Skip to content

ဝိညာဥ်ရေးရာ

ပဋိပက္ခ – ၂၆

တစ်ဦးနှင့်တစ်ဦး စိတ်သဘောထား မတိုင်ဆိုင်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အလိုမတူခြင်း၊ အဆင်မပြေ ၊ အဆင်မသင့်ခြင်းများသည် လူတိုင်း၊ နေရာတိုင်း၊ လုပ်ငန်းခွင်၌ဖြစ်စေ၊ မိသားစု၌ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေရှိကြစမြဲပင် … ထိုအဆင်မပြေ အလိုမကျ၊ သဘောထား မတိုက်ဆိုင်ခြင်းများကြောင့် တစ်ယောက်နှင့်တစ်ယောက် ရန်သူဖြစ်သွားကြခြင်း၊ မိသားစုအချင်းချင်း မုန်းသွားကြခြင်း၊ လုပ်ငန်းခွင်၌ ထိခိုက်ဆုံးရှုံးရခြင်းတို့နှင့် အသင်းတော်ပြိုကွဲရခြင်း၊ နှစ်ခြမ်းသုံးခြမ်းကွဲရခြင်းတို့သည် ဤပဋိပက္ခတစ်ခုမှပင် အစပြုလေ့ရှိသည်။ ထိုပဋိပက္ခကြီးတစ်ခုကို သင်နှင့်ကျွန်ုပ်တို့သာမက… Read More »ပဋိပက္ခ – ၂၆

မာန်မာနနှင့်ယစ်မူးသောသူ

မာန်မာနနှင့်ယစ်မူးတယ်ဆိုတာဟာ ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း လို့နားလည်ရပါတယ်။ ဘဝင်မြင့်တယ်၊ မာနကြီးတယ်ဆိုတာမျိုးက အခြားသူကိုကြည့်ခြင်းထက် ကိုယ့်ကိုယ်ကိုသာ ဗဟိုပြုတတ်သူလို့ဆိုရင်လည်း မမှားပါဘူး။ ကိုယ်ဘာလုပ်နိုင်တယ်၊ ကိုယ်ကဘယ်လိုအနေအထားရှိသလဲဆိုတာကို အားပြုအားယူကာ နှစ်ထောင်းအားရစွာဖြင့် စိတ်ကြီးဝင်တတ်တဲ့သဘောပါပဲ။ နောင်ကာလတည်းဟူသော ခဲယဉ်းသောအချိန်ကာလမှာ ဒီလိုမျိုးအသက်ရှင်ခြင်းကိုနှစ်သက်လာသူတွေများပြားလာပါတယ်။ ဖိလိပ္ပိဩဝါဒစာ ၂း၃“ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်… Read More »မာန်မာနနှင့်ယစ်မူးသောသူ

ပဋိပက္ခ – ၂၅

ကိုမျိုးကြီး၏ “3AM” သီချင်းအား နားထောင်တိုင်း နားထောင်တိုင်းတွင် စာသားတစ်ခုကို အမြဲတမ်းလိုလို မတင်မကျနှင့် နားမလည်သလိုလို နားလည်သလိုလိုနှင့်သာ နားထောင်ခဲ့သည်မှာ အကြိမ်ကြိမ် … “တမှေးမှ မရတဲ့ ငါ့ရဲ့ညတွေ ကုန်လွန်ခဲ့ပြီ” ဆိုသော နေရာရောက်တိုင်းရောက်တိုင်း “မိန်းမမရတဲ့ ငါ့ရဲ့ညတွေ ကုန်လွန်ခဲ့ပြီ” လို့သာကြားကြားမိခဲ့လေရဲ့ … ဒီနေ့ အဲဒီနေရာအရောက်မှာတော့ သေချာလေးသတိထားနားထောင်မိကာမှ စာသားအမှန်ကို သိခဲ့ရလေသည်။ ဤသို့… Read More »ပဋိပက္ခ – ၂၅

သတိပေးခြင်းကို မခံသောသူ

လူတိုင်း ကိုယ်ပြုတဲ့အမှုအရာတွေကို အသေချာဆန်းစစ်ကြည့်ရင် ဘယ်အရာတွေကိုတော့ မဆင်မခြင်လုပ်လိုက်ပြီး၊ ဘယ်အရာတွေကိုတော့ သေချာဂရုတစိုက်လုပ်မိခဲ့လဲဆိုတာ သိနိုင်မှာပါ။ အဲ့ဒီအထဲမှာ ဘယ်ဟာကပိုပြီးအလေးသာမလဲဆိုတာ ကိုယ်တိုင်အသိပါပဲ။ အထူးသဖြင့် နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ သတိပေးခြင်းကိုမခံ (တနည်း) မဆင်မခြင်နဲ့မိုက်ရူးရဲစွာလုပ်ဆောင် အသက်ရှင်တတ်သူတွေများလာတယ်ဆိုတာကို သတိချပ်ဖို့ရာအရေးကြီးပါတယ်။ ‭သု တ္တံ ကျမ်း ၁၄း၁၆“ပ​ညာ​ရှိ​သော​သူ​သည် ကြောက်၍ ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။ မိုက်​သော​သူ​မူ​ကား မာ​န​ကြီး၍ ရဲ​ရင့်​တတ်၏။” ပညာရှိ(wise)ဖြစ်ခြင်းဆိုတာ… Read More »သတိပေးခြင်းကို မခံသောသူ

အသက်ရှိသ၍

ရက်လနှစ်များ တရွေ့ရွေ့ပြောင်းလဲလာခဲ့သည်ဖြစ်သော်လည်း ကျွန်တော် ကျွန်မ အယောက်စီတိုင်း၏ စိတ်နှလုံးသားထဲတွင် တစ်ခုခုအလိုမကျသည့် စိတ်၊ မျှော်လင့်ချက် ပျောက်ဆုံးနေသည့် ခံစားချက်၊ ဆုံးရှုံးခြင်း နာကျင်ခြင်း ငိုကြွေးခြင်းထဲ၌ တဝဲဝဲလည်နေသည့် အခြေအနေများသည် မျှော်လင့်စရာကိုပင် မမျှော်လင့်ရဲလောက်အောင်ကို ရက်ဟောင်း လဟောင်း နှစ်ဟောင်းနှင့်အတူတူ မြေမြုပ်ပစ်ချင်စရာများဖြစ်နေပြီလား …မျှော်လင့်ခြင်းများသည် ဖင့်နွဲ့ကာ တရွေ့ရွေ့နှင့်သာ မှေးမှိန်လာကာ “ငါ မျှော်လင့်ခဲ့ဖူးပါလား၊ တော်ပါပြီ မထူးတော့ဘူး”… Read More »အသက်ရှိသ၍

သစ္စာကိုဖျက်တတ်သောသူ

“သစ္စာ”ဆိုတဲ့ဝေါဟာရရဲ့အနက်ကိုလေ့လာကြည့်တဲ့အခါမှာ အမှန်တရား၊ မှန်ကန်သောစကား၊ တစုံတခု(သို့)တစုံတယောက်ပေါ်တွင်ထားရှိသော စောင့်သိရိုသေမှုလို့တွေ့ရပါတယ်။ နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ သစ္စာဖျက်တတ်သောသူတွေရှိလာမယ်ဆိုတာ နှုတ်ကပတ်တော်ကသတိပေးထားပါတယ်။ အထူးသဖြင့် ယုံကြည်သူအသက်တာတွေထဲမှာလည်း ဘုရားသခင်နှင့်နှုတ်ကပတ်တော်သမ္မာတရားအပေါ်မှာ သစ္စာမဲ့လာရုံမျှမက၊ သစ္စာကိုဖျက်ခြင်းအခြေအနေတွေရှိလာနေခြင်းက စိတ်မကောင်းစရာပင်။ဒီကနေ့ အသင်းတော်ထဲမှာ၊ အိမ်ထောင်မှာ၊ အသက်တာတခုချင်းစီတွေတိုင်းမှာ သတိထားကြည့်လျှင် သစ္စာရှိသောသူ(faithful)များနည်းလာပါသည်။ ထိုသို့နည်းလာခြင်းကလည်း လောကဓံကြောင့်သော်လည်းကောင်း၊ လောကဆန်သောကြောင့်သော်လည်းကောင်း ဖြစ်လာပေသည်။ ယုံကြည်သူတဦးအနေဖြင့် အသက်တာကိုသစ္စာရှိစွာအသက်မရှင်လာတော့ခြင်းက လောကအလယ်မှာ အလင်းနှင့်ဆား ဘယ်လိုမှမဖြစ်နိုင်ပေ။ ယုံကြည်စိတ်ချစရာ… Read More »သစ္စာကိုဖျက်တတ်သောသူ

UNBREAKABLE PRAISE

၁၃၈ ခုမြောက်သောဆာလံသည် ချီးမွမ်းခြင်းဆာလံတစ်မျိုးဖြစ်သည်။ “Individual hymn, Thanksgiving song” ဟုနားလည်ရသကဲ့သို့ ဒါဝိဒ်ကြီးစပ်ဆိုသည်ဟု သိရပါသည်။ ဤဆာလံ၏ Theme သည် “ဆုတောင်းခြင်း၏ အဖြေများအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းမျိုး” ပင် … ထို့ကြောင့် ဒါဝိဒ်၏ ခက်ခဲမှုများ၊ နာကျင်ခဲ့ရမှုများ၊ ငိုကြွေးခဲ့ခြင်းများ၏ အဖြေအတွက် ချီးမွမ်းခြင်းမျိုးလော … သို့တည်းမဟုတ် သူ့ဘဝ၏ အခြေအနေအရပ်ရပ်တို့အား ပြန်လည်သုံးသပ်… Read More »UNBREAKABLE PRAISE

သူတော်ကောင်းကိုမုန်းသောသူ

ကောင်းမြတ်တဲ့အရာကို မကြိုက်မနှစ်သက်တတ်သူဆိုတာ မရှိပါဘူး။ သို့ပေမယ့် ထူးဆန်းတာက နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ လူတွေဟာ ကောင်းမွန်တဲ့အရာတွေကို မုန်းလာကာ မနှစ်သက်တတ်ကြတော့ပါဘူး။ ဒီကနေ့ ခေတ်ကာလမှာ ကမ္ဘာနှင့်အဝှမ်း သတိထားကြည့်မိရင် ကောင်းမြတ်တဲ့အရာရဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ မကောင်းသောအရာတွေကို သာချစ်မြတ်နိုးတတ်လာကြပါတယ်။ ရောမဩဝါဒစာ ၁၂း၉“မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။” ဒီကနေ့ခေတ်ကာလမှာ မေတ္တာတရားဆိုသည့် စကားက နှုတ်၌သာရှိပြီး၊… Read More »သူတော်ကောင်းကိုမုန်းသောသူ

ဘုရားသခင်ပင်ဖြစ်သည်

ရံဖန်ရံခါတွင် အမှုတော်မြတ်၌ ပါဝင်လှုပ်ရှားကြရင်းသော်လည်းကောင်း ဧဝံဂေလိသတင်းကောင်း ဝေမျှရင်းဖြင့်သော်လည်းကောင်း ကျွန်တော်တို့၏ စိတ်နှလုံးထဲ၌ ပူပန်ခြင်းနှင့် စိုးရိမ်မှုများ အလှည့်ကျ ခိုအောင်းလေ့ရှိကြသည်။ (၁) လုပ်ဆောင်တာ အဆင်မှပြေရဲ့လား။ (၂) ကြားတဲ့သူတွေ နားလည်ပါ့မလား။ (၃) အရာမှထင်ရဲ့လား။ (၄) ရည်ရွယ်ထားသလောက် ထိရောက်ပါရဲ့လား။ … စသဖြင့် စိုးရိမ်မှုများသည် အနည်းနှင့်အများတော့ ရှိနေတတ်ကြသည် မဟုတ်ပါလား … တစ်ခါတစ်ခါတွင်လည်း… Read More »ဘုရားသခင်ပင်ဖြစ်သည်