Skip to content

သမစိတ္တ(လူ့ကျင့်ဝတ်)ဆိုင်ရာ

ပဋိပက္ခ – ၅

အာဗြဟံဟု အမည်မပြောင်းမီ အာဗြံနှင့် လောတတို့ ခါနာန်ပြည်တောင်ပိုင်းသို့ရောက်သည့်နောက်တွင် နှစ်ယောက်သား ပစ္စည်းဥစ္စာသာ၍သာ၍ တိုးပွားလာကြသည်။ “အာဗြံသည် သိုး၊ နွားစသည်တို့ကိုလည်းကောင်း၊ ရွှေငွေကိုလည်းကောင်း အလွန်ရတတ်၏” ဟုဖော်ပြထားသကဲ့သို့ “အာဗြံနှင့်အတူလိုက်သော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်” ဟူ၍တွေ့ရပေသည်။ ထိုသူနှစ်ဦးတို့၏ တိုးပွားခြင်းသည် မြေကြီးပင်မဆံ့နိုင်ပေ။ “ဥစ္စာများလွန်း၍ သူတို့သည် တရပ်တည်း မနေနိုင်ကြ” ဟုလည်း ကျွန်ုပ်တို့ တွေ့နိုင်ပေသည်။… Read More »ပဋိပက္ခ – ၅

ပဋိပက္ခ – ၄


အသင်း​တော်၊ သာသနာလုပ်ငန်းဖြစ်​စေ၊ အခြား​သော ပြင်ပလုပ်ငန်းများတွင်ဖြစ်​စေ လုပ်ငန်းတာဝန်များစွာရှိကြသည်။ ထို​နေရာတွင် တာဝန်ရှိသူတစ်ဦးအ​နေဖြင့် အခြားသူများကို တာဝန်ခွဲ​ဝေ​ပေးခြင်းများလည်း လုပ်​ဆောင်ရ​လေ့ရှိသည်။ ​စေခိုင်းခြင်းနှင့်ပတ်သတ်၍ Business Management သင်ရိုးတွင် အခွင့်အာဏာ သုံးမျိုးကို​တွေ့ရသည်။ ထိုအရာများမှာ (Traditional Authority, Legal Authority, Charismatic Authority) တို့ဖြစ်ကြသည်။ Traditional မှာ မိသားစုလိုက်ဆင်းသက်​သော အာဏာဖြစ်ပြီး ဥပမာဆိုရလျှင် မိဘသည်… Read More »ပဋိပက္ခ – ၄


ပဋိပက္ခ – ၃

နေ့စဥ်​နေ့တိုင်း ကျွန်ုပ်တို့သည် စကားများစွာ​ပြောဆို​နေကြ​လေ့ရှိသည်။ ထိုအသုံးပြုလိုက်​သော စကားလုံးများသည် မည်သူ့အ​ပေါ်နာကျင်​စေပြီး၊ မည်သူ့အ​ပေါ်အနာကိုသက်သာ​​စေသည်ကို​တော့ သတိမထားမိတတ်ကြ​ချေ။ တခါတရံတွင် မြင်​တွေ့နေရ​သောအရာများသည် လိုအပ်​နေခြင်းများ၊ မှား​နေခြင်းများကို ​စေတနာနှင့် ​ပြောဆိုရန်ဖြစ်လာတတ်​ပေသည်။ ထိုသို့​ပြောဆိုခြင်းသည် ထိလွယ်ရှလွယ်အ​ခြေအ​နေတစ်ခုကိုပင် ဖန်တီးနိုင်စွမ်းရှိ​သော​ကြောင့် သတိထား​ပြောဆိုရန် အင်မတန်လိုအပ်​ပေသည်။ ပဋိပက္ခကိုဦးတည်​သော ဖြစ်ရပ်များသည် ထိုစကားများအားဖြင့် စတင်ဖြစ်​ပေါ်လာတတ်​​သော ပြတင်း​ပေါက်ပင်တစ်ခုအလားဖြစ်ပေသည်။ အဘယ့်​ကြောင့်ဆို​သော် မိသားစုများပင်ဖြစ်​စေကာမူ အပြုသ​ဘောဖြင့် မပြောဘဲ အပြစ်တင်တတ်​သည့် အပျက်သ​ဘော​ဆောင်​ပြောဆိုခြင်း၊… Read More »ပဋိပက္ခ – ၃

ပဋိပက္ခ – ၂

လုပ်ငန်းခွင်ထဲတွင်ဖြစ်​စေ၊ ပတ်ဝန်းကျင်တွင်ဖြစ်​စေ၊ မိသားစုတွင်ဖြစ်​စေ၊ ​အသင်း​တော်တွင်ဖြစ်​စေ ပဋိပက္ခ​တွေကို မြင်​တွေ့ရတတ်​ပေသည်။ ထိုအရာများကို လူများသည် မနှစ်သက်ကြ​ချေ။ သို့​သော်လည်း ရင်ဆိုင်ကြုံ​တွေ့ကြရသည် မဟုတ်ပါလား။ လူ့သ​ဘောသဘာဝအရ​တော့ အရာရာ အဆင်​ပြေ​​ချော​မွေ့​နေခြင်းကို​တော့ လူတိုင်းကြိုက်နှစ်သက်ကြသည်။ အဆင်မ​ပြေ​​သော ပဋိပက္ခများကို ရင်ဆိုင်ရမည်ကို စိုးရိမ်ကြပါသည်။ သို့​သော်လည်း ရင်ဆိုင်ကြုံ​တွေ့ကြရ​ပေသည်။ ထိုပဋိပက္ခအ​ပေါ် ရှုမြင်​သော အမြင်နှင့် ရင်ဆိုင်​သောသွင်ပြင်လက္ခဏာအ​ပေါ်တွင် မူတည်၍ ရလဒ်များနှင့် ဆုံးရှုံးမှုများသည် ကွာခြားသွား​ချေသည်။… Read More »ပဋိပက္ခ – ၂

ပဋိပက္ခ – ၁

ကျွန်​တော်တို့သည် တစ်ခါတစ်ခါတွင် စိတ်မြန်လက်မြန်ပြုမူတတ်ကြသည်။ သတိထား​နေပါ​သော်လည်း စိတ်မြန်လက်မြန်​ပြောဆိုလိုက်ခြင်း၊ ပြုမူလိုက်ခြင်း​တွေ​ကြောင့် မလိုအပ်​သော အရာများဖြစ်လာတတ်ကြသည်။ ထိုအရာများသည် ပဋိပက္ခများ၏ ဖြစ်တည်ရာ ရပ်ဝန်းတစ်ခုဟု ဆိုရရင်လည်း မမှား​ချေ။ လုပ်ငန်းခွင်မှာဖြစ်​စေ၊ ပတ်ဝန်းကျင်မှာဖြစ်​စေ၊ အ​ပေါင်းအသင်းမိတ်​ဆွေ​တွေ ကြားမှာဖြစ်​​စေ၊ ဘုရား​ကျောင်းမှာဖြစ်​စေ စသဖြင့် အမျိုးမျိုး​သော ​နေရာ​တွေမှာလည်း ထိုသို့ပြုမူ​ပြောဆိုခြင်း​တွေ​ကြောင့် မလိုအပ်​​သော ပြဿနာများ၊ အဆင်မ​ပြေမှုများကို ဖြစ်​ပေါ်လာ​စေတတ်ကြသည်။ မိမိ၏ ​စိတ်ခံစားချက်အလိုက် ပတ်ခနဲ… Read More »ပဋိပက္ခ – ၁

ချစ်သော လူငယ်သို့ – အပိုင်း(၂၆)

“အ​ချင်း​ချစ်​သူ၊ မ​ကောင်း​သော​နည်း​ကို မ​လိုက်​နှင့်၊ ကောင်း​သော​နည်း​ကို​သာ လိုက်​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ရ​ပြီ။” ရှင်ယောဟန်ဩဝါဒစာတတိယစောင် ၁း၁၁ “Beloved, do not imitate evil but imitate good. Whoever does good is from God; whoever… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၂၆)

ချစ်သော လူငယ်သို့ – အပိုင်း(၂၅)

“ကြိုး​စား၍ လုပ်​လေ​ရာ​ရာ၌ ကျေး​ဇူး​ရှိ၏။ စ​ကား​များ​ခြင်း​အ​ကျိုး​မူ​ကား၊ ဆင်း​ရဲ​ခြင်း​သက်​သက်​တည်း။” သုတ္တံကျမ်း ၁၄း၂၃ “There is profit in all hard work, but endless talk leads only to poverty.” Proverbs 14:23 လူတချို့ဟာ ကြိုးစားတာနဲ့စကားများတာကိုရွေးဆိုရင် စကားများတာကိုပဲရွေးတတ်ကြပါတယ်။ ဒါပေမယ့် သတိထားရမည့်အချက်က ထိုအရာနှစ်ခုလုံးဟာ အချိန်ယူရပါတယ်။… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၂၅)

စပျစ်ဥယျာဥ်သိမ်းယူခြင်းမှ သင်ခန်းစာ

နာဗုတ်၏ ပိုင်ဆိုင်​သော စပျစ်ဥယျာဥ်ကို ရှင်ဘုရင်အာဟပ်သည် အင်မတန်မျက်စိကျသဖြင့် ​​ရောင်းရန်တောင်းဆိုခဲ့သည်။ ထိုဥယျာဥ်သည် နန်း​တော်နားတွင်ရှိသဖြင့် ရှင်ဘုရင်အင်မတန်မှ လိုချင်​လေသည်။ ထိုဥယျာဥ်ကို ​ပေးလျှင် သာ၍​ကောင်း​သောဥယျာဥ်ကို​ပေးမည် သို့မဟုတ် ထိုအတွက် အခ​ကြေး​ငွေကို​ပေးမည်ဟုပင်ဆိုသည်။ သို့​သော် နာဗုတ်သည် သူ၏ ဘိုးဘွားပိုင်​စပျစ်ဥယျာဥ်ဖြစ်​သော​ကြောင့် မ​ရောင်းနိုင်​ကြောင်း​​ပြောဆိုကာ ငြင်း​လေသည်။ ထိုအတွက် ရှင်ဘုရင်အာဟပ်သည် မအိပ်မစား မရွှင်မပျဖြစ်ကာ အလိုမကျဖြစ်​နေ​ပေ​တော့သည်။ ထို့​သို့ဖြစ်​နေသည်ကို မြင်​သော သူ၏ခင်ပွန်း… Read More »စပျစ်ဥယျာဥ်သိမ်းယူခြင်းမှ သင်ခန်းစာ

Be Gentle

ဖိလိပ္ပိဩဝါဒစာ ၄:၅ လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည်းညှင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။  “သင်တို့” ဆိုတာသည် ကျွန်​တော်တို့ ယုံကြည်သူ​များကို​ပြောခြင်းပင်ဖြစ်သည်။ ​တခါတ​လေတွင် ကျွန်တော်တို့သည် လက်​အောက်ငယ်သားများကို ဆက်ဆံပုံကတစ်မျိုး၊ အထက်လူကြီးကိုဆက်ဆံပုံကလည်း တစ်ဖုံ၊ အိမ်မှာတစ်မျိုး အပြင်မှာတစ်မျိုး၊ အသင်း​တော်တွင်လည်း ​ကောင်းကင်တမန်အလားပင် ကခုန်ချီးမွမ်းနေကြတတ်သော်လည်း အပြင်​ရောက်​လျှင်တော့ ​အော်ဟစ်ကြမ်းတမ်းခြင်း ဆဲဆို​ခြင်းများနှင့်သာ အသက်ရှင်နေတတ်ကြတာမျိုးလည်း ဖြစ်နေတတ်ပေသည်။… Read More »Be Gentle