Skip to content

Next Level ခရစ်ယာန်

ဒီကနေ့ ဆိုရှယ်မီဒီယာများ၊ စီးပွါးရေးဂုရုကြီးများ၊ စယ်လီဘရီတီများ၊ ဆိုရှယ်အင်ဖလူအင်ဇာများ ထံမှ အသုံးအနှုန်းတခုက အင်မတန်မှရေပန်းစားလာနေပါတယ်။ ထိုအသုံးအနှုန်းကတော့ အခြားတော့မဟုတ်ပါဘူး။ “next level” ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ အံ့ဩမိသည်က ထိုစကားလုံးအသုံးအနှုန်းတွေက နှုတ်ကပတ်တော် သမ္မာတရား ဘုရားစကားကို ဟောပြောသူအချို့ပင်လျှင် သုံးနှုန်းလာနေခြင်းပင်။ ဘယ်လိုရည်ရွယ်ချက်နှင့်အသုံးပြုကာ ပြောဆိုနေလည်းမသိသော်လည်း၊ ဒီစကားလုံးက ဘုရားသခင်ရဲ့လုပ်ဆောင်ခြင်းကိုသော်လည်းကောင်း၊ ဘုန်းတော်ကိုသော်လည်းကောင်း ထင်ရှားမြင်သာစေသလော သို့တည်းမဟုတ် လောကီဆန်သောအသုံးအနှုန်းဖြစ်စေသလောဆိုတာ ဆင်ခြင်ကြရအောင်။ ဒီကနေ့… Read More »Next Level ခရစ်ယာန်

SELF EVALUATION – 5

တနေ့တွင် ကျွန်တော်နှင့် ညီအကိုတစ်ယောက်သည် သီချင်းဖွင့်ထားကာ နားထောင်နေရင်းနှင့် စာသား၌ပါရာ အကြောင်းအရာအချို့ကိုလည်း စနောက်ရင်း … သီချင်းအကြောင်းပြောဆိုနေခဲ့ကြသည်။ သို့နှင့် မာရဇ္ဇ၏ အသံပါဝါပြင်းစွာဖြင့် မေးလိုက်သော မေးခွန်းတစ်ခုကို ကျွန်တော်တို့နှစ်ယောက်လုံး ကြားလိုက်ရပေသည်။ ထိုမေးခွန်းသည် “တကယ်အလေးအနက်ထားပြီး ငါ့ကိုချစ်ရဲ့လား” ဟုပင် … ဤသို့နှင့် တပြိုင်နက်တည်းတွင် ထိုညီအကိုသည် သူ့အမျိုးသမီးအား ဤသီချင်း၏ မေးခွန်းကို ဆိုပြခဲ့ဖူးသည်ကို ပြန်လည်ပြောပြလေသည်။… Read More »SELF EVALUATION – 5

ခြေလှမ်းတိုင်း

အနာဂါတ်ဆိုတာ ဘာနဲ့တူလဲဆိုတော့ ရုတ်တရက် ရှေ့မှာ ဘွားခနဲပေါ် ပေါ်လာတတ်တဲ့တောင်တန်းကြီးတွေလိုပဲ။ ပြီးတော့ သင့်ရဲ့အတွေးအာရုံထဲ ခဏခဏစိုးမိုးနေတတ်တယ်။ ဒါတောင်မကသေး တဖက်မှာလည်း မသိစိတ်ကလည်း သင့်ဘဝရဲ့ အဲ့ဒီတောင်ကြီးလို ဘဝပြဿနာအခက်ခဲတွေကိုဘယ်လိုထပ်ကျော်ဖြတ်ရမလဲဆိုပြီးပူပန်နေတတ်သေးတယ်။ ဒီအတွေးအာရုံတွေက ထပ်ကာထပ်ကာအတွင်းထဲမှာ လာလာတိုက်ခိုက်နေတာ တနေ့တမျိုး မရိုးနိုင်အောင်ပါပဲ။ တဆက်တည်းမှာ သင် ဒီအရာတွေကို ဘယ်လို ခွန်အားနဲ့ ကျော်ဖြတ်ရပါ့မလဲလို့ စဥ်းစားနေမိနေသေးတယ် မဟုတ်လား။ တကယ်တော့ သင်ကိုယ်က… Read More »ခြေလှမ်းတိုင်း

SELF EVALUATION – 4

“မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” ဆိုသည့် ဆိုရိုးလေးအတိုင်းပင် မမှားဖူးသည့် လူရယ်ဟု ရှိမည်မထင်ပါ။ မိတ်ဆွေလည်း မှားဖူးသကဲ့သို့ ကျွန်ုပ်သည်လည်း မှားမိဖူးပါသည်။ သို့သော် အရေးကြီးသည်မှာတော့ ဆက်မမှားဖို့ရန် သို့တည်းမဟုတ် ထပ်မမှားတော့ရန်ဖြစ်ချေသည် မဟုတ်ပါလား … လူမှန်လျှင် အမှားနှင့် မကင်းကြဘူးဟု ဆိုတတ်ကြပေသော်ငြားလည်းပဲ အမှားကို အမှားမှန်းမသိလျှင်တော့ မည်သို့မှ ပြင်နိုင်လိမ့်မည်ဟု မထင်ပါ။ အချို့သောအရာများ၌… Read More »SELF EVALUATION – 4

ကောင်းမြတ်သောအကြံအစည်

“ဘုရားသခင်ရဲ့အကြံအစည်ဟာကောင်းမြတ်ပါတယ်”လို့ ကျွန်ုပ်တို့တတွေ အကြိမ်ကြိမ်ရေရွတ်ဖူးမှာပါ။ အခုအချိန်ထိလည်း ရေရွတ်နေဆဲဖြစ်မှာပါ။ ဘုရားရဲ့အကြံအစည်ကကောင်းတယ်ဆိုသော်လည်း တခါတရံကျွန်ုပ်တို့တတွေ ဆုတောင်းကြတဲ့အခါမှာ ကိုယ်လိုချင်တဲ့အရာ၊ ဖြစ်ချင်တဲ့အရာကို ဖြည့်ဆည်းပေးဖို့သာ တောင်းလျှောက်တတ်ကြသည်မဟုတ်လား။ ထိုသို့တောင်းလျှောက်ခြင်းက မှားလားဆိုတော့ မမှားပါဘူး။ မှန်လားဆိုတော့လည်း အပြည့်အဝတော့ မဟုတ်ပြန်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားရဲ့အကြံအစည်က ကောင်းမြတ်သောကြောင့်ပင်။ ကောင်းမြတ်သောအကြံအစည်ဖြစ်သောကြောင့် မစုံလင်တဲ့ကျွန်ုပ်တို့ရဲ့သွေးသားဆန္ဒဖြင့်တောင်းလျှောက်သမျှသောအရာတွေဟာ ဘယ်လိုမှမယှဉ်သာပါဘူး။ ကိုယ့်အတွက်တော့ ကောင်းတယ်ထင်ရပေမယ့် ကျွန်ုပ်တို့ရဲ့အစမှအဆုံးကိုသိနေတဲ့သခင်ရဲ့ရှေ့မှာတော့ ကောင်းချင်မှကောင်းပါလိမ့်မယ်။ သခင် မနှစ်သက်၊… Read More »ကောင်းမြတ်သောအကြံအစည်

SELF EVALUATION – 3

လူအတော်များများတို့သည် မိမိကိုယ်ကိုယ်မိမိ ပြန်လည် ဆင်ခြင်သုံးသပ်မှု အားနည်းတတ်ကြသည်။ ထို့ကြောင့်လည်း မိမိ၏ အခြေအနေအား သတိမထားမိတတ်ကြချေ။ ထိုလူအများစုထဲတွင် ကျွန်ုပ်တို့ ယုံကြည်သူများလည်း ပါဝင်ကြသည်။ တခါတရံတွင် မိမိသည် အတ္တကြီးသူတစ်ယောက်ဖြစ်နေတတ်ပေသည်။ “ငါလုပ်ရင် ကောင်းတယ် နင်လုပ်ရင် မကောင်းဘူး၊ ငါ့ကို ဒါလုပ်ပေး နင့်ကို အရင်က ဘယ်လိုလုပ်ပေးထားတယ်” စသဖြင့် တခုခုဆိုလျှင် မိမိ၏ ကောင်းခဲ့ဖူးသော လုပ်ပေးခဲ့ဖူးသော… Read More »SELF EVALUATION – 3

ဘုရားသခင်သည် အရာအားလုံးကိုဖန်ဆင်းခဲ့လျှင် ဘုရားသခင်ကို မည်သူဖန်ဆင်းခဲ့သနည်း

ဘုရားမဲ့ဝါဒီသမား (Atheist) တွေက “ဘုရားဆိုတာ တကယ်ရှိပြီး အရာအားလုံးကို ဖန်ဆင်းတယ်ဆိုရင် ဘုရားကို​ရော ဘယ်သူက ဖန်ဆင်းတာလဲ” ဆိုပြီး မေးလေ့ရှိကြပါတယ်။ ထိုကဲ့သို့ မေးလိုက်ကတည်းက သူတို့ပြောနေတဲ့ ဘုရားက အချိန် ၊ အကန့်အသက်ထဲမှာရှိနေတဲ့ ဖန်ဆင်းခံဘုရားအကြောင်းကိုသာရည်ညွန်းပြီး ​ပြောနေကြခြင်းဖြစ်ပါသည်။ ဘုရားသခင်တည်ရှိသည်ဟု ယုံကြည်ကြသူ (Theist) တို့သည် ဘုရားသခင်၏သဘောသဘာဝ (nature of God) နှင့်ပတ်သက်၍… Read More »ဘုရားသခင်သည် အရာအားလုံးကိုဖန်ဆင်းခဲ့လျှင် ဘုရားသခင်ကို မည်သူဖန်ဆင်းခဲ့သနည်း

နောက်မကျသေးခင်မှာ

ဘာလုပ်မယ်၊ ဘာကိုင်မယ်၊ ဘယ်လိုနေ၍ ဘယ်လိုထိုင်ကာ၊ ဘာကိုတော့ ဘယ်အရွယ်မှာဟူ၍ စသဖြင့် အစီအစဥ်ပေါင်းများစွာချကာ မျိုးစုံကြိုးခုန်တတ်ကြသည်မှာ လူ့သဘာဝပင် … အစီအစဥ်ချမှတ်ခြင်း၊ကြိုတင်ကြံဆောင်ခြင်းတို့သည် ကောင်းမွန်လှသည်။ သို့သော်လည်း အရေးကြီးသည့် အချက်ကိုတော့ မမေ့သင့်ချေ။ မနက်ဖြန်အတွက် မဆိုထားနှင့်၊ နောက် မိနစ်ပိုင်းကလေးကိုပင် အစိုးမရသော ကျွန်တော်တို့သည် မနက်ဖြန်များစွာကို ပိုင်စိုးသည့်အလား နေကြထိုင်ကြရင်းနှင့် အချိန်တွေကုန်လွန်လာမိကြပြီများလား … မီးစာကုန် ရေခန်း၊… Read More »နောက်မကျသေးခင်မှာ

အာဒံနှင့်ဧဝ – အခွင့်ထူးနှင့်တာဝန်ဝတ္တရား (အပိုင်း-၂)

ဤဆောင်းပါးသည် အပိုင်း (၂) ပိုင်းပါဝင်သော ဆောင်းပါးတွဲဖြစ်ပါသည်။ ပထမပိုင်း အား မဖတ်ရှုရသေးပါက ဦးစာဖတ်ရှုပါရန် အသိပေးတိုက်တွန်းလိုပါသည်။ ကြီးမြတ်သောအခွင့်ထူးသည် ကြီးမြတ်သောတာဝန်ကို တောင်းဆိုသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးထားသည့်အခွင့်ထူးများကို သင့်လျော်စွာအသုံးပြုခြင်းအတွက် ကျွန်ုပ်တို့အားလုံးကို တာဝန်ရှိစေမည်ဖြစ်သည်။ အုပ်ထိန်းရသော(ဘဏ္ဍာစိုး)အမှုဆိုတာဘယ်တုန်းကမှ မလွယ်ကူခဲ့ပါ (ကျွန်ုပ်တို့ဟာဘုရားရဲ့သားသမီးများဖြစ်ရခြင်းရဲ့ အကျိုးသက်ရောက်မှုကိုစာတန်က ဖျက်ဆီးချင်နေတာပါ)။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်တို့ထံမှ သစ္စာစောင့်သိခြင်းကိုလိုလားပါသည်။ “သစ္စာနှင့်ပညာ”ပြည့်ဝသောဘဏ္ဍာစိုးများအဖြစ် ဘုရားသခင်၏အမှုတော်မှာလုပ်ဆောင်သောသူများကဲ့သို့ သခင်သည်မြင်မည်အကြောင်း… Read More »အာဒံနှင့်ဧဝ – အခွင့်ထူးနှင့်တာဝန်ဝတ္တရား (အပိုင်း-၂)