Skip to content

ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပြီး ပြိုင်ပွဲထဲမှာမရှိ

ခေါင်းစဉ်ကိုယ်၌က ရှင်းပါတယ် … အထူးအထွေ ရှင်းပြပြောဆိုနေစရာ လိုမယ်လို့ မထင်။သမ္မာကျမ်းစာထဲမှာ အမှုတော်ဆောင်ခြင်းကို ပြိုင်ပွဲတစ်ခု သို့မဟုတ် အပြေးပြိုင်ပွဲတစ်ခုပမာ နှိုင်းယှဉ်တင်ပြထားတာမျိုးကို အကြိမ်ကြိမ် တွေ့ရပါတယ်။ ဒီနေရာမှာ သတိထားရ မယ့်အရာကတော့ ကိုယ်ပြေးရမယ့်လမ်းကြောင်းကို သိဖို့လိုတယ် (ဖိလိ ၂း၁၆၊ ၃း၁၄) Philippians 2:16 – သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုး… Read More »ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပြီး ပြိုင်ပွဲထဲမှာမရှိ

Covid 19 နှင့် ကလေးငယ်များ

မကြာသေးမီက လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ကူးစက်ခံရသူ ကလေးငယ်ရဲ့ video ကိုမြင်ရသူတိုင်း စိတ်သက်သာပျော်ရွှင်မယ်လို့တော့ မထင်ပါဘူး။ဟုတ်ပါတယ်။ သူခံစားနေရတာ မြင်ရသူတိုင်း နာကျင်ရပါတယ်။ ကရုဏာသက်မိပါတယ်။ မိခင်အပေါ်မှာလည်း စာနာမိပါတယ်။ဒီအချိန်မှာ ကျွန်တော်တို့ရဲ့အနာဂတ်ဖြစ်တဲ့ ထိုကလေးငယ်လေးတွေအတွက် ဆုတောင်းပေးနေဖို့ရာ အလွန်အရေးကြီးပါတယ်။သခင်ခရစ်တော်ပင်လျင် မဆီးတား မငြင်းပယ်ဘဲ အထံတော်ကိုလာစေတဲ့ ထိုကလေးငယ်လေးတွေအတွက် ကျွန်ုပ်တို့ဝန်တာထားကာ သူတို့ရဲ့ကျန်းမာရေး၊ ထို့အတွက်သာမက ဝိညာဉ်ရေးအဖို့လို့ငှါ ဆုတောင်းကြရအောင်။ ဆုတောင်းလျက်λόγος

ငြိမ်သက်ခြင်း

အခြေအနေတွေက ထင်သလောက်မကောင်းဘူး ဖြစ်နေလား?အဆင်ပြေမှာပါလို့ ထင်ထားတာတွေက ပင်ပန်းနေစေပြီလား?ကလေးဆုတောင်းသလို လိုချင်တာကိုတောင်းတိုင်းရတယ် ဆိုပြီးပျော်မနေပါနဲ့တကယ် အစဉ်မပြတ် ဝမ်းမြောက်လျက်၊ မခြားမလပ်ဆုတောင်းပြီး အရာရာတိုင်းမှာချီးမွမ်းဖို့ ယေရှုခရစ်၌ဘုရားသခင် အလိုရှိတဲ့ Lifestyle မျိုးကလိုအပ်ပါတယ် ငြိမ်သက်ခြင်းကို ဘယ်မှာရမလဲ?ဘယ်မှာမှမရဘူး ကြိုက်တဲ့နေရာရှာ… မောသွားမယ်..ကြိုက်သလိုလုပ်..ပိုမောသွားမယ်ငြိမ်သက်ခြင်းကို… ငြိမ်သက်ခြင်းအရှင် ဘဲပေးပါတယ်အခု အဆင်မပြေဘူးမဟုတ်လား?ဝန်ခံလိုက်..ဘာလို့လဲဆိုတော့ …အဆင်မပြေတာကိုသိရဲ့သားနဲ့ဝန်မခံဘဲ..အဆင်ပြေပါတယ်ဆိုပြီး.. အပေါင်းလက္ခဏာပြချင်မနေနဲ့အလကားမရှိတာကြီးကိုရှိအောင်လုပ်နေတာပင်ပန်းတယ်အဆင်မပြေဘူး နေလို့မကောင်းဘူး စိတ်ဆင်းရဲတယ် စသည်ဖြင့်ပေါ့ ရှိရင် ဝန်ခံလိုက် ပြောပြလိုက်… Read More »ငြိမ်သက်ခြင်း

စိတ်ခံစားချက်ဖြင့် ဘုရားတရားကိုင်းရှိုင်းခြင်း?

ခံစားမှုနဲ့လူတိုင်းက နေ့ရက်တိုင်းကိုဖြတ်သန်းနေကြတယ်လှုပ်ရှားမှုတခုစီတိုင်းဟာလည်း စိတ်ခံစားမှုရဲ့ထိန်းချုပ်မှုမှာသွားနေကြတယ်လောကီဆန်ဆန်အစွဲတွေဟာလည်းပါလာတယ်အထူးသဖြင့် ဘုရားနဲ့အသက်ရှင်ခြင်း ဆိုတဲ့ ရင်းနှီးကျွမ်းဝင်မှု(Relationship) မှာ စိတ်ခံစားချက်တွေပါလာပြီဆိုရင် သွားပါလေရောဘဲအလိုတော်ကိုမမြင်တော့ဘဲ ကြားလာ ကြားခဲ့တဲ့ အရာတခုလေးကိုဘဲ စိတ်ခံစားချက်ဆိုတဲ့သေတ္တာထဲမှာ သော့ခတ်သိမ်းဆည်းခံယူလိုက်သူတွေများစွာပါဘဲ ယေရမိအနာဂတ္တိကျမ်း ၁၉:၉စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။ သုတ္တံကျမ်း ၄:၂၃နှလုံးသည် အသက်၏အခြေအမြစ် ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။… Read More »စိတ်ခံစားချက်ဖြင့် ဘုရားတရားကိုင်းရှိုင်းခြင်း?

သန့်ရှင်းသော ဝိညာဉ်တော်

အားလုံးဘဲ Happy Sunday ပါဒီနေ့က တနင်္ဂနွေ နေ့ဆိုတော့ အားလုံးလည်း မိသားစုကိုယ်စီနဲ့ ဘုရားကျောင်းတက်ပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ချင်နေကြမယ်လို့ ယုံကြည်ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ဘုရားကျောင်းသို့ တက်ပြီး အရင်လို ဝတ်ပြုကိုးကွယ်ရန် မဖြစ်နိုင်သော်ငြားလည်း သိပ္ပံနဲ့နည်းပညာအားဖြင့် ‌ဒေသန္တရဆိုင်ရာ ခရစ်ယာန်အသင်းတော်များ အသီးသီးမှ Online Worship Service များနဲ့ ကိုးကွယ်ခွင့်ရတာကလည်း ကျေးဇူးတော်ပါပဲနော်။ ဒါပေမဲ့… Read More »သန့်ရှင်းသော ဝိညာဉ်တော်

ဆာလောင်မှုက ဘုရားစကားမှာမဟုတ်ဘဲ လောကမှာရှိနေလေတော့ ပဲဟင်းနဲ့ လဲစားတာ မဆန်းပါဘူး

နှုတ်ကပတ်တော်တရားကို အပေးအယူလုပ် (ရောင်းစား) ကြတဲ့ အဖြစ်ဟာ အခုချိန်မှာမှ မဟုတ်ပါဘူး ကမ္ဘာဦးကစလို့ ပထမဆုံး လူသားတို့ကျူးလွန်ခဲ့ကြတာပါ … ယာယီ အစားတစ်လုပ်အတွက်နဲ့ ထာဝရနဲ့ဆိုင်သော မုန့်ကို ပစ်ပယ် ရွေးချယ်ကြတာဟာ ဝမ်းနည်းစရာပါ။ ကောင်းမကောင်း သိကျွမ်းရာအပင်ရဲ့ အသီး (ကမ္ဘာဦးကျမ်း ၃) အမြင်နဲ့ကြည့်ရင် စားချင်စဖွယ်၊ ပညာကို ပေးနိုင်သော ဆိုတဲ့ အဆင်းသဏ္ဍာန်ရှိခဲ့သည့်ပြင် ရန်သူတော်ကလည်း… Read More »ဆာလောင်မှုက ဘုရားစကားမှာမဟုတ်ဘဲ လောကမှာရှိနေလေတော့ ပဲဟင်းနဲ့ လဲစားတာ မဆန်းပါဘူး

အပြစ်၏အခကား သေခြင်း၊ ယေရှုခရစ်အားဖြင့် ထာဝရအသက်တည်း

အပြစ်က ဘယ်လောက်ရွံရှာစရာကောင်းတယ်၊ ဘယ်လောက် စက်ဆုပ်စရာကောင်းတယ်ဆိုတာ၊ ပြီးတော့ အပြစ်ရဲ့အခ ဘယ်လောက်ကြီးတယ်ဆိုတာ မသိခဲ့ရင်တော့ ဘုရားသခင်ရဲ့သားတော် ယေရှုခရစ်တော် အားဖြင့် ခံစားခွင့်ရှိတဲ့ ကျေးဇူးတော်ဘယ်လောက် ကြီးတယ်ဆိုတာ သိမှာမဟုတ်ပါဘူး။ ရောမဩဝါဒစာ ၆ : ၂၃ “အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။”

Mutation ဆိုသည်မှာ အဘယ်နည်း။

Mutation ဆိုသည်မှာ DNA အမျှင်တွင် ဖြစ်ပေါ်သော ချို့ယွင်းပြောင်းလဲမှုဖြစ်သည်။ ၎င်းသည် DNA ပုံတူကူးပွားသည့်အခါ အမှားအယွင်းဖြစ်သွားခြင်းကြောင့်သော်လည်းကောင်း၊ ခရမ်းလွန်ရောင်ခြည်၊ ဆေးလိပ်ငွေ့ကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေများကြောင့်သော်လည်းကောင်း ဖြစ်လာနိုင်သည်။ ကျွန်ုပ်တို့ဘဝသက်တမ်းတလျှောက်လုံး၌ DNA အမျှင်ရှိ A, T, G, C ဘေ့စ်များတွင် mutation များဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်၍ ၎င်းတို့မှ ဖွဲ့စည်းဖြစ်ပေါ်လာသော protein သည်လည်း ပြောင်းလဲမှုများဖြစ်ပေါ်လာမည်ဖြစ်သည်။… Read More »Mutation ဆိုသည်မှာ အဘယ်နည်း။

စစ်ဆေးပါ

ထိုအခါမာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေရမည်အကြောင်း၊ ဝိညာဉ်တော်သည်ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊ယေရှုသည် အရက်လေးဆယ်ပတ်လုံးအစာအဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်း သို့ ရောက်တော်မူ၏။ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကိုမုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ စာတန်မမြောက်ပါ မခြောက်ပါစုံစမ်းသွေးဆောင်တာပါ အပြစ်သွေးဆောင်ခြင်းကိုခံရသောသူမည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင် တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသော အရာ သည်ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ ကိုယ်တော်သည်လည်း… Read More »စစ်ဆေးပါ