Skip to content

ရှင်ပြန်ထမြောက်ခြင်းနေ့ အမည်နဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်အမျိုးမျိုး ပြောဆိုနေကြတာကို တွေ့မြင်နေရပါတယ်။ တစ်ချို့ယူဆချက်တွေက အချက်အလက်ကျကျ သင့်လျော််မှု ရှိကြပေမဲ့ အချို့ကြတော့လည်း တစ်ဖက်စောင်းပိတ် ပြောနေပြီး သူတို့ သဘောမကျတဲ့ နေ့ရက်တွေကိုပဲ သဘောကျစွာ အသုံးပြုပြီး အတန်းရှင်း ယူနေကြတာမျိုးတွေလည်း ရှိကြပြန်တယ်။ စာရေးသူကတော့ ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး သတိမပြုမိကြမှာ စိုးလို့ပဲဖြစ်ဖြစ်၊ သိနှင့်ပြီးသောသူတွေကို ပြန်လည် သတိပေးချင်လို့ရယ် …. ကိုယ်တိုင် ဆင်ခြင်မိတဲ့ ကျမ်းချက်လေးကို ပြန်လည် ဝေမျှလိုပါတယ်။ အတန်းရှင်း (Attention) လာရှာတာလား ဆိုရင် ဟုတ်ပါတယ် … စာဖတ်သူရဲ့ အတန်းရှင်းကို တည့်တည့်လာရှာတာပါ … ရှင်ပြန်ထမြောက်ခြင်း အကြောင်းအပေါ် ကျမ်းစာက ပြောထားတဲ့အပေါ် စာဖတ်သူရဲ့ အတန်းရှင်းကို ရှိစေချင်တာပါ။ ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို ဓမ္မဟောင်းကျမ်းမှာရော၊ ဓမ္မသစ်ထဲမှာပါ ဝေဝေဆာဆာ တွေ့မြင်ရပါတယ်။ အထူးပြု လုပ်ပြောနေတာမျိုး မဟုတ်ပါဘူး။ တကယ်ပါ သခင်ယေရှုခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်း အကြောင်းသာ မရှိခဲ့ဘူးဆိုရင်ဖြင့် ဧဝံဂေလိသတင်းစကားဟာလည်း ပြည့်စုံမှာ မဟုတ်သလို၊ ခရစ်ယာန် ယုံကြည်သက်ဝင်မှုဟာလည်း ဘာသာရေး သတ်မှတ်ခံယူချက်တွေ သက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်။ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်းဟာ ခရစ်ယာန်ဘာသာတရားရဲ့ အဓိက အနှစ်သာရတွေအများကြီးထဲက တစ်ခု ဖြစ်ပါတယ်။ အမြူတေ ဖြစ်တယ်ဆိုရင် လုံးဝမှားမှာ မဟုတ်ပါဘူး။ အထက်က ပြောတဲ့အတိုင်းပဲ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို များစွာ တွေ့ရပါတယ်။ အဲဒီထဲက ကျမ်းချက် တစ်ချက်ကို ဆင်ခြင်ကြပါစို့။ အဲဒီကျမ်းပိုဒ်က ကောရိန္သု ဩဝါဒစာ မဌမစောင် အခန်းကြီး ၁၅ ဖြစ်ပါတယ်။ စာမရှည်ရအောင်လို့ အကျဉ်းချုံးပဲ ပြောပါမယ်။

1. Divinely Planned

အငယ် ၁-၄ အထိ ကြည့်တဲ့အခါမှာ ဧဝံဂေလိတရားရဲ့ အနက်အဓိပ္ပါယ် ရှင်းလင်းချက်ကို တွေ့ရပါတယ်။ အဲဒါကတော့ ခရစ်တော်ရဲ့ အသေခံခြင်း၊ သင်္ဂြိုလ်ခြင်း နဲ့ ရှင်ပြန်ထမြောက်ခြင်းပဲ ဖြစ်ပါတယ်။ (ဧဝံဂေလိလို့ ပြောတဲ့အခါမှာ ခရစ်တော်ရဲ့ အသေခံပေးတော်မူခြင်းနဲ့ပဲ အဆုံးသတ်ပြောဆိုတတ်ကြတဲ့ ကျွန်တော်တို့တတွေ သတိထားသင့်ပါတယ်။) နောက်တစ်ချက်က “ကျမ်းစာလာသည်အတိုင်း” ဆိုတဲ့ စကားစုကို နှစ်ကြိမ်တိုင်တိုင် တွေ့ရပါတယ်။ ဒါကို ကနဦး ယုံကြည်သူတွေ ကြားတာနဲ့ ဘယ်လိုနားလည်ခဲ့ကြသလဲဆိုရင် “ဘုရားသခင်ရဲ့ စကားတော် (သို့မဟုတ်) အကြံအစည်တော် အတိုင်း” လို့ သဘောပေါက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရော ခရစ်တော်ရဲ့ အသေခံခြင်း၊ သင်္ဂြိုလ်ခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း အကြောင်းပြောရင် အပြစ်သားတွေအတွက် ဘုရားသခင်ရဲ့ မဟာအကြံအစည်တော်ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်ကြပါသလား။ ဒါကြောင့် ရှင်ပြန်ထမြောက်ခြင်းက တိုက်ဆိုင်မှုတစ်ခု သို့မဟုတ် လူသားရဲ့ ကြံစည်ဖန်တီးမှုတစ်ခု မဟုတ်ဘဲ ဘုရားသခင်ရဲ့ မဟာ အကြံအစည် ဖြစ်တယ်ဆိုတာကို မြင်ပါသလား။

2. Historically True

အငယ် ၅-၁၁ အထိ ကြည့်တဲ့အခါ ရှင်ပြန်ထမြောက်ခြင်းဆိုတာ သမိုင်းအထောက်အထားတွေနဲ့ သက်သေအများကြီး ရှိတယ်ဆိုတာကို ပြောပြထားပါတယ်။ ကေဖက စလို့ တပည့်တော် ၁၂ ပါး၊ နောက်မှ လူပေါင်း ၅၀၀ တစ်ပြိုင်နက် မြင်ရတဲ့အကြောင်း။ သူတို့တွေအထဲက ဒီစာကို ရေးသားစဉ်ပင် အသက်ရှင်လျက်ရှိနေသေးကြောင်း၊ ရှင်ပေါလုကိုယ်တိုင်က လည်း ရှင်ပြန်ထမြောက်ခြင်းရဲ့ သက်ရှိ သက်သေဖြစ်ကြောင်း ပြောထားတာကို တွေ့ရပါတယ်။ ရှင်ပြန်ထမြောက်ခြင်းဟာ ပုံပြင်သက်သက်မဟုတ်ပါဘူး။ ရှင်ပြန်ထမြောက်ပြီးနောက် အဖြစ်အပျက်တစ်ခုစီတိုင်း နဲ့ ဗလာသာရှိတော့တဲ့ သင်္ခြိုင်းဂူကြီးရယ် စတာတွေနဲ့ပတ်သက်ပြီး သက်သေတွေ များကြီးရှိခဲ့ပါတယ်။

3. Reasonably and Miraculously defended

အငယ် ၁၂-၄၉ အထိ ကြည့်ရင် ရှင်ပြန်ထမြောက်ခြင်းအကြောင်းနဲ့ ပတ်သက်ပြီး ရှင်ပေါလုက အချက်အလက်ကျကျ ဘုရားသခင်ပြုတော်မူသော ဘုရားသခင်ရဲ့ အမှုပြုခြင်း ဖြစ်တယ်ဆိုတဲ့အကြောင်း ခုခံပြောဆို ရှင်းပြထားပါတယ်။ လူအမျိုးမျိုး၊ ခံယူချက် အဖုံဖုံနဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို မဖြစ်နိုင်ဘူးလို့ ပြောလိုပြော၊ ဖြစ်ခဲ့ရင်လည်း ဝိညာဉ်ပဲ ဖြစ်မယ်ဆိုတာမျိုး (ဝိညာဏကိုယ် ကို ငြင်းပယ်တာမျိုး) ပြောလာကြတာကို ရှင်ပေါလုက ကျမ်းစာနဲ့အညီ ကမ္ဘာဦး အာဒံကစလို့ နောက်ဆုံးအာဒံ (ယေရှုခရစ်တော်) အထိကို ချက်ကျလက်ကျ ရှင်းပြခဲ့ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ရှင်ပြန်ထမြောက်ခြင်းအကြောင်း (ဧဝံဂေလိသတင်းစကား) ဟာ သူတို့ရဲ့ ယုံတမ်းစကား၊ ဒဏ္ဍာရီ သက်သက်မဟုတ်ကြောင်းကို ရှင်းပြခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် ရှင်ပြန်ထမြောက်ခြင်းဆိုတာကလည်း ဘုရားသခင်ရဲ့ ကျိုးကြောင်းဆီလျော်သော အံ့ဖွယ်အမှုပြုခြင်း ဖြစ်ပါတယ်။

4. Futuristically Hopeful

အငယ် ၅၀-၅၆ အထိ ကြည့်ရင် ရှင်ပြန်ထမြောက်ခြင်းအကြောင်းဟာ ခရစ်ယာန် ယုံကြည်သူများရဲ့ မျှော်လင့်ခြင်းအကြောင်း၊ ရှင်သန်နေရခြင်းရဲ့ အဓိပ္ပါယ် ဆိုတာကို ရှင်းလင်းစွာ တွေ့မြင်ရပါတယ်။ နောက်ဆုံးသော တံပိုးမှုတ်သံနဲ့အတူ ကျွန်တော်တို့ ကိုယ်တိုင် ရှင်ပြန်ထမြောက်ခြင်းကို ကိုယ်တိုင် တွေ့ကြုံခံစားရမယ့်သူတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ပုပ်သိုးနိုင်တဲ့ ဒီခန္ဓာက မပုပ်သိုးပေမယ့် ဝိညာဏကိုယ်အဖြစ် ပြောင်းသွားပါမယ်။ မျက်စိတမှတ်ထဲမှာပါပဲ ကျွန်တော်တို့ ရှိသမျှ ပြောင်းလဲသွားကြမှာ ဖြစ်ပါတယ်။ သေတတ်သောအရာမှသည် မသေနိုင်သောအဖြစ်သို့ ဝင်စားကြမှာ ဖြစ်ပြီး သေခြင်းကလည်း ကျရှုံးနစ်မြုပ်ပြီဆိုတဲ့ ကျမ်းစကားလည်း ပြည့်စုံလာပါလိမ့်မယ်။ “အိုသေမင်း၊ သင်၏ လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏာ နိုင်ငံ၊ သင်၏ အောင်မြင်ခြင်းသည် အဘယ်မှာ ရှိသနည်း။ သေမင်း၏ လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်၏ တန်ခိုးကား ပညတ်တရားပေတည်း” ဆိုပြီး ကျွန်တော်တို့ရဲ့ ကြွေးကြော်စရာ အကြောင်းအရင်းဟာ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်းပါပဲ။

5. Practically to be thankful and working out in the work of the Lord

အငယ် ၅၇ – ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို အမှန်သိတဲ့သူက ခရစ်တော်အားဖြင့် ကျွန်တော်တို့အတွက် အောင်ခြင်းအခွင့်ကို ပြင်ဆင်ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြီးမားခြင်းကို ချီးမွမ်းနေမိတယ်ဆိုတာ ထင်ရှားပါတယ်။ အငယ် ၅၈ မှာတော့ ဒီရှင်ပြန်ထမြောက်ခြင်းအကြောင်းကြောင့် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းက အလဟဿ မဟုတ်ကြောင်းကို သိတဲ့အတွက်ကြောင့် ယုံကြည်သူအမှန်ဟာ

၁) တည်ကြည်သောစိတ်ရှိဖို့
၂) မရွေ့လျော့မတိမ်းယိမ်းဖို့ နဲ့
၃) ဘုရားသခင်ရဲ့ အမှုတော်ကို ကြိုးစားအားထုတ်ဖို့ ဖြစ်တယ် ဆိုပြီး

ရှင်ပေါလုက တိုက်တွန်းသတိပေးထားပါတယ်။ လက်တွေ့ကျကျပြောရရင် ရှင်ပြန်ထမြောက်ခြင်းအကြောင်းပြောကြတဲ့အခါ ကျွန်တော်တို့တတွေ ကျေးဇူးတော်ကြီးမားကြောင်း ဝန်ခံချီးမွမ်းဖို့ မေ့နေကြသလား။ နောက်ပြီးတော့ အံ့ဖွယ် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတွေ (အထက်ဖော်ပြပါအချက်များ) ကို သိပါတယ်ဆိုပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ တည်ကြည်ဖို့၊ အသက်တာမှာ မယိုင်လဲဖို့နဲ့ အမှုတော်မြတ်မှာ ကြိုးစားအားထုတ်ကြဖို့ မေ့နေကြသလားဆိုတာ ကျွန်တော် ဆင်ခြင်နေမိပါလျက် … စာဖတ်သူလည်း တလွဲဆံပင်ကောင်း ဖြစ်နေမှာ စိုးရိမ်ပေးရင်း

ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်၌

‘ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​အား ဟော​ပြော​ဖူး​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် ခံ​ယူ၍ မှီ​ဝဲ​ဆည်း​ကပ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား တစ်​ဖန်​ငါ​ကြား​လိုက်၏။- အ​ထက်​က​ငါ​ဟော​ပြော​သည် အ​ကြောင်း​များ​ကို သင်​တို့​သည် အ​ကျိုး​မဲ့​မ​ယုံ​ဘဲ စိတ်​စွဲ​လမ်း​လျှင်၊ ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။- ငါ​သည် ကိုယ်​တိုင်​ခံ​ယူ​သည်​အ​တိုင်း၊ သင်​တို့​အား ရှေ့​ဦး​စွာ အပ်​ပေး​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ခ​ရစ်​တော်​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း ငါ​တို့​အ​ပြစ်​ကြောင့် အ​သေ​ခံ​တော်​မူ၏။- သင်္ဂြိုဟ်​ပြီး​မှ၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​တော်​မူ၏။- ‘

၁ ကောရိန္သု 15:1-4

‘ကေ​ဖ​သည်​ကိုယ်​တော်​ကို မြင်​ပြီး​မှ၊ တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​သည် မြင်​ရ​ကြ၏။- ထို​နောက် ညီ​အစ်​ကို​ငါး​ရာ​မ​က၊ တစ်​ပြိုင်​နက် မြင်​ရ​ကြ၏။ ထို​သူ​တို့​တွင် အ​များ​သော​သူ​တို့​သည် ယ​ခု​တိုင်​အောင် အ​သက်​ရှင်​ကြ​သေး၏။ အ​ချို့​တို့​သည် အိပ်​ပျော်​ကြ​ပြီ။- ထို​နောက် ယာ​ကုပ်​မြင်​ရ၏။ ထို​နောက် တ​မန်​တော်​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ၏။- နောက်​ဆုံး၌ အ​ချိန်​မ​တော်​မ​တန် ဖွား​သော​သူ​ကဲ့​သို့​ဖြစ်​သော ငါ​ပင်​မြင်​ရ၏။- ငါ​သည် အ​ထက်​က ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ အ​ညံ့​ဆုံး​သော တ​မန်​တော်​ဖြစ်၏။ တ​မန်​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ထိုက်။- သို့​သော်​လည်း ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့်​သာ ငါ​ဖြစ်​သည်​အ​တိုင်း ငါ​ဖြစ်၏။ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​လည်း အ​ကျိုး​မဲ့​ခံ​ရ​သည်​မ​ဟုတ်။ အ​ခြား​သော တ​မန်​တော်​အ​ပေါင်း​တို့​ထက်၊ ငါ​သည် သာ၍ ကြိုး​စား​ခြင်း​ကို​ပြု၏။ ထို​သို့​ဆို​သော်​လည်း၊ ငါ​ကြိုး​စား​သည်​မ​ဟုတ်။ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြိုး​စား​တော်​မူ၏။- ထို​ကြောင့်၊ ငါ​ဖြစ်​စေ၊ သူ​တို့​ဖြစ်​စေ၊ ဤ​သို့ ငါ​တို့​သည် ဟော​ပြော​ကြ၏။ ဤ​သို့​လည်း သင်​တို့​သည် ယုံ​ကြည်​ကြ၏။ ‘

၁ ကောရိန္သု 15:5-11

‘ယ​ခု​မှာ၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို ဟော​ပြော​ရ​သည်​ဖြစ်၍၊ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​ဟု သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​သ​နည်း။- သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ။- ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ ငါ​တို့ ဟော​ပြော​ခြင်း၌ အ​ကျိုး​မ​ရှိ။ သင်​တို့​ယုံ​ကြည်​ခြင်း၌​လည်း အ​ကျိုး​မ​ရှိ။- ထို​မျှ​မ​က၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​မှု​မှာ မ​မှန်​သော သက်​သေ​ခံ​ဖြစ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မ​မူ၊ ယ​ခု​မှာ၊ ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ။- ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ သင်​တို့​သည် ယုံ​ကြည်​သော်​လည်း အ​ကျိုး​မ​ရှိ၊ ဒု​စ​ရိုက်​အ​ပြစ်​အောက်၌ ရှိ​ကြ​သေး၏။- ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်​ကို ယုံ​ကြည်၍ အိပ်​ပျော်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​ရောက်​ကြ​ပြီ။- ငါ​တို့​သည် ခ​ရစ်​တော်​ကို အ​မှီ​ပြု၍ ယ​ခု​ဘ​ဝ၌​သာ မျှော်​လ​င့်​စ​ရာ​ရှိ​လျှင်၊ အ​ခြား​သော သူ​အ​ပေါင်း​တို့​ထက် သာ၍ ဆင်း​ရဲ​သော​သူ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ ခ​ရစ်​တော်​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ၍၊ အိပ်​ပျော်​သော​သူ​တို့​တွင် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ​ပြီ။- သို့​ဖြစ်၍ လူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် တည်​သ​ကဲ့​သို့၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​တ​ရား​သည် လူ​အား​ဖြင့် တည်​လျက်​ရှိ၏။- လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။- သို့​ရာ​တွင် လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့ အ​လှည့်​အ​တိုင်း လိုက်​ရ​ကြ​လိမ့်​မည်။ ခ​ရစ်​တော်​သည် အ​ဦး​သီး​သော​အ​သီး ဖြစ်​တော်​မူ၏၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​ဖြစ်​သော သူ​တို့​သည် ရှင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ထို​အ​ခါ ခ​ရစ်​တော်​သည် အ​ထွတ်​အ​မြတ် အာ​ဏာ​တန်​ခိုး​အ​မျိုး​မျိုး​ကို ပယ်​ရှင်း၍၊ မိ​မိ​နိုင်​ငံ​ကို ဘု​ရား​သ​ခင်​တည်း​ဟူ​သော ခ​မည်း​တော်၌ အပ်​ပြန်​တော်​မူ​ပြီး​မှ က​မ္ဘာ​ကုန်​ရ​လ​တ္တံ့။- ခ​ရစ်​တော်​သည် ရန်​သူ​အ​ပေါင်း​တို့​ကို ခြေ​ဖ​ဝါး​တော်​အောက်၌ ချ​ထား​တော်​မ​မူ​မီ​တိုင်​အောင် အုပ်​စိုး​တော်​မူ​ရ​မည်။- နောက်​ဆုံး​သော ရန်​သူ​တည်း​ဟူ​သော သေ​မင်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လ​တ္တံ့။- ခပ်​သိမ်း​သော​အ​ရာ​တို့​ကို လူ​သား၏​ခြေ​အောက်၌ ချ​ထား​တော်​မူ​သည်​ဟု ကျမ်း​စာ​လာ၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ချ​ထား​လျက်​ရှိ​ကြောင်း​ကို ဆို​သော်၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို လူ​သား​အောက်၌ ချ​ထား​တော်​မူ​သော​သူ​သည် ကြွင်း​တော်​မူ​ကြောင်း ထင်​ရှား​သ​တည်း။- ခပ်​သိမ်း​သော အ​ရာ​တို့​သည် လူ​သား​အောက်၌ ချ​ထား​လျက် ရှိ​သော​အ​ခါ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သူ့​အောက်၌ ချ​ထား​တော်​မူ​သော သူ၏​အုပ်​စိုး​တော်​မူ​ခြင်း​ကို သား​တော်​သည် ကိုယ်​တိုင်​ဝန်​ခံ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လုံး​စုံ ဖြစ်​တော်​မူ​မည် အ​ကြောင်း​တည်း။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း အ​လျှင်း​မ​ရှိ​လျှင်၊ သေ​လွန်​သော သူ​တို့၏ ကိုယ်​စား ဗ​တ္တိ​ဇံ​ကို​ခံ​သော သူ​တို့​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ သေ​လွန်​သော သူ​တို့၏​ကိုယ်​စား အ​ဘယ်​ကြောင့် ဗ​တ္တိ​ဇံ​ကို ခံ​ရ​ကြ​သ​နည်း။- ငါ​တို့​သည်​လည်း ဘေး​ရောက်​အံ့​သော အ​ခြင်း​အ​ရာ​နှင့် အ​ဘယ်​ကြောင့် တွေ့​ရ​ကြ​သ​နည်း။- ငါ​သည် နေ့​တိုင်း​အ​သေ​ခံ​ရ၏​ဟု ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၌ သင်​တို့​အ​ကြောင်း​ကြောင့် ငါ​ဝါ​ကြွား ဝမ်း​မြောက်​ခြင်း​ကို တိုင်​တည်၍ ငါ​ဆို​ဝံ့၏။- သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း မ​ရှိ​လျှင်၊ ဧ​ဖက်​မြို့၌ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့်၊ အ​ထက်​က ငါ​သည်​သား​ရဲ​တို့​နှင့် တိုက်​သော်​လည်း၊ အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။ စား​ကြ​ကုန်​အံ့၊ သောက်​ကြ​ကုန်​အံ့၊ နက်​ဖြန်​သေ​ရ​ကြ​မည်။- အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​ကောင်း​သော သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​အား​ဖြင့် ကောင်း​သော​အ​ကျင့်​ဓ​လေ့ ယို​ယွင်း​တတ်၏။- တ​ရား​သ​ဖြင့် နိုး​ကြ​လော့။ ဒု​စ​ရိုက်​ကို​မ​ပြု​ကြ​နှင့်။ အ​ချို့​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​ကြ။ ထို​သို့​ဆို​သော်၊ သင်​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ ငါ​ဆို၏။ သေ​လွန်​သော​သူ​တို့​သည် အ​ဘယ်​သို့ ထ​မြောက်​ကြ​မည်​နည်း။ အ​ဘယ်​သို့​သော ကိုယ်​နှင့် ပေါ်​လာ​ကြ​မည်​နည်း​ဟု တစ်​စုံ​တစ်​ယောက်​သော​သူ မေး​လိမ့်​မည်။- အ​ချင်း​လူ​မိုက်၊ သင်​စိုက်​သော​မျိုး​စေ့​မ​ပျက်​လျှင် မ​ရှင်​တတ်။- ထို​မှ​တစ်​ပါး မျိုး​စေ့​ကို စိုက်​သော​အ​ခါ၊ နောက်​ဖြစ်​လ​တ္တံ့​သော ကိုယ်​ကို မ​စိုက်၊ ဂျုံ​စ​ပါး​ဖြစ်​စေ၊ အ​ခြား​သော​စ​ပါး​ဖြစ်​စေ၊ အ​စေ့​သက်​သက်​ကို စိုက်​တတ်၏။- ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း ကိုယ်​ကို ပေး​တော်​မူ၏။ မျိုး​စေ့​အ​သီး​အ​သီး​တို့​အား​လည်း၊ မိ​မိ​တို့​မျိုး​အ​တိုင်း ကိုယ်​ကို​ပေး​တော်​မူ၏။- အ​သား​ရှိ​သ​မျှ​တို့​သည် တစ်​မျိုး​တည်း​မ​ဟုတ်။ လူ​သား​တစ်​မျိုး၊ အ​မဲ​သား​တစ်​မျိုး၊ ငါး​သား​တစ်​မျိုး၊ ငှက်​သား​တစ်​မျိုး၊ အ​သီး​အ​သီး​ရှိ​ကြ၏။- ကောင်း​ကင် အ​ကောင်​အ​ထည်​လည်း​ရှိ၏။ မြေ​ကြီး အ​ကောင်​အ​ထည်​လည်း ရှိ၏။ ကောင်း​ကင် အ​ကောင်​အ​ထည်၏ ဂုဏ်​အ​သ​ရေ​လည်း​တစ်​မျိုး၊ မြေ​ကြီး အ​ကောင်​အ​ထည်၏ ဂုဏ်​အ​သ​ရေ​လည်း တစ်​မျိုး​ဖြစ်၏။- နေ၏​ဂုဏ်​အ​သ​ရေ​တစ်​မျိုး၊ လ၏​ဂုဏ်​အ​သ​ရေ​တစ်​မျိုး၊ ကြယ်​တို့၏ ဂုဏ်​အ​သ​ရေ​တစ်​မျိုး အ​သီး​အ​သီး ရှိ​ကြ၏။ ကြယ်​တို့၏ ဂုဏ်​အ​သ​ရေ​သည်​လည်း အ​သီး​သီး အ​ခြား​ခြား ဖြစ်​ကြ၏။- ထို​နည်း​တူ၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း အ​ကြောင်း​အ​ရာ​ဖြစ်၏။ ကိုယ်​သည် စိုက်​သော​အ​ခါ၊ ပုပ်​တတ်​သော​သ​ဘော​ရှိ၏။ ထ​မြောက်​သော​အ​ခါ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်၏။- စိုက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​ပျက်၏။ ထ​မြောက်​သော​အ​ခါ ဂုဏ်​အ​သ​ရေ​နှင့် ပြည့်​စုံ၏။ စိုက်​သော​အ​ခါ အ​စွမ်း​မ​ရှိ။ ထ​မြောက်​သော​အ​ခါ အ​စွမ်း​နှင့် ပြည့်​စုံ၏။- စိုက်​သော​အ​ခါ ဇာ​တိ​ပ​က​တိ ကိုယ်​ဖြစ်၏။ ထ​မြောက်​သော​အ​ခါ ဝိ​ညာ​ဏ​ကိုယ်​ဖြစ်၏။ ဇာ​တိ​ပ​က​တိ ကိုယ်​တစ်​မျိုး၊ ဝိ​ညာ​ဏ​ကိုယ်​တစ်​မျိုး​ရှိ၏။- ကျမ်း​စာ​လာ​သည်​ကား၊ ရှေ့​ဦး​စွာ​သော လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်၏​ဟု လာ​သ​တည်း။ ယ​ခု​တွင် နောက်​ဆုံး​ဖြစ်​သော အာ​ဒံ​မူ​ကား၊ အ​သက်​ရှင်​စေ​တတ်​သော ဝိ​ညာဉ်​ဖြစ်၏။- ဝိ​ညာ​ဏ​ကိုယ်​သည် ရှေ့​ဦး​စွာ​ဖြစ်​သည်​မ​ဟုတ်၊ ဇာ​တိ​ပ​က​တိ​ကိုယ်​သည် ရှေ့​ဦး​စွာ​ဖြစ်၏။ နောက်​မှ ဝိ​ညာ​ဏ​ကိုယ်​ဖြစ်၏။- ရှေ့​ဦး​စွာ​သော လူ​သည် မြေ​ကြီး​က​ဖြစ်​သော​ကြောင့် မြေ​သား​ဖြစ်၏။ ဒု​တိ​ယ​လူ​မူ​ကား၊ ကောင်း​ကင်​ဘုံ​က ဖြစ်​တော်​မူ​သော သ​ခင်​ပေ​တည်း။- မြေ​သား​တို့​သည် ထို​မြေ​သား​ကဲ့​သို့ ဖြစ်​ကြ၏။ ကောင်း​ကင်​သား​တို့​သည် ထို​ကောင်း​ကင်​သား​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။- ငါ​တို့​သည် မြေ​သား၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်​သ​ကဲ့​သို့၊ ကောင်း​ကင်​သား၏​ပုံ​သ​ဏ္ဌာန်​ကို ဆောင်​ကြ​လိမ့်​မည်။’

၁ ကောရိန္သု 15:12-49

‘ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ လူ​အ​သွေး​အ​သား​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​နိုင်၊ ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော​အ​ဖြစ်​ကို အ​မွေ​မ​ခံ​နိုင်။- နက်​နဲ​သော အ​ရာ​တစ်​ခု​ကို ငါ​ပြ​ဦး​မည်။ ငါ​တို့​ရှိ​သ​မျှ​သည် အိပ်​ပျော်​ရ​ကြ​မည်​မ​ဟုတ်။- သို့​သော်​လည်း၊ နောက်​ဆုံး​သော တံ​ပိုး​မှုတ်​သော​အ​ခါ၊ တစ်​ခ​ဏ​ချင်း​တွင် မျက်​စိ​တစ်​မှိတ်၌ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။ ထို​တံ​ပိုး​မှုတ်​ချိန် ရောက်​သော​အ​ခါ၊ သေ​လွန်​သော​သူ​တို့​သည်၊ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်​လျက် ထ​မြောက်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် ပြောင်း​လဲ​ခြင်း​သို့ ရောက်​ရ​ကြ​မည်။- ယ​ခု​မျက်​မှောက် ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော​အ​ဖြစ်​သို့ ဝင်​စား​ရ​မည်။ ယ​ခု​မျက်​မှောက် သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင်​သော​အ​ဖြစ်​သို့ ဝင်​စား​ရ​မည်။- ဤ​ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော အ​ဖြစ်​သို့​လည်း​ကောင်း၊ ဤ​သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင် သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ ဝင်​စား​သော​အ​ခါ၊ သေ​ခြင်း​သည် အောင်​ခြင်း၌​နစ်​မြုပ်​ပြီ​ဟု ကျမ်း​စာ၌​လာ​ချက် ပြည့်​စုံ​လိမ့်​မည်။- အို သေ​မင်း၊ သင်၏​လက်​နက်​သည်၊ အ​ဘယ်​မှာ ရှိ​သ​နည်း။ အို မ​ရ​ဏ​နိုင်​ငံ၊ သင်၏​အောင်​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။- သေ​မင်း၏​လက်​နက်​ကား၊ ဒု​စ​ရိုက်​အ​ပြစ်​ပေ​တည်း။ ဒု​စ​ရိုက်​အ​ပြစ်၏ တန်​ခိုး​ကား၊ ပ​ညတ်​တ​ရား ပေ​တည်း။- ‘

၁ ကောရိန္သု 15:50-56

‘ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား အောင်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။- ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။’

၁ ကောရိန္သု 15:57-58