Skip to content

လိုင်း မတူ

ခရစ်ယာန်လူငယ်များ စကားပြောနေကြသည်။ အရွယ်တူတွေပါသလို အရွယ်ငယ်သေးသူများလည်းပါကြသည်။ သူငယ်ချင်းတွေ ဘုရားကျောင်းတစ်ခုမှလူငယ်များဖြစ်ဟန်တူသည်။ ရုတ်တရက် စကားဝိုင်းထဲမှ စကားသံတစ်ခုကို ကြားလိုက်ရသည်။ “မင်းနဲ့ငါတို့ကလိုင်းမတူဘူး” ဟူ၍ဖြစ်သည်။ ကျွန်တော်စိတ်ဝင်စားသွားသည်။ ဒါနဲ့ အကျိုးအကြောင်းသိချင်လိုသောကြောင့် ဆက်ပြီးနားစွင့်ထားမိသည်။ ထိုလူငယ်အစုထဲမှ တချို့က ဘီယာသောက်ဖို့ရန်တိုင်ပင်စည်းရုံနေချိန် သူတို့ရဲ့သူငယ်ချင်းတစ်ဦးအားပြောလိုက်သည့်စကားဖြစ်သည်။ “မင်းကgospelလိုင်း ငါတို့ကbeerလိုင်းဆိုတော့ နောက်မှတွေ့ကျတာပေါ့” ဟုဆိုကာ အသီးသီးထွက်သွားကြတော့သည်။ အံ့ဩမိပါတယ်။ သခင်ယေရှုခရစ်တော်၏ အသွေးတော်သွန်းခြင်းအဖိုးအခ ခွင့်လွတ်ခြင်းကျေးဇူးအား လူငယ်အများစု… Read More »လိုင်း မတူ

🐜 စုဆောင်းခြင်း 🐜

ခုတလောအိမ်မှာ ဒုက္ခအပေးဆုံးက ပုရွက်ဆိတ်။ နေရာတကာမှာ သူတို့တတွေရှိတယ်။ စိတ်ပျက်စရာကောင်းပေမယ့် သူတို့ရဲ့ စည်းလုံးမှု နဲ့ လုပ်အားက သင်ခန်းစာပင်။ “အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။” (သုတ္တံကျမ်း ၆:၆) ဘုရားက ကျွန်တော့်ကို လူပျင်းတဲ့… မှန်ပါတယ်  ဒါတင်မကသေးဘူး။ ပုရွက်ဆိတ်ဆီကိုသွားပြီး သူရဲ့အပြုအမူတွေကို ဆင်ခြင်ခိုင်းတယ်။ “ပညာရှိ” စေဖို့ပေါ့။ ဘုရားက သင့်ကို… Read More »🐜 စုဆောင်းခြင်း 🐜

နား

နား တစ်ချို့ကနှုတ်ကပတ်တရားတော် နားထောင်တဲ့အခါ နားကို“စွန့်” ကြတယ် … နား “စွင့်” ဖို့ကို နားမလည်ကြဘူး … နားထူသူကထူလို့နားယားသူက ယားနေကြတာများလား … နားလည်ချင်တာပဲ နားလည်လို့လူပါလည်နေတဲ့ ငလည်တွေနဲ့ …တရားနာခြင်းအမှုမှာ နားကမ်းသူတွေ အတော်များလာတဲ့ခေတ်ထဲမှာယောင်လည်လည် သွန်သင်ချက်တွေပေါ် နားခိုနေသူတွေကို နားမလည်နိုင်တော့ပြီ …” သေချာတာက “နားရှိသောသူမည်သည်ကား ကြားပါစေ” ဆိုတာ အလကားပြောခဲ့တာ မဟုတ်မှန်း… Read More »နား

မင်္ဂလာ

“မင်္ဂလာပါ” လို့နှုတ်ဆက်ရတဲ့အရသာက တကယ်ကောင်းတယ်ကြားရတဲ့သူရင်မှာအေးသွားတာပဲပြောတဲ့သူရော ကြားတဲ့သူရော ပြုံးနေမှာအသေချာပဲ …ဒါပေမဲ့ နှစ်ယောက်လုံးက မင်္ဂလာ တကယ်ရှိရဲ့လား? နှုတ်ကပတ်တော်ထဲမှာ…မင်္ဂလာ ရှိတဲ့သူတွေဟာ အထွတ်အထိပ်၊ သူဌေးသူကြွယ်၊ နာမည်ကြီး၊ ဆရာကြီးတွေလို့ မပြောထားပါဘူး..(ရှင်လုကာခရစ်ဝင် ၆:၂၄) လူတချို့ဒီနေ့တခြားလူတွေကိုကြည့်ပြီး မင်္ဂလာရှိတဲ့သူပါလား ပြောပြီး ကိုယ် ကိုယ်တိုင်က သိမ်ငယ်နေတာတွေအများကြီးပဲ …အောင်မြင်တဲ့အခိုက်အတန့်တချို့.. လိုချင်တာရတဲ့အချိန်လောက်ပဲ .. ကိုယ့်ကိုကိုယ် မင်္ဂလာနှင့်ပြည့်စုံတယ်လို့ထင်ကြတယ်.. ကဲ …ဒါဆို… Read More »မင်္ဂလာ

အမှန်တကယ် ပြောင်းလဲဖို့

ပြောင်းလဲမှုကို လူတိုင်းလိုချင်သည် ဝတဲ့သူကပိန်ချင် ပိန်တဲ့သူကဝချင်.. “ခန္ဓာ” အခုနေ ဒီဟာ၊ တော်ကြာနေ တစ်မျိုး .. “စိတ်” ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိ၊ ဘာလုပ်မှငြိမ်းချမ်းမလဲ … “ဝိညာဉ်” သိပ္ပံပညာတိုးတက်လာတယ်၊ ခန္ဓာ နဲ့ စိတ်အတွက်မြင့်တင်ပေးမယ့်အရာတွေ ကျေနပ်စေမယ့်အရာတွေကို ဖန်တီးထားပေးတာကလည်း တပုံတခေါင်းကြီးပဲ  … ဒါပေမဲ့ သေချာစဉ်စားကြည့်တော့.. ကျွန်တော်တို့အထဲမှာ .. “မသေချာတဲ့အရာတစ်ခုက သေချာစွာရှိနေတယ်”… Read More »အမှန်တကယ် ပြောင်းလဲဖို့

ဒုက္ခထဲမှ ဝမ်းမြောက်ခြင်း

သုတ္တံကျမ်း ၁၄:၁၀   “စိတ်နှလုံးသည် မိမိဒုက္ခကိုသိ၏။ စိတ်နှလုံးရွှင်လန်းခြင်းအကြောင်းကိုလည်း သူတစ်ပါး မဆိုင်တတ်။” ကိုယ့်ရဲ့အသက်တာမှာ ဖြစ်ပျက်နေသမျှကို ကိုယ် ကိုယ်တိုင်သာအသိဆုံးပါ ဆိုတာမမှားပါဘူး။ ဘဝလောကဓံရဲ့ခါးသီးမှုတွေ၊ နာကျင်မှုတွေ၊ ဒုက္ခတွေဟာ နှလုံးသားထဲမှာရှိနေတာကို ဘယ်သူမှမြင်ပါဘူး .. မြင်ရင်တောင်မှ အတွင်းကျကျမသိနိုင်ဘူး.. ကာယကံရှင်ကိုယ်တိုင်ပဲ ပိုအသိဆုံးပါ။ ဒါပေမဲ့ အဲ့ဒီအရာတွေရဲ့တဖက်မှာ လူမပေးနိုင်တဲ့ရွှင်လန်းမြောက်ခြင်းအကြောင်းကလည်းရှိတယ်… ကျော်လွန်ပြီးမြင်နိုင်ဖို့ရာကတော့… “ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။… Read More »ဒုက္ခထဲမှ ဝမ်းမြောက်ခြင်း

ဆီးတားကြလော့

စာတန်က “ချို”ကြီး နဲ့မဟုတ်ပါဘူးဆိုတဲ့စကားလေးကိုသဘောကျတယ်…“ချို” တော့မပါဘူး။ ဒါပေမဲ့ ဘယ်သူ့ကိုဝါးမျိုရမလဲဆိုတာကိုတော့ လှည့်လည်ချောင်းမြောင်းနေတယ် (၁ပေ ၅:၈)သခင်ခရစ်တော် ကိုစုံစမ်းနှောင့်ယှက်တဲ့အခါ ဘုရားဖြစ်သော်ငြားလည်း တုန့်ပြန်မှုတွေက အံ့သြဖွယ်ပင်။ကျောက်ကို မုန့်အဖြစ်သို့ပြောင်းပြီး စားပါလို့ သွေးဆောင်တဲ့အခါ မုန့်အားဖြင့်သာမဟုတ်ဘဲနဲ့ ဘုရားရဲ့စကား အားဖြင့်  အသက်ကိုမွေးရမယ် ဆိုပြီးတုန့်ပြန်တယ်။ သူကိုယ်တိုင်က သမ္မာတရား .. မုသာရဲ့အဖ စကားက အကြုံးမဝင် အလကား.. The Blessed… Read More »ဆီးတားကြလော့

ဘုရားသခင်၊ ကရုဏာတော်နှင့် တရားမျှတမှု

မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဘက် သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့် အာရုန်သည် မောရှေကို အပြစ်တင်လျက်၊ ၂အကယ်၍ ထာဝရဘုရားသည်၊ မောရှေအား ဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ၏။ ထိုစကားကို ထာဝရ ဘုရားကြားတော်မူ၏။ ၃မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူ အပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သော သဘော ရှိ၏။ ၄ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက်… Read More »ဘုရားသခင်၊ ကရုဏာတော်နှင့် တရားမျှတမှု

ယနေ့တိုင်အောင် စာတန် အလုပ်လုပ်နေသေးပါသလား။

အထက်ပါမေးခွန်းနဲ့ပတ်သက်လို့ အကျဉ်းသဘောဖြေပေးသွားပါမယ်။ ဒီမေးခွန်းကို ကြည့်ခြင်းအားဖြင့် မေးလာတဲ့သူဟာ “စာတန်” ဆိုတဲ့ ပုဂ္ဂိုလ်ရှိတယ်ဆိုတာကို ယုံကြည်ခံယူပြီး ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့ စာတန်ဟာ ဘယ်သူဘယ်ဝါ/ဘယ်ကစတယ်ဆိုတာတွေကိုတော့ အသေးစိတ် မပြောသွားတော့ပါဘူး။ (ဟေရှာ ၁၄း၁၂-၁၅ နှင့် ယေဇကျေ ၂၈း၁၁-၁၉ မှာ စာတန်ရဲ့ ကျရှုံးခြင်းအဖြစ် ပုံဖော်ရေးသားထားတယ်လို့ ကျမ်းပညာရှင်များက ပြောပါတယ် – ဖတ်ရှုလေ့လာနိုင်ပါတယ်) စာတန်… Read More »ယနေ့တိုင်အောင် စာတန် အလုပ်လုပ်နေသေးပါသလား။