​တို့​သည် အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ဘယ်​အ​ပြစ်​မျှ​မ​ပါ​ဘဲ၊ ရှေ့​တော်​သို့ ငြိမ်​ဝပ်​စွာ ရောက်​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​လော့။-”
‭‭ရှင် ပေ တ ရု ဩ ဝါ ဒ စာ ဒု တိ ယ စောင်။‬ ‭3:7-14‬ ‭JBMLE‬‬

ဒါဆိုရင် ကျွန်ုပ်တို့ ဘာလုပ်ရမည်နည်း?

“ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။-”
‭‭ရှင် ယော ဟန် ခ ရစ် ဝင်။‬ ‭3:16‬ ‭JBMLE‬‬

“သက်​သေ​ခံ​တော်​မူ​ချက် ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ၍၊ ထို​အ​သက်​သည်​လည်း သား​တော်၌​ပါ၏။- သား​တော်​ကို​ရ​သော​သူ​သည် အ​သက်​ကို​ရ၏။ ဘု​ရား​သ​ခင်၏​သား​တော်​ကို မ​ရ​သော​သူ​မူ​ကား အ​သက်​ကို​မ​ရ။”
‭‭ရှင် ယော ဟန် ဩ ဝါ ဒ စာ ပ ထ မ စောင်။‬ ‭5:11-12‬ ‭JBMLE‬‬

အီစတာက သင်နှင့် ကျွန်ုပ်အတွက်ပါ မိတ်ဆွေ။ အီစတာက မြန်မာပြည်သူတွေ အတွက်ပါ။ အီစတာက ကမ္ဘာသူ၊ ကမ္ဘာသားတွေ အတွက်ပါ။
လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူအခွင့်အရေး၊ ထာဝရငြိမ်းချမ်းခြင်းနှင့် ထာဝရအသက်ရှင်ခွင့်ရရှိခြင်းတို့ရဲ့ အလုံးစုံဖြစ်တော်မူသော အီစတာ တနင်္ဂနွေရဲ့ အရှင်သခင် ယေရှုရှင်ကို အချိန်မလွန်ခင်လေး ယုံကြည်လက်ခံ၊ ကိုးကွယ်ကြစို့လား။

“အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြန်မာနိုင်ငံ၌လည်း ပြည့်စုံပါစေသော”
အာမင် 🙏🏻

#λόγος #ThyLogos #EasterSunday2021