Skip to content

ဆရာကျော်ညီ၏ “Self Evaluation” ဆောင်းပါးတွဲ

SELF EVALUATION – 7

ကျွန်ုပ်တို့သည် တနေရာသွားခါနီးဖြစ်စေ၊ မျက်နှာသစ်ပြီး၍ဖြစ်စေ၊ အဆင်ပြေမပြေသိစေရန် မှန်ကြည့်တတ်ကြသည့် အချိန်များစွာရှိကြသော်လည်း မိမိကိုယ်ကို ဆင်ခြင်ကြည့်တတ်ကြသည့် အချိန်သည် အင်မတန် နည်းပါးလွန်းကြသည်။ ထို့ကြောင့် ယနေ့တွင် မှန်ကိုကြည့်လျှင် မိမိ၏ သွင်ပြင်လက္ခဏာကို တွေ့ကြရသည့်အတိုင်း “Self Evaluation” ကိုလည်း မမေ့မလျော့သင့်ပေ … နေဟမိမှတ်စာ ၂:၅ယုဒပြည်သို့ စေလွှတ်တော်မူပါစေဟု ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီးမှ လျှောက်လေ၏။ နေဟမိသည်… Read More »SELF EVALUATION – 7

SELF EVALUATION – 6

တခါတရံတွင် အမှတ်မထင် စနောက်ခြင်း သို့တည်းမဟုတ် ဘာရယ်မဟုတ် စကားရှာကာ နှုတ်ဆက်ပြောမိခြင်းအချို့ကြောင့် တဖက်လူ၏ အထင်လွဲခြင်းများကို ခံရတတ်သကဲ့သို့ စိတ်မကောင်းဖြစ်စေခြင်းကိုလည်း ဖြစ်ကောင်းဖြစ်စေတတ်ပေသည်။ ထို့ကြောင့် ကျွန်တော်တို့၏ အသက်တာထဲတွင် မိမိ၏ပြောဆိုမိခဲ့သော ထိုအချိန်များကိုလည်း ပြန်လည်သုံးသပ်ကာ ဆင်ခြင်ခြင်းသည် အရေးကြီးသောအခန်းက္ဍတစ်ရပ်ပင် … ခန့်မှန်းအရ မှတ်မိသလောက်ဆိုရလျှင်၂၀၁၉ ခုနှစ်ဝန်းကျင်တွင် ဖိတ်ကြားမှုတစ်ခုကြောင့် “Hotel” တစ်ခု၌ ပြုလုပ်သော “IT” ပညာရပ်ပိုင်းဆိုင်ရာ… Read More »SELF EVALUATION – 6

SELF EVALUATION – 5

တနေ့တွင် ကျွန်တော်နှင့် ညီအကိုတစ်ယောက်သည် သီချင်းဖွင့်ထားကာ နားထောင်နေရင်းနှင့် စာသား၌ပါရာ အကြောင်းအရာအချို့ကိုလည်း စနောက်ရင်း … သီချင်းအကြောင်းပြောဆိုနေခဲ့ကြသည်။ သို့နှင့် မာရဇ္ဇ၏ အသံပါဝါပြင်းစွာဖြင့် မေးလိုက်သော မေးခွန်းတစ်ခုကို ကျွန်တော်တို့နှစ်ယောက်လုံး ကြားလိုက်ရပေသည်။ ထိုမေးခွန်းသည် “တကယ်အလေးအနက်ထားပြီး ငါ့ကိုချစ်ရဲ့လား” ဟုပင် … ဤသို့နှင့် တပြိုင်နက်တည်းတွင် ထိုညီအကိုသည် သူ့အမျိုးသမီးအား ဤသီချင်း၏ မေးခွန်းကို ဆိုပြခဲ့ဖူးသည်ကို ပြန်လည်ပြောပြလေသည်။… Read More »SELF EVALUATION – 5

SELF EVALUATION – 4

“မမှားသော ရှေ့နေ၊ မသေသော ဆေးသမား” ဆိုသည့် ဆိုရိုးလေးအတိုင်းပင် မမှားဖူးသည့် လူရယ်ဟု ရှိမည်မထင်ပါ။ မိတ်ဆွေလည်း မှားဖူးသကဲ့သို့ ကျွန်ုပ်သည်လည်း မှားမိဖူးပါသည်။ သို့သော် အရေးကြီးသည်မှာတော့ ဆက်မမှားဖို့ရန် သို့တည်းမဟုတ် ထပ်မမှားတော့ရန်ဖြစ်ချေသည် မဟုတ်ပါလား … လူမှန်လျှင် အမှားနှင့် မကင်းကြဘူးဟု ဆိုတတ်ကြပေသော်ငြားလည်းပဲ အမှားကို အမှားမှန်းမသိလျှင်တော့ မည်သို့မှ ပြင်နိုင်လိမ့်မည်ဟု မထင်ပါ။ အချို့သောအရာများ၌… Read More »SELF EVALUATION – 4

SELF EVALUATION – 3

လူအတော်များများတို့သည် မိမိကိုယ်ကိုယ်မိမိ ပြန်လည် ဆင်ခြင်သုံးသပ်မှု အားနည်းတတ်ကြသည်။ ထို့ကြောင့်လည်း မိမိ၏ အခြေအနေအား သတိမထားမိတတ်ကြချေ။ ထိုလူအများစုထဲတွင် ကျွန်ုပ်တို့ ယုံကြည်သူများလည်း ပါဝင်ကြသည်။ တခါတရံတွင် မိမိသည် အတ္တကြီးသူတစ်ယောက်ဖြစ်နေတတ်ပေသည်။ “ငါလုပ်ရင် ကောင်းတယ် နင်လုပ်ရင် မကောင်းဘူး၊ ငါ့ကို ဒါလုပ်ပေး နင့်ကို အရင်က ဘယ်လိုလုပ်ပေးထားတယ်” စသဖြင့် တခုခုဆိုလျှင် မိမိ၏ ကောင်းခဲ့ဖူးသော လုပ်ပေးခဲ့ဖူးသော… Read More »SELF EVALUATION – 3

SELF EVALUATION – 2

ကျွန်ုပ်တို့၏ နေ့စဥ်အသက်တာတွင် ပြင်ဆင်ရမည့် အရာများစွာရှိနေတတ်ကြသော်လည်း ဆက်လက်၍ လုပ်ဆောင်နေတတ်ကြသည်မှာ အနည်းနှင့်အများရှိကြပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ပြင်ဆင်ရကောင်းမှန်း ဆင်ခြင်ရကောင်းမှန်းကို မသိသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ သို့တည်းမဟုတ် အကျင့်ပါကာ အဆင်ပြေသည်၊ ပြဿနာမဟုတ်ဟုထင်မှတ်၍ ကျင့်သားရသွားသောကြောင့်ပင် … အချို့သောအရာများသည် အသေးအမွှားကိစ္စများဟုပင် ထင်စရာရှိသော်လည်း ပြင်ဆင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည် မဟုတ်ပါလား။ ဤသို့ ပြင်ဆင်ဖို့ရာသည် မိမိကိုယ်ကိုယ် မိမိ ပြန်လည်ကာ မသုံးသပ်လျှင်တော့… Read More »SELF EVALUATION – 2

SELF EVALUATION – 1

မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်း သို့တည်းမဟုတ် ပြန်လည်ဆင်ခြင်ခြင်းဖြစ်သော “Self Evaluation” သည် ခရစ်ယာန်အသက်တာတွင် မရှိမဖြစ်လိုအပ်သော အရာတစ်ခုလည်းဖြစ်သည်။ တခါတရံတွင် ကျွန်ုပ်တို့သည် မိမိ၏ အမှားထက် သူတပါး၏ အမှားကိုသာ မြင်မိခြင်း၊ မိမိ၏ စကားပြောပုံအဆင်မပြေခြင်းထက် သူတပါးကိုသာ မြင်မိခြင်း၊ မိမိ၏ လုပ်ရပ်ထက် သူတပါး၏ လုပ်ရပ်ကိုသာ မြင်မိခြင်း စသဖြင့် သူတပါး၏အလွန်ဟုသာ… Read More »SELF EVALUATION – 1