သစ္စာကိုဖျက်တတ်သောသူ
“သစ္စာ”ဆိုတဲ့ဝေါဟာရရဲ့အနက်ကိုလေ့လာကြည့်တဲ့အခါမှာ အမှန်တရား၊ မှန်ကန်သောစကား၊ တစုံတခု(သို့)တစုံတယောက်ပေါ်တွင်ထားရှိသော စောင့်သိရိုသေမှုလို့တွေ့ရပါတယ်။ နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ သစ္စာဖျက်တတ်သောသူတွေရှိလာမယ်ဆိုတာ နှုတ်ကပတ်တော်ကသတိပေးထားပါတယ်။ အထူးသဖြင့် ယုံကြည်သူအသက်တာတွေထဲမှာလည်း ဘုရားသခင်နှင့်နှုတ်ကပတ်တော်သမ္မာတရားအပေါ်မှာ သစ္စာမဲ့လာရုံမျှမက၊ သစ္စာကိုဖျက်ခြင်းအခြေအနေတွေရှိလာနေခြင်းက စိတ်မကောင်းစရာပင်။ဒီကနေ့ အသင်းတော်ထဲမှာ၊ အိမ်ထောင်မှာ၊ အသက်တာတခုချင်းစီတွေတိုင်းမှာ သတိထားကြည့်လျှင် သစ္စာရှိသောသူ(faithful)များနည်းလာပါသည်။ ထိုသို့နည်းလာခြင်းကလည်း လောကဓံကြောင့်သော်လည်းကောင်း၊ လောကဆန်သောကြောင့်သော်လည်းကောင်း ဖြစ်လာပေသည်။ ယုံကြည်သူတဦးအနေဖြင့် အသက်တာကိုသစ္စာရှိစွာအသက်မရှင်လာတော့ခြင်းက လောကအလယ်မှာ အလင်းနှင့်ဆား ဘယ်လိုမှမဖြစ်နိုင်ပေ။ ယုံကြည်စိတ်ချစရာ… Read More »သစ္စာကိုဖျက်တတ်သောသူ








