Skip to content

အသင်းတော်ရေးရာ

ပဋိပက္ခ – ၁၉

မိမိတို့၏ မိသားစုရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ အသင်းတော်ရေး စသဖြင့်တို့တွင် ရင်ဆိုင်ကြုံတွေ့ရတတ်သည့် ပဋိပက္ခများစွာတို့အား ပြေလည်စေရန် ညှိနှိုင်းဆောင်ရွက်ခြင်းအတွက် ရင်ကြားစေ့ရာတွင် စကားပြောခြင်းသည် အင်မတန်အရေးကြီးသည့် အခန်းက္ဍတစ်ရပ်ပင် … “ပြေပြေလည်လည်ပြောရင် လေယာဥ်ပျံတောင် အလကားစီးရမယ်” ဟူသည့် စနောက်ခြင်းကို ကြားဖူးကြပေလိမ့်မည်။ စကားပြောရာတွင် ပြေပြေလည်လည် ကောင်းကောင်းမွန်မွန်နှင့် လူကြားကောင်းအောင်၊ သူတပါးနားဝင်အောင် ချိုသာသည့် စကားပြောခြင်းမျိုးသည် အခြားလူတစ်ဦး၏ စိတ်နှလုံးတွင်… Read More »ပဋိပက္ခ – ၁၉

စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အား

လောကမှာအသက်ရှင်နေထိုင်သွားလာရတဲ့အခါမှာ မြောက်မြားစွာသောလောကီအမှုအရာတွေကြောင့် ပင်ပန်းခြင်း၊ ဆင်းရဲခြင်း အစရှိသည့် အရာတွေကို နေ့စဉ်နဲ့အမျှကြုံတွေ့ခံစားရနိုင်ပါတယ်။ နေ့စဉ်နှင့်အမျှ ဘယ်လိုနေထိုင်စားသောက်ရှာဖွေရမလဲ၊ အန္တရာယ်ကင်းအောင် လုံခြုံအောင် ဘယ်လိုနေထိုင်သွားလာကြမလဲ စသည်ဖြင့် ကျွန်ုပ်တို့သည် တွေးတောပူပန်ကာ ကြောက်ရွံ့မှုတို့ကို အလိုလိုနေရင်း ကိုယ်တိုင်တည်ဆောက်ဖန်တီးနေမိတတ်ကြပါတယ်။ ထိုသို့ ကိုယ်တိုင်ဖန်တီးမိရင်း ယုံကြည်သူညီအစ်ကိုမောင်နှမ ခရစ်ယာန်များအနေဖြင့် ကယ်တယ်ခြင်းနှင့်စပ်ဆိုင်သော ယုံကြည်မျှော်လင့်ခြင်းအား စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့က လွှမ်းမိုးသွားနိုင်ကြောင်း ရှေးဦးစွာသတိပေးပါရစေ။ “မစိုးရိမ်နှင့်။ ငါသည်သင့်ဖက်… Read More »စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အား

ပဋိပက္ခ – ၁၈

လူတစ်ဦးနှင့်တစ်ဦးဖြစ်စေ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ဖြစ်စေ ပဋိပက္ခတစ်ခုဖြစ်တည်လာသည့်နောက်တွင် ထိုပဋိပက္ခအား ပြန်လည်သင့်မြတ်စေခြင်း (Reconciliation) အတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်းအား လုပ်ဆောင်ပေးသည့် တစ်စုံတစ်ဦးဖြစ်စေ တစ်ဦးထက်ပိုသူဖြစ်စေ ထိုသူကို “ကြားဝင်ဖျန်ဖြေသူ” (Mediator) ဟုခေါ်ဆိုနိုင်သည်။ ( “Mediator” a person who attempts to make people involved in a conflict come to… Read More »ပဋိပက္ခ – ၁၈

အကြွေးစုဘူး

“ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ” ဟူသည့် ရှင်ပေါလု၏ စကားသည် ထိုတရားတော်အတွက် သူ၏ စိတ်အားထက်သက်ခြင်းလည်း ဖြစ်သကဲ့သို့ အပြောသက်သက်သာ မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ခြင်းများလည်း ပါဝင်ပေသည်။ ရှင်ပေါလုသည် လူတိုင်းအား ကယ်တင်ခြင်း ဧဝံဂေလိသတင်းစကား ကြားပြောရန်အတွက်သည် သူ၏ ဝန်တာတစ်ခုဟုပင် ခံယူထားသူဖြစ်သည့်အလျောက် ယုဒလူဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ၊ လူမျိုးမရွေး၊ အသားအရောင်လည်း မခွဲခြားသကဲ့သို့ အဆင့်အတန်းလည်း မရွေးခဲ့ချေ။… Read More »အကြွေးစုဘူး

အသင်းတော်ဟာဆေးရုံဆိုလျှင်

အသင်းတော်ကိုဆေးရုံနှင့်ခိုင်းနှိုင်းတဲ့ တရားဟောချက်တွေ၊ quotes တွေသင်ကြားဖူးပါလိမ့်မယ်။ နောက်ပြီး ဆေးရုံဆ်ိုတဲ့နေရာကိုလည်း သင်ရောက်ဖူးပါလိမ့်မယ်။ ကိုယ်တိုင်နေမကောင်း၍သော်လည်းကောင်း၊ တစုံတယောက်မနာမကျန်းဖြစ်၍သော်လည်းကောင်း အကြောင်းတခုခုကြောင့်ရောက်ဖူးကြမှာပါ။ ဒါကြောင့် အသင်းတော်ဟာဆေးရုံဆိုလျှင် တနင်္ဂနွေဘုရားကျောင်းတက်ပြီးပြန်လာတိုင်း သင့်ဝိညာဉ်ကျန်းမာရေးက တိုးတက်ကောင်းမွန်လာပါရဲ့လား။ သင်တကယ်သတိပြုမိပါရဲ့လား။ ~ လုံလောက်မှု ~ လုံလောက်မှုဆိုတာ ပြတ်လပ်မှုရဲ့ဆန့်ကျင်ဘက်ပါ။ ရှိနှင့်ပြီးသောအသင်းတော်များစွာနှင့်ထပ်မံထူထောင်ပေါ်ပေါက်လာသောအသင်းတော်များစွာကိုကြည့်လိုက်လျှင် လုံလောက်သယောင်နှင့်ပြတ်လပ်မှုများစွာရှိသော အခြေအနေပါပဲ။ ဥပမာဆိုရလျှင် ဆေးရုံသာရှိပြီး ဆရာဝန်တွေ၊ သူနာပြုတွေ မလုံလောက်သောအဖြစ်မျိုးပေါ့။ ဒီကနေ့မှာဆိုရင်လည်း… Read More »အသင်းတော်ဟာဆေးရုံဆိုလျှင်

ပဋိပက္ခ – ၁၆

စကားပြောရာတွင် စကားပြောနှေးသောသူ၊ မြန်သောသူ၊ ကြမ်းစွာ ပြောတတ်သောသူ၊ သူတပါး နားဝင်အောင် ပြောတတ်သောသူ စသဖြင့် အမျိုးမျိုးရှိတတ်ကြသည်။ ဤနည်းတူ ကျွန်ုပ်တို့သည်လည်း စကားပြောဆိုရာ၌ ပုံစံအမျိုးမျိုး ရှိတတ်ကြပေသည်။ မိမိတို့၏ မိသားစု၊ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်နှင့် အသင်းတော်တွင်လည်း ထိုသို့သောသူ အမြောက်အများ ရှိတတ်ကြပေလိမ့်မည်။ အချို့သော အခြေအတင် ကိစ္စရပ်များသည် စကားပြောခြင်းမှတဆင့် ဖြစ်ပေါ်လာတတ်သော ကိစ္စရပ်များဖြစ်ကြသဖြင့် စကားပြောခြင်းဆိုင်ရာ… Read More »ပဋိပက္ခ – ၁၆

ပညတ်တရား (သို့) ကျေးဇူးတရား အောက်၌အသက်ရှင်နေသလော?

ခရစ်ယာန်တွေကြား ပြောပြောနေတဲ့ လူတယောက် ကယ်တင်ခြင်းရခြင်း ဟာ ဘုရားသခင်ရဲ့ပညတ်တရားတွေကို စောင့်ရှောက်လို့ရတာ (သို့) ဘုရားသခင်ရဲ့ကျေးဇူးပြုပေးခြင်း/လုပ်ပေးခြင်း အပေါ်မှာယုံကြည်ဝန်ခံခြင်း သက်သက်သာဖြစ်တယ် ကိုယ်က ကောင်းမှု ကုသိုလ်ပြုလို့မဟုတ် ဆိုတာ မကြာခဏ အပြန််အလှန်ဆွေးနွေးတာ ကြားရလေ့ရှိပါတယ်။ တမန်တော်ကြီးရှင်ပေါလုကဤကဲ့သို့ ဆိုပါသည် ကျွန်ုပ်တို့ဟာ  “ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရား လက်၌ ရှိသည်” ဟု ရောမသြဝါဒစာ ၆း၁၅ မှာ အတည်အလင်းဖော်ပြထားပါတယ်။… Read More »ပညတ်တရား (သို့) ကျေးဇူးတရား အောက်၌အသက်ရှင်နေသလော?

I CHARGE YOU

“သခင်ယေရှုခရစ် ရှေ့မှာ၎င်း၊ ဘုရားသခင်ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊” … “I charge you” ဟူ၍ တိမောသေအား အင်မတန်ကြီးလေးသော တာဝန်ပေးအပ်ခြင်းကို တိမောသေဩဝါဒစာဒုတိယစောင်တွင် အခန်းကြီး ၄ တွင် တွေ့ရသည်။   Preach “နှုတ်ကပတ်တရားတော်ကို ပြောလော့” … preach the word ဟူသည့် word ကို… Read More »I CHARGE YOU

ပဋိပက္ခ – ၁၅

“Conflict” ပဋိပက္ခတစ်ခု ဖြစ်စေတတ်သော အဓိကတရားခံများထဲတွင် စိတ်မရှည်ခြင်းသည်လည်း တစ်ခု အပါအဝင်ပင်ဖြစ်သည်။ စကားပြောရာမှ စိတ်မရှည်ခြင်းကြေင့် ရန်ဖြစ်ကြသည့်အဖြစ်၊ ဆွေးနွေးပြောဆိုရာမှ စိတ်မရှည်ခြင်းကြောင့် ပွဲပျက်ရသည့်အဖြစ်၊ ညှိနှိုင်းရာ၌ စိတ်မရှည်ခြင်းကြောင့် အဆင်မပြေဖြစ်ကြရသည့် ကာလတို့နှင့် ထိုစိတ်မရှည်ခြင်းကြောင့်ပင်လျှင် အိမ်ထောင်ရေး၊ လူမှုရေးတွင်ဖြစ်စေ မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း၊ အသင်းတော်အတွင်းပါမကျန် ပဋိပက္ခတစ်ခုဖြစ်တည်လာတတ်ခြင်းသည် ငြင်းဆိုနိုင်ဖွယ်ရာ မရှိပါ … ထို မရှည်တတ်သော မိမိတို့၏… Read More »ပဋိပက္ခ – ၁၅