Skip to content

ခရစ်ယာန်ယုံကြည်မှုအား ခုခံကာကွယ်မှုဆိုင်ရာ

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း (၇)

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာသောအချိန်တုန်းက အမှုဆောင်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးတွေရဲ့အသက်တာကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာ အများစုဟာ သခင်ဘုရား၏သမ္မာတရားတည်းဟူသောသတင်းကောင်းအား ဘယ်လိုအခြေအနေမျိုးမှာပင်ဖြစ်နေပါစေ သစ္စာရှိစွာဖြင့် ကိုယ်ကျိုးစွန့်ကာ ဆပ်ကပ်အစေခံခဲ့ကြသူများအဖြစ်လေ့လာခဲ့ရပါတယ်။ သို့သော်လည်း စိတ်မကောင်းစရာက ယနေ့ခေတ်ကာလမှာတော့ ထိုသို့သောစိတ်သဘောမျိုးဖြင့် အစေခံကြသူတွေနည်းပါးလာနေခြင်းပါပဲ။ “သင်​တို့​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ သိုး​တော်​စု​ကို ထိန်း​ခြင်း​အ​မှု​မှာ၊ အ​နိုင်​ထိန်း​ရ​သော​ကြောင့် မ​ဟုတ်၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​ကြောင့် မ​ဟုတ်​ဘဲ၊ အ​လို​လို​စေ​တ​နာ​စိတ်​ရှိ၍ ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။”‭‭ရှင်ပေတရုသြဝါဒစာပထမစောင် ၅း၂ သိုးထိန်းလို့ပြောလိုက်ရင် သိုးစုကတော့… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း (၇)

ခရစ်ယာန်

“ခရစ်ယာန်” ဆိုသောဝါဟာရမှာ ဂရိ သို့မဟုတ် ရောမလူမျိုးများက သခင်ယေရှု၏နောက်လိုက်များအတွက်ပေးခဲ့သော ကဲ့ရဲ့ရှုတ်ချဖွယ်အမည် ဖြစ်သည်။ အန္တိအုတ်မြို့၌ ပထမဆုံးအသုံးပြုခဲ့ကြသည်။ တပည့်တော်များ အချင်းချင်း သိကြသော အမည်များမှာ “ညီအစ်ကိုများ“၊ “သစ္စာရှိသူများ“၊ “ရွေးချယ်ခံရသူများ“၊ “သန့်ရှင်းသူများ“၊ “ယုံကြည်သူများ” ဟူ၍ဖြစ်သည်။ သို့သော် ၎င်းတို့ကိုအခြားလူအများနှင့် ခွဲခြားသိမြင်လာသောကြောင့် “ခရစ်ယာန်” ဟူသောအမည်ကို စတင်အသုံးပြုလာကာ တစ်ကမ္ဘာလုံးက လက်ခံခဲ့ကြသည်။ ဤအမည်သည် ဓမ္မသစ်ကျမ်းတွင်ဖော်ပြထားသည်မှာ… Read More »ခရစ်ယာန်

ပြည့်စုံစေ့ငသော

 “လုံလောက်တယ်” လို့ဆိုကြတဲ့အခါ ဘယ်အရာတွေအပေါ်မူတည်ပြီးပြောကြပါသလဲ။ ပမာဏတခုအပေါ်၊ အရေအတွက်အပေါ် ဒါမှမဟုတ် တတ်နိုင်စွမ်းရှိသည့်အပေါ်မှာ မူတည်ကာပြောတတ်ကြသည်မဟုတ်လား။ ငွေတသောင်းတန်သည့်ပစ္စည်းကို လိုချင်သူတယောက်မှာ ငွေငါးထောင်ပဲရှိသောကြောင့်၊ တတ်နိုင်သည့်ငွေနှင့်ဝယ်နိုင်သည့်ပစ္စည်းကိုဝယ်ယူပြီး “ဒါလည်း အဆင်ပြေပါတယ်”လို့ဆိုလိုက်ခြင်းက သူလုပ်ဆောင်စရာရှိသည့်အလုပ်အတွက်တော့လုံလောက်ကောင်းလုံလောက်ပေမယ့်၊ ငွေတသောင်းတန်သည့်ပစ္စည်းထံကို သူ့စိတ်ထဲရှိနေသေးမှာကတော့အမှန်ပါပဲ။ နောက်ထပ်ငွေတသောင်းကိုရအောင်ရှာမယ်၊ စုဆောင်းမယ်ဆိုတဲ့ဆန္ဒတောင်ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါဟာ ဘယ်လူသားမဆို ဖြစ်တတ်တဲ့သဘာဝလို့ဆိုရမှာပါပဲ။ မြန်မာအဘိဓာန်မှာ “လုံလောက်”ဆိုတဲ့စကားရဲ့အနက်အဓိပ္ပါယ်ကို “ပြည့်စုံစေ့ငသည်”လို့ဖော်ပြထားပါတယ်။ ဘယ်လိုအခြေအနေတရပ်ဖြစ်နေပါစေ၊ ပမာဏအတိုင်းအတာဖြစ်နေပါစေ၊ ရှိနေသည့်အရာက “ပြည့်စုံ”တယ်ဆိုတဲ့သဘောပင်။ ယနေ့ခေတ်ကာလအနေအထားကိုဦးတည်ပြီးနှိုင်းယှဉ်ရလျှင်… Read More »ပြည့်စုံစေ့ငသော

သင်ပြသင်ယူရမယ့်နေရာ

စာဖတ်သူတွေကြားဖူး၊ ဖတ်ဖူးမည့် ဥပမာပေးဇာတ်လမ်းလေးတခုရှိပါတယ်။ အဲ့ဇာတ်လမ်းလေးကတော့ ဘုရားကျောင်းထဲမှာ ဂိမ်းဆော့သူတွေ၊ အတင်းပြောသူတွေရှိနေလို့ ဝတ်ပြုရတာအဆင်မပြေဘူးဆိုတဲ့အကြောင်း သင်းအုပ်ကိုပြောတဲ့အခါမှာ၊ သင်းအုပ်က ပြောလာတဲ့သူကိုရေခွက်ကိုင်စေပြီး လူတွေကိုအာရုံမထားဘဲ ဘုရားကိုသာအာရုံပြုစေဖို့ဥပမာပေးသွန်သင်တဲ့ဇာတ်လမ်းပေါ့။ စာရေးသူကတော့ ဖတ်ပြီးတဲ့အခါ မှတ်ချက်တွေကိုလေ့လာကြည့်တော့ အတော်များများက “အာမင်”ပေါ့၊ တချို့ကလည်း “ဟုတ်တယ် အဓိကက ကိုယ်တိုင်ပဲအရေးကြီးတာ”၊ “ဘုရားကိုပဲအာရုံပြုဖို့ပဲလိုတာ” စသည်ဖြင့်တွေ့ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ဖတ်ပြီးတဲ့အခါ … အဲ့ဒီဂိမ်းဆော့၊ အတင်းပြောနေသူတွေကိုကြတော့ သင်းအုပ်က… Read More »သင်ပြသင်ယူရမယ့်နေရာ

SHUN

ရှင်ပေါလု၏ သတိပေးစကားများထဲတွင် စစ်မှန်သည့် သမ္မာတရားနှင့်သက်ဆိုင်လျှင် ခုခံကာကွယ်ရမည်ဆိုသည့် အမှားအယွင်းမခံသောအရာကို မြင်တွေ့ရသကဲ့သို့ အရေးမကြီးသည့်  အသေးအမွှားကိစ္စများကိုတော့ ငြင်းခုံရန်မလိုအပ်သည့်နှယ် ခြားနားခြင်းများကိုတွေ့ရပေသည်။ တိမောသေဩဝါဒစာ ဒုတိယစောင် ၂:၁၆ တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည်။ ရှင်ပေါလုသည် သူ၏ သားတပည့်ဖြစ်သူ တိမောသေအား သတိထားရန် အသေအချာမှာနေခြင်းသည် “သင်၌ အပ်ထားသောအရာကို… Read More »SHUN

မေးပါ

နောမိ ရဲ့အသက်တာ၊ သူတွေ့ကြုံရတဲ့ ဘဝအနိမ့်အမြင့်တွေကနေ ဆင်ခြင်သင်ယူရသည့်အရာတွေကအများကြီးပါပဲ။ ရုသဝတ္တုအစမှာပင်လျှင် ဣသရေလပြည်မှာအစာခေါင်းပါးသောကြောင့် ခင်ပွန်းရဲ့ဦးဆောင်မှုနဲ့မောဘပြည်ကို မိသားစုလိုက်တည်းခိုဖို့သွားခဲ့ကြပါတယ်။ တည်းခိုဖို့တခုတည်းသာအကြောင်းရှိငြားသော်လည်း သားတွေရဲ့အိမ်ထောင်ပြုခြင်းနှင့်အတူ ဆယ်နှစ်ခန့်မျှကြာညောင်းသွားခဲ့ပါတယ်။ ထိုကာလအတွင်းမှာ ခင်ပွန်းသည်ကိုရော၊ သားနှစ်ယောက်ကိုပါ ဆုံးရှုံးခဲ့ရပါသေးတယ်။ အဲ့ဒီနောက်မှာ ဘုရားသခင်က ဣသရေလပြည်ကိုအကြည့်အရှုကြွလျက်မုန့်ကိုပေးသနားမူပြီ ဆိုတာကိုကြားတဲ့အခါ သူပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ သူ့နေရင်းပြည်ကိုပြန်ရောက်တဲ့အခါမှာ လူတွေကမတွေ့တာကြာလို့လည်းဖြစ်နိုင်သလို၊ သေသွားပြီအမှတ်နဲ့မေ့မေ့ပျောက်ပျောက်ထားရင်း “ဟာ ဒါနောမိမဟုတ်လား” ဆိုပြီး အုတ်အုတ်ကျက်ကျက်ဖြစ်ကြတဲ့အခါမှာ၊ နောမိက သူ့ကိုနောမိအစား… Read More »မေးပါ

ငါတို့သည် သင်တို့ကဲ့သို့

တမန်တော်ဝတ္ထုတွင် ရှင်ပေါလုနှင့် ဗာနဗတို့အား လူအများ၏ အမြင်တွင် နတ်ဘုရားသဖွယ် ထင်မှတ်မိကြသည့် အဖြစ်အပျက်တစ်ခုရှိခဲ့ဖူးသည်။ အကြောင်းမှာ လုတ္တရမြို့တွင် ခြေမစွမ်းသူတစ်ဦး၏ ကျန်းမာခြင်းရသွားသည်ကို ရှင်ပေါလု၏ အစွမ်းကြောင့်ဟု ယူဆကြဟန်တူပေသည်။ “နတ်ဘုရားတို့သည် လူယောင်ဆောင်၍” ဟူသည့်အချက်သည် ထိုလူအများတို့၏ စိတ်နှလုံးအတွင်း၌ အစွမ်းတန်ခိုးကိုသာ မျှော်လင့်ခြင်းကြောင့်များလား၊ မိရိုးဖလာ နတ်ကိုးကွယ်မှုကြောင့်များလား၊  သို့တည်းမဟုတ် ထိုမြို့၏ ယဥ်ကျေးမှု ဓလေ့ထုံးနန်းလွှမ်းမိုးမှုများကြောင့်ပင်လား … ပေါလု၏… Read More »ငါတို့သည် သင်တို့ကဲ့သို့

Next Level ခရစ်ယာန်

ဒီကနေ့ ဆိုရှယ်မီဒီယာများ၊ စီးပွါးရေးဂုရုကြီးများ၊ စယ်လီဘရီတီများ၊ ဆိုရှယ်အင်ဖလူအင်ဇာများ ထံမှ အသုံးအနှုန်းတခုက အင်မတန်မှရေပန်းစားလာနေပါတယ်။ ထိုအသုံးအနှုန်းကတော့ အခြားတော့မဟုတ်ပါဘူး။ “next level” ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ အံ့ဩမိသည်က ထိုစကားလုံးအသုံးအနှုန်းတွေက နှုတ်ကပတ်တော် သမ္မာတရား ဘုရားစကားကို ဟောပြောသူအချို့ပင်လျှင် သုံးနှုန်းလာနေခြင်းပင်။ ဘယ်လိုရည်ရွယ်ချက်နှင့်အသုံးပြုကာ ပြောဆိုနေလည်းမသိသော်လည်း၊ ဒီစကားလုံးက ဘုရားသခင်ရဲ့လုပ်ဆောင်ခြင်းကိုသော်လည်းကောင်း၊ ဘုန်းတော်ကိုသော်လည်းကောင်း ထင်ရှားမြင်သာစေသလော သို့တည်းမဟုတ် လောကီဆန်သောအသုံးအနှုန်းဖြစ်စေသလောဆိုတာ ဆင်ခြင်ကြရအောင်။ ဒီကနေ့… Read More »Next Level ခရစ်ယာန်

ဘုရားသခင်သည် အရာအားလုံးကိုဖန်ဆင်းခဲ့လျှင် ဘုရားသခင်ကို မည်သူဖန်ဆင်းခဲ့သနည်း

ဘုရားမဲ့ဝါဒီသမား (Atheist) တွေက “ဘုရားဆိုတာ တကယ်ရှိပြီး အရာအားလုံးကို ဖန်ဆင်းတယ်ဆိုရင် ဘုရားကို​ရော ဘယ်သူက ဖန်ဆင်းတာလဲ” ဆိုပြီး မေးလေ့ရှိကြပါတယ်။ ထိုကဲ့သို့ မေးလိုက်ကတည်းက သူတို့ပြောနေတဲ့ ဘုရားက အချိန် ၊ အကန့်အသက်ထဲမှာရှိနေတဲ့ ဖန်ဆင်းခံဘုရားအကြောင်းကိုသာရည်ညွန်းပြီး ​ပြောနေကြခြင်းဖြစ်ပါသည်။ ဘုရားသခင်တည်ရှိသည်ဟု ယုံကြည်ကြသူ (Theist) တို့သည် ဘုရားသခင်၏သဘောသဘာဝ (nature of God) နှင့်ပတ်သက်၍… Read More »ဘုရားသခင်သည် အရာအားလုံးကိုဖန်ဆင်းခဲ့လျှင် ဘုရားသခင်ကို မည်သူဖန်ဆင်းခဲ့သနည်း