Skip to content

သူတော်ကောင်းကိုမုန်းသောသူ

ကောင်းမြတ်တဲ့အရာကို မကြိုက်မနှစ်သက်တတ်သူဆိုတာ မရှိပါဘူး။ သို့ပေမယ့် ထူးဆန်းတာက နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ လူတွေဟာ ကောင်းမွန်တဲ့အရာတွေကို မုန်းလာကာ မနှစ်သက်တတ်ကြတော့ပါဘူး။ ဒီကနေ့ ခေတ်ကာလမှာ ကမ္ဘာနှင့်အဝှမ်း သတိထားကြည့်မိရင် ကောင်းမြတ်တဲ့အရာရဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ မကောင်းသောအရာတွေကို သာချစ်မြတ်နိုးတတ်လာကြပါတယ်။ ရောမဩဝါဒစာ ၁၂း၉“မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။” ဒီကနေ့ခေတ်ကာလမှာ မေတ္တာတရားဆိုသည့် စကားက နှုတ်၌သာရှိပြီး၊… Read More »သူတော်ကောင်းကိုမုန်းသောသူ

ဘုရားသခင်ပင်ဖြစ်သည်

ရံဖန်ရံခါတွင် အမှုတော်မြတ်၌ ပါဝင်လှုပ်ရှားကြရင်းသော်လည်းကောင်း ဧဝံဂေလိသတင်းကောင်း ဝေမျှရင်းဖြင့်သော်လည်းကောင်း ကျွန်တော်တို့၏ စိတ်နှလုံးထဲ၌ ပူပန်ခြင်းနှင့် စိုးရိမ်မှုများ အလှည့်ကျ ခိုအောင်းလေ့ရှိကြသည်။ (၁) လုပ်ဆောင်တာ အဆင်မှပြေရဲ့လား။ (၂) ကြားတဲ့သူတွေ နားလည်ပါ့မလား။ (၃) အရာမှထင်ရဲ့လား။ (၄) ရည်ရွယ်ထားသလောက် ထိရောက်ပါရဲ့လား။ … စသဖြင့် စိုးရိမ်မှုများသည် အနည်းနှင့်အများတော့ ရှိနေတတ်ကြသည် မဟုတ်ပါလား … တစ်ခါတစ်ခါတွင်လည်း… Read More »ဘုရားသခင်ပင်ဖြစ်သည်

ပြင်းထန်သောသူ

“ပြင်းထန်သောသူ” လို့ဆိုတဲ့အခါ ကြမ်းကြုတ်ပြီးလူမဆန်ခြင်းလို့နားလည်နိုင်ပါတယ်။ အထူးသဖြင့် နောင်ကာလဆိုတဲ့ခဲယဉ်းတဲ့ကာလမှာ လူတွေဟာ တဖြည်းဖြည်းနဲ့ ကြမ်းကြုတ်ကာပြင်းထန်လာတာကို သတိပြုမိပါလိမ့်မယ်။ ကြမ်းကြုတ်တဲ့လူမျိုးကိုတော့ ဘယ်သူကမျှအပေါင်းအသင်းပြုချင်မှာ မဟုတ်ပါဘူး။ ဘယ်သူကမျှလည်း ဒီလိုအဖြစ်မျိုးကြုံချင်မှာမဟုတ်ပါဘူး။ အထူးသဖြင့် ယုံကြည်သူများအနေဖြင့်လည်း အသက်တာကိုအထူးသဖြင့်စစ်ဆေးကာ ဘုရားသားသမီး၊ လူသစ်၊ အသက်တာသစ်ရဲ့စိတ်သဘောနှင့်ဆန့်ကျင်ဖက်ဖြစ်သော ပြင်းထန်ကြမ်းကြုတ်ခြင်းစိတ်ထားအပြုအမူများကို ကြိုဆိုလက်ခံလိုက်မိတာမျိုးမဖြစ်စေဖို့ အရေးကြီးပါတယ်။ သုတ္တံ ကျမ်း ၁၁း၁၇“သနားတတ်သောသူသည် မိမိကိုယ်၌ကျေးဇူးပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ယှက်တတ်၏။”… Read More »ပြင်းထန်သောသူ

လက်ဆောင်

“လက်ဆောင်” ဟု ဆိုလိုက်လျှင် ကောင်းမွန်သော အငွေ့အသက်တစ်ခုအား ခံစားမိတတ်ကြမည်။ မျက်လုံးထဲတွင်လည်း ပါဆယ်ထုတ်ထားသော ပစ္စည်းတစ်ခုခုအား ပြေးမြင်မိလေ့ရှိကြပါလိမ့်မည်။ ထို့အတူ လက်ဆောင်ရလျှင် ပျော်တတ်ကြသူများရှိသကဲ့သို့ လက်ဆောင်ပေးခြင်းအား နှစ်သက်သူများလည်းရှိကြသည်။ လက်ဆောင်ပေးခြင်းသည် ထိုသူအပေါ်၌ ဂရုစိုက်ခြင်း သို့တည်းမဟုတ် စေတနာရှိခြင်းများကြောင့်ဟု ဆိုနိုင်သကဲ့သို့ ထိုလက်ဆောင်အားလက်ခံရရှိသူသည်လည်း ပေးသူ၏ စိတ်အား ခံစားရနိုင်သကဲ့သို့ ဝမ်းမြောက်ဝမ်းသာစိတ်နှင့်လည်း ပျော်ရွှင်ခံစားရလေ့ရှိပါသည်။ ယခုကာလသည် လက်ဆောင်များ ပေးလေ့… Read More »လက်ဆောင်

မစိုးရိမ်နဲ့ အားယူပါ

“ကိစ္စများမြောင် ဤလူ့ဘောင်” ဟု ဆိုသည့်အတိုင်း ကျွန်တော်တို့ စားရေးသောက်ရေး၊ နေရေးထိုင်ရေး ကိစ္စအဝဝတို့သည့် တစ်နေ့ထက် တစ်နေ့ ရှုပ်လွန်းထွေးလွန်းလှပေသည်။ အလုပ်ကိစ္စလည်း ပူရပန်ရ၊ သားသမီးရေးလည်း ပူရပန်ရ၊ မိသားစုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နေရေးထိုင်ရေး စသဖြင့် ပူပန်ရလွန်းလှသည်မှာလည်း ဤလူ့ဘောင်ပေတည်း။ စိုးရိမ်မှုပေါင်း သောင်းခြောက်ထောင်အား ရင်ဝယ်ပိုက်ကာ ရင်တမမနှင့် ဖြတ်သန်းလာခဲ့ကြသည်မှာ အတော်အသင့်တော့ ခရီးရောက်ခဲ့ကြပေမှာ… Read More »မစိုးရိမ်နဲ့ အားယူပါ

ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ

“ချုပ်တည်းခြင်း” ဆိုသည်မှာ ကိုယ်၊ နှုတ်၊ နှလုံးကို သိမ်းဆည်းစောင့်ထိန်းခြင်းလို့ နားလည်ရပါသည်။ အထူးသဖြင့် နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ လူတွေဟာ ကိုယ့်ရဲ့ ကိုယ်၊ နှုတ်၊ နှလုံးတို့ကိုသိမ်းဆည်းစောင့်ထိန်းခြင်းများမရှိတော့ဘဲ၊ ထင်တိုင်းကြဲကာအခွင့်ပေးလျက်ဖြစ်လာကုန်ကြသည်။ ထိုသို့မချုပ်တည်းနိုင်ခြင်းများက ကိုယ့်အတွက်သာမကဘဲ၊ ကိုယ်နှင့်စပ်ဆိုင်သောသူများကိုလည်းထိခိုက်စေနိုင်သည်ကိုဂရုပြုသင့်ပေသည်။ ယုံကြည်သူတစ်ယောက်အနေနှင့် ဝိညာဉ်ပကတိရဲ့အကျိုး(အသီး)ထဲမှာ ကာမဂုဏ်ချုပ်တည်းခြင်း(self-control)လည်း ပါတယ်ဆိုတာကို သတိပြုမိပါလိမ့်မယ် (ဂလာတိ ၅း၂၃)။ ဒါကြောင့် ဝိညာဉ်ပကတိနှင့်အသက်ရှင်နေသူတွေဖြစ်တယ်ဆိုရင် ဝိညာဉ်ပကတိအတိုင်းအသက်ရှင်လိုက်လျောက်ဖို့ရာ သဘောပေါက်ဖို့လိုပါပြီ။… Read More »ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ

ထာဝရဘုရားအား ချီးမွမ်းလော့

ဘုရားသခင်အား ချီးမွမ်းကိုးကွယ်ခြင်းသည် ကျွန်ုပ်တို့၏ အရှိအတိုင်း၊ အဖြစ်အတိုင်း၊ အတွင်းနှလုံးသားထဲမှ ကိုးကွယ်ခြင်းဖြစ်စေရန် အလွန်အရေးကြီးသည်။ ချီးမွမ်းထိုက်သည့် ဘုရားရှင်ဖြစ်သောကြောင့် ချီးမွမ်းကြသည်ကို မမေ့သင့်သကဲ့သို့ ကိုးကွယ်ထိုက်သည့် ဘုရားရှင်ဖြစ်သောကြောင့် ကိုးကွယ်ကြသည်ကိုလည်း သတိချပ်ရပေမည်။ ကျွန်တော်တို့သည် လူဖြစ်သည့်အားလျော်စွာ လူ့သဘာဝအတိုင်း တွေးမိ မြင်မိ ခံစားမိတတ်ကြသည်။ “ငါအရမ်းတီးခတ်တတ်လို့ ဘုရားသခင်နှစ်သက်တယ် သို့မဟုတ် ငါ မတီးခတ်တတ်လို့ ဘုရားသခင် မကြိုက်ဘူး” စသဖြင့်… Read More »ထာဝရဘုရားအား ချီးမွမ်းလော့

ချောစားတတ်သောသူ

သူတပါးရဲ့အသရေကိုပျက်အောင် မဟုတ်မမှန်လုပ်ကြံပြောဆိုတာမျိုးဟာ အင်မတန်မှစက်ဆုပ်ဖွယ်အမှုအရာပါ။ နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ သူတပါးကိုထိခိုက်နစ်နာစေနိုင်သော အခြေအနေမျိုးတွေ လုပ်ကြံဖန်တီး စကားလုပ်ဖောင်ဖွဲ့ ခြင်းမျိုး​တွေက ယုံကြည်သူတွေ အထူးသတိပြုရှောင်ကြဉ်သင့်တယ်ဆိုတာဂရုပြုသင့်ပါတယ်။ ရှင်မာကုခရစ်ဝင် အခန်းကြီး၇ အခန်းငယ်၂၀ မှာ သခင်ခရစ်တော်က လူအတွင်းမှထွက်လာတတ်သော ဆိုးညစ်သောအရာများက လူကိုညစ်ညူးစေတယ်လို့ ဆုံးမခဲ့ပါတယ်။ အဲ့အထဲမှာ “သူ့အသရေကိုဖျက်ခြင်း”သည်လည်းတခုအပါဝင်ပါပဲ။ ဒီကနေ့ကာလမှာ သူတပါးရဲ့အကြောင်းအရာတခုကို ဂဃနဏ မသိဘဲ၊ တစိတ်ကိုတအိတ်လုပ်လိုက်တာမျိုးတွေက အင်မတန်မှအန္တရာယ်များလှပါတယ်။ ခံရသူအဖို့… Read More »ချောစားတတ်သောသူ

DO NOT DEFER

ကျွန်ုပ်တို့ မြင်တွေ့ရလေ့ရှိသော လောကသဘာဝသည် သူတပါးအား မိမိ၏ ကူညီလုပ်ဆောင်ပေးခြင်းတန်ဖိုးကို တွက်ချက်လေ့ရှိသည်။ ချက်ခြင်းလုပ်ဆောင်ပေးခြင်းသည် တန်ဖိုးလျော့သည် တန်ဖိုးကျသည်ဟု ယူဆလေ့ရှိသည်။ လူတစ်ဦး၏ တောင်းဆိုမှုတစ်ခုအား လုပ်ပေးလျှင် ရနိုင်ပါသော်လည်း ချက်ခြင်း မိမိ၏အကူအညီရသွားလျှင် တန်ဖိုးကျသည် သို့တည်းမဟုတ် မိမိအား ဈေးပေါသည်ဟု ထင်မှတ်မည်စိုး၍ (အလုပ်ကိစ္စ၌ဖြစ်စေ၊ အကူအညီ၌ဖြစ်စေ စသဖြင့်) အချိန်ဆွဲလေ့ဆွဲထရှိကြသည်မှာ ဤလောက နိယာမတစ်ခုပင် …အကူအညီပေးနိုင်ပါလျက် အချိန်ဆွဲခြင်း၊… Read More »DO NOT DEFER