အမှုတော်ဆိုတာ
အမှုတော်ဆိုတာ ထင်ရာစိုင်း လုပ်ဖို့မဟုတ် သခင်စေရာ အတိုင်းပြုဖို့ အာဏာနဲ့ဝါသနာ အရလည်းမဟုတ် ကရုဏာနှင့်စေတနာပါပါ ရင်းနှီးဖို့ ငါကွဆရာကြီးဆိုပြီး အာရွှီးဖို့မဟုတ် လာကြအတူတကွ လုပ်ဆောင်တတ်ဖို့ ခန့်ညားတဲ့စင်ပေါ်မှာ ရှိနေဖို့ဘဲမဟုတ် ခက်ခဲတဲ့စစ်မြေပြင်ပေါ်လည်း ရှိနေတတ်ဖို့ ကားကောင်းကောင်းရှိမှ သွားရတာလည်းမဟုတ် သခင့်စကား သတင်းကောင်းနဲ့အထူးသဖြင့် သွားတတ်ဖို့ ကိုယ့်အဖို့ဆိုပြီး အမြတ်ရှာဖို့မဟုတ် “မြတ်”လှပါတယ်ဆိုပြီး ကိုယ်အကျိုးစွန့်တတ်ဖို့ ကျွန်ုပ်အလိုရှိသည်အတိုင်း ဖြစ်ဖို့မဟုတ် ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ဖို့