Skip to content

Doubting Thomas

မဟာသောကြာကြီးနေ့ (Good Friday 2026)

ဒီနေ့ “မဟာသောကြာကြီးနေ့” (Good Friday) မှာ ညီအစ်ကိုမောင်နှမတွေအားလုံး သခင်ယေရှုရဲ့ အသေခံတော်မူခြင်းကို အောက်မေ့ဆင်ခြင်နေကြမယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့အတွက် သမိုင်းအချက်အလက်တွေ၊ ကျမ်းစာအထောက်အထားတွေ၊ ယုတ္တိဗေဒ၊ ဒဿနိဗေဒတွေနဲ့အတူ ခွန်အားယူစရာ၊ အောက်မေ့ဆင်ခြင်စရာ ဆောင်းပါးတစ်ပုဒ်ကို စာဖတ်သူများအား ဝေမျှပေးချင်ပါတယ်။ သမိုင်းတစ်လျှောက်မှာရော၊ တချို့သော အယူအဆတွေမှာပါ “သခင်ယေရှု လက်ဝါးကပ်တိုင်မှာ တကယ် အသေခံတော် မမူခဲ့ဘူး၊ မေ့မြောသွားရုံပဲ” ဒါမှမဟုတ်… Read More »မဟာသောကြာကြီးနေ့ (Good Friday 2026)

အနန္တတန်ခိုးရှင် ယေရှုသခင်

“ယေဟောဝါသည် တန်ခိုးကြီးသောဘုရားမဟုတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးသူဆောင်းပါးတပုဒ်ရေးခဲ့ပါတယ်။ ခေါင်းစဉ်ပဲ ဖတ်လိုက်ရင် “ဘာကြီးလဲဟ !!” ဆိုပြီး တမျိုးဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဆောင်းပါးကို အစအဆုံးဖတ်ဖူးခဲ့တဲ့သူတွေကတော့ စာရေးသူ ဘာကြောင့် ဒီခေါင်းစဉ်ပေးခဲ့လဲဆိုတာ သဘောပေါက်နားလည်မယ်ဆိုတာ ယုံကြည်ပါတယ်။ ယခုဆောင်းပါးက ထိုဆောင်းပါးရဲ့ အဆက်ဖြစ်ပါတယ်။ ဒါကြောင့် “ယေဟောဝါသည် တန်ခိုးကြီးသောဘုရားမဟုတ်” ဆိုတဲ့ဆောင်းပါးကို အနှစ်ချုပ်ပြီး ပြန်ပြောပါရစေ။ ထိုဆောင်းပါးမှာ ခရစ်ယာန်များယုံကြည်တဲ့… Read More »အနန္တတန်ခိုးရှင် ယေရှုသခင်

“ယေဟောဝါသည် တန်ခိုးကြီးသော ဘုရား မဟုတ်”

“ကင်းမျှော်စင်” (The Watchtower) ၊ “နိုးလော့” (Awake!) တို့ စတဲ့ အမည်နာမအမျိုးမျိုးနဲ့ ဝေစာတွေ၊ စာစောင်မဂ္ဂဇင်းတွေကို မြန်မာပြည်မှာနေရင် တသက်မှာတခါလောက်တော့ မြင်ဖူး၊ လက်ခံဖူးမယ်လို့ ထင်ပါတယ်။ ဝေစာတွေမှာ ကြည့်လိုက်ရင် ရုပ်ပုံလှလှလေးတွေနဲ့၊ အရောင်အသွေးစုံစုံလင်လင်နဲ့ စိတ်ဝင်စားဖွယ်ကောင်းနေပါလိမ့်မယ်။ ဝေစာမှာပါတဲ့ စာတွေကို အမှတ်တမဲ့ကြည့်လိုက်ရင် စာလုံးထင်းထင်း၊ ခေါင်းစဉ်ကြီးကြီးတွေနဲ့ “ယေရှု”၊ “ယေဟောဝါ”၊ “ဘုရားသခင့်နိုင်ငံတော်”၊ “ယေဟောဝါသက်သေခံများ”၊… Read More »“ယေဟောဝါသည် တန်ခိုးကြီးသော ဘုရား မဟုတ်”

Easter Sunday 2021

“ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။- ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-”‭‭ရှင်မဿဲခရစ်ဝင် ၂၈:၅-၆ မင်္ဂလာရှိသော ရှင်ပြန်ထမြောက်တော်မူရာ အီစတာတနင်္ဂနွေနေ့လေးဖြစ်ပါစေကြောင်း ကျွန်တော်တို့ Thy Logos အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။ မင်္ဂလာပါလို့ နှုတ်ဆက်သော်လည်း ယနေ့မှာ မြန်မာနိုင်ငံ၌ အမှန်တကယ်ရော မင်္ဂလာရှိတဲ့နေ့လေး ဖြစ်နိုင်ပါ့မလား… Read More »Easter Sunday 2021

သခင်ယေရှုကို ကိုးကွယ်ကြကုန်စို့

“တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို မြင့်​လှ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို တစ်​ခ​ဏ​ချင်း​တွင် ပြ​ညွှန်၍၊- ဤ​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ရှိ​သ​မျှ​ကို ငါ၌​အပ်​ခဲ့​ပြီ။ ငါ​သည် ပေး​လို​သော​သူ​အား ပေး​ရ​သည်​ဖြစ်၍ ကိုယ်​တော်​အား ပေး​ပါ​မည်။- 👉ငါ့​ကို​ ကိုး​ကွယ်​(προσκυνέω)လျှင် ဤ​အ​လုံး​စုံ​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ ဖြစ်​လိမ့်​မည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ 👉သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​… Read More »သခင်ယေရှုကို ကိုးကွယ်ကြကုန်စို့

“ငါက ထာဝရဘုရားသခင်၊ ငါ့ကို ပြပ်ဝပ်ကိုးကွယ်ကြစေ” ဆိုပြီး သခင်ယေရှုက ဘုရားသခင်ဖြစ်ကြောင်း အတိအလင်း ကြွေးကြော်ခဲ့ပါသလား

ဒီမေးခွန်းမျိုးက rhetorical question မေးခွန်းအမျိုးအစားဖြစ်ပါတယ်။ Rhetorical question ဆိုတာ အဖြေမလိုသော်လည်း ထိရောက်စေလို၍ မေးတဲ့ မေးခွန်းမျိုးကို ပြောတာပါ။ နေ့စဉ်ဘဝမှာလည်း ကျွန်တော်တို့ rhetorical question တွေ မကြာမကြာသုံးကြလေ့ရှိပါတယ်။ ဥပမာ ဒီလိုမေးခွန်းမျိုးတွေပေါ့ … “စာမကျက်ဘဲ စာမေးပွဲအောင်မလား” တို့၊ ခုလိုကပ်ဘေးကာလမှာဆိုရင် “အပြင်သွားမယ့်ဟာကို Mask မတပ်လို့ရမလား” တို့လို အဖြေမလိုတဲ့… Read More »“ငါက ထာဝရဘုရားသခင်၊ ငါ့ကို ပြပ်ဝပ်ကိုးကွယ်ကြစေ” ဆိုပြီး သခင်ယေရှုက ဘုရားသခင်ဖြစ်ကြောင်း အတိအလင်း ကြွေးကြော်ခဲ့ပါသလား

သခင်ယေရှုသည် ဖန်ဆင်းရှင် ထာဝရဘုရားသခင်

ယေရှုခရစ်တော်ကို ရှိခိုးပါ။ ကိုယ်တော်ကို ပြပ်ဝတ်ကိုးကွယ်ပါ။ ကိုယ်တော်ရှင် ယေရှု၏ နာမတော်ကို အမှီပြု၍ ဆုတောင်းပါ။ အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် (ဧမာနွေလ) ဖြစ်သောကြောင့်တည်း။ ရှင်သောမက သခင့်ကို “ဘုရားသခင်” လို့ ခေါ်တဲ့အခါ သခင်က “ငါကား ဘုရားသခင် မဟုတ်ဘူး” လို့ မငြင်းပယ်ခဲ့ပါဘူး။ ငါ့ကို မရှိခိုးပါနဲ့။ မကိုးကွယ်ပါနဲ့လို့လည်း… Read More »သခင်ယေရှုသည် ဖန်ဆင်းရှင် ထာဝရဘုရားသခင်

ခရစ်တော်ဖွားမြင်ချိန်တွင် ပေါ်ထွန်းခဲ့သော ဗက်လင် “ကြယ်” အား ရူပဗေဒနိယာများကို မသွေဖီဘဲ နက္ခတ္တဗေဒအားဖြင့် ရှင်းပြနိုင်မလား – (နောက်ဆုံးပိုင်း)

“အရှေ့ပြည်၌ ကြယ်” (ခေါ်) ဗက်လင် “ကြယ်” က ဘာများဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး နက္ခတ္တဗေဒဆိုင်ရာရှုထောင့်နဲ့ ရှေးဂရိနက္ခတ်ဗေဒဆိုင်ရာ သမိုင်းနောက်ခံများဖြင့်အပိုင်း – (၂) တွင်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခုနောက်ဆုံးပိုင်းမှာတော့ ကြုံတောင့်ကြုံခဲနက္ခတ္တဗေဒဆိုင်ရာဖြစ်စဉ်မျိုးနှင့် သခင်ယေရှုဖွားမြင်တော်မူခြင်းက ဘယ်လိုဆက်စပ်နေပါသလဲ။ မာဂုပညာရှိများက အဲ့ဒီ နက္ခတ္တဗေဒဆိုင်ရာဖြစ်စဉ်ကို ဘယ်လိုအနက်ဖွင့်ခဲ့ကြသလဲ။ ကြယ်က သူတို့ရှေ့ကနေသွားပြီး လမ်းပြပေးခဲ့တာလားဆိုတဲ့ မေးခွန်းများနဲ့ ပတ်သက်ပြီး ရှင်းပြပေးသွားပါမယ်။ တကယ်တော့ ရှင်မဿဲခရစ်ဝင်ကျမ်းမှာ… Read More »ခရစ်တော်ဖွားမြင်ချိန်တွင် ပေါ်ထွန်းခဲ့သော ဗက်လင် “ကြယ်” အား ရူပဗေဒနိယာများကို မသွေဖီဘဲ နက္ခတ္တဗေဒအားဖြင့် ရှင်းပြနိုင်မလား – (နောက်ဆုံးပိုင်း)

ခရစ်တော်ဖွားမြင်ချိန်တွင် ပေါ်ထွန်းခဲ့သော ဗက်လင် “ကြယ်” အား ရူပဗေဒနိယာများကို မသွေဖီဘဲ နက္ခတ္တဗေဒအားဖြင့် ရှင်းပြနိုင်မလား – အပိုင်း – (၂)

ဗက်လင်ကြယ်နဲ့ ပတ်သက်ပြီး နက္ခတ္တဗေဒအတွက် ပဟေဠိလိုဖြစ်နေတဲ့အရာများကို အပိုင်း – (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါဆို “အရှေ့ပြည်၌ ကြယ်” က ဘာများဖြစ်မလဲ၊ နက္ခတ္တဗေဒဆိုင်ရာ ပဟေဠိများအတွက် အဖြေရှိသလားဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးသွားပါမယ်။ “အရှေ့ပြည်၌ ကြယ်” က ဘာများဖြစ်မလဲ။ ရှင်မဿဲပြောတဲ့ ဗက်လင်ကြယ်က ရူပဗေဒနိယာမလွန် အံ့ဩဖွယ်နိမိတ်လက္ခဏာတစ်ခုခုဖြစ်လိမ့်မယ်လို့ တချို့ကပြောကြတယ်။ ဒါပေမယ့် ရှင်မဿဲက စကားလုံးကို… Read More »ခရစ်တော်ဖွားမြင်ချိန်တွင် ပေါ်ထွန်းခဲ့သော ဗက်လင် “ကြယ်” အား ရူပဗေဒနိယာများကို မသွေဖီဘဲ နက္ခတ္တဗေဒအားဖြင့် ရှင်းပြနိုင်မလား – အပိုင်း – (၂)