Skip to content

John the Beloved

သခင်ယေရှုနောက်ကြွလာမည့် “ဥပဇ္ဈာယ်ဆရာ” ဆိုသူမှာ တမန်တော် မုဟမ္မဒ် (မိုဟာမက်) ဖြစ်သည်ဟု ပြောဆိုခြင်းသည် မှန်ကန်ပါ၏လော

တစုံတယောက်မှ မေးခွန်းပို့၍ မေးမြန်းထားသောအကြောင်းအရာနဲ့ ပတ်သက်ပြီး သခင်ယေရှုခရစ်တော်၏ နောက်လိုက်တပည့်တော်များဖြစ်သော ကျွန်တော်တို့ λόγος (ThyLogos) အဖွဲ့သားများမှ ပြန်လည်ဖြေကြားပေးလိုပါသည်။ မေးခွန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ “ယေရှုခရစ်တော်က ငါသွားရင် ဥပဇ္စျာယ်ဆရာ ကို လွှတ်မယ်လို့ ပြောတဲ့ ကျမ်းပိုဒ် ကို India က Comparative Religion အားသန်တဲ့ Dr.Zakir Naik ဆိုသူက ဒါက… Read More »သခင်ယေရှုနောက်ကြွလာမည့် “ဥပဇ္ဈာယ်ဆရာ” ဆိုသူမှာ တမန်တော် မုဟမ္မဒ် (မိုဟာမက်) ဖြစ်သည်ဟု ပြောဆိုခြင်းသည် မှန်ကန်ပါ၏လော

အိပ်မက်ပေးသူ

☘️🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀 Following your God-Given Destiny ရှေးမကျလှသည့် အတိတ်တချိန်က (not long ago) … သိပ်မဝေးလှသည့် (not far away) … “ရင်းနှီးကျွမ်းဝင်ရာ” (The Land of Familiar) ဆိုသည့်တိုင်းပြည်တပြည်တွင်  “သာမန်လူလေး” (Ordinary) ဟု အမည်ရသော “အညတရ” (Nobody) တဦး နေထိုင်အသက်ရှင်ခဲ့သည်။… Read More »အိပ်မက်ပေးသူ

ယေရှုနဲ့ ခရစ်တော် မတူဘူးတဲ့လား

စင်စစ် “သခင်ယေရှုသည် ခရစ်တော်လား”ဟူသည် ခရစ်ယာန်တို့အကြား အငြင်းပွားစရာ ဖြစ်ရမည့်အရာ သို့မဟုတ် မေးခွန်လုပ်ပြီး မေးနေရမည့်အရာတခုပင် မဟုတ်ပေ။  ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ဟောပြောသော တခုတည်းသောဘာသာတရားသည် ခရစ်ယာန်ဘာသာတရားပင်ဖြစ်သည်။ သို့နှင့် မိမိကိုယ်ကို ခရစ်ယာန်ဟု သမုတ်နေကြသူအချို့သည် ဘာကြောင့်များ ယေရှုသည် ခရစ်တော် ဟုတ်မဟုတ် ဇဝေဇဝါဖြစ်နေကြပါသနည်း။ ဘာကြောင့်များ ယေရှုနှင့် ခရစ်တော် မတူဟု သွန်သင်နေကြပါသနည်း။ စာရေးသူကတော့… Read More »ယေရှုနဲ့ ခရစ်တော် မတူဘူးတဲ့လား

ကျွန်တော့်ရဲ့ မေမေများနေ့

ကျွန်တော်တို့ အယောက်ဆီတိုင်းအတွက် ကောင်းကင်တမန် တစ်ပါးသဖွယ် ကျွန်တော်တို့အား ကြည့်ရှုစောင့်ရှောက်ပေးသော အမေများကို ပေးထားတဲ့ ဖခမည်းတော်၊ သခင်ယေရှုခရစ်တော် နှင့် သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးတစ်ဆူ ဘုရားသခင်၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ရှေးဦးစွာချီးမွမ်းပါတယ်။ မိခင်များနေ့မှာ မိခင်များအားလုံးအတွက် သားသမီးများကိုယ်စား ဂုဏ်ပြုစကားပြောကြားဖို့ အခွင့်ရတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ထပ်မံ၍ချီးမွမ်းပါတယ်။ အခွင့်ပေးကြသော အသင်းတော်မှ အဖသင်းအုပ်ဆရာကြီးများ၊ အသင်းတော်… Read More »ကျွန်တော့်ရဲ့ မေမေများနေ့

မှားယွင်းခြင်းအမှုပြုသော အမျိုးသမီးနှင့် သခင်ယေရှုဘုရား၏ တရားစီရင်ပုံ

ဒီနေရာမှာ ဆရာကြီးယုဒသန်က adultery ဆိုတဲ့စကားလုံးနေရာကို မြန်မာလို ကျမ်းဂန်ဆန်ဆန် “မှားယွင်းခြင်းအမှုကို ပြုသော မိန်းမ” လို့ ပျော့ပြောင်းအောင် သေချာလေး ဘာသာပြန်ထားပေးတာပါ။ တကယ်က ခေတ်စကား၊ အရပ်စကားနဲ့ ပြောရင် “လင်ငယ်နေတာ၊ နောက်မီးလင်းတာ၊ ကာမပိုင်ရှိသူနဲ့ ဖောက်ပြန်နေတာ” ကိုပြောတာ။ အဲ့လိုအမှုတွေနဲ့ မှားယွင်းနေတဲ့ မိန်းမပျက်ကို ပြောတာ။ “ယေ​ရှု​သည်​လည်း သံ​လွင်​တောင်​သို့ ကြွ​တော်​မူ၏။- နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့… Read More »မှားယွင်းခြင်းအမှုပြုသော အမျိုးသမီးနှင့် သခင်ယေရှုဘုရား၏ တရားစီရင်ပုံ

ကယ်တင်ခြင်းကျေးဇူးသည် တခဏတာ လော၊ ထာဝရ လော။ (အပိုင်း – ၁)

မကြာခင်က “ကယ်တင်ခြင်းရပြီးသူများလည်း တဖန်ပြန်လည်ဆုံးရှုံးနိုင်သေးသည် ဟု ယုံတဲ့သူတွေရဲ့ ခံယူချက်ကို သိချင်ပါတယ်” ဟူသည့် စာတစောင်ကို Thy Logos မှ လက်ခံရရှိခဲ့ပါသည်။ အသင်းတော်သမိုင်းအရ ရိုမန်ကတ်သိုလစ်အသင်းတော်ကြီးနှင့် ပရိုတက်စတင့် အသင်းတော်ကြီးများကြားတွင် “ကယ်တင်ခြင်းသည် ရရှိပြီးမှ ပြန်လည်ဆုံးရှုံးနိုင်သည်” ၊ “ကယ်တင်ခြင်းသည် အမှန်တကန် ရရှိပြီးက မည်သည့်အခါတွင်မျှမဆုံးရှုံးနိုင်” ဟူ၍ နှစ်ပေါင်းများစွာ အငြင်းပွားလာခဲ့ကြသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပါသည်။ ယေဘုယျအားဖြင့်… Read More »ကယ်တင်ခြင်းကျေးဇူးသည် တခဏတာ လော၊ ထာဝရ လော။ (အပိုင်း – ၁)

သမ္မာတရားဆိုတာ ဘာလဲ?

သမ္မာတရားဆိုတာ ဘာလဲ။ သမ္မာတရားနဲ့ အမှန်တရားက မတူဘူးလား။ အမှန်တရားက လူတိုင်းအတွက် မမှန်ဘူး၊ သမ္မာတရားကသာ လူတိုင်းအတွက် မှန်တယ်ဆိုတာ ဟုတ်ပါသလား။ သခင်ယေရှု မိန့်တော်မူတဲ့ “ငါသည် သမ္မာတရားဖြစ်၏” ဆိုတဲ့ အဆိုအမိန့်ကရော ဘာကို ဆိုလိုတာလဲ။

ခရစ်တော်၌ အိပ်ပျော်ခြင်း – ဆရာကြီး ရာဗီ ဇာခရိ (1946-2020)

ကမ္ဘာကျော် ခရစ်ယာန် Apologist ဆရာကြီး ရာဗီ ဇာခရိုင်းယားစ် ခရစ်တော်၌ အိပ်ပျော်ခြင်း    ဆရာကြီး ရာဗီဟာ ကျွန်တော်တို့ ThyLogos အဖွဲ့သားတွေအတွက် စံပြပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ဆရာကြီးဟာ ကျွန်တော်တို့ မြန်မာခရစ်ယာန်လူငယ်တွေကို Christian Apologetics စိတ်ဓာတ်များ မွေးဖွားလာစေတဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း မမှားပါဘူး။ ယနေ့မှာ ဆရာကြီးဟာ မေလ၊ ၁၉ ရက်၊… Read More »ခရစ်တော်၌ အိပ်ပျော်ခြင်း – ဆရာကြီး ရာဗီ ဇာခရိ (1946-2020)

မိခင်များနေ့ စတင်ဖြစ်ပေါ်လာပုံ သမိုင်း

“မိခင်များနေ့” ဆိုသည်မှာ ကမ္ဘာပေါ်တွင်ရှိသည့် အမေများအားလုံး၏ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရကြပြီး ချီးမွမ်းဂုဏ်ပြုကြသည့်အနေဖြင့် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့တွင် နိုင်ငံအများအပြား၌ ဆင်ယင်ကျင်းပကြသော နေ့တစ်နေ့ဖြစ်ပါသည်။ အမေများသည် လူအများက ချီးမွမ်းဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်များပဲဖြစ်ပါသည်။ ရှေးဂရိ၊ ရောမတို့ ခေတ်မှသည် ယနေ့ချိန်ထိ မိခင်များနေ့ကို ဆင်ယင်ကျင်းပနေကြဆဲဖြစ်ပါသည်။ နောင်တွင်လည်း အမေ့ကျေးဇူး ကို ထုတ်ဖော်သည့်နေ့ကို ဆက်လက်ကျင်းပနေကြဦးမည်ဟုလည်း ယုံကြည်ပါသည်။… Read More »မိခင်များနေ့ စတင်ဖြစ်ပေါ်လာပုံ သမိုင်း