Skip to content

ဂရုစိုက်ပါ … မပေါ့ဆပါနှင့်

လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေကို မသိသလို နေလိုက်တာက ဝိညာဉ်ရေးရာကို မထိခိုက်စေဘူးတဲ့လား … အဲဒါဆိုရင် မှားတယ်။ လက်ရှိ အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေကို ဆိုးရွားစွာ ခံစားနေရတဲ့သူတွေကို ကြည့်ပြီး သနားတဲ့စိတ် … မတရားမှုကို ရွံရှာတဲ့စိတ် … မရှိဘဲ ကူညီလိုမှုကင်းတဲ့စိတ် … လျစ်လျူရှုလိုသောစိတ် ရှိနေတာက ဝိညာဉ်ရေးရာ အတော် ထိခိုက်နေပြီဆိုတာ သိရမယ်။ ဘေးက… Read More »ဂရုစိုက်ပါ … မပေါ့ဆပါနှင့်

ကြားပြီးလျင် နာယူပါ

COVID-19 မြန်မာပြည်ကိုစတင်ဝင်ရောက်လာချိန်မှာ အသင်းတော် အားလုံးနီးပါးဟာ ဘုရားကျောင်းအဆောက်အဦးထဲ အတူတကွ ဝတ်ပြုကိုးကွယ်ရခြင်းအမှုမှာရပ်တန့်သွားခဲ့ပါတယ်။ဒါဟာ အခုချိန်ထိပါပဲ။ဒီလိုဖြစ်လာတော့ အားလုံးသိတဲ့အတိုင်းပဲ အင်တာနက် အွန်လိုင်း ကနေ ဝတ်ပြုခြင်း အစီအစဉ်တွေ အသက်ဝင်လာကြပါတော့တယ်။ တချို့ကြတော့ နည်းပညာနဲ့ပတ်သက်လို့ အတွေ့အကြုံ၊ အခက်အခဲရှိကြတော့ ချက်ခြင်းအကောင်အထည်မဖော်နိုင်ခဲ့ကြပါ။မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံရှိယုံကြည်သူတွေဟာ အွန်လိုင်းအခြေပြုကိုးကွယ်ခြင်းကို ယနေ့ထိအသုံးပြုနေရကြတုန်းပါပဲ။ ~ ကိုးကွယ်ခြင်းမှာ ကိုဗစ်ဟာ ပြဿနာလား? ~ ကိုဗစ်ဟာ တကမ္ဘာလုံးအတိုင်းအတာပြဿနာပါ။သို့သော်ကိုးကွယ်ခြင်းမှာတော့… Read More »ကြားပြီးလျင် နာယူပါ

သခင့် သာသနာ

သာသနာတော့ လုပ်ချင်ကြတယ်ဒါပေမယ့်သာသနာ တိုးပွားဖို့တော့ စိတ်မဝင်စားကြဘူးဘာကြောင့်လဲဆိုတော့သာသနာပြုဖို့ စလိုက်ကတည်းက ကိုယ်အကျိုးစီးပွား တိုးပွားဖို့အတွက်ပဲဖြစ်နေတာကိုး။ မှတ်မိပါသေးတယ်အင်ဂျင်နီယာကျောင်း(အင်ဂျင်နီယာတော့မဖြစ်ခဲ့)တက်ခဲ့တုန်းက မယုံကြည်သူ လျှပ်စစ်အင်ဂျင်နီယာ ဦးလေးကြီးတယောက်က “ဟရောင် .. မင်း တရားပဲ ဟောပါလား ဒါ(လက်ကနေပိုက်ဆံပုံလုပ်ပြလျက်)ခိုင်တယ်နော်။” စိတ်ထဲမှာတော်တော်လေး လေးလံသွားခဲ့ပါတယ်။သာသနာဟာ သူ့အမြင်မှာ ဝင်ငွေသာတဲ့အရာတခုထက်မပိုဖြစ်နေပါလား။ဆိုတော့ကာ ဒီစက္ကန့်ပိုင်းအတွင်းပြောဖြစ်ခဲ့တဲ့စကားလေးတွေဟာ ထာဝရနဲ့ဆိုင်တဲ့အရာကို အကြီးအကျယ် မီးမောင်းထိုးပြနေလေရဲ့။ဘာမှားနေတာလဲ။ သာသနာက လွဲချော်နေတာလား။မဟုတ်ပါ။အသက်တာနဲ့ ဒေသနာဟာ လွဲချော်နေကြတာပါ။သခင်ဘုရားရဲ့ဒေသနာဟာ လွဲချော်မှုမရှိပါဘူး။… Read More »သခင့် သာသနာ

ပန်းတိုင်

ပန်းတိုင်က ကောင်းကင်ထိလေ …ဘယ်လိုလုပ်ပြီး လောက က ခဏတာအောင်မြင်မှုတွေနဲ့တင် အလိမ်ခံနေရတာတုန်း။ လောကမှာ ခဏကျရှုံးမှုတွေနဲ့တင် ဘာကြောင့် လက်မြောက်ရမှာတုန်း။ (လောကကြီးကိုယ်၌က ခဏတာ ယာယီနော်) ဒီကမ္ဘာမှာ ဘာဖြစ်သလဲ။ဒီကမ္ဘာမှာ ဝင်ငွေဘယ်လောက်ရလဲ။ဒီကမ္ဘာမှာ ပညာဘယ်လောက်တတ်သလဲ။ဒီကမ္ဘာမှာ ဘယ်လို အောင်မြင်နေသလဲ။ဒီကမ္ဘာမှာ ဘယ်လောက် နာမည်ကြီးနေသလဲ။ သို့မဟုတ် ဒီကမ္ဘာမှာ ဆင်းရဲရလို့ … ဒီကမ္ဘာမှာ ညှဉ်းဆဲခံရလို့ …ဒီကမ္ဘာမှာ အသတ်ခံရလို့ …ဒီကမ္ဘာမှာ… Read More »ပန်းတိုင်

သခင့်အလိုတော်ရှိသည်အတိုင်း

တစ်ခါတလေ ဖြောင့်မတ်ခြင်းအတွက်နဲ့ ဆင်းရဲဒုက္ခခံဖို့ကို ဘုရားသခင်က ခွင့်ပြုတာတင်မဟုတ်ဘူး အလိုတော်ရှိနေတာမျိုး … ဘာလို့လဲဆိုတော့ ဖြောင့်မတ်ခြင်းအတွက်နဲ့ ဆင်းရဲဒုက္ခကို ခရစ်တော်၌/ခရစ်တော်အားဖြင့် ရရှိထားသော မျှော်လင့်ချက်နဲ့အတူ ခံယူရဲတဲ့ သူတွေရဲ့ အသက်တာကို ကြည့်ပြီး ထိုမျှော်လင့်ခြင်း အကြောင်းကို လူတွေ မေးမြန်းလာစေဖို့ ဖြစ်တယ်။ ဒါဟာ ဘုရားရဲ့ ကြီးမြတ်တဲ့ အကြံစည်ပါပဲ။ ဆင်းရဲခြင်းကို ရင်းလိုက်ရပေမဲ့ ဖြောင့်မတ်ခြင်းကို မဆုံးရှုံးရတဲ့… Read More »သခင့်အလိုတော်ရှိသည်အတိုင်း

သတိ

“ကပ်ရောဂါ‌ တွေလာပြီလို့ သတင်းတက်လာတော့ ကျွန်တော်တို့ ကိုယ်ခံအားကောင်းအောင်ပြင်ဆင်ကြတယ်။ သမ္မာကျမ်းစာက ခရစ်တော် ပြန်လာနေပြီလို့ ပြောတော့ ကျွန်တော်တို့တွေ နားတောင်မယားဘူး။” “စစ်တွေဖြစ်နေပြီဆိုတော့ လိုအပ်တာတွေ ဝယ်ခြမ်းပြင်ဆင် ရှောင်ပုန်းနေကြတယ်။ ခရစ်တော်ပြန်လာတော့မယ်လို့ ပြောတော့ ပုံပြင်ဟောင်းကြီးပါဆိုပြီး ဂရုတောင်မစိုက်ဘူး။” “စီးပွားရေးတွေ ခက်ခဲလာလိမ့်မယ် ဆိုတော့ စိုးရိမ်လိုက်ကြတာ စုထားဆောင်းထားလိုက်ကြတာ။ ခရစ်တော်ပြန်လာတော့မယ်လို့ ပြောတော့ ကိုယ်နဲ့မဆိုင်သလို လစ်လျူရှုနေကြတာ လှည့်ကိုမကြည့်ဘူး။” #သတိ

ဒီနေ့ ဆုတောင်းပြီးပြီလား

ဒီနေ့ ဆုတောင်းပြီးပြီလား။ သင်သည် သက်တောင့်သက်သာစွာ နေထိုင်နေရပါသလား။သင်သည် ဘေးကင်းလုံခြုံစွာ အသက်ရှင်နေရပါသလား။သင်သည် အစားအသောက်များ လျှံပယ်စွာ စားသောက်နေရပါသလား။သင်၌ သုံးစွဲစရာငွေကြေး အလုံအလောက်(ဒါမှမဟုတ်)များစွာ ရှိနေပါသလား။ ထိုအရာတွေအတွက် သင်ချီးမွမ်းဆုတောင်းလို့ နေကောင်းနေပါလိမ့်မယ်။သို့သော် ထိုအရာတွေကိုမခံစားရပဲ ဒုက္ခများကြားပြေးလွှားနေရသူတို့အဖို့ ဒီနေ့သင်ဆုတောင်းပေးပြီးပြီလား။မတောင်းရသေးရင် အခုပင် ဆုတောင်းပေးလိုက်ပါ။ ရှင်ယာကုပ်ဩဝါဒစာ ၅:၁၆“ချမ်းသာရမည်အကြောင်း၊ အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့။”

ကျွန်တော့်ရဲ့ မေမေများနေ့

ကျွန်တော်တို့ အယောက်ဆီတိုင်းအတွက် ကောင်းကင်တမန် တစ်ပါးသဖွယ် ကျွန်တော်တို့အား ကြည့်ရှုစောင့်ရှောက်ပေးသော အမေများကို ပေးထားတဲ့ ဖခမည်းတော်၊ သခင်ယေရှုခရစ်တော် နှင့် သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးတစ်ဆူ ဘုရားသခင်၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ရှေးဦးစွာချီးမွမ်းပါတယ်။ မိခင်များနေ့မှာ မိခင်များအားလုံးအတွက် သားသမီးများကိုယ်စား ဂုဏ်ပြုစကားပြောကြားဖို့ အခွင့်ရတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ထပ်မံ၍ချီးမွမ်းပါတယ်။ အခွင့်ပေးကြသော အသင်းတော်မှ အဖသင်းအုပ်ဆရာကြီးများ၊ အသင်းတော်… Read More »ကျွန်တော့်ရဲ့ မေမေများနေ့

Happy Mother’s Day (2021)

ကိုးလလွယ် ဆယ်လဖွားဒုက္ခနဲ့အခက်ခဲ သူခံစားအူဝဲသံကြား မြင်မျက်နှာအားသုခနဲ့ပီတိ ဖြာလေပါတကား နို့စို့သူငယ် သူချစ်တယ်ကြီးသည်အထိ ပြုစုကိုင်တွယ်အတတ်သင်ပေး လိမ္မာရေးတရားလမ်းလည်း သွန်သင်ပေး ဆုတောင်းပေးသော မြတ်မိခင်ဆိုးသောကျွန်ုပ်ကို တခါတလေဆိုဆဲမိပင်သို့သော်လည်းငြား သူလည်းလူသားမပျော်ရွှင်ပါ ထိုစကားအား မိခင်မေတ္တာ မရွှေ့လျော့ပါဇရာအိုလည်း ချစ်ဆဲကွာအထက်အရပ်မှ ကောင်းကြီးမင်္ဂလာတန်ဖိုးထားပါ မွေးသမိခင်အပေါ်မှာ သန္ဓေယူစမှ အရွယ်ရောက်ချိန်ထိအမေမညည်းငြူပဲ ကြည့်ရှုခဲ့၏သူ့ရဲ့ကျေးဇူး အစဉ်ကြွယ်ဝဆပ်၍မကုန်ပါ ကြီးမားလွန်းလှ Poet – The Blessed Desk… Read More »Happy Mother’s Day (2021)