Skip to content

SELF EVALUATION – 1

မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်း သို့တည်းမဟုတ် ပြန်လည်ဆင်ခြင်ခြင်းဖြစ်သော “Self Evaluation” သည် ခရစ်ယာန်အသက်တာတွင် မရှိမဖြစ်လိုအပ်သော အရာတစ်ခုလည်းဖြစ်သည်။ တခါတရံတွင် ကျွန်ုပ်တို့သည် မိမိ၏ အမှားထက် သူတပါး၏ အမှားကိုသာ မြင်မိခြင်း၊ မိမိ၏ စကားပြောပုံအဆင်မပြေခြင်းထက် သူတပါးကိုသာ မြင်မိခြင်း၊ မိမိ၏ လုပ်ရပ်ထက် သူတပါး၏ လုပ်ရပ်ကိုသာ မြင်မိခြင်း စသဖြင့် သူတပါး၏အလွန်ဟုသာ… Read More »SELF EVALUATION – 1

ကြွားဝါခြင်းနှင့်ယုံကြည်သူတို့၏အသက်တာ

“ထိုနည်းတူ၊ လျှာသည်ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်​၏။ အဘယ်မျှ လောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကိုကြည့်ပါလော့။”ရှင်ယာကုပ်ဩဝါဒစာ ၃:၅ “Likewise, the tongue is a small part of the body, but it makes great boasts. Consider what a great forest is… Read More »ကြွားဝါခြင်းနှင့်ယုံကြည်သူတို့၏အသက်တာ

INTENTIONALLY

ရှင်ပေါလုသည် အာသင်မြို့၌ရှိစဥ်အခါ “ယေရှု၏တရားနှင့် ထမြောက်ခြင်းတည်းဟူသော ဧဝံဂေလိတရာကို ဟောသတည်း” ဟုကျမ်းစာတွင် တွေ့ရပေသည်။ သို့နှင့် ဆက်ဖတ်ကြည့်လျှင် ရှင်ပေါလုအား အာရေတောင်သို့ခေါ်သွားကာ သူတို့မသိသော ထိုအကြောင်းအရာအား သိချင်ပါသည်ဟု ဆိုကြသည်ကိုတွေ့ရသည်။ အာသင်မြို့သည် အတွေးအခေါ်ပညာရှင်များရှိရာမြို့၊ ရုပ်တုဆင်းတုပေါများရာမြို့လည်း ဖြစ်သည့်နည်းတူ နတ်ဘုရားများအား ကိုးကွယ်ဆည်းကပ်ကြရာမြို့လည်းဖြစ်သည်ကို ရှင်ပေါလုသိနားလည်သည်။ ထိုတည်းတူ ကျမ်းစာဖတ်သူ ကျွန်ုပ်တို့လည်း သိထားခဲ့ပြီးဖြစ်သည်။ အာသင်တို့၏ ပုံစံအခင်းအကျင်းနှင့် နတ်ဘုရားတို့အား… Read More »INTENTIONALLY

အစ အလယ် အဆုံး

“အစကောင်းမှ အနှောင်းသေချာ” ဆိုသည့် မြန်မာစကားပုံဆိုရိုးအား မိတ်ဆွေတို့အနေဖြင့် ရင်းနှီးကျွမ်းဝင်လိမ့်မည်ဖြစ်ပါသည်။ လူကြီးမိဘများက ဆုံးမလျှင်သော်လည်းကောင်း၊ သူငယ်ချင်းမိတ်ဆွေများ အချင်းချင်းတိုက်တွန်းနှိုးဆော်လျှင်သော်လည်းကောင်း ထိုစကားပုံအား မိတ်ဆွေတို့ မကြာခဏကြားဖူးနားဝရှိပါလိမ့်မည်။ ဆိုလိုရင်းမှာ မည်ကဲ့သို့သောအလုပ်မဆို စတင်ပြုလုပ်သည့်အချိန်၌ ကောင်းမွန်သောစတင်ခြင်းနှင့် အစပြုခဲ့လျှင် အဆုံးတွင် သေချာကောင်းမွန်သော ရလဒ်များအားပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း အဓိပ္ပာယ်ရပါသည်။ အလွန်ကောင်းမွန်သည့် ဆိုရိုးသာဓကလေးဖြစ်သည့်အလျောက် စာရေးသူလည်း သဘောကျနှစ်ခြိုက်သည့် စကားပုံတစ်ခုဖြစ်ပါသည်။ သို့သော်လည်း တဖက်တွင်တော့ မည်မျှပင်ကောင်းမွန်ခိုင်မာသော… Read More »အစ အလယ် အဆုံး

ချီးမွမ်းခြင်းယဇ်

ဟာလေလုယ …နှစ်တွေ လတွေ ပြောင်း၊ လတွေ နှစ်တွေဟောင်းရင်း တစ်ရက်ပြီး တစ်ရက်၊ တစ်နေ့ပြီး တစ်နေ့ ကုန်လွန်လာရင်း “၂၀၂၂” ခုနှစ်၏ နိုဝင်ဘာကိုလည်း ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။နိုဝင်ဘာလဟု ဆိုလိုက်ရင်ဖြင့် “ကျေးဇူးတော်ချီးမွမ်းရာလ” “Thanksgiving” ဟုလည်း ပြေးမြင်ကောင်း ပြေးမြင်ကြပေလိမ့်မည်။ ယနေ့ ကျွန်ုပ်တို့ ချီးမွမ်းကြပါတယ် …အဆင်ပြေခြင်း အပေါ်မှာများ ဖြစ်နေမလား။ ယနေ့ ကျွန်ုပ်တို့ ချီးမွမ်းကြပါတယ်… Read More »ချီးမွမ်းခြင်းယဇ်

အုတ်မြစ်တည်ဆောက်ခြင်း

မိတ်ဆွေတို့ အိမ်တစ်အိမ် တည်ဆောက်တဲ့အခါ မည်သည့်အပိုင်းက အရေးကြီးဆုံးဖြစ်မယ် လို့ထင် မြင်မိပါသလဲ? စဉ်းစားကြည့်ရအောင်ပါ။လောကရဲ့ နေထိုင်ရာအရေးကြီးဆုံး တစ်ခုဖြစ်တဲ့ အိမ်တစ် အိမ် တည်ဆောက်ရာမှာ အုတ်မြစ် (Foundation) ကအရေးကြီးဆုံး အပိုင်းဖြစ်ပါတယ်။ ဘယ်လောက် အဆင့်မြင့်ဒီဇိုင်းအပြင်အဆင်နှင့် ပညာရှင်များ ဆောက်လုပ်ပေးပါမူ အုတ်မြစ် ခိုင်မာမှု မရှိပါက ရေရှည်ခိုင်ခံ့ခြင်းမရှိဘဲ ပြိုလဲပျက်စီးသွားမှာဖြစ်ပါတယ်။ ယုံကြည်သူ ကျွန်ုပ်တို့အသက်တာမှာလည်း ထိုနည်းလည်းကောင်းပါပဲ မိတ်ဆွေ။… Read More »အုတ်မြစ်တည်ဆောက်ခြင်း

ပဋိပက္ခ – ၂၀

တစ်ဦးအပေါ် တစ်ဦး ခွင့်မလွှတ်နိုင်ခြင်းတည်းဟူသော အရာတစ်ခုသည် ကျွန်ုပ်တို့၏ မိသားစုအရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ အသင်းတော်၏ အရေးအတွက်လည်း အင်မတန်အန္တရာယ်ရှိသည့် အဆိပ်အတောက်တစ်ခုဖြစ်သည်။ အခြေအနေအရပ်ရပ်ပေါ် မူတည်၍ ထိုသူတစ်ဦးတစ်ယောက်၏ အပြုအမူ၊ အပြောအဆို၊ လုပ်ရပ်များသည် အင်မတန်ဆိုးရွားကောင်း ဆိုရွားပေလိမ့်မည်။ ထိုအတွက်ကြောင့်လည်း ခွင့်လွှတ်ရန်မှာ ခက်ခဲတတ်ပေသည်မဟုတ်ပါလား … ထိုအရာ၏ ချည်နှောင်ခြင်းတို့သည် မိမိတို့၏ စိတ်နှလုံးကိုပါ နာကျင်စေတတ်သည်မှာ အမှန်ပင်… Read More »ပဋိပက္ခ – ၂၀

တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်

ယုံကြည်သူ မိတ်ဆွေတို့ဘဝမှာ “တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်” ဆိုတဲ့ စကားစုလေး ဟာ အမြဲလိုလို တရားဒေသနာတွေမှာ ဖြစ်စေ တိုက်တွန်းခွန်အားပေးတဲ့ နေရာမှာ ဖြစ်စေ ကိုယ်ကိုတိုင် ဖြစ်စေ ရင်းနှီးကျွမ်းဝင်စွာ ခွန်အားယူ ကြားဖူးကြမှာဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင် Sunday School ကလေးဘဝမှာတည်းက ဘုရားသားသမီးမှန်ရင် တောင်းချင် သမျှကို ဘုရားသခင်ဆီတောင်းလျှောက်ပါ ဘုရားကပေးမယ်ဆိုတာကို ကြားဖူးခဲ့ပါတယ်။ ဒါကြောင့်စာရေးသူငယ်စဉ်က ကိုယ်တိုင်လိုချင်တာမှန်သမျှ ဘုရားဆီတောင်းလျှောက်ခဲ့ပါတယ်။… Read More »တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်

RULE OVER

ကာဣန၏ ယဇ်ပူဇော်ခြင်းနှင့် ညီအကိုချင်း ရန်ပြုကာ သတ်မိခြင်းကို ကျွန်ုပ်တို့ သိထားပြီး ဖြစ်ကြပေလိမ့်မည်။ ဤသည်မှာ ကမ္ဘာ့ပထမဦးဆုံး လူသတ်မှုနှင့် ကမ္ဘာ့ပထမဦးဆုံးသော မနာလိုမှုပေတည်း … သို့တည်းသာမက ဘုရားသခင်အား “Am I my brother’s keeper” “အကျွန်ုပ်သည် ညီကိုစောင့်ရသောသူ ဖြစ်သလား” ဟုပင် မချေမငံပြော၍ ရွဲ့စောင်းကာ မေးခွန်းပြန်ထုတ်ခဲ့သူသည်လည်း ကာဣနပင် …… Read More »RULE OVER