Skip to content

ပဋိပက္ခ – ၂၃

လျှာဟူသည်သေးငယ်သော အစိတ်အပိုင်းဖြစ်သော်လည်း ထိုလျှာကြောင့် သပွတ်အူပမာ ပဋိပက္ခများဖြစ်ရခြင်း၊ မိတ်ပျက်ရခြင်း၊ ပျက်ဆီးဆုံးရှုံးခြင်းများဖြစ်ရခြင်း စသဖြင့် အနှုတ်လက္ခဏာဘက်သို့ ရောက်ရှိစေသကဲ့သို့ ထိုလျှာကြောင့်ပင်လျှင် စိတ်နှလုံးသက်သာစေခြင်း၊ အနာကိုပင်ပျောက်စေခြင်း၊ ရွှင်လန်းစေရခြင်းကဲ့သို့သော အပေါင်းလက္ခဏာဘက်သို့လည်း ရောက်ရှိစေတတ်သည်ကို ကျွန်ုပ်တို့ အသိပင် … သို့သော်လည်း စိတ်နှလုံး၏ စေရာ၊ လျှာ၏ အုပ်ထိန်းမှုအောက်၌ မချုပ်တည်းနိုင်သဖြင့် သေစေတတ်သော အဆိပ်အတောက်ကို သွန်းလောင်းစေမိတတ်ကြပေသည်။ ယင်းအခြေအနေကြောင့် မီးကဲ့သို့လောင်မြိုက်သော… Read More »ပဋိပက္ခ – ၂၃

အစေခံရာဝယ်

“အစေခံမယ်” ဆိုတဲ့စကားလုံးဟာ ခရစ်ယာန်တွေနဲ့ စိမ်းတဲ့စကားလုံးမဟုတ်ပါဘူး။ သီချင်းတွေထဲမှာ၊ တရားဟောချက်တွေထဲမှာ၊ အထူးသဖြင့်လူငယ်တွေကိုအားပေးတိုက်တွန်းတဲ့အခါတွေမှာ ကြိမ်ဖန်များစွာကြားရတတ်ပါတယ်။ သို့သော်လည်း နှောင်းပိုင်းကာလတွေမှာ ဘာကိုသတိထားလာရသလဲဆိုရင် အများစုဟာ တရားကိုသာနာပြီး၊ အစေခံခြင်းအပိုင်းကိုကျတော့ တရားကိုပြောနေ ဟောနေသူတွေ တနည်းဆိုရသော် ကျမ်းစာကျောင်းအောင် အမှုတော်ဆောင်များနှင့်သာ သက်ဆိုင်တဲ့အမှုအရာတခု လို့မြင်လာကြ သတ်မှတ်လာနေကြတာကိုပါပဲ။ဒါကြောင့် ယုံကြည်သူတွေအနေဖြင့် ဘယ်သူ့ကို၊ ဘာကြောင့်၊ ဘယ်လိုမျိုး၊ ဘယ်အရာအားဖြင့် အစေခံမလဲဆိုတာသတိပြုဖို့လိုပါတယ်။ ~ ဘယ်သူ့ကို… Read More »အစေခံရာဝယ်

လဲသော်လည်း ထဦးမည်

လောကတွင် တွေ့ကြုံရတတ်သော ခက်ခဲခြင်းများ၊ ဒုက္ခပြဿနာများ၊ နာကျင်ခြင်းများ စသည့် “Suffering” များကို ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များသည် ကြုံတွေ့ခံစားရနိုင်ပါသည်။ ကိုယ်စီကိုယ်စီ သက်ဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပင်ဖြစ်စေ အမျိုးမျိုးသော ကျရှုံးရခြင်းများကြောင့် စိတ်ပျက်အားငယ်နေရသည့် အချိန်များကိုလည်း ခံစားရသည့် အခိုက်အတန့်သည် စိတ်ညစ်စရာပင် … မိတ်ဆွေ သင်လဲကျနေသလား …ဆုံးရှုံးမှုတွေကြားထဲ စိတ်ပျက်နေသလား … ဘဝကို… Read More »လဲသော်လည်း ထဦးမည်

ပြည့်စုံစေ့ငသော

 “လုံလောက်တယ်” လို့ဆိုကြတဲ့အခါ ဘယ်အရာတွေအပေါ်မူတည်ပြီးပြောကြပါသလဲ။ ပမာဏတခုအပေါ်၊ အရေအတွက်အပေါ် ဒါမှမဟုတ် တတ်နိုင်စွမ်းရှိသည့်အပေါ်မှာ မူတည်ကာပြောတတ်ကြသည်မဟုတ်လား။ ငွေတသောင်းတန်သည့်ပစ္စည်းကို လိုချင်သူတယောက်မှာ ငွေငါးထောင်ပဲရှိသောကြောင့်၊ တတ်နိုင်သည့်ငွေနှင့်ဝယ်နိုင်သည့်ပစ္စည်းကိုဝယ်ယူပြီး “ဒါလည်း အဆင်ပြေပါတယ်”လို့ဆိုလိုက်ခြင်းက သူလုပ်ဆောင်စရာရှိသည့်အလုပ်အတွက်တော့လုံလောက်ကောင်းလုံလောက်ပေမယ့်၊ ငွေတသောင်းတန်သည့်ပစ္စည်းထံကို သူ့စိတ်ထဲရှိနေသေးမှာကတော့အမှန်ပါပဲ။ နောက်ထပ်ငွေတသောင်းကိုရအောင်ရှာမယ်၊ စုဆောင်းမယ်ဆိုတဲ့ဆန္ဒတောင်ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါဟာ ဘယ်လူသားမဆို ဖြစ်တတ်တဲ့သဘာဝလို့ဆိုရမှာပါပဲ။ မြန်မာအဘိဓာန်မှာ “လုံလောက်”ဆိုတဲ့စကားရဲ့အနက်အဓိပ္ပါယ်ကို “ပြည့်စုံစေ့ငသည်”လို့ဖော်ပြထားပါတယ်။ ဘယ်လိုအခြေအနေတရပ်ဖြစ်နေပါစေ၊ ပမာဏအတိုင်းအတာဖြစ်နေပါစေ၊ ရှိနေသည့်အရာက “ပြည့်စုံ”တယ်ဆိုတဲ့သဘောပင်။ ယနေ့ခေတ်ကာလအနေအထားကိုဦးတည်ပြီးနှိုင်းယှဉ်ရလျှင်… Read More »ပြည့်စုံစေ့ငသော

ပဋိပက္ခ-၂၂

မနာလိုခြင်းတည်းဟူသော စိတ်နှလုံးသည် လမ်းမှားကို ရောက်စေတတ်သကဲ့သို့ မှားနေကြောင်းကို မပြင်လိုသည့် လည်ပင်းခိုင်မာသည့် စိတ်နှလုံးသည်လည်း ထိုနည်း၎င်းပင် … တခါတရံတွင် မှားယွင်းကြောင်းကိုပင် မသိနိုင်လောက်အောင် ဖုံးကွယ်တတ်စေသည်မှာလည်း မနာလိုခြင်းပင် … ကာဣန၏ စိတ်သဘောကို ဆင်ခြင်ကြည့်လျှင် ကိုယ့်အလုပ် သူ့အလုပ် ကိုယ်စီကိုယ်စီနှင့် ညီအကိုချင်း အဆင်ပြေနေပါသော်လည်း နှစ်ဦးသား အတူတူတွဲ၍ လုပ်ဆောင်ကြသည့် ယဇ်ပူဇော်ခြင်းတွင်တော့ မိမိ၏ လိုအပ်ချက်ကိုပင်… Read More »ပဋိပက္ခ-၂၂

သင်ပြသင်ယူရမယ့်နေရာ

စာဖတ်သူတွေကြားဖူး၊ ဖတ်ဖူးမည့် ဥပမာပေးဇာတ်လမ်းလေးတခုရှိပါတယ်။ အဲ့ဇာတ်လမ်းလေးကတော့ ဘုရားကျောင်းထဲမှာ ဂိမ်းဆော့သူတွေ၊ အတင်းပြောသူတွေရှိနေလို့ ဝတ်ပြုရတာအဆင်မပြေဘူးဆိုတဲ့အကြောင်း သင်းအုပ်ကိုပြောတဲ့အခါမှာ၊ သင်းအုပ်က ပြောလာတဲ့သူကိုရေခွက်ကိုင်စေပြီး လူတွေကိုအာရုံမထားဘဲ ဘုရားကိုသာအာရုံပြုစေဖို့ဥပမာပေးသွန်သင်တဲ့ဇာတ်လမ်းပေါ့။ စာရေးသူကတော့ ဖတ်ပြီးတဲ့အခါ မှတ်ချက်တွေကိုလေ့လာကြည့်တော့ အတော်များများက “အာမင်”ပေါ့၊ တချို့ကလည်း “ဟုတ်တယ် အဓိကက ကိုယ်တိုင်ပဲအရေးကြီးတာ”၊ “ဘုရားကိုပဲအာရုံပြုဖို့ပဲလိုတာ” စသည်ဖြင့်တွေ့ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ဖတ်ပြီးတဲ့အခါ … အဲ့ဒီဂိမ်းဆော့၊ အတင်းပြောနေသူတွေကိုကြတော့ သင်းအုပ်က… Read More »သင်ပြသင်ယူရမယ့်နေရာ

SHUN

ရှင်ပေါလု၏ သတိပေးစကားများထဲတွင် စစ်မှန်သည့် သမ္မာတရားနှင့်သက်ဆိုင်လျှင် ခုခံကာကွယ်ရမည်ဆိုသည့် အမှားအယွင်းမခံသောအရာကို မြင်တွေ့ရသကဲ့သို့ အရေးမကြီးသည့်  အသေးအမွှားကိစ္စများကိုတော့ ငြင်းခုံရန်မလိုအပ်သည့်နှယ် ခြားနားခြင်းများကိုတွေ့ရပေသည်။ တိမောသေဩဝါဒစာ ဒုတိယစောင် ၂:၁၆ တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည်။ ရှင်ပေါလုသည် သူ၏ သားတပည့်ဖြစ်သူ တိမောသေအား သတိထားရန် အသေအချာမှာနေခြင်းသည် “သင်၌ အပ်ထားသောအရာကို… Read More »SHUN

မေးပါ

နောမိ ရဲ့အသက်တာ၊ သူတွေ့ကြုံရတဲ့ ဘဝအနိမ့်အမြင့်တွေကနေ ဆင်ခြင်သင်ယူရသည့်အရာတွေကအများကြီးပါပဲ။ ရုသဝတ္တုအစမှာပင်လျှင် ဣသရေလပြည်မှာအစာခေါင်းပါးသောကြောင့် ခင်ပွန်းရဲ့ဦးဆောင်မှုနဲ့မောဘပြည်ကို မိသားစုလိုက်တည်းခိုဖို့သွားခဲ့ကြပါတယ်။ တည်းခိုဖို့တခုတည်းသာအကြောင်းရှိငြားသော်လည်း သားတွေရဲ့အိမ်ထောင်ပြုခြင်းနှင့်အတူ ဆယ်နှစ်ခန့်မျှကြာညောင်းသွားခဲ့ပါတယ်။ ထိုကာလအတွင်းမှာ ခင်ပွန်းသည်ကိုရော၊ သားနှစ်ယောက်ကိုပါ ဆုံးရှုံးခဲ့ရပါသေးတယ်။ အဲ့ဒီနောက်မှာ ဘုရားသခင်က ဣသရေလပြည်ကိုအကြည့်အရှုကြွလျက်မုန့်ကိုပေးသနားမူပြီ ဆိုတာကိုကြားတဲ့အခါ သူပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ သူ့နေရင်းပြည်ကိုပြန်ရောက်တဲ့အခါမှာ လူတွေကမတွေ့တာကြာလို့လည်းဖြစ်နိုင်သလို၊ သေသွားပြီအမှတ်နဲ့မေ့မေ့ပျောက်ပျောက်ထားရင်း “ဟာ ဒါနောမိမဟုတ်လား” ဆိုပြီး အုတ်အုတ်ကျက်ကျက်ဖြစ်ကြတဲ့အခါမှာ၊ နောမိက သူ့ကိုနောမိအစား… Read More »မေးပါ

ငါတို့သည် သင်တို့ကဲ့သို့

တမန်တော်ဝတ္ထုတွင် ရှင်ပေါလုနှင့် ဗာနဗတို့အား လူအများ၏ အမြင်တွင် နတ်ဘုရားသဖွယ် ထင်မှတ်မိကြသည့် အဖြစ်အပျက်တစ်ခုရှိခဲ့ဖူးသည်။ အကြောင်းမှာ လုတ္တရမြို့တွင် ခြေမစွမ်းသူတစ်ဦး၏ ကျန်းမာခြင်းရသွားသည်ကို ရှင်ပေါလု၏ အစွမ်းကြောင့်ဟု ယူဆကြဟန်တူပေသည်။ “နတ်ဘုရားတို့သည် လူယောင်ဆောင်၍” ဟူသည့်အချက်သည် ထိုလူအများတို့၏ စိတ်နှလုံးအတွင်း၌ အစွမ်းတန်ခိုးကိုသာ မျှော်လင့်ခြင်းကြောင့်များလား၊ မိရိုးဖလာ နတ်ကိုးကွယ်မှုကြောင့်များလား၊  သို့တည်းမဟုတ် ထိုမြို့၏ ယဥ်ကျေးမှု ဓလေ့ထုံးနန်းလွှမ်းမိုးမှုများကြောင့်ပင်လား … ပေါလု၏… Read More »ငါတို့သည် သင်တို့ကဲ့သို့