Skip to content

ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – နောက်ဆုံးပိုင်း

“ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism)နှင့် မိတ်ဆက်ခြင်း” ၊ “YEC နှင့် စပ်ဆိုင်သော ဝေါဟာရများ” ၊ “YEC အယူဝါဒ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း”၊ “ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒကို ဖြန့်ဝေနေသော အဖွဲ့အစည်းကြီးများ” နှင့် “၎င်းတို့၏ ယုံကြည်ချက်များ” အကြောင်းကို ရှေ့အပိုင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။​ သို့သော် စာဖတ်သူအနေဖြင့် ဤဆောင်းပါးကို ရေးသားသူနှင့်တကွ λόγος အဖွဲ့သားများ၌ ကမ္ဘာဦးဆိုင်ရာ ဖန်ဆင်းခြင်းအကြောင်းများနှင့်… Read More »ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – နောက်ဆုံးပိုင်း

မာရကိုကျော်လွန်၍

နောမိသည် တစ်​နေ့တွင် ​နေရပ်သို့ပြန်လာခဲ့သည်။ သို့​သော် သူမ၏ ရင်ဘတ်ထဲတွင် ဒဏ်ရာဗလပွနှင့်ပင်။ ​မေးခွန်းများစွာကိုလည်း မျိုသိပ်​ကောင်းမျိုသိပ်ထား​ပေလိမ့်မည်။ ဣသရေလပြည်၌ ဒုက္ခ​ရောက်၍ ​မောဘသို့သွားခဲ့ကြသော်လည်း အဆင်မ​ပြေခဲ့။ ပြည်​​တော်ပြန်လာချိန်တွင်လည်း ခါးသီး​သော ခံစားချက်များကိုသာ ရင်ဝယ်ပိုက်၍ ပြန်လာခဲ့​ပေသည်။ ရုသဝတ္တု ၁:၂၀သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။ သူမ၏အမည်ကိုပင် ​မေ့နိုင်​လောက်​အောင်… Read More »မာရကိုကျော်လွန်၍

ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – အပိုင်း(၃)

ချစ်ရပါသောစာဖတ်သူ .. ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒဆိုင်ရာ သိသင့်သိအပ်သော ဝေါဟာရ (၃) ခု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို သင် သိပြီးပါပြီလား။ ဤခေါင်းစဉ် (၃) ခုကို စာရေးသူ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မသိသေးပါက သင်သည် ဤဆောင်းပါးတွဲ၏ပထမပိုင်းနှင့် ဒုတိယပိုင်းကို မဖတ်ရသေးသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးအား… Read More »ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – အပိုင်း(၃)

အပြစ်စွဲစိတ်

ခွင့်လွှတ်ခြင်းသည် ခရစ်ယာန်အသက်တာ၌ အ​ရေးကြီး​သောအရာတစ်ခုဟုဆိုလျှင်လည်း မမှားပါ။ လူတိုင်းလူတိုင်းအတွက် ခွင့်လွှတ်ခြင်းသည် လိုအပ်ပါသည်။ ခွင့်လွှတ်ခြင်းဟုဆိုရာတွင် သမ္မာကျမ်းစာရှု​ထောင့်အရ​ “Vertical Forgiveness နှင့် Horizontal Forgiveness” ဟူ၍ ​တွေ့ရနိုင်သည်။ “Vertical Forgiveness” သည် လူသားများအား ဘုရားသခင်၏ ခွင့်လွှတ်ခြင်းဖြစ်ပြီး “Horizontal Forgiveness” မှာ​တော့ လူသားများအချင်းချင်း ခွင့်လွှတ်ခြင်းဖြစ်​ပေသည်။ (ဧဖက် ၄:၃၂) တွင်လည်း… Read More »အပြစ်စွဲစိတ်

ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – အပိုင်း (၂)

ချစ်ရပါသောစာဖတ်သူ .. ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒဆိုင်ရာ သိသင့်သိအပ်သော ဝေါဟာရ (၃) ခုနှင့် ၎င်းတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို သင် သိပြီးပါပြီလား။ ဤခေါင်းစဉ် (၂) ခုကို စာရေးသူ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မသိသေးပါက သင်သည် ဤဆောင်းပါးတွဲ၏ပထမပိုင်းကို မဖတ်ရသေးသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးအား မဖတ်ခင် အပိုင်း(၁)… Read More »ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – အပိုင်း (၂)

စိတ်နှလုံးကြေကွဲသူ၏ ဆုတောင်းသံ

ဆာလံဆရာသည် အင်မတန်စိတ်နှလုံး​ကြေကွဲ​နေသည်။ မတရား​သောသူများ၊ ဘုရားသခင်၏ စိတ်​​တော်နှင့်မ​တွေ့သူများ​ရှေ့တွင် မည်သည့်စကားမျှပင် မ​ပြောချင်​တော့​လောက်သည်အထိ စိတ်ညစ်ညူးလျက်​နေ​ပေသည်။ ထိုသူတို့သည် မည်သို့​သောအမှုများကို ပြုကြသည်မသိရ​သော်လည်း၊ ဆာလံဆရာ၏​ဖော်ပြချက်အရ မတရားသောသူ၊ အဓမ္မလူ​တွေဖြစ်ကြသည်။ ထိုသူတို့​ကြောင့် စိတ်နှလုံး​ကြေကွဲ​နေရသည်။ ထိုသူတို့၏ လုပ်ရပ်များ​ကြောင့် နာကျင်​နေရသည်။ ထိုသူတို့၏ အပြုအမူများ​ကြောင့် ငို​ကြွေး​နေရ​ပေသည် မဟုတ်ပါလား။ တနည်းအားဖြင့်ဆိုရ​သော် ထိုသို့​သော အချိန်ကာလများသည် ဆာလံဆရာ၏ ​မှောင်မိုက်​သော​နေ့ရက်များပင်ဖြစ်​ချေသည်။ “ထို​မှောင်မိုက်ကာလ​တွေသည် ဘယ်​လောက်ထိကြာဦးမှာလဲ၊… Read More »စိတ်နှလုံးကြေကွဲသူ၏ ဆုတောင်းသံ

ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – အပိုင်း (၁)

ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) ဆိုသည်မှာ ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းအဖြစ်အပျက်များကို ကျမ်း စာသားအတိုင်း တိုက်ရိုက်အနက်ပြန်ဆိုခြင်း(literal Interpretation)မှ ထွက်ပေါ်လာသော ကမ္ဘာဦးကျမ်းဆိုင်ရာ ခရစ်ယာန်အယူဝါဒတခုဖြစ်သည်။ ၎င်းကို Oxford ၏ Lexico dictionary ၌လည်း ဤသို့ဖွင့်ဆိုထားပါသည်။  “The belief, arising from a literal interpretation of the… Read More »ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – အပိုင်း (၁)

ပဋိပက္ခ – ၉

တခါတရံတွင် ကျွန်ုပ်တို့ ကြားရသော စကားများသည် စိတ်ဆိုးချင်ဖွယ်၊ အလွဲအမှားများ သို့တည်းမဟုတ် အလိုမကျချင်ဖွယ်စကားများ ဖြစ်ကောင်းဖြစ်နေတတ်သည်။ မိတ်ဆွေအပေါင်းအသင်းများ၏ ကြားထဲ၌သော်လည်းကောင်း၊ လုပ်ငန်းခွင်တွင်ဖြစ်စေ၊ မိသားစုတွင်း၌ဖြစ်စေ၊ အသင်းတော်မှာပင်လျှင်ဖြစ်စေ အချိန်မရွေး ထိုသို့သော စကားများကိုလည်း ကြားရနိုင်ဖွယ်ရှိပေသည်။ ထိုသို့သော စကားများသည် ကျွန်ုပ်တို့၏ နားထဲသို့ ကန့်လန့်တိုက်တိုးဝင်၍ ပဋိပက္ခတစ်ခုဖြစ်တည်လာစေရန် စနက်တံမောင်းကို ဆွဲဖြုတ်ဖို့ရာ အချိန်ကောင်းတစ်ခုကိုလည်း အစပျိုးခြင်းဖြစ်လာတတ်ပေသည်။ ပြဿနာတစ်ခုအား မီးခွက်ထွန်းရှာရန်ပင်… Read More »ပဋိပက္ခ – ၉

ပဋိပက္ခ – ၈

လူသားဖြစ်သော ကျွန်တော်တို့အယောက်စီတိုင်းသည် စိတ်ဆိုးခြင်း၊ စိတ်မရှည်ခြင်းများ ရှိတတ်ကြသည်။ ထိုအချိန်များတွင် ပြောသောစကားများသည် နူးညံ့သိမ်မွေ့ခြင်းမရှိတတ်တော့ကာ အမျက်ဒေါသ၊ စိတ်မရှည်ခြင်းနှင့် စိတ်ဆိုးခြင်းများနောက်သို့သာ ပြောသောစကားများသည် အလိုလို လိုက်ပါသွားတတ်သည်။ အထိန်းအကွပ်မရှိတော့ဘဲ တဖက်သား၏ ရင်ဝသို့ မြှားအလီလီပစ်ခွင်းသကဲ့သို့ အဆက်မပြတ် ပစ်သွင်းနေမိသည်ကို သတိမရတော့ချေ။ ထို့အတူ မိမိ၏ စိတ်အလိုနောက်သို့လိုက်၍ စကားသံအမျိုးမျိုးပြောင်းလဲသွားတတ်ကြသည်ကို ကျွန်ုပ်တို့အားလုံးလည်း သတိထားမိကောင်း ထားမိတတ်ကြပေလိမ့်မည်။ စိတ်ပျော်ရွှင်နေသည့်အချိန်၌ ပြောသောစကား၊… Read More »ပဋိပက္ခ – ၈