Skip to content

နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းကို မေ့ရမလို ပြောနေကြတယ်
နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းကို အပြစ်တင်သလို ပြောနေကြတယ်
နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ ကောင်းချီးမင်္ဂလာ မရှိခဲ့သလို ပြောနေကြတယ်
နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ မကောင်းတာတွေနဲ့ပဲ ဖြတ်သန်းခဲ့ရသလို ပြောနေကြတယ်
နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ အဟောင်းတွေပဲ ဝေနေခဲ့သလို ပြောနေကြတယ်
နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ လူဆိုးတွေနဲ့ပဲ တွေ့ခဲ့သလို ပြောနေကြတယ်
နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ အသက်မွေးလောက်သောအစာကို မရခဲ့သလို ပြောနေကြတယ်
နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ ပူဆွေးစရာတွေနဲ့ပဲ နှပါးသွားရသလို ပြောနေကြတယ်
နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ သခင် အတူ မပါခဲ့သလို ပြောနေကြတယ်
နှစ်သစ်မကူးခင် နှစ်ဟောင်းမှာ သခင်ပြုခဲ့သော ကောင်းချီးတွေ၊ အသက်မွေးလောက်သောအစာတွေ၊ မိတ်ဆွေကောင်းတွေ၊ ဝမ်း‌မြောက်ဖွယ်ရာအခိုက်အတန့်တွေ၊ အထူးသဖြင့် ကိုဗစ်ကပ်ရောဂါကြားက နှစ်သစ်ကူးလာနိုင်ဖို့ နှစ်ဟောင်းတလျှောက် သခင့်ရဲ့ ကွယ်ကာဆောင်မမှုတွေအတွက် နှစ်သစ်လို့ ခေါ်ခဲ့ဖူးတဲ့ ဒီနှစ်ဟောင်းအတွက် ဘယ်သူ ဘုရားသခင်ထံ ကျေးဇူးတော် ချီးမွမ်းမလဲနော် …