Skip to content

ခရစ်ယာန်ယုံကြည်မှုအား ခုခံကာကွယ်မှုဆိုင်ရာ

ဝါကြွားသောသူ – BOASTFUL

“ဝါ” ဆိုသည်မှာ “ကြွားဝင့်သည်”လို့အဓိပ္ပါယ်ရပြီး၊ “ကြွား”ဆိုသည်မှာကတော့ “ပေါ်ထင်သည်။ သူတပါးအထင်ကြီးအောင် ပြောဆို ပြုမူ” တယ်လို့နားလည်ရပါတယ်။ နောင်ကာလနဲ့အတူခဲယဉ်းလာတဲ့အချိန်မှာ “ဝါကြွား”ခြင်းကိုနှစ်သက်ကာ အသက်ရှင်လာသူတွေအများကြီးပါပဲ။ ပြောရရင်တော့ ပင်ကိုယ်အားဖြင့် လူတိုင်းက ကြွားသလိုဖြစ်မယ့်အရာတွေကို ရှောင်တတ်ကြပါတယ်။ သို့သော်လည်း လူဆိုတာမျိုးက အခြားသူ မရနိုင်တဲ့အနေအထားတခုမှာရှိနေပြီး အရမ်းပျော်မွှေ့ကာ နှစ်သက်လာပြီဆိုရင် အခြားလူတွေကိုသိစေ၊ မြင်စေချင်သည့်စိတ်ရှိတတ်ကြစမြဲပါ။ ပြောရရင်တော့ “ဝါကြွားခြင်း” ဆိုတာက “ငါ”ဆိုတဲ့အရာကို ဦးတည်အသက်ရှင်ခြင်းပါပဲ။… Read More »ဝါကြွားသောသူ – BOASTFUL

ငွေကိုတပ်မက်သောသူ – LOVERS OF MONEY

‭“ဆင်းဆင်းရဲရဲနေလိုသည့်သူရှိသလော” လို့မေးလာရင် “အရမ်းနေချင်တာပေါ့”လို့ဖြေမည့်သူတယောက်မျှရှိမည်မဟုတ်ပါ။ “မချမ်းသာချင်ပါဘူး စိတ်ချမ်းသာဖို့ ဖူလှုံရင်ရပါပြီ” ဆိုတတ်သူတွေလည်းရှိပါတယ်။ သေချာတာကတော့ ချမ်းသာချင်တဲ့စိတ်ရှိသည်ဖြစ်ပါစေ၊ မချမ်းသာချင်တဲ့စိတ်ရှိသည်ဖြစ်ပါစေ မည်သူမဆိုကတော့ “ငွေဆိုတဲ့ပိုက်ဆံ”ကိုဒီလောကထဲအသက်ရှင်စဉ်အချိန်ခဏမှာရှာဖွေနေကြရသည်မဟုတ်လား။ လောကအခေါ် တမလွန်ဆိုတဲ့၊ ယုံကြည်သူတွေအတွက်ထာဝရကာလထဲကို ကြိုးစားရှာဖွေထားတာပဲဖြစ်ဖြစ်၊ မကောင်းတဲ့နည်းလမ်းနဲ့ပဲဖြစ်ဖြစ် ရှာဖွေထားသမျှငွေတွေက ယူသွားလို့မရတာကိုတော့ မေ့နေကြသလားတောင် တခါတရံတွေးမိပါသေးတယ်။ ဆိုလိုချင်တာက ကျွန်ုပ်တို့အားလုံး သုံးဖို့စွဲဖို့အတွက်ငွေလိုပါတယ်။ ဒါပေမယ့်ငွေကိုတပ်မက်(ချစ်လွန်း)သွားရင်တော့ ဆုံးဖို့ရှုံးဖို့အကြောင်းတွေအများကြီးရှိတယ်ဆိုတာသတိပြုသင့်ပါတယ်။ “ငွေဆိုတာပါးစပ်ပေါက်တော့ မပါပေမယ့် စကားအများကြီးပြောတတ်တယ်” ဆိုတာကို… Read More »ငွေကိုတပ်မက်သောသူ – LOVERS OF MONEY

သခင်ယေရှုကြွရောက်လာသည့်အချိန်အပိုင်းအခြားသည် ခေတ်ကာလသမိုင်းတွင် အသင့်တော်ဆုံးအချိန် ဖြစ်သလော။

သခင်ယေရှုသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်က အပြစ်ငရဲမှ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရာ ဤလောကသို့ကြွဆင်းလာခဲ့ကြောင်းမှာဧကန်အမှန်စင်စစ်ဖြစ်ကြောင်းကိုသမိုင်းအထောက်အထားအားဖြင့် သိနိုင်ပါသည်။ သို့သော် သခင်ယေရှုသည်ခေတ်ကာလ၏ ထိုအချိန်တွင်မှ အဘယ်ကြောင့် ကြွလာခဲ့ပါသနည်း။ အရိုးသားဆုံးအဖြေမှာ ဘုရားသခင်သာလျှင်သိသည် ဟုဖြေရမည်ဖြစ်သည်။ သို့သော် ထိုအကြောင်းအရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာကမူ သခင်ယေရှု ဤလောကသို့ကြွလာသည့်အချိန်သည် ပြီးပြည့်စုံပြီး အချိန်တန်သည့် အချိန်ဟု ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ “ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့်… Read More »သခင်ယေရှုကြွရောက်လာသည့်အချိန်အပိုင်းအခြားသည် ခေတ်ကာလသမိုင်းတွင် အသင့်တော်ဆုံးအချိန် ဖြစ်သလော။

ကိုယ့်ကိုကိုယ်ချစ်သောသူ – LOVERS OF SELF

နောင်ကာလဟာ ခဲယဉ်းတဲ့ကာလဖြစ်မယ်ဆိုတာကို တမန်တော်ကြီးရှင်ပေါလုက တိမောသေဩဝါဒစာမှာသတိပေးခဲ့ပါတယ်။ ခဲယဉ်းတယ်(difficult times)ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုပုံစံလဲ၊ ဘာတွေကြောင့်လဲဆိုတာကိုပါ ဖော်ပြခဲ့ပါတယ်။ ထိုအထဲကမှ ပထမဆုံးအနေနှင့် “ကိုယ်ကို့ကိုချစ်သောသူ”များအကြောင်းကို အရင်ဆုံးလေ့လာဆင်ခြင်ကြည့်ကြရအောင်။ စာရေးသူမှာအတွေးတခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးတဲ့သူတိုင်းမှန်ကြည့်ကြတယ် ဆိုတဲ့အတွေးပါပဲ။ လူဆိုတာမျိုးက ဘယ်သူကဘယ်လောက်ပဲ လှပချောမောနေပါစေ၊ ရုပ်ဆိုးအကျဉ်းတန်နေပါစေ ကိုယ့်ကိုကိုယ်တော့ အချစ်ဆုံးပါပဲ။ ငါရုပ်ဆိုးတယ်၊ အသားမဲတယ်ဆိုပြီး ဘယ်သူမှ မှန်မကြည့်ဘဲ မနေသလို၊ ငါချောတယ်၊… Read More »ကိုယ့်ကိုကိုယ်ချစ်သောသူ – LOVERS OF SELF

အနန္တတန်ခိုးရှင် ယေရှုသခင်

“ယေဟောဝါသည် တန်ခိုးကြီးသောဘုရားမဟုတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးသူဆောင်းပါးတပုဒ်ရေးခဲ့ပါတယ်။ ခေါင်းစဉ်ပဲ ဖတ်လိုက်ရင် “ဘာကြီးလဲဟ !!” ဆိုပြီး တမျိုးဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဆောင်းပါးကို အစအဆုံးဖတ်ဖူးခဲ့တဲ့သူတွေကတော့ စာရေးသူ ဘာကြောင့် ဒီခေါင်းစဉ်ပေးခဲ့လဲဆိုတာ သဘောပေါက်နားလည်မယ်ဆိုတာ ယုံကြည်ပါတယ်။ ယခုဆောင်းပါးက ထိုဆောင်းပါးရဲ့ အဆက်ဖြစ်ပါတယ်။ ဒါကြောင့် “ယေဟောဝါသည် တန်ခိုးကြီးသောဘုရားမဟုတ်” ဆိုတဲ့ဆောင်းပါးကို အနှစ်ချုပ်ပြီး ပြန်ပြောပါရစေ။ ထိုဆောင်းပါးမှာ ခရစ်ယာန်များယုံကြည်တဲ့… Read More »အနန္တတန်ခိုးရှင် ယေရှုသခင်

“ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင်”

ဆရာကြီးယုဒသန်ကတော့သခင်မြင်သလို လောကကြီးကိုမြင်ခဲ့တာပေါ့သနားစရာ လူသား အပြစ်သားတွေကယ်တင်ခြင်းသို့ရောက်ဖို့ပေါ့ ဒီကနေ့မှပဲ သူ့ကို ဂုဏ်ပြုအောက်မေ့သတိရပြီး ပြီးသွားဖို့မဟုတ်ပါ။ဆရာကြီး ယုဒသန် သမ္မာကျမ်းစာကို ဘာသာပြန်နိုင်ဖို့ရန် အခက်အခဲပေါင်းများစွာ ဖြတ်သန်းခဲ့ရပါတယ်။ နေ့တိုင်းဖတ်ရှုနေတဲ့ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်သမ္မာကျမ်းစာကို အသက်၊ သွေး၊ ချွေးများရင်းလျက် သူဘာသာပြန်ပေးခဲ့တာပါလားဆိုတာကိုသိလျက်ကျေးဇူးတင်တဲ့စိတ်နဲ့ တန်ဖိုးထားနေသင့်ပါတယ်။ ခရစ်တော်ကြောင့်သာမဟုတ်ရင်ခရစ်တော်အားဖြင့်သာမဟုတ်ရင်ခရစ်တော်အဖို့လို့ငှါသာမဟုတ်ရင် ဆရာယုဒသန်အခက်အခဲဒုက္ခတွေများစွာထဲမှာဟန်မပါ သန်မာစွာ အသက်တာကိုဆပ်ကပ်စွန့်လွတ်နိုင်စရာအကြောင်းမရှိပါ။“ခရစ်ယာန်”လို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူနေတတ်တဲ့ကျွန်ုပ်တို့တတွေလေကြီး ဟန်ဆောင် ပါးပြင်းထောင်နေမည့်အစားခရစ်တော်ကိုယူတင် အသက်တာဖြင့်အစေခံခဲ့သောဆရာယုဒသန်အသက်တာကို စံနမူနာပြုလျက်ခရစ်တော်နှင့်ခရစ်တော်၏… Read More »“ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင်”

“ယေဟောဝါသည် တန်ခိုးကြီးသော ဘုရား မဟုတ်”

“ကင်းမျှော်စင်” (The Watchtower) ၊ “နိုးလော့” (Awake!) တို့ စတဲ့ အမည်နာမအမျိုးမျိုးနဲ့ ဝေစာတွေ၊ စာစောင်မဂ္ဂဇင်းတွေကို မြန်မာပြည်မှာနေရင် တသက်မှာတခါလောက်တော့ မြင်ဖူး၊ လက်ခံဖူးမယ်လို့ ထင်ပါတယ်။ ဝေစာတွေမှာ ကြည့်လိုက်ရင် ရုပ်ပုံလှလှလေးတွေနဲ့၊ အရောင်အသွေးစုံစုံလင်လင်နဲ့ စိတ်ဝင်စားဖွယ်ကောင်းနေပါလိမ့်မယ်။ ဝေစာမှာပါတဲ့ စာတွေကို အမှတ်တမဲ့ကြည့်လိုက်ရင် စာလုံးထင်းထင်း၊ ခေါင်းစဉ်ကြီးကြီးတွေနဲ့ “ယေရှု”၊ “ယေဟောဝါ”၊ “ဘုရားသခင့်နိုင်ငံတော်”၊ “ယေဟောဝါသက်သေခံများ”၊… Read More »“ယေဟောဝါသည် တန်ခိုးကြီးသော ဘုရား မဟုတ်”

မျက်မှောက်တော်

ဖန်ဆင်းရှင်ထာဝရဘုရားကိုသက်ဝင်ယုံကြည်သူ၊ သားတော် သခင်ခရစ်တော် ယေရှုဘုရား ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်သူ၊ သမ္မာတရားကို အကြွင်းမဲ့ သွန်သင်ပေးတဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ ကိန်းဝပ်တော်မူခြင်းခံရတဲ့ ယုံကြည်သူ ဘုရားသားသမီး တယောက်ဟာ မိမိဆက်လက် အသက်ရှင်ရမယ့် အသက်တာမှာ ဘုရားရဲ့ အတူရှိခြင်း (တနည်း) မျက်မှောက်တော်ဟာ အလွန်အ‌ရေးကြီးပါတယ်။ အရင်ဆုံး ဘုရားရဲ့အတူရှိခြင်း (မျက်မှောက်တော်) ကို မပြောခင် ဘုရားရဲ့  “နေရာတိုင်း၌ရှိ တော်မူခြင်း”… Read More »မျက်မှောက်တော်

ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းသည် သမိုင်းအမှန်ဖြစ်သည်

ကျွန်တော်တို့သည် လူ့သဘောသဘာဝ အရ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို သဘာဝလွန်ဖြစ်ရပ်လို့ သတ်မှတ်ကြပြီး အမှန်တကယ်မဖြစ်နိုင်ဘဲ ယုံတမ်းစကားဟူ၍သာ မှတ်ယူတတ်ကြသည်။ သို့သော် နာဇရက်မြို့သား သခင်ယေရှု သည် အပြစ်တစ်စုံတစ်ခုမှမရှိဘဲ ကျွန်ုပ်တို့ အပြစ်များအတွက် အသေခံကာ သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်ခြင်းမှာ ဧကန်အမှန်စင်စစ်ဖြစ်ကြောင်းကို သမိုင်းအထောက်အထားအားဖြင့်သော် လည်းကောင်း၊ ဆင်ခြင်တုံတရား အားဖြင့်သော်လည်းကောင်းသိနိုင်ပါသည်။ ၁။ သခင်ယေရှု၏ သင်္ချိုင်းဂူသည် လွတ်နေပြီး သမိုင်းပညာရှင်များက… Read More »ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းသည် သမိုင်းအမှန်ဖြစ်သည်