Skip to content

အသက်ကိုအသက်ထက်ပို၍

တလောကရုပ်ရှင်တစ်ခုရဲ့နာမည်ကိုတော်တော်သဘောခွေ့သွားတယ်.. ကြည့်သာ မကြည့်တယ်နာမည်ကတော့ ဆင်ခြင်စရာလေးပေါ့… ကျွန်တော်တို့အသက်တာမှာ သတိမမူမိတာလေးတစ်ခုရှိတယ်ရှင်မသဲ ၁၀:၃၉မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။ ကိုယ့်ရဲ့အသက်အတွက်ရှာနေရင် အရှုံးဘဲရှိတယ်ခရစ်တော်ကြောင့် အသက်ရှုံးတဲ့သူကတော့ အသက်ကိုတွေ့လိမ့်မယ်..ခရစ်ယာန်တစ်ယောက်ဖြစ်နေရုံနဲ့တော့ ဘာမှမထူးခြားဘူး…ခရစ်တော်၌ရှင်နေရင်တော့ထူးခြားတယ်. ရှင်မသဲ ၁၆:၂၅အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို… Read More »အသက်ကိုအသက်ထက်ပို၍

ခပ်သိမ်းသောအမှုတို့ကို

Interview ပဲဖြစ်ဖြစ် စာမေးပွဲပဲဖြစ်ဖြစ် တစ်ခုခုဆို ကျွန်တော်တို့ကြွေးကျော်လိုက်တာက “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောယေရှုခရစ်တော်အားဖြင့်ခပ်သိမ်းသောအမှုတို့ကိုငါတတ်စွမ်းနိုင်သည်” ပေါ့…. အဲဒီ “ငါ” ကဘယ်လောက်ဆိုးလဲဆိုရင် ကိုယ်လုပ်ချင်တာကိုပဲ တတ်စွမ်းနိုင်နေတယ် ခွန်အားရဲ့အရင်းအမြစ်ဖြစ်တဲ့ သခင်ေယရှု က ခပ်သိမ်းသောအမှုအတွက် ခွန်အားနှင့် ကျွန်ုပ်တို့ကိုပြည့်စုံစေတာ… “အခြေအနေတစ်ခုအတွက်” မဟုတ်ပါဘူး .. “အခြေအနေတိုင်းအတွက်”ပါ.. ဥပမာတစ်ခုအားဖြင့်ဆိုရမယ်ဆိုရင်…လူတစ်ဦးတစ်ယောက်က ကိုယ့်ကိုနာကျင်အောင်လုပ်တယ်.. ကိုယ့်ဘက်ကခွင့်မလွတ်နိုင်ဘူးဖြစ်နေတယ်…ပြောရမယ်ဆိုရင်..မတတ်စွမ်းနိုင်တဲ့အခြေအနေတစ်ခုပေါ့..ဒီမတတ်စွမ်းနိုင်တဲ့အရာမှာ ကျတော့ “ဘုရားအလိုရှိတဲ့ ခွင့်လွတ်ခြင်းမင်္ဂလာ” ကိုခွန်အားနဲ့ပြည့်စုံစေတဲ့ သခင်ယေရှုအားဖြင့်… Read More »ခပ်သိမ်းသောအမှုတို့ကို

ကလာပ်စည်း ဆိုသည်မှာ အဘယ်နည်း။

ကလာပ်စည်း (Cell) ဆိုသည်မှာ၊ သက်ရှိများဖွဲ့စည်းရာတွင် အခြေခံအကျဆုံးအရာ ဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် ထရီလီယမ်ပေါင်းများစွာပါသော ကလာပ်စည်း များဖြင့်ဖွဲ့စည်းထားပြီး ထိုကလာပ်စည်းများအားလုံးတွင် သူတို့ကိုယ်ပိုင် အထူးလုပ်ဆောင်ချက်များ အသီးသီးရှိကြသည်။ (စာဖတ်သူများ ပိုမိုစာဖတ်ရလွယ်ကူစေရန် “ကလာပ်စည်း” အား အင်္ဂလိပ်မွေးစားစကားလုံး “ဆဲလ်” အဖြစ် တောက်လျှောက်သံုးနှုန်းသွားပါမည်) ဆဲလ်များသည် သက်ရှိအားလုံး၏ အခြေခံဖွဲ့စည်းတည်ဆောက်မှု ဖြစ်သည်။ ဆဲလ်များသည် ခန္ဓာကိုယ်အတွက် တည်ဆောက်မှုလုပ်ပေးခြင်း၊ အစားအစာမှ… Read More »ကလာပ်စည်း ဆိုသည်မှာ အဘယ်နည်း။

DNA က ဘာတွေလုပ်ဆောင်ပေးသလဲ

DNA တွင် လူ့ခန္ဓာကိုယ်၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော မော်လီကျူးများ (molecules) နှင့် အသားဓာတ် (ခေါ်) ပရိုတိန်း (Protein) များပြုလုပ်ရန် လိုအပ်သော ညွန်ကြားချက် (instructions) များပါရှိသည်။ တနည်းဆိုသော် ပရိုတိန်းဖြစ်ပေါ်စေရန် DNA က ညွှန်ကြားချက်များ ထောက်ပံ့ပေးသည်။ ထိုသို့ protein ဖွဲ့စည်းပြုလုပ်ရာတွင် အသွင်ကူးပြောင်းပေးခြင်း(Trancription) နှင့် ဘာသာပြန်ဆိုခြင်း(Translation)… Read More »DNA က ဘာတွေလုပ်ဆောင်ပေးသလဲ

ဗေရိမြို့သားများကဲ့သို့

တမန်တော် ၁၇း၁၁ ဘုရားရှေ့ ထူးမြတ်တယ်ဆိုတာက ဒီကျမ်းပိုဒ်မှာ ဗေရိမြို့သားတွေဟာ သက်သာလောနိတ် မြို့သားတွေထက် ထူးမြတ်တယ်လို့ ပြောထားတယ်။ ဘာတွေထူးမြတ်နေလို့လဲ။ “အလွန်ကြည်ညိုသော” ဆိုတာက နှုတ်ကပတ်တော်အပေါ်မှာ ထားရှိတဲ့ သူတို့ရဲ့ “လေးစားတန်ဖိုးထားမှု” ကို တွေ့နိုင်တယ်။ “စေတနာစိတ်” ဆိုတာက နှုတ်ကပတ်တော်အပေါ် ထားရှိတဲ့ သူတို့ရဲ့ “လိုချင်သော … ဆန္ဒကြီးသော … စာငတ်‌သော သဘော”… Read More »ဗေရိမြို့သားများကဲ့သို့

ဘုရားသခင် မည်သူနည်း။

သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း။ “ဘုရားသခင်(God) ဆိုတာကို ဘယ်လိုပုံသဏ္ဍာန်လို့နားလည်ထားပါသလဲ။ ဘုရားသခင်သည် ပုလ္လိင်(ကျား) လား၊ ဣတ္ထိလိင်(မ) လား။ ဘုရားသခင် ဟာ အာကာသ၊ ဒြပ် နဲ့ အချိန်(Space, Matter/Energy , Time) တွေရဲ့အပြင်ဘက်မှာတည်ရှိနေတာလို့ ဖန်ဆင်းရှင်ယုံကြည်သူ(Creationists) အချို့က လက်ခံထားကြတယ်။ စကြဝဠာရဲ့ အပြင်ဘက်မှာ ဘယ်လိုရှိနေတာပါလဲ။” စသဖြင့် ဘုရားသခင်နှင့် ပက်သတ်၍… Read More »ဘုရားသခင် မည်သူနည်း။

ပျင်းရိခြင်းက အပြစ်တစ်မျိုးလေလား

အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊ ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။ သုတ္တံကျမ်း။ 6:9‭-‬11 BJB ငပျင်း ဆိုတာ နာမည်ကသာ ကြားမကောင်းတာ ဇိမ်တော့ ရှိသားဆိုပြီး အပြောတွေ… Read More »ပျင်းရိခြင်းက အပြစ်တစ်မျိုးလေလား

လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း – ၂)

ဤဆောင်းပါးသည် “လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း-၁)” ရဲ့ အဆက်ဖြစ်ပါတယ်။ အပိုင်း-၁ ကို မဖတ်ရသေးပါက ရှေးဦးစွာ ဝင်ရောက်ဖတ်ကြည့်ဖို့ရန် တိုက်တွန်းလိုပါတယ်။ “ကျေးဇူးတော်” ဆိုတဲ့ အရာဟာ နက်နဲပါတယ်။ ဒင်္ဂါးပြားတစ်ခုရဲ့ မျက်နှာပြင်လိုပါပဲ။ နှစ်ဖက်ရှိပါတယ်။ နှစ်ဖက် ရှိတယ်ပြောလို့ ဘုရားလုပ်ပေးတဲ့ ဘက် နဲ့ လူလုပ်ဆောင်ရမယ့် ဘက် ၂ ဖက်ပြည့်စုံမှ ကျေးဇူးတော်ဖြစ်တယ်လို့ ဆိုလိုတာ… Read More »လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း – ၂)

ဝိညာဥ်အစာ စားသုံးရာတွင် သတိပြုသင့်သည့် အရာများ

သမ္မာကျမ်းစာ ကို ဆင်ခြင်ဖတ်ရှုရတာ နဲ့ သမ္မာကျမ်းစာကို ကိုးကားအခြေခံပြီးရေးထားတဲ့ စာအုပ်တွေ ကို ဖတ်ရတာ ဘာကွာသလဲဆိုတော့….. ကိုယ်တိုင် အတွေ့အကြုံကို ပြောရမယ်ဆိုရင် သမ္မာကျမ်းစာကို ကိုးကားအခြေခံပြီးရေးထားတဲ့ စာအုပ်တွေကို ဖတ်တဲ့အခါ နားမလည်တဲ့ ကျမ်းစကားတွေကို တော်တော်များများနားလည်သလိုရှိလာတယ်။ ဒါပေမဲ့ ကိုယ့်ကို ဝိညာဉ်တော်က ဖွင့်ပြခြင်းထက် စကားပြေသက်သက်ကို ဦးနှောက် (logic) နဲ့ စဉ်းစားတွေးခေါ်ပြီး လက်ခံတယ်။… Read More »ဝိညာဥ်အစာ စားသုံးရာတွင် သတိပြုသင့်သည့် အရာများ