Skip to content

သမစိတ္တ(လူ့ကျင့်ဝတ်)ဆိုင်ရာ

ရှင်ယာကုပ် ဩဝါဒစာစောင် – ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း

ပထမဦးစွာ နားလည်ရမှာက ရှင်ယာကုပ်သြဝါဒစာဟာ ဂျူးလူမျိုး ခရစ်ယာန် ယုံကြည်သူတွေကို လိပ်မူရေးသားတာဖြစ်ပါတယ်။ သြဝါဒဆိုင်ရာ ရှုထောင့်ကနေကြည့်မယ်ဆိုရင် သခင်ခရစ်တော်ကို ယုံကြည်ကိုးကွယ်သူများဟာ မိမိ တို့ရဲ့ အသက်တာပိုင်းမှာ ယုံကြည်သူ ဖြောင့်မတ်သူတယောက်အနေနဲ့ ဘုရားရှေ့မှာရော လူတွေရဲ့ အရှေ့မှာပါ မည်သို့ မည်ပုံ ပြုမူရမယ်၊ ပြုမူသင့်တယ်ဆိုတာ ကို သွန်သင်ဆုံးမနေခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရှင်ယာကုပ်သြဝါဒ စာကို ဖတ်ရှုလေ့လာတဲ့အခါ “သီလ”… Read More »ရှင်ယာကုပ် ဩဝါဒစာစောင် – ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း

ရှင်ယာကုပ် ဩဝါဒစာစောင် – နောက်ခံသမိုင်းကြောင်း

ရှင်ယာကုပ်သြဝါဒစာစောင်က  ကနဦးခရစ်ယာန်အသင်းတော်တွေ (ပျံ့နှံ့လျက်ရှိတဲ့ ခရစ်ယာန်ဂျူးလူမျိုး ၁၂ မျိုး) ကို လိပ်မူပြီးရေးသားတဲ့ စာစောင်ဖြစ်ပါတယ်။ ရေးသားသူ ရှင်ယာကုပ် ဆိုတဲ့သူရဲ့  သရုပ်မှန်အပေါ် ငြင်းခုံနေဆဲဖြစ်ပြီး၊ ၎င်းကိုခရစ်ယာန်ဂျူး လူမျိုးတဦး အနေနဲ့ မှတ်ယူထားကြပါတယ်။ စာစောင် ရေးဖွဲ့ခဲ့တဲ့အချိန်အတိအကျနဲ့ ပတ်သက်လို့လည်းများစွာ သဘောထားကွဲလွဲမှု တွေ ရှိပါတယ်။ ပညာရှင် တော်တော်များများကတော့ ၁ ရာစုအကုန် ၂ ရာစုအဝင်ပိုင်းမှာ… Read More »ရှင်ယာကုပ် ဩဝါဒစာစောင် – နောက်ခံသမိုင်းကြောင်း

ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူ

“သိုးရေခြုံတဲ့ဝံပုလွေ”၊ “ဒေါင်းယောင်ဆောင်တဲ့ကျီး” စသည်ဖြင့် စကားအသုံးအနှုန်းတွေကိုကြားဖူးကြပါလိမ့်မယ်။ ထိုစကားတွေက လူတယောက်ဟာ မှန်ကန်တဲ့ပုံသွင်နဲ့ရှိနေတယ်လို့ထင်မြင်ရပေမယ့် တကယ်တမ်းကျတော့ သူ့အကျိုးအတွက် ထိုဟန်အမှန်နဲ့ဖုံးကွယ်ထားသည့်သဘောပင်။ ဝိညာဉ်ရေးရာမှာလည်း ထိုသို့သဘောမျိုးနဲ့လူများရှိပေသည်။ နောင်ကာလတည်းဟူသော ဤခဲယဉ်းသောကာလ၌ သင်နှင့်ကျွန်ုပ်အထူးသတိပြုဖို့ရာလိုအပ်ပေသည်။ “ခြား​နား​သော​ဩ​ဝါ​ဒ​ကို သင်​ပေး၍၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏​စ​ကား​တည်း​ဟူ​သော စင်​ကြယ်​သော စ​ကား​ကို​လည်း​ကောင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့်​အ​ညီ ဖြစ်​သော ဩ​ဝါ​ဒ​ကို​လည်း​ကောင်း ဝန်​မ​ခံ​သော​သူ​မည်​သည်​ကား၊- မာ​န​နှင့်​ယစ်​မူး၍ အ​လျှင်း​နား​မ​လည်​ဘဲ၊ ပု​စ္ဆာ​အ​မေး​ကို ဆွေး​နွေး၍… Read More »ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူ

ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ

ကာမဂုဏ်ရဲ့ အဓိပ္ပါယ်ကို လေ့လာကြည့်တဲ့အခါ စွဲလမ်းတပ်မက်ဖွယ်အာရုံ လို့တွေ့ရပါတယ်။ နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ ကာမဂုဏ်ခံစားခြင်းကိုနှစ်သက်သူတွေသာ များလာမယ်ဆိုတဲ့ သတိပေးချက်ဟာ တကယ်လည်း ပြည့်စုံလာပါတယ်။ စွဲလမ်းတပ်မက်ဖွယ်အာရုံ ကိုအသားပေးတဲ့ ဆွဲဆောင်မှုတွေနောက်ကိုသာ တမ်းတမ်းစွဲ လိုက်ကာ၊ နှစ်သက်ချစ်မြတ်နိုးလာကြပြီး၊ ထာဝရနှင့်ဆိုင်သောအရာများကိုတော့ တခါတလေ အပျင်းပြေ စိတ်ပြေလက်ပျောက်လုပ်ဆောင်သလိုမျိုးအနေအထားများနှင့်သာ နေရာပေးထားတတ်ကြသည်။ ဒါကြောင့် နှုတ်နှင့်သာဘုရားရှင်ကို နှစ်သက်သူများဖြစ်နေပြီလားဆိုတာကို သတိပြုဆင်ခြင်ကြည့်ကြရအောင်။ ‭‭ရှင်ယောဟန်ဩဝါဒစာပထမစောင် ၄း၁၉“ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ရှေ့​ဦး​စွာ… Read More »ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ

ပဋိပက္ခ – ၂၆

တစ်ဦးနှင့်တစ်ဦး စိတ်သဘောထား မတိုင်ဆိုင်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အလိုမတူခြင်း၊ အဆင်မပြေ ၊ အဆင်မသင့်ခြင်းများသည် လူတိုင်း၊ နေရာတိုင်း၊ လုပ်ငန်းခွင်၌ဖြစ်စေ၊ မိသားစု၌ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေရှိကြစမြဲပင် … ထိုအဆင်မပြေ အလိုမကျ၊ သဘောထား မတိုက်ဆိုင်ခြင်းများကြောင့် တစ်ယောက်နှင့်တစ်ယောက် ရန်သူဖြစ်သွားကြခြင်း၊ မိသားစုအချင်းချင်း မုန်းသွားကြခြင်း၊ လုပ်ငန်းခွင်၌ ထိခိုက်ဆုံးရှုံးရခြင်းတို့နှင့် အသင်းတော်ပြိုကွဲရခြင်း၊ နှစ်ခြမ်းသုံးခြမ်းကွဲရခြင်းတို့သည် ဤပဋိပက္ခတစ်ခုမှပင် အစပြုလေ့ရှိသည်။ ထိုပဋိပက္ခကြီးတစ်ခုကို သင်နှင့်ကျွန်ုပ်တို့သာမက… Read More »ပဋိပက္ခ – ၂၆

မာန်မာနနှင့်ယစ်မူးသောသူ

မာန်မာနနှင့်ယစ်မူးတယ်ဆိုတာဟာ ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း လို့နားလည်ရပါတယ်။ ဘဝင်မြင့်တယ်၊ မာနကြီးတယ်ဆိုတာမျိုးက အခြားသူကိုကြည့်ခြင်းထက် ကိုယ့်ကိုယ်ကိုသာ ဗဟိုပြုတတ်သူလို့ဆိုရင်လည်း မမှားပါဘူး။ ကိုယ်ဘာလုပ်နိုင်တယ်၊ ကိုယ်ကဘယ်လိုအနေအထားရှိသလဲဆိုတာကို အားပြုအားယူကာ နှစ်ထောင်းအားရစွာဖြင့် စိတ်ကြီးဝင်တတ်တဲ့သဘောပါပဲ။ နောင်ကာလတည်းဟူသော ခဲယဉ်းသောအချိန်ကာလမှာ ဒီလိုမျိုးအသက်ရှင်ခြင်းကိုနှစ်သက်လာသူတွေများပြားလာပါတယ်။ ဖိလိပ္ပိဩဝါဒစာ ၂း၃“ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်… Read More »မာန်မာနနှင့်ယစ်မူးသောသူ

ပဋိပက္ခ – ၂၅

ကိုမျိုးကြီး၏ “3AM” သီချင်းအား နားထောင်တိုင်း နားထောင်တိုင်းတွင် စာသားတစ်ခုကို အမြဲတမ်းလိုလို မတင်မကျနှင့် နားမလည်သလိုလို နားလည်သလိုလိုနှင့်သာ နားထောင်ခဲ့သည်မှာ အကြိမ်ကြိမ် … “တမှေးမှ မရတဲ့ ငါ့ရဲ့ညတွေ ကုန်လွန်ခဲ့ပြီ” ဆိုသော နေရာရောက်တိုင်းရောက်တိုင်း “မိန်းမမရတဲ့ ငါ့ရဲ့ညတွေ ကုန်လွန်ခဲ့ပြီ” လို့သာကြားကြားမိခဲ့လေရဲ့ … ဒီနေ့ အဲဒီနေရာအရောက်မှာတော့ သေချာလေးသတိထားနားထောင်မိကာမှ စာသားအမှန်ကို သိခဲ့ရလေသည်။ ဤသို့… Read More »ပဋိပက္ခ – ၂၅

သတိပေးခြင်းကို မခံသောသူ

လူတိုင်း ကိုယ်ပြုတဲ့အမှုအရာတွေကို အသေချာဆန်းစစ်ကြည့်ရင် ဘယ်အရာတွေကိုတော့ မဆင်မခြင်လုပ်လိုက်ပြီး၊ ဘယ်အရာတွေကိုတော့ သေချာဂရုတစိုက်လုပ်မိခဲ့လဲဆိုတာ သိနိုင်မှာပါ။ အဲ့ဒီအထဲမှာ ဘယ်ဟာကပိုပြီးအလေးသာမလဲဆိုတာ ကိုယ်တိုင်အသိပါပဲ။ အထူးသဖြင့် နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ သတိပေးခြင်းကိုမခံ (တနည်း) မဆင်မခြင်နဲ့မိုက်ရူးရဲစွာလုပ်ဆောင် အသက်ရှင်တတ်သူတွေများလာတယ်ဆိုတာကို သတိချပ်ဖို့ရာအရေးကြီးပါတယ်။ ‭သု တ္တံ ကျမ်း ၁၄း၁၆“ပ​ညာ​ရှိ​သော​သူ​သည် ကြောက်၍ ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။ မိုက်​သော​သူ​မူ​ကား မာ​န​ကြီး၍ ရဲ​ရင့်​တတ်၏။” ပညာရှိ(wise)ဖြစ်ခြင်းဆိုတာ… Read More »သတိပေးခြင်းကို မခံသောသူ

သစ္စာကိုဖျက်တတ်သောသူ

“သစ္စာ”ဆိုတဲ့ဝေါဟာရရဲ့အနက်ကိုလေ့လာကြည့်တဲ့အခါမှာ အမှန်တရား၊ မှန်ကန်သောစကား၊ တစုံတခု(သို့)တစုံတယောက်ပေါ်တွင်ထားရှိသော စောင့်သိရိုသေမှုလို့တွေ့ရပါတယ်။ နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ သစ္စာဖျက်တတ်သောသူတွေရှိလာမယ်ဆိုတာ နှုတ်ကပတ်တော်ကသတိပေးထားပါတယ်။ အထူးသဖြင့် ယုံကြည်သူအသက်တာတွေထဲမှာလည်း ဘုရားသခင်နှင့်နှုတ်ကပတ်တော်သမ္မာတရားအပေါ်မှာ သစ္စာမဲ့လာရုံမျှမက၊ သစ္စာကိုဖျက်ခြင်းအခြေအနေတွေရှိလာနေခြင်းက စိတ်မကောင်းစရာပင်။ဒီကနေ့ အသင်းတော်ထဲမှာ၊ အိမ်ထောင်မှာ၊ အသက်တာတခုချင်းစီတွေတိုင်းမှာ သတိထားကြည့်လျှင် သစ္စာရှိသောသူ(faithful)များနည်းလာပါသည်။ ထိုသို့နည်းလာခြင်းကလည်း လောကဓံကြောင့်သော်လည်းကောင်း၊ လောကဆန်သောကြောင့်သော်လည်းကောင်း ဖြစ်လာပေသည်။ ယုံကြည်သူတဦးအနေဖြင့် အသက်တာကိုသစ္စာရှိစွာအသက်မရှင်လာတော့ခြင်းက လောကအလယ်မှာ အလင်းနှင့်ဆား ဘယ်လိုမှမဖြစ်နိုင်ပေ။ ယုံကြည်စိတ်ချစရာ… Read More »သစ္စာကိုဖျက်တတ်သောသူ