Skip to content

ဝိညာဥ်ခွန်အား

ကျေးဇူးတင်လိုက်ပါ

တစ်ခါတလေ သူငယ်ချင်းမိတ်ဆွေတွေကိုမုန့်ကျွေးတဲ့အခါ သူတို့ကကျေးဇူးတင်သူတို့ကကျွေးရင် ကိုယ်ကတင် ..မနက်မိုးလင်းဘုရားနဲ့စကားပြောရင်လည်းဘဲ ဒီနေ့အသက်ရှင်ရလို့ကျေးဇူးတင် ညအိပ်ယာဝင်လည်းဘဲ တနေ့တာလုံးပို့ဆောင်လို့ကျေးဇူးတင်..ကျေးဇူးတင်စရာတွေအများကြီးရှိတယ်..သူငယ်ချင်းမိတ်ဆွေတွေ မိသားစုတွေ ဆွေမျိုးတွေ.. စသည်ဖြင့်ပေါ့.. အားလုံးရဲ့အထက်ပြန်စဉ်စားကြည့်တဲ့အခါ…ဘုရားကောင်းမြတ်တယ် ကရုဏာကြွယ်ဝတယ် ဆိုပြီး ကျေးဇူးတင်တယ် သို့သော် အလုပ်ကောင်းကောင်းရနေခိုက် လစာကောင်းကောင်းရနေခိုက် ကျန်းကျန်းမာမာ နေရတဲ့အခိုက်တန့်လောက်ဘဲလားးး…. ကျွန်တော်တို့နေ့ရက်အစဉ်တိုင်းအတွက်ဘုရားကိုချီးမွမ်းပြီး ကျေးဇူးအမြဲတင်နေရမယ့်အကြောင်းရှိပါတယ်…ယေရမိအနာဂတ္တိကျမ်း ၂၄:၇ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ သူတို့သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူဖြစ်ကြ၍၊ ငါသည်လည်း… Read More »ကျေးဇူးတင်လိုက်ပါ

အသက်ကိုအသက်ထက်ပို၍

တလောကရုပ်ရှင်တစ်ခုရဲ့နာမည်ကိုတော်တော်သဘောခွေ့သွားတယ်.. ကြည့်သာ မကြည့်တယ်နာမည်ကတော့ ဆင်ခြင်စရာလေးပေါ့… ကျွန်တော်တို့အသက်တာမှာ သတိမမူမိတာလေးတစ်ခုရှိတယ်ရှင်မသဲ ၁၀:၃၉မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။ ကိုယ့်ရဲ့အသက်အတွက်ရှာနေရင် အရှုံးဘဲရှိတယ်ခရစ်တော်ကြောင့် အသက်ရှုံးတဲ့သူကတော့ အသက်ကိုတွေ့လိမ့်မယ်..ခရစ်ယာန်တစ်ယောက်ဖြစ်နေရုံနဲ့တော့ ဘာမှမထူးခြားဘူး…ခရစ်တော်၌ရှင်နေရင်တော့ထူးခြားတယ်. ရှင်မသဲ ၁၆:၂၅အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို… Read More »အသက်ကိုအသက်ထက်ပို၍

ခပ်သိမ်းသောအမှုတို့ကို

Interview ပဲဖြစ်ဖြစ် စာမေးပွဲပဲဖြစ်ဖြစ် တစ်ခုခုဆို ကျွန်တော်တို့ကြွေးကျော်လိုက်တာက “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောယေရှုခရစ်တော်အားဖြင့်ခပ်သိမ်းသောအမှုတို့ကိုငါတတ်စွမ်းနိုင်သည်” ပေါ့…. အဲဒီ “ငါ” ကဘယ်လောက်ဆိုးလဲဆိုရင် ကိုယ်လုပ်ချင်တာကိုပဲ တတ်စွမ်းနိုင်နေတယ် ခွန်အားရဲ့အရင်းအမြစ်ဖြစ်တဲ့ သခင်ေယရှု က ခပ်သိမ်းသောအမှုအတွက် ခွန်အားနှင့် ကျွန်ုပ်တို့ကိုပြည့်စုံစေတာ… “အခြေအနေတစ်ခုအတွက်” မဟုတ်ပါဘူး .. “အခြေအနေတိုင်းအတွက်”ပါ.. ဥပမာတစ်ခုအားဖြင့်ဆိုရမယ်ဆိုရင်…လူတစ်ဦးတစ်ယောက်က ကိုယ့်ကိုနာကျင်အောင်လုပ်တယ်.. ကိုယ့်ဘက်ကခွင့်မလွတ်နိုင်ဘူးဖြစ်နေတယ်…ပြောရမယ်ဆိုရင်..မတတ်စွမ်းနိုင်တဲ့အခြေအနေတစ်ခုပေါ့..ဒီမတတ်စွမ်းနိုင်တဲ့အရာမှာ ကျတော့ “ဘုရားအလိုရှိတဲ့ ခွင့်လွတ်ခြင်းမင်္ဂလာ” ကိုခွန်အားနဲ့ပြည့်စုံစေတဲ့ သခင်ယေရှုအားဖြင့်… Read More »ခပ်သိမ်းသောအမှုတို့ကို

ဝိညာဥ်အစာ စားသုံးရာတွင် သတိပြုသင့်သည့် အရာများ

သမ္မာကျမ်းစာ ကို ဆင်ခြင်ဖတ်ရှုရတာ နဲ့ သမ္မာကျမ်းစာကို ကိုးကားအခြေခံပြီးရေးထားတဲ့ စာအုပ်တွေ ကို ဖတ်ရတာ ဘာကွာသလဲဆိုတော့….. ကိုယ်တိုင် အတွေ့အကြုံကို ပြောရမယ်ဆိုရင် သမ္မာကျမ်းစာကို ကိုးကားအခြေခံပြီးရေးထားတဲ့ စာအုပ်တွေကို ဖတ်တဲ့အခါ နားမလည်တဲ့ ကျမ်းစကားတွေကို တော်တော်များများနားလည်သလိုရှိလာတယ်။ ဒါပေမဲ့ ကိုယ့်ကို ဝိညာဉ်တော်က ဖွင့်ပြခြင်းထက် စကားပြေသက်သက်ကို ဦးနှောက် (logic) နဲ့ စဉ်းစားတွေးခေါ်ပြီး လက်ခံတယ်။… Read More »ဝိညာဥ်အစာ စားသုံးရာတွင် သတိပြုသင့်သည့် အရာများ

ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော

“သို့ဖြစ်လျှင်၊ ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေကြ၏။” (ရောမဩဝါဒစာ ၃ : ၃၁) “ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။” (ရောမဩဝါဒစာ ၄ : ၁၀) ဤဆောင်းပါးတွင် တမန်တော်ကြီး ရှင်ပေါလု ပြောသောစကားများနှင့် သက်ဆိုင်သောအရာများကို အစိမ်းရောင် ဖြင့် ဖော်ပြထားပြီး တမန်တော်ကြီး… Read More »ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော

မှာထားသည့်အတိုင်းလော! မှားနေသည့်အတိုင်းလော!

မှာထားသည့်အတိုင်းလော! မှားနေသည့်အတိုင်းလော! “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။” ဟေဗြဲ ၃:၁၂-၁၃ ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၃၅ကိုလေ့လာရင်း ခွန်အားယူကြပါစို့။ ဤအခန်းကြီးတခုလုံးအား… Read More »မှာထားသည့်အတိုင်းလော! မှားနေသည့်အတိုင်းလော!

အစေခံရာဝယ်

“သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။ သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည်။”‭‭ဟဗက္ကုတ်‬ ‭၃:၁၇-၁၈ ဆရာယုဒဿန် ဆိုသည့်အမည်မှာ ခရစ်ယာန်များအတွက် မရင်းနှီးသည့် နာမည်မဟုတ်ပေ။ ထိုသူမှာ မြန်မာနိုင်ငံနှစ်ခြင်းသာသနာနှစ် ၂၀၀… Read More »အစေခံရာဝယ်

မွှေ့လျော်ပြီးပြီလား

မွှေ့လျော်ပြီးပြီလား မနက်မိုးလင်းတာနဲ့ အရင်ကနဲ့မတူတဲ့ အကျင့်ပျက်လာတဲ့ အရာတခုရှိတယ်။ အခြားမဟုတ်ပါဘူး Facebook ကိုအရင်ဖွင့်ကြည့်မိခြင်းပါဘဲ။ တချို့ကလည်း game ဆော့တာ..စသည်ဖြင့်ပေါ့။ Internet ကကျွန်တော်တို့နေ့စဉ်နေထိုင်တဲ့လူမှုပုံစံ(lifestyle)ဖြစ်လာနေသည်။ အရေးပါသည့်အရာတခုအဖြစ်လည်းရှိနေပါသည်။ သိုေ့သာ် အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံး အရာကိုကျွန်တော်တို့မေ့တတ်ကြသည်။ “အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။”‭‭ဆာလံ‬ ‭၁၁၉:၁၆ “အကျွန်ုပ်၏ အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်… Read More »မွှေ့လျော်ပြီးပြီလား

မဟာစေခိုင်းချက်အား နားလည်လိုက်လျှောက်ခြင်း (မ၊ ၂၈း၁၈-၂၀)

သာသနာလုပ်ငန်းမှာ သို့မဟုတ် သင့်အသင်းတော်မှာ အခုလုပ်ဆောင်နေတဲ့ပုံစံတွေကို ဘာကြောင့်ဘယ်လို လုပ်နေကြရသလဲဆိုတာ စဉ်းစားဖူးသလား။ သူများတွေက အဲဒီလို လုပ်ကြတော့အောင်မြင်တယ်။ ဒါကြောင့်မို့ ငါလည်း အဲဒီလို လုပ်ရမယ် ဆိုတာမျိုးက မှန်ကန်တဲ့ စိတ်နေသဘောထားလို့ ပြောနိုင်ပါ့မလား၊ ဒါ့ပြင် သူများတွေက ရဲရင့်ကြပေမဲ့ ငါကဘာလို့ မရဲရင့်ရဲရတာလဲ၊ အမှုတော်မြတ်မှာ အောင်မြင်ဖို့ ဘာတွေများ လိုနေသေးသလဲ ဆိုပြီးတော့ ကိုယ့်ဘာသာကို အားငယ်နေတဲ့… Read More »မဟာစေခိုင်းချက်အား နားလည်လိုက်လျှောက်ခြင်း (မ၊ ၂၈း၁၈-၂၀)