Skip to content

မြော်လင့်ရာ

“သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။” ‭‭(၁ ပေ‬ ၁:၁၃)ဒီစကားဟာ ရှင်ပေတရုက ယုံကြည်ခြင်းကြောင့်ဖိနှိပ်ညှင်းဆဲခြင်းကိုကြုံနေရသောသူတို့အား အားပေးထားသောစကားဖြစ်ပါတယ်။(၁ပေ ၁:၆-၇)ခေတ်အဆက်ဆက်တိုင်းမှာရှိဦးမယ့် ယုံကြည်သူတွေတွက် ယခုလက်ရှိဘဝဟာ အရာခပ်သိမ်းရဲ့ အဆုံးမဟုတ်ဘူးဆိုတာ အမှတ်ရနေဖို့လိုအပ်ပါတယ်။ဒီဘဝရဲ့အခြေအနေတွေက သင့်ကိုစိတ်ဖိစီးမောပန်းစေတဲ့အခါ ဘုရားသခင်နှင့်သူရဲ့သမ္မာစကားအပေါ်မှာ မြော်လင့်တတ်ခြင်းငှါ သင်ယူပါ။သခင်ဘုရား၌‌‌ မြော်လင့်ခြင်းဆိုသည်မှာ ယုံမှားဖွယ်မရှိ စိတ်ချနိုင်သောအရာ၌ မြော်လင့်ခြင်းဖြစ်သည်။ဘဝရဲ့ မသေချာမရေရာခြင်းတွေက… Read More »မြော်လင့်ရာ

အသည်းရောင်အသားဝါ “စီ” ပိုးရောဂါအကြောင်းသိကောင်းစရာများ

Featured Image is credited to : GettyImages “လူတိုင်းသည် ‘စီပိုး’ ကူးစက်ခြင်း မခံရအောင် ကျန်းမာရေးအသိနှင့်ယှဉ်၍ ကာကွယ်ဆင်ခြင်ဂရုပြုကြရမည်။ လူထုလက်လှမ်းမီသော ‘စီပိုး’ စစ်ဆေးခြင်းကို ခံယူရမည်။” အသည်းရောင် “စီ” ပိုးသည် RNA Virus ပိုးတစ်မျိုးဖြစ်ပြီး ပိုးကွဲ အမျိုးအစား ၁ ၊၂၊ ၃၊ ၄၊ ၅ နှင့်… Read More »အသည်းရောင်အသားဝါ “စီ” ပိုးရောဂါအကြောင်းသိကောင်းစရာများ

ဘာသာတရားအားလုံးမှန်ပါသလား၊ အတူတူပဲလား

ကမ္ဘာပေါ်ရှိ ဘာသာတရားအားလုံး ကောင်းကြပါသည်။ မွန်မြတ်ပါသည်။ ဘာသာတရားတစ်ခုခုသည် လူတစ်ဦးတစ်ယောက် သို့မဟုတ် လူမှုအသိုက်အဝန်းတစ်ခုကို အခြေခံလူမှုကျင့်ဝတ်များနှင့် ပတ်သက်၍ ကောင်းမွန်သည့်အရာများ(ဆောင်ရန်၊ ရှောင်ရန်)ကို သွန်သင်ပေးနိုင်ခြင်း၊ ပြုစုပျိုးထောင်နိုင်ခြင်းနှင့် လူသားတို့၏ အကျင့်စာရိတ္တပိုင်းဆိုင်များကို အကျိုးဖြစ်ထွန်းစေနိုင်ခြင်းစသည့် အရာများကို ပေးစွမ်းနိုင်ရပါသည်။ လူသားတို့အား အကျိုးမပြုသော ဘာသာတရားများနှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဘာသာတရားများသည် ကမ္ဘာပေါ်တွင် တိမ်ကောပျောက်ကွယ်သွားကြပြီဖြစ်သည်။ ထို့အပြင် လူ့သမိုင်း စတင်သည့်အချိန်ကပင် ထာဝရဘုရားကိုးကွယ်မှုများနှင့်… Read More »ဘာသာတရားအားလုံးမှန်ပါသလား၊ အတူတူပဲလား

ခွင့်လွှတ်ပါ

တခါတရံကျွန်ုပ်တို့ဟာ လူတချို့ရဲဆိုးဆိုးရွားရွားဆက်ဆံ ပြုမူခြင်းကိုခံရတတ်ပါတယ်။သင့်ကိုမုန်းတဲ့သူအပေါ်မှာ ခါးသီးမှုတွေနဲ့တုန့်ပြန်လက်စားချေလိုက်ဖို့ဆိုတာကလည်းအရမ်းကိုလွယ်ကူပါတယ်။သို့သော် သင်ခွင့်လွတ်ခြင်းခံရသကဲ့သို့ အခြားသူတွေကိုခွင့်လွတ်ဖို့ရာ သခင်ဘုရားကတောင်းဆိုပါတယ် (ဧဖက် ၄:၃၂)။စစ်မှန်တဲ့ခွင့်လွတ်ခြင်းဟာ နဂိုမူလအခြေအနေကိုဖြစ်စေတတ်သော ရလဒ်ရှိပါတယ်။သင်သည် အမှန်တကယ်ခွင့်လွတ်တယ်ဆိုရင် သင့်ကိုထိပါးစော်ကားတဲ့သူတွေထံ ကောင်းသောအမှုကိုပြုနိုင်ပါလိမ့်မယ်။ #λόγος #thylogos #theblesseddesk #ခွင့်လွတ်ခြင်း #ညီအစ်ကိုခြင်း #ယောသပ်ကဲ့သို့ #ခရစ်တော်ကဲ့သို့

လူ

      လူ   ယာယီကို ထာဝရမှတ်လို့ရှင်သန်ရာ ခေတ္တစခန်းထဲယစ်မူးနေခဲ့ အနတ္တတွေ…။ အဖြူကို ဖြူမှန်းသိလည်းမလွန်ဆန်နိုင် ဇာတိတရားအောက်ငါတို့တွေ ဆက်ပြီးတော့ မည်း…။ ထူးမလာ ဒီဘဝထဲရှင်လျှက်နဲ့ အသက်မဲ့နေခဲ့ကုသိုလ်တစ်ပဲ ငရဲကတစ်ပိဿာ…။ ဟန်ဆောင်ကာ ဘာသာတရားထဲအရောင်ခြယ် ခုတုံးလုပ်လည်းသေချာတယ်မိတ်ဆွေလူဆိုတာမျိုးက ငရဲ…။ ရော​မဩဝါဒစာ 3:10‭-‬16‭, ‬18 BJB ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။ နားလည်သောသူမရှိ၊… Read More »လူ

Salvation Package

Package(ပက်ကေ့ချ်) ဟူသည့်စကားလုံးနှင့် ကျွန်တော်တို့ နေ့ဓဒူဝရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါသည်။ သတင်းအချက်အလက်နှင့်နည်းပညာတိုးတက်နှုန်း အလွန်မြန်ဆန်သောခေတ်တွင် နေထိုင်နေသော ကျွန်တော်တို့ ယုံကြည်သူများသည် အင်တာနက်ပက်ကေ့ချ်များ၊ ဖုန်းခေါ်ဆိုမှုပက်ကေ့ချ်များအား အပတ်စဉ်၊ လစဉ် ငွေကုန်ကြေးကျခံကာ ကျွန်တော်တို့နေ့စဉ်လိုအပ်ချက်အတွက်သော်လည်းကောင်း၊ အပန်းဖြေမှုအတွက်သော်လည်းကောင်း ဝယ်ယူသုံးစွဲနေကြသည်။ Package(ပက်ကေ့ချ်) ဟူသည့် အင်္ဂလိပ်စကားလုံးကို မြန်မာလိုတိုက်ရိုက်ဘာသာပြန်ဆိုပါက “အထုပ်” ဟူ၍ အဓိပ္ပါယ်ရပါသည်။ ဆိုလိုသည်မှာ ပစ္စည်းအမျိုးအစုံအလင်ကို တစ်ခုတည်းဖြစ်အောင် သပ်ရပ်စွာထုပ်ပိုးထားသည့် အထုပ်ဖြစ်သည်။ ဥပမာ… Read More »Salvation Package

သခင်ဘုရားသည် သင်အဖို့ ရန်သူ သို့မဟုတ် ပြိုင်ဖက်ဖြစ်လာပြီလေ

အရှက်တကွဲဖြစ်ရခြင်းဆိုသည်မှာ သခင်ဘုရားသည် မာနထောင်လွှားသောသူအားနှိမ့်ကျစေသောဖြစ်စဉ်ဖြစ်သည်။ မာနထောင်လွှားခြင်းအား သခင်ဘုရားသည်ရွှံမုန်းပါသည်။ ထိုအရာနှင့်ပက်သက်ပြီး သခင်ဘုရားသည်သူ၏လူတွေအား သည်းညည်းခံမည်မဟုတ်ပါ။ ရှောလမုန်မင်းကြီးက “မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။” ‭‭(သုတ္တံ ၂၉:၂၃) ရှင်ယာကုပ်ကလည်း “ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။” ‭‭(ယာကုပ်‬ ‭၄:၆)… Read More »သခင်ဘုရားသည် သင်အဖို့ ရန်သူ သို့မဟုတ် ပြိုင်ဖက်ဖြစ်လာပြီလေ

ထိုသခင်သည် တိုးပွားခြင်းရှိရမည်၊ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်

“နှိမ့်ချခြင်း”သည် ကိုယ့်အဖို့ငှါ လျောက်ပတ်သော တန်ဖိုးဖြတ်ခြင်းဖြစ်သည်။ထိုသို့ပြုခြင်းသည် သင့်အသက်တာကိုအချိန်တိုင်းနှိမ့်ကျထားစေခြင်းမျိုးမဟုတ်ဘဲ တကယ်တမ်းကျတော့ သင့်ကိုယ်သင်မေ့လျော့ထားခြင်းမျိုးဖြစ်ပါတယ်။နှိမ့်ချခြင်းသည် သင်ဖြစ်သမျှ ပိုင်ဆိုင်သမျှ ဒါမှဟုတ် ဝမ်းမြောက်စရာ ရှိသမျှတို့သည် ဘုရားသခင်ထံမှဖြစ်ကြောင်းကို သဘောပေါက်နားလည်လာခြင်းမှ အစပြုသည်။သင်ရဲ့ ပါရမီ၊ နောက်ခံ၊ စွမ်းရည် နှင့် ရူပကာ တွေဟာဘုရားကသတ်မှတ်ပေးထားခြင်းဖြစ်သည်။ (၁ကော၄:၇)သခင်ဘုရားသည်သာလျင် ချီးမြောက်ခြင်းအားလုံးရဲ့ အရင်းအမြစ်နှင့် အောင်မြင်ခြင်းတိုင်းရဲ့အကြောင်းအရင်းခံဘဲဖြစ်ပါတယ်။အရာရာသင်ပြုသမျှတို့၌ သခင်တပါးတည်းသာဘုန်းကိုခံထိုက်ပါတယ်။ #λόγος #thylogos #theblesseddesk #နှိမ့်ချခြင်း #ချီးမြောက်ခြင်း

ခရစ်တော်၌ရှိသော သင့်အတွက်ခွင့်လွှတ်ခြင်းအား ကိုယ်တိုင်ရယူပါ

1 John 2:12 “I write to you, little children, because your sin are forgiven you for His name’s sake.” “ချစ်သားတို့ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့် ကင်းလွတ်သောကြောင့်” ၁ ယော ၂ : ၁၂… Read More »ခရစ်တော်၌ရှိသော သင့်အတွက်ခွင့်လွှတ်ခြင်းအား ကိုယ်တိုင်ရယူပါ