ခိုင်ခံ့စေပါ
ပန်းကန်ဆေးဖို့ရာ ရေဖွင့်လိုက်သည်နှင့် ရေပူများထွက်ကျလာခဲ့လေသည်။ ရေပူများဖွင့်ထားမိသလားဟု မိမိတွေးလိုက်မိသေးသော်လည်း ထိုသို့မဟုတ်။ ပူလွန်းနေသည်တော့မဟုတ်သော်ငြားလည်း နွေးနွေးကလေးတော့ဖြစ်နေလေသည်။ ပုံမှန်ရေများသည် ရေပူမဖွင့်ထားလျှင် အေးနေတတ်သော်လည်း ယခုနွေးနေသည်။ အကြောင်းမှာ အပြင်ဘက်မှ ရာသီဥတုကြောင့်ပင် … အပူချိန်မည်မျှရှိသည်ကို တိတိကျကျမသိသော်လည်း သေချာသည်မှာတော့ အပြင်ဘက်တွင် ပူလွန်းနေခဲ့ပြီ။ နွေးဦးမို့ လေရူးတွေပင်တိုက်နေသည့်အလား … “Spring” မို့ပင်ဖြစ်မည်။ ထို့ကြောင့်လည်း ရေပူမဖွင့်ထားသော်လည်း ပိုက်လိုင်းတလျှောက်စီးလာသော ရေများသည်… Read More »ခိုင်ခံ့စေပါ








