Skip to content

ဝါကြွားသောသူ – BOASTFUL

“ဝါ” ဆိုသည်မှာ “ကြွားဝင့်သည်”လို့အဓိပ္ပါယ်ရပြီး၊ “ကြွား”ဆိုသည်မှာကတော့ “ပေါ်ထင်သည်။ သူတပါးအထင်ကြီးအောင် ပြောဆို ပြုမူ” တယ်လို့နားလည်ရပါတယ်။ နောင်ကာလနဲ့အတူခဲယဉ်းလာတဲ့အချိန်မှာ “ဝါကြွား”ခြင်းကိုနှစ်သက်ကာ အသက်ရှင်လာသူတွေအများကြီးပါပဲ။ ပြောရရင်တော့ ပင်ကိုယ်အားဖြင့် လူတိုင်းက ကြွားသလိုဖြစ်မယ့်အရာတွေကို ရှောင်တတ်ကြပါတယ်။ သို့သော်လည်း လူဆိုတာမျိုးက အခြားသူ မရနိုင်တဲ့အနေအထားတခုမှာရှိနေပြီး အရမ်းပျော်မွှေ့ကာ နှစ်သက်လာပြီဆိုရင် အခြားလူတွေကိုသိစေ၊ မြင်စေချင်သည့်စိတ်ရှိတတ်ကြစမြဲပါ။ ပြောရရင်တော့ “ဝါကြွားခြင်း” ဆိုတာက “ငါ”ဆိုတဲ့အရာကို ဦးတည်အသက်ရှင်ခြင်းပါပဲ။… Read More »ဝါကြွားသောသူ – BOASTFUL

ငါ၏သိုးထိန်း

သိုးထိန်းနှင့် သိုးတို့၏ ဆက်နွယ်မှု ဆက်ဆံရေးသည် အင်မတန်နက်ရှိုင်းလှသည်။ သိုးသည် သခင်၏ အသံကိုသာ နားထောင်တတ်သကဲ့သို့ သိုးထိန်းသည်လည်း သူ၏ သိုးအတွက် အသက်ကိုပင် ပေးတတ်သူဖြစ်သည်။ ဆာလံဆရာ၏ ပြောင်မြောက်လှသော လက်ရာတစ်ခုဖြစ်သည့် “ဆာလံ-၂၃” သည် သိုးတစ်ကောင်၏ ရှုထောင့်နှင့် သိုးထိန်းတစ်ယောက်၏ ရှုထောင့် အပြန်အလှန်ဆက်နွယ်နေသည်ကိုလည်း အထင်းသား မြင်တွေ့ခံစားရပေသည်။ စိမ်းလန်းသော ကျက်စားရာအရပ်၊ သာယာသော မြစ်နား၊… Read More »ငါ၏သိုးထိန်း

ငွေကိုတပ်မက်သောသူ – LOVERS OF MONEY

‭“ဆင်းဆင်းရဲရဲနေလိုသည့်သူရှိသလော” လို့မေးလာရင် “အရမ်းနေချင်တာပေါ့”လို့ဖြေမည့်သူတယောက်မျှရှိမည်မဟုတ်ပါ။ “မချမ်းသာချင်ပါဘူး စိတ်ချမ်းသာဖို့ ဖူလှုံရင်ရပါပြီ” ဆိုတတ်သူတွေလည်းရှိပါတယ်။ သေချာတာကတော့ ချမ်းသာချင်တဲ့စိတ်ရှိသည်ဖြစ်ပါစေ၊ မချမ်းသာချင်တဲ့စိတ်ရှိသည်ဖြစ်ပါစေ မည်သူမဆိုကတော့ “ငွေဆိုတဲ့ပိုက်ဆံ”ကိုဒီလောကထဲအသက်ရှင်စဉ်အချိန်ခဏမှာရှာဖွေနေကြရသည်မဟုတ်လား။ လောကအခေါ် တမလွန်ဆိုတဲ့၊ ယုံကြည်သူတွေအတွက်ထာဝရကာလထဲကို ကြိုးစားရှာဖွေထားတာပဲဖြစ်ဖြစ်၊ မကောင်းတဲ့နည်းလမ်းနဲ့ပဲဖြစ်ဖြစ် ရှာဖွေထားသမျှငွေတွေက ယူသွားလို့မရတာကိုတော့ မေ့နေကြသလားတောင် တခါတရံတွေးမိပါသေးတယ်။ ဆိုလိုချင်တာက ကျွန်ုပ်တို့အားလုံး သုံးဖို့စွဲဖို့အတွက်ငွေလိုပါတယ်။ ဒါပေမယ့်ငွေကိုတပ်မက်(ချစ်လွန်း)သွားရင်တော့ ဆုံးဖို့ရှုံးဖို့အကြောင်းတွေအများကြီးရှိတယ်ဆိုတာသတိပြုသင့်ပါတယ်။ “ငွေဆိုတာပါးစပ်ပေါက်တော့ မပါပေမယ့် စကားအများကြီးပြောတတ်တယ်” ဆိုတာကို… Read More »ငွေကိုတပ်မက်သောသူ – LOVERS OF MONEY

သခင်ယေရှုကြွရောက်လာသည့်အချိန်အပိုင်းအခြားသည် ခေတ်ကာလသမိုင်းတွင် အသင့်တော်ဆုံးအချိန် ဖြစ်သလော။

သခင်ယေရှုသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်က အပြစ်ငရဲမှ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရာ ဤလောကသို့ကြွဆင်းလာခဲ့ကြောင်းမှာဧကန်အမှန်စင်စစ်ဖြစ်ကြောင်းကိုသမိုင်းအထောက်အထားအားဖြင့် သိနိုင်ပါသည်။ သို့သော် သခင်ယေရှုသည်ခေတ်ကာလ၏ ထိုအချိန်တွင်မှ အဘယ်ကြောင့် ကြွလာခဲ့ပါသနည်း။ အရိုးသားဆုံးအဖြေမှာ ဘုရားသခင်သာလျှင်သိသည် ဟုဖြေရမည်ဖြစ်သည်။ သို့သော် ထိုအကြောင်းအရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာကမူ သခင်ယေရှု ဤလောကသို့ကြွလာသည့်အချိန်သည် ပြီးပြည့်စုံပြီး အချိန်တန်သည့် အချိန်ဟု ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ “ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့်… Read More »သခင်ယေရှုကြွရောက်လာသည့်အချိန်အပိုင်းအခြားသည် ခေတ်ကာလသမိုင်းတွင် အသင့်တော်ဆုံးအချိန် ဖြစ်သလော။

ပြတ်တောက်ခြင်းများထဲမှ မပြတ်တောက်ခြင်း

အာခန်၏ တပ်မက်ခြင်းကြောင့် ယောရှုတို့၏ အောင်မြင်ခြင်း ပြတ်တောက်ခဲ့ရသည်။ သို့သော် ဘုရားသခင်နှင့် မပြတ်တောက်ခဲ့ကြ … ရှမာရိမြို့အား ရှုရိစစ်တပ်၏ ကြာမြင့်စွာ ဝိုင်းထားခြင်းကြောင့် ရှမာရိမြို့၌ အစာရေစာ ပျက်တောက်ခဲ့ရသည်။ သို့သော် … ရှင်ပေါလုအား ဧဝံဂေလိတရားကြောင့် ဖမ်းဆီးထောင်ချရာတွင်လည်း သူ၏ လွတ်လပ်ခွင့်များ ပြတ်တောက်ခဲ့ရသည်။ သို့သော် … ထိုနည်းတူ ခေတ်အဆက်ဆက်မှ အသင်းတော်သမိုင်းတောက်လျှောက်တွင် ရှေးဘိုးဘေးများ၊… Read More »ပြတ်တောက်ခြင်းများထဲမှ မပြတ်တောက်ခြင်း

ကိုယ့်ကိုကိုယ်ချစ်သောသူ – LOVERS OF SELF

နောင်ကာလဟာ ခဲယဉ်းတဲ့ကာလဖြစ်မယ်ဆိုတာကို တမန်တော်ကြီးရှင်ပေါလုက တိမောသေဩဝါဒစာမှာသတိပေးခဲ့ပါတယ်။ ခဲယဉ်းတယ်(difficult times)ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုပုံစံလဲ၊ ဘာတွေကြောင့်လဲဆိုတာကိုပါ ဖော်ပြခဲ့ပါတယ်။ ထိုအထဲကမှ ပထမဆုံးအနေနှင့် “ကိုယ်ကို့ကိုချစ်သောသူ”များအကြောင်းကို အရင်ဆုံးလေ့လာဆင်ခြင်ကြည့်ကြရအောင်။ စာရေးသူမှာအတွေးတခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးတဲ့သူတိုင်းမှန်ကြည့်ကြတယ် ဆိုတဲ့အတွေးပါပဲ။ လူဆိုတာမျိုးက ဘယ်သူကဘယ်လောက်ပဲ လှပချောမောနေပါစေ၊ ရုပ်ဆိုးအကျဉ်းတန်နေပါစေ ကိုယ့်ကိုကိုယ်တော့ အချစ်ဆုံးပါပဲ။ ငါရုပ်ဆိုးတယ်၊ အသားမဲတယ်ဆိုပြီး ဘယ်သူမှ မှန်မကြည့်ဘဲ မနေသလို၊ ငါချောတယ်၊… Read More »ကိုယ့်ကိုကိုယ်ချစ်သောသူ – LOVERS OF SELF

အလိုအပို မရှိ

တခါတလေမှာ မြင်နေရတဲ့အရာပေါ်ကို မူတည်ပြီး ဘုရားသခင်အသုံးပြုတယ် မပြုတယ်ကို ဆုံးဖြတ်မိတတ် တွေးထင်မိတတ်ကြတယ်။ မျက်မြင်ရတဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်မှုတွေနဲ့ တိုင်းတာခြင်း၊ အခြေအနေ နေရာဒေသတွေနဲ့ တိုင်းတာခြင်း၊ ပိုင်ဆိုင်မှု ဂုဏ်ဓန ဘာညာတွေနဲ့ တိုင်းတာခြင်းတွေကို အမျိုးမျိုးလုပ်တတ်ပြီး ဒီလိုတွေကမှသာ ဘုရားသခင် အရမ်းအသုံးပြုတာလို့ ထင်မိတတ် ယူဆမိတတ်ကြပြန်တယ်။ မြို့ပြက ဆရာကိုကြည့်ပြီး တောရွာက ဆရာကို မေ့၊ ဟိုဒီလှုပ်ရှားတဲ့… Read More »အလိုအပို မရှိ

အလိုတော်နှင့်ညီသော ဆုတောင်း

ကျွန်တော်တို့ခရစ်ယာန်များသည် ဆုတောင်းတတ်ကြသူများဖြစ်ကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ဆုတောင်းခြင်းဆိုသည်မှာ ဘုရားသခင်နှင့် စကားပြောခြင်းလည်းဖြစ်သည်။ ခရစ်ယာန်တိုင်း ခရစ်ယာန်တိုင်း ဆုတောင်းဖူးကြပေလိမ့်မည်ဖြစ်သကဲ့သို့ ဆုမတောင်းဖူးသည့် ခရစ်ယာန်ဟူ၍လည်း ရှိမည်မထင်ပါ … တခါတရံတွင် ဆုတောင်းခြင်းအား အစပြုရန် စာတတန် ပေတတန်နှင့် ခေါ်ဆိုအစပြုနေခြင်းသည် လူရွှင်တော်များ၏ အငြိမ့်မင်းသမီးအား ရှေ့ထွက်လာရန် ခေါ်ဆိုနေကြခြင်းအလား … တခါတရံတွင်လည်း ဆုတောင်းရန် နေရာထိုင်ခင်းအား ဗဟိုပြုမိတတ်ကြပြန်သည်။ အဆင်ပြေမည့် အရပ်ဖြစ်မှသာ… Read More »အလိုတော်နှင့်ညီသော ဆုတောင်း

အနန္တတန်ခိုးရှင် ယေရှုသခင်

“ယေဟောဝါသည် တန်ခိုးကြီးသောဘုရားမဟုတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးသူဆောင်းပါးတပုဒ်ရေးခဲ့ပါတယ်။ ခေါင်းစဉ်ပဲ ဖတ်လိုက်ရင် “ဘာကြီးလဲဟ !!” ဆိုပြီး တမျိုးဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဆောင်းပါးကို အစအဆုံးဖတ်ဖူးခဲ့တဲ့သူတွေကတော့ စာရေးသူ ဘာကြောင့် ဒီခေါင်းစဉ်ပေးခဲ့လဲဆိုတာ သဘောပေါက်နားလည်မယ်ဆိုတာ ယုံကြည်ပါတယ်။ ယခုဆောင်းပါးက ထိုဆောင်းပါးရဲ့ အဆက်ဖြစ်ပါတယ်။ ဒါကြောင့် “ယေဟောဝါသည် တန်ခိုးကြီးသောဘုရားမဟုတ်” ဆိုတဲ့ဆောင်းပါးကို အနှစ်ချုပ်ပြီး ပြန်ပြောပါရစေ။ ထိုဆောင်းပါးမှာ ခရစ်ယာန်များယုံကြည်တဲ့… Read More »အနန္တတန်ခိုးရှင် ယေရှုသခင်