Skip to content

ပဋိပက္ခ – ၂

လုပ်ငန်းခွင်ထဲတွင်ဖြစ်​စေ၊ ပတ်ဝန်းကျင်တွင်ဖြစ်​စေ၊ မိသားစုတွင်ဖြစ်​စေ၊ ​အသင်း​တော်တွင်ဖြစ်​စေ ပဋိပက္ခ​တွေကို မြင်​တွေ့ရတတ်​ပေသည်။ ထိုအရာများကို လူများသည် မနှစ်သက်ကြ​ချေ။ သို့​သော်လည်း ရင်ဆိုင်ကြုံ​တွေ့ကြရသည် မဟုတ်ပါလား။ လူ့သ​ဘောသဘာဝအရ​တော့ အရာရာ အဆင်​ပြေ​​ချော​မွေ့​နေခြင်းကို​တော့ လူတိုင်းကြိုက်နှစ်သက်ကြသည်။ အဆင်မ​ပြေ​​သော ပဋိပက္ခများကို ရင်ဆိုင်ရမည်ကို စိုးရိမ်ကြပါသည်။ သို့​သော်လည်း ရင်ဆိုင်ကြုံ​တွေ့ကြရ​ပေသည်။ ထိုပဋိပက္ခအ​ပေါ် ရှုမြင်​သော အမြင်နှင့် ရင်ဆိုင်​သောသွင်ပြင်လက္ခဏာအ​ပေါ်တွင် မူတည်၍ ရလဒ်များနှင့် ဆုံးရှုံးမှုများသည် ကွာခြားသွား​ချေသည်။… Read More »ပဋိပက္ခ – ၂

ပဋိပက္ခ – ၁

ကျွန်​တော်တို့သည် တစ်ခါတစ်ခါတွင် စိတ်မြန်လက်မြန်ပြုမူတတ်ကြသည်။ သတိထား​နေပါ​သော်လည်း စိတ်မြန်လက်မြန်​ပြောဆိုလိုက်ခြင်း၊ ပြုမူလိုက်ခြင်း​တွေ​ကြောင့် မလိုအပ်​သော အရာများဖြစ်လာတတ်ကြသည်။ ထိုအရာများသည် ပဋိပက္ခများ၏ ဖြစ်တည်ရာ ရပ်ဝန်းတစ်ခုဟု ဆိုရရင်လည်း မမှား​ချေ။ လုပ်ငန်းခွင်မှာဖြစ်​စေ၊ ပတ်ဝန်းကျင်မှာဖြစ်​စေ၊ အ​ပေါင်းအသင်းမိတ်​ဆွေ​တွေ ကြားမှာဖြစ်​​စေ၊ ဘုရား​ကျောင်းမှာဖြစ်​စေ စသဖြင့် အမျိုးမျိုး​သော ​နေရာ​တွေမှာလည်း ထိုသို့ပြုမူ​ပြောဆိုခြင်း​တွေ​ကြောင့် မလိုအပ်​​သော ပြဿနာများ၊ အဆင်မ​ပြေမှုများကို ဖြစ်​ပေါ်လာ​စေတတ်ကြသည်။ မိမိ၏ ​စိတ်ခံစားချက်အလိုက် ပတ်ခနဲ… Read More »ပဋိပက္ခ – ၁

ချစ်သော လူငယ်သို့ – အပိုင်း(၂၆)

“အ​ချင်း​ချစ်​သူ၊ မ​ကောင်း​သော​နည်း​ကို မ​လိုက်​နှင့်၊ ကောင်း​သော​နည်း​ကို​သာ လိုက်​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ရ​ပြီ။” ရှင်ယောဟန်ဩဝါဒစာတတိယစောင် ၁း၁၁ “Beloved, do not imitate evil but imitate good. Whoever does good is from God; whoever… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၂၆)

WE ARE NOT ALONE

သခင်​ယေရှုခရစ်​တော်ကို ဖမ်းပြီးသည့်​နောက်တွင် လူများသည် ​ယေရှုကို အပြစ်တင်ခြင်း၊ ​ရိုက်ပုတ်ခြင်း၊ စော်ကားခြင်းများစွာလုပ်​ဆောင်​ပြောဆိုကြသည်။ ဘုရားသခင်၏သား​တော်မှန်လျှင် ကားတိုင်​ပေါ်ကဆင်းခဲ့ပါလားဟု​သော ခနဲ့​သောစကားများ၊ ရွဲ့​သောစကားများကိုလည်း ​ပြောဆိုကြသည်ကို​တွေ့ရ​ပေသည်။ သို့​သော် သခင်​ယေရှုသည် ဘုရားသခင်၏သား​တော်မှန်​သော်လည်း ထိုသူတို့​ပြောသကဲ့သို့ မလုပ်​ဆောင်ခဲ့ပါ။ အဓိကရည်ရွယ်ချက်ကိုသာ ဦးစား​ပေးခဲ့သည်ကို​တွေ့ရသည်။ အကယ်၍သာ သခင်​ယေရှုသည် ကားတိုင်မှဆင်း၍ သက်​သေပြခဲ့မည်ဆိုလျှင် ကားတိုင်တက်၍ အ​သေခံခြင်းအစီအစဥ်ပျက်ကာ လူသားတို့အတွက် ကယ်တင်ခြင်းအစီအစဥ် ​​ရွေ့​လျော့ပြောင်းလဲသွား​ပေမည် မဟုတ်ပါလား။ တခါတ​လေတွင်… Read More »WE ARE NOT ALONE

ချစ်သော လူငယ်သို့ – အပိုင်း(၂၅)

“ကြိုး​စား၍ လုပ်​လေ​ရာ​ရာ၌ ကျေး​ဇူး​ရှိ၏။ စ​ကား​များ​ခြင်း​အ​ကျိုး​မူ​ကား၊ ဆင်း​ရဲ​ခြင်း​သက်​သက်​တည်း။” သုတ္တံကျမ်း ၁၄း၂၃ “There is profit in all hard work, but endless talk leads only to poverty.” Proverbs 14:23 လူတချို့ဟာ ကြိုးစားတာနဲ့စကားများတာကိုရွေးဆိုရင် စကားများတာကိုပဲရွေးတတ်ကြပါတယ်။ ဒါပေမယ့် သတိထားရမည့်အချက်က ထိုအရာနှစ်ခုလုံးဟာ အချိန်ယူရပါတယ်။… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၂၅)

အဘယ်မျှကာလပတ်လုံး

ဆာလံဆရာ၏ စိတ်ခံစားချက်ကို ကျွန်​တော်တို့ နားလည်နိုင်မည်ထင်ပါသည်။ ၁၃ ခု ​မြောက်​သောဆာလံကို ဒါဝိဒ်၏သားဖြစ်သူ ပုန်ကန်ချိန် သို့မဟုတ် ​ရှင်ဘုရင်ရှောလု၏ လိုက်လံသတ်ဖြတ်ခြင်းခံ​နေရချိန်တွင် ​ရေးစပ်သည်ဟုဆိုကြသည်။ ထိုကာလသည် ဒါဝိဒ်အတွက် ခဲယင်းဆိုးယုတ်သည့်ကာလတစ်ခုဟုဆိုလျှင်လည်း မှားမည်မထင်ပါ။ အဖမ်းခံရမည်ကို စိုးရိမ်စိတ်၊ ရန်သူနှင့် အင်အားမမျှ၍ စိတ်ဓါတ်ကျခြင်း၊ ခဲယင်းလှသည့်အတွက် ပင်ပန်းနွမ်းလျခြင်း စသဖြင့် အမျိုးမျိုး​သော ခံစားချက်များ​ကြောင့် စိတ်ဒဏ်ရာများပင်ရနိုင်​လောက်​ပေသည်။ ဒါဝိဒ်၏ အမှားရယ်လို့ပင်… Read More »အဘယ်မျှကာလပတ်လုံး

ချစ်သော လူငယ်သို့ – အပိုင်း(၂၄)

“စိတ်​ရှည်​သော​သူ​သည် ခွန်​အား​ကြီး​သော​သူ​ထက်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​ချုပ်​တည်း​သော​သူ​သည် မြို့​ကို​တိုက်​ယူ​သော သူ​ထက်​လည်း​ကောင်း သာ၍​ကောင်း၏။”သုတ္တံကျမ်း ၁၆း၃၂“Whoever is slow to anger is better than the mighty, and he who rules his spirit than he who takes a city.”Proverbs 16:32 အဖက်ဖက်မှာတိုးတက်လာနေတဲ့ခေတ်ကြီးထဲ… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၂၄)

စပျစ်ဥယျာဥ်သိမ်းယူခြင်းမှ သင်ခန်းစာ

နာဗုတ်၏ ပိုင်ဆိုင်​သော စပျစ်ဥယျာဥ်ကို ရှင်ဘုရင်အာဟပ်သည် အင်မတန်မျက်စိကျသဖြင့် ​​ရောင်းရန်တောင်းဆိုခဲ့သည်။ ထိုဥယျာဥ်သည် နန်း​တော်နားတွင်ရှိသဖြင့် ရှင်ဘုရင်အင်မတန်မှ လိုချင်​လေသည်။ ထိုဥယျာဥ်ကို ​ပေးလျှင် သာ၍​ကောင်း​သောဥယျာဥ်ကို​ပေးမည် သို့မဟုတ် ထိုအတွက် အခ​ကြေး​ငွေကို​ပေးမည်ဟုပင်ဆိုသည်။ သို့​သော် နာဗုတ်သည် သူ၏ ဘိုးဘွားပိုင်​စပျစ်ဥယျာဥ်ဖြစ်​သော​ကြောင့် မ​ရောင်းနိုင်​ကြောင်း​​ပြောဆိုကာ ငြင်း​လေသည်။ ထိုအတွက် ရှင်ဘုရင်အာဟပ်သည် မအိပ်မစား မရွှင်မပျဖြစ်ကာ အလိုမကျဖြစ်​နေ​ပေ​တော့သည်။ ထို့​သို့ဖြစ်​နေသည်ကို မြင်​သော သူ၏ခင်ပွန်း… Read More »စပျစ်ဥယျာဥ်သိမ်းယူခြင်းမှ သင်ခန်းစာ

ဆုတောင်းခြင်း နည်းလမ်းနှစ်သွယ်

ကျွန်ုပ်တို့ ယုံကြည်သူများ၏ နေ့စဉ် သ ခင်ဘုရားနှင့် အချိန်ယူ ဆုတောင်းရာ၌ အထောက်အကူပြုစေနိုင်ရန် ဆု တောင်း ခြင်း နည်း လမ်း နှစ် သွယ်။  နည်း လမ်း နှစ် သွယ် ဖြင့် ဆု တောင်း ခြင်း  ၁) သ မ္မာ ကျမ်း စာ အ ခြေ… Read More »ဆုတောင်းခြင်း နည်းလမ်းနှစ်သွယ်