Skip to content

ထာဝရဘုရား၏သမ္မာကျမ်းစာဆိုင်ရာ

STOP SIGN THEOLOGY

အမေရိကား၏ ပြည်နယ်တစ်ခုဖြစ်သော California တွင် “Stop Sign” များစွာတွေ့ရသည်။ ထိုသင်္ကေတ၏ အဓိပ္ပါယ်မှာ ရပ်တန့်ရန်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရပ်ရမည်။ သင်မည်မျှပင် အလျှင်လိုနေစေဦးတော့ ဤ Sign နေရာသို့ ရောက်သည်နှင့် ဘီးလေးဘီးလုံး ရပ်တန့်ရမည်ဖြစ်သကဲ့သို့ သတ်မှတ်မျဥ်းအား မကျော်လွန်ရချေ။ ထိုအမှတ်အသား သင်္ကေတ၏ သတိပေးခြင်းသည် “To Stop, To Watch, and… Read More »STOP SIGN THEOLOGY

FLEE AND PURSUE

“For the love of money is the root of all evil” ငွေတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့၏ မူလအမြစ်ဟုဆိုသည်ကို တိမောသေဩဝါဒစာတွင် တွေ့ရသည်။ ထို့အပြင် ငွေအား လွန်ကျူးစွာတပ်မက်ခြင်းသည် ယုံကြည်ခြင်းလမ်းမှပင် လွဲသွားစေတတ်သည်ကိုလည်း သတိထားဖို့ရန် မှာကြားထားပေသည်။ ဤကမ္ဘာလောကကြီးထဲတွင်ရှိသော ကျွန်ုပ်တို့သည် ငွေကြေးလိုအပ်သည်မှာ မှန်ပါသည် သို့သော် ထိုငွေကိုသာ မြင်တတ်ခြင်း၊… Read More »FLEE AND PURSUE

ခရစ်ဝင်ကျမ်းများမိတ်ဆက်

“Gospel” ဆိုသည့် အင်္ဂလိပ်စကားလုံးမှာ “Anglo-Saxon” စကားလုံး “godspell” မှဆင်းသက်လာပြီး၊ “ဘုရားသခင်၏အကြောင်း” သို့မဟုတ် “ထူးကဲသောအကြောင်း”ဟုဆိုနိုင်ပါသည်။ နောက်ပိုင်းအဓိပ္ပါယ်ဖွင့်ဆိုချက်တွေမှာ “gospel”ဟူသည့် ဂရိ(ဟေလေသ)စကားနှင့်လိုက်ညီလျက်၊ “euangellion=သတင်းကောင်း”ဟုဆိုလိုပါတယ်။ ဂရိလူမျိုးတို့၏လောကီအသုံးအနှုန်း၌ “euangellion” အား “အရေးကြီးသည့်ဖြစ်ရပ်ကိုအစီအရင်ခံခြင်း”ဟု​ဖော်ပြထားပါတယ်။ ခရစ်ဝင်ကျမ်းလေးကျမ်းလုံးဟာ နာဇရက်မြို့သားယေရှု၏ အသက်တာ၊ စွန့်လွှတ်အသေခံခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းတည်းဟူသော လူ့သမိုင်းတွင်လွန်ပင်အရေးကြီးသောဖြစ်ရပ် သတင်းကောင်းပဲဖြစ်ပါတယ်။ ခရစ်ဝင်ကျမ်းများဟာ သခင်ခရစ်တော်၏လူဇာတိခံယူသော အသက်တာအလုံးစုံကိုဖော်ပြဖို့ရည်ရွယ်မထားသောကြောင့် (ယောဟန်၂၀း၃၀၊… Read More »ခရစ်ဝင်ကျမ်းများမိတ်ဆက်

နှုတ်ကပတ်တော်လေ့လာခြင်း

ခရစ်ယာန်တယောက်အနေဖြင့် နှုတ်ကပတ်တော်လေ့လာခြင်း (Bible study) အား လူအများဖြင့်သော်လည်းကောင်း(communal)၊ တစ်ဦးတည်းသော်လည်းကောင်း(individual) အသေချာ လေ့လာခံယူသင့်ပါသည်။အများစုမှာ သမ္မာကျမ်းစာလေ့လာခြင်း ဆိုသောခေါင်းစဉ်ဖြင့် ပြုလုပ်နေကြသော်လည်း ကိုယ့်ဩဝါဒ၊ ကိုယ့်ထင်မြင်ယူဆချက်ကိုသာ အသားပေးပြောဆိုနေသည်က များပါတယ်။တဦးချင်း လေ့လာကြသူတချို့ဆိုလျှင်လည်း စနစ်တကျလေ့လာခြင်းထက် ဖြစ်သလို ဖတ်တတ်ကြသလို၊ အထက်က ကိုယ့်ဩဝါဒ၊ ကိုယ့်ထင်မြင်ယူဆချက်ကို အသားပေးသူတို့ရဲ့ လွှမ်းမိုးမှု၌သာ ဖတ်ရှုတတ်သူများလည်းရှိကြပါတယ်။မည်သို့ပင်ဆိုစေကာမှု ခရစ်ယာန်မှန်လျှင်တော့ ထာဝရဘုရားမှုတ်သွင်းတော်မူသော နှုတ်ကပတ်တော်ကိုတော့ လေ့လာကြည့်ရှုဖတ်ရွတ်သင့်ပါတယ်။နက်နဲသော… Read More »နှုတ်ကပတ်တော်လေ့လာခြင်း

မာရကိုကျော်လွန်၍

နောမိသည် တစ်​နေ့တွင် ​နေရပ်သို့ပြန်လာခဲ့သည်။ သို့​သော် သူမ၏ ရင်ဘတ်ထဲတွင် ဒဏ်ရာဗလပွနှင့်ပင်။ ​မေးခွန်းများစွာကိုလည်း မျိုသိပ်​ကောင်းမျိုသိပ်ထား​ပေလိမ့်မည်။ ဣသရေလပြည်၌ ဒုက္ခ​ရောက်၍ ​မောဘသို့သွားခဲ့ကြသော်လည်း အဆင်မ​ပြေခဲ့။ ပြည်​​တော်ပြန်လာချိန်တွင်လည်း ခါးသီး​သော ခံစားချက်များကိုသာ ရင်ဝယ်ပိုက်၍ ပြန်လာခဲ့​ပေသည်။ ရုသဝတ္တု ၁:၂၀သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။ သူမ၏အမည်ကိုပင် ​မေ့နိုင်​လောက်​အောင်… Read More »မာရကိုကျော်လွန်၍

အထက်အရပ်မှလာသော ပညာ

ထာဝရဘုရားသည် ပညာကိုပေး​တော်မူတတ်သည်ဟူ၍ ကျွန်ုပ်တို့သိကြသည်။ ထိုဥာဏ်ပညာကို “Wisdom” ဟုဆိုပေသည်။ ၎င်းသည် မည်မျှအ​ရေးပါသနည်း၊ ထို Wisdom ဆိုသည်မှာ ဘာကိုဆိုသည်ကိုလည်း သိဖို့ရန်အတွက် အင်မတန်အ​ရေးကြီးပါသည်။ “Wisdom is the ability to know what is true or right.” ဆိုသည့် ဖွင့်ဆိုချက်များစွာထဲမှ တစ်ခုကို ကျွန်တော် မှတ်မိပါသည်။… Read More »အထက်အရပ်မှလာသော ပညာ

အဓိကအရာကို သိခြင်း

တမန်တော်တို့သည် ဗိမာန်တော်၌ သော်လည်းကောင်း အိမ်၌ သော်လည်းကောင်း ဆုံးမဩဝါဒပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း၊ ဧဝံဂေလိတရားဝေငှခြင်း စသဖြင့်တို့အား နေ့စဥ်နေ့တိုင်း လုပ်ဆောင်လျှက်နေကြသည့် အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးသည့်နောက်တွင် ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ရိုးရိုးသာမာန်အနေဖြင့် ခေါ်ဆိုကာ ခေါင်းစဥ်တပ်ရမည်ဆိုလျှင် လူမှုရေးပြဿနာတစ်ခုဟု ခေါ်ဆို၍လည်း ရနိုင်ပေသည်။ မုဆိုးမများအား အလုပ်အကျွေးပြုခြင်းဆိုင်ရာပြဿနာတစ်ခု ဟုလည်းဆိုကြပေအံ့ … ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ ဟေဗြဲလူမျိုးနှင့် ဟေလေနစ်လူမျိုးတို့မှ စတင်လာသော မီးပွားများသည်… Read More »အဓိကအရာကို သိခြင်း

ချစ်သော လူငယ်သို့ – အပိုင်း(၁၀)

“ကြိုက်တာလာ၊ လာချင်တာလာ ဒါပေမယ့်စုံစမ်းသွေးဆောင်ခြင်း ကတော့မရဘူးကွာ” ဆိုတဲ့အဖြစ်မျိုးကျွန်ုပ်တို့ ကြုံတွေ့ဖူးမှာပါ။ စုံစမ်းသွေးဆောင်ခြင်းဆိိုတာကလည်း ယောကျာ်း၊ မိန်းမ အရွယ်မရွေးပါဘူး။ လူတိုင်းဆီလာတတ်ပါတယ်။ ဒါပေမယ့် ပုံစံမျိုးစုံနှင့်အခြေအနေမျိုးစုံမှာ လာတတ်တဲ့ စုံစမ်းသွေးဆောင်ခြင်းကို ဆီးတား၊ တွန်းလှန်နိုင်ဖို့ကိုတော့ သခင်အလိုရှိပါတယ်။  “ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။” ဟေဗြဲဩဝါဒစာ… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၁၀)

အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်

သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟူသော စကားသည် မှန်သောစကားဖြစ်သောကြောင့် သင်းအုပ်ဟာ ရှေ့ဦးစွာ အပြစ်တင်ခွင့်နှင့်ကင်းလွတ်ရမယ် လို့ တမန်တော်ကြီးရှင်ပေါလုက တိမောသေကို သတိပေးခဲ့ပါတယ်။ သင်းအုပ် (overseer) လို့ဆိုတဲ့အခါOverseer – (Webster’s 1828 Dictionary)OVERSEE’R, n.1. One who overlooks; a superintendent; a supervisor.2. An… Read More »အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်